← Chapters

အခန်း (၄၇၁)

Vol. 32 Ch. 471

အခန်း (၄၇၁)

Vol. 32 Ch. 471

ထိုအခါ သတင်းကုန်သည်က ဘယ်ညာလှမ်းကြည့်လိုက်ပြီး အာရုံစိုက်နေသူမရှိကြောင်း သေချာသွားလျှင်

“ ဆရာ… အဲ့တာက ကျွန်တော်လည်း အတိအကျတော့မသိဘူး … ဒါပေမယ့် အဲ့ဒီကိစ္စက မြောက်ပိုင်းလွင်ပြင်မှာတော့ လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘူး… ကောလဟာလတွေအရဆိုရင် အဲ့အချိန်တုန်းက မြောက်ပိုင်းနတ်ဘုရားလမ်းကြောင်းက အသင်္ချေနဂါးအင်ပါယာရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တယ်… ပြီးတော့ အသင်္ချေနဂါးအင်ပါယာနဲ့ မပူးပေါင်းချင်တဲ့အင်အားစုတွေက ခေါင်းဆောင်တွေကို အသင်္ချေနဂါးအင်ပါယာရဲ့ သူတော်စင်အင်ပါယာ ( တာအိုအရှင်သခင်အဆင့်ကျင့်ကြံသူ) က စစ်မြေပြင် ရှေ့တန်းကို ပို့ခဲ့တယ်…”

“ အဲ့လိုနဲ့ ရူးသွပ်ခြင်းဓားဂိုဏ်းချုပ် သေဆုံးသွားတာပဲ….”

ရွှမ်ယီ တစ်စုံတစ်ခုအား တွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

သတင်းကုန်သည်က အလွန်လောဘကြီးဟန်ရသော်လည်း ပိုက်ဆံရှာနေသူတစ်ဦးမျှသာ။

ရူးသွပ်ခြင်းဓားဂိုဏ်းအကြောင်းသာမက မြောက်ပိုင်းလွင်ပြင်မှ အခြေအနေများကိုပင် သူသိသလောက် ရွှမ်ယီအား ရှင်းပြခဲ့၏။

အသင်္ချေနဂါးမင်းဆက်….

ရွှမ်ယီ၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းနှင့် မကြာခင် နောက်တစ်ကြိမ် ထိပ်တိုက်တွေ့ရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။

ထိုသတင်းကုန်သည် ပြောစကားအရ ဂိုဏ်းချုပ်သေဆုံးပြီးနောက် ရူးသွပ်ခြင်းဓားဂိုဏ်း၏ တိုးတက်နေမှုများအားလုံး ပြိုကျပျက်စီးသွားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း(၃)ထောင်ခန့်က အသင်္ချေနဂါး မင်းဆက်က အကြောင်းပြချက်တစ်ခု ဖန်တီးပြီး ရူးသွပ်ခြင်းဓားဂိုဏ်းအား အလုံးစုံ ဖျက်ဆီးရန် ကြိုးစားခဲ့၏။

အသင်္ချေနဂါးမင်းဆက်သို့ ပူးပေါင်းရန် သဘောတူခဲ့ကြသည့် တပည့်များမှ လွဲပြီး အကုန် အသတ်ခံခဲ့ကြရသည်။

“ ဒါပေမယ့်…”

ထိုနေရာအရောက်တွင် သတင်းကုန်သည် ခေတ္တ ရပ်ရန့်သွား၏။

ရူးသွပ်ခြင်းဓားဂိုဏ်းမှ လူတစ်ချို့က ဂိုဏ်းချုပ် အမွေကို သယ်ဆောင်လျက် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။

ထို့နောက် သတ်ဖြတ်နိုင်စွမ်း အလွန်မြင့်မားသော ရူးသွပ်ခြင်းဓားဂိုဏ်း အမွေဆက်ခံသူများ ဆက်လက် မွေးထုတ်ခဲ့ကြ၏။

နောက်ပိုင်းတွင် ၎င်းတို့က လုပ်ကြံသတ်ဖြတ်မှု အများအပြား ပြုလုပ်ခဲ့ကြသည်။

လုပ်ကြံသတ်ဖြတ်ခြင်းများအနက် ထိတ်လန့်စရာ အကောင်းဆုံးမှ အသင်္ချေနဂါးမင်းဆက်မှ မင်းသားတစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။

၎င်းတို့က လွန်ခဲ့သော နှစ်များအတွင်း ရုန်းရင်းဆန်ခတ်မှုများစွာ ပြုလုပ်ခဲ့ကြပြီး လုပ်ကြံသတ်ဖြတ်ရေး အင်အားစုကြီးများကပင် မျက်စိကျပြီး အနည်းငယ် လမ်းညွှန်ပေးရန်အတွက် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ကြ၏။

သို့သော် သူတို့အစီအစဉ်များ အထမမြောက်မီ အသင်္ချေနဂါးမင်းဆက်မှ သူတော်စင် အင်ပါယာက ထပ်မံတိုက်ခိုက်ခဲ့သည်။

သူက ရူးသွပ်ခြင်းဓားဂိုဏ်းမှ အကြွင်းအကျန်များအား အမြစ်မှ ဆွဲထုတ်ရန် အမိန့်ပေးခဲ့၏။

သို့သော် လွန်ခဲ့သော (၂)နှစ်က မြောက်ပိုင်းလွင်ပြင်မှ ကင်းထောက်များထံမှ ချန်းမျိုးရိုး သတင်းကုန်သည် သတင်းတစ်ခု ရရှိခဲ့သည်။

သတင်းအရဆိုလျှင် ရူးသွပ်ခြင်းဓားဂိုဏ်း ဆက်ခံသူတစ်ဦး မြောက်ပိုင်းလွင်ပြင်၌ ထပ်မံပေါ်ထွက်လာသည်ဟု ဆိုကြ၏။

ထိုသတင်း မှန်သည် မှားသည်ကိုမူ အတည်ပြုရန် ခက်ခဲ၏။

ရွှမ်ယီ ခေါင်းယမ်းရင်း မြင့်မြတ်ခြင်း မူလ လေလံစံအိမ်သို့ လမ်းလျှောက် ပြန်လာခဲ့သည်။

ထိုကိစ္စအား အတည်ပြုရန် သူ့အနေဖြင့် မြောက်ပိုင်းလွင်ပြင်သို့ ခရီးတစ်ခေါက် ထွက်ရဦးမည်။

နောက်ဆုံးတွင် ရူးသွပ်ခြင်းဓားဂိုဏ်းမှ တပည့်များအား ကာကွယ်ပေးပါမည်ဟု ဒေါသအိုး ဆေဘာဘုရင်အား သူ ကတိပေးခဲ့ဖူး၏။

ထို့ကြောင့် မဖြစ်မနေလုပ်ဆောင်ရမည်။

ရွှမ်ယီ တွေးတောရင်း တည်ငြိမ်စွာ လမ်းလျှောက်လာစဉ် မူလက ငြိမ်သက်နေသော မြင့်မြတ်ခြင်း မူလ လေလံစံအိမ်မှ စိတ်ဝိညာဉ်စွမ်းအင်များ ရုတ်တရက် လှုပ်ခတ်လာခဲ့၏။

ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက မြင့်မြတ်ခြင်းမူလ လေလံစံအိမ် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူနေသည့် ကြီးမားသော ဝဲကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ထိုဝဲကြီး ဗဟိုချက်က လီလန်ကျင့်ကြံနေသော အခန်း၌ ဖြစ်၏။

ဘုန်း….

နတ်စွမ်းအင်အလင်းတိုင်လုံးတစ်ခုက လီလန် တံခါးပိတ်ကျင့်ကြံနေရာ ကျင့်ကြံခြင်းအခန်း၏ မျက်နှာကျက်အား ထိုးဖောက်ကာ ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ထက်၌ မိုးကြိုးလျှပ်စီးများ ယှက်နွယ်နေသည့် တိမ်မည်းများဖြင့် ပြည့်နှက်နေ၏။

ရွှမ်ယီက ကီလိုမီတာထောင်ပေါင်းများစွာအား လွှမ်းခြုံထားသည့် မိုးကြိုးကပ်ဘေးတိမ်တိုက်ကြီးအား တစ်ချက်မော့ကြည့်လိုက်ရင်း ကျေနပ်စွာပြုံးလိုက်သည်။

သူ့တပည့်ဖြစ်သူ အောင်မြင်သွားဟန်ရ၏။

“ ဒင်…”

စနစ်ထံမှ သတိပေးချက်ထွက်ပေါ်လာလျှင် ရွှမ်ယီ စနစ်၏မျက်နှာပြင်အား ဆင့်ခေါ်ကာ ကြည့်ရှုလိုက်၏။

သူ့မှန်းဆချက် မှန်ပေသည်။ လီလန်၏ ပါရမီအမှတ်အတက်အကျများက ယခုအချိန်တွင် လုံးဝတည်ငြိမ်သွားချေပြီ။

လီလန်ပိုင်ဆိုင်ထားသည့် အင်ပါယာခန္ဓာကိုယ်တစ်ခုဖြစ်သော နှစ်သွယ်အင်ပါယာခန္ဓာကိုယ်က ကောင်းကင်နှင့် ကမ္ဘာမြေပြင်အကြားမှ ဥပဒေသ သဘောတရားများနှင့် အလွန်နီးကပ်စွာ တည်ရှိနေခဲ့ပြီး တာအိုအရှင်သခင်အဆင့်သို့ တိုက်ရိုက်ဝင်ရောက်နိုင်စွမ်းရှိသည်။ သူတော်စင်အဆင့်သို့ပင် ရောက်ရှိရန် မျှော်လင့်ချက်ရှိ၏။

“ ပါရမီရမှတ် (၅၃၈)…”

“ ဒင်…!”

ရွှမ်ယီ၏ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအင်များ လှိုင်းထလာခဲ့ပြီး အချိန်အတော်ကြာအောင် မပြီးမြောက်နိုင်ခဲ့သော အဓိကတာဝန် ပြီးဆုံးသွားခဲ့ချေပြီ။

သူ့ ကျင့်ကြံမှုအဆင့်နှင့် ဓားရည်ရွယ်ချက်စွမ်းအားတို့ တစ်ပြိုင်နက်တည်း တိုးတက်သွားခဲ့သော်လည်း ရွှမ်ယီအား မျက်စိအဖမ်းစားနိုင်ဆုံးပြောင်းလဲမှုမှာ တိုင်းရှုဓားခန္ဓာဖြစ်ပေသည်။

လီရွှမ်က ရွှမ်ယီရောက်ရှိလာကြောင်း ခံစားမိလိုက်သဖြင့် ကြိုဆိုရန် အပြင်သို့ထွက်လာခဲ့၏။

သို့သော် ခန်းမအပြင်သို့ ရောက်သည်နှင့် တံခါးဝ၌ တည်ငြိမ်စွာရပ်နေသော ရွှမ်ယီအား မြင်လိုက်ရသည်။

လက်ရှိအချိန်တွင် မိုးကြိုးကပ်ဘေးခံယူနေသူမှာ လီလန်ဖြစ်၏။

အဘယ်ကြောင့် ရွှမ်ယီ၏အရှိန်အဝါများက မြင့်တက်လာခဲ့ရသနည်း။

သို့သော် လီရွှမ် ရှင်းလင်းစွာ နားမလည်နိုင်သေးခင် ရွှမ်ယီ၏အရှိန်အဝါက ငြိမ်သက်နေသော ကန်ရေပြင်တစ်ခုအလား ပြန်လည်တည်ငြိမ်သွားခဲ့သည်။

လီရွှမ်၏မျက်လုံးထောင့်စွန်းများ အနည်းငယ်တုန်ခါသွား၏။

လီရွှမ်၏အဆင့်တွင် စိတ်ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများအား ပြီးပြည့်စုံစွာ အာရုံခံနိုင်စွမ်းရှိသည်။

ရွှမ်ယီ၏ပြောင်းလဲမှုက သူထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်ကြောင်း သေချာ၏။

ရွှမ်ယီနှင့် မျက်နှာချင်းဆိုင်ဆုံလိုက်ပြီးနောက် အစောပိုင်းတွင် သူခံစားခဲ့ရသော ခံစားချက်အပေါ် ပို၍သေချာသွားခဲ့သည်။

လီရွှမ်က ရွှမ်ယီအား အနည်းငယ်မျက်လုံးပြူးကာ ကြည့်လိုက်၏။

သူ့ မျက်နှာပေါ်ရှိ အမူအရာက တည်ငြိမ်နေသော်လည်း နှလုံးသားထဲ၌ လှိုင်းထန်နေခဲ့သည်။

လွန်ခဲ့သော (၁၀)ရက် သူတို့မခွဲခွာမီကပင် ရွှမ်ယီ၏ကျင့်ကြံမှုက ကောင်းကင်ဘုရင်အထွတ်အထိပ်အဆင့်၌သာ ရှိသေးကြောင်း လီရွှမ် ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။

သို့သော် ယခုအချိန်တွင် ရွှမ်ယီ၏အရှိန်အဝါက ကောင်းကင်ဘုရင်အထွတ်အထိပ်အဆင့်ကိုပင် ကျော်လွန်ပြီး အင်ပါယာတစ်ဝက်အဆင့်သို့ ရောက်နေချေပြီ။

ထို့အပြင် သူ့ထံမှထွက်ပေါ်နေသည့် စွမ်းအားအငွေ့အသက်များက ပဉ္စမအတိဒုက္ခအဆင့် အင်ပါယာများနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်းရှိနေပြီဖြစ်၏။

သို့သော် ထိုအတွေးများက တစ်ခဏမျှသာ။

လီရွှမ် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ရင်း နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုများအား ဖိနှိပ်ထားလိုက်သည်။

ထို့နောက် ရွှမ်ယီအား အနည်းငယ်ဦးညွှတ်လိုက်ပြီး

“ ဆရာသခင်ရွှမ်ယီ ကျေးဇူးအများကြီးတင်ပါတယ်…”

ရွှမ်ယီက ကျေးဇူးတင်စရာမလိုကြောင်း လက်ဝှေ့ယမ်းပြလိုက်ပြီး လေလံစံအိမ်ခြံဝန်းအတွင်းသို့ ဝင်လာခဲ့သည်။ ထို့နောက် ကောင်းကင်ထက်မှ မိုးကြိုးကပ်ဘေးအား မော့ကြည့်လိုက်၏။

ကောင်းကင်ထက်တွင် လီလန်က နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားနေခဲ့ပြီး အင်အားကြီးမားသော မိုးကြိုးလျှပ်စီးများနှင့် တိုက်ခိုက်နေခဲ့သည်။

နှစ်သွယ်အင်ပါယာခန္ဓာကိုယ် ပေါင်းစပ်မှုက လီလန်၏ခွန်အားများကို များစွာတိုးပွားသွားစေဟန်ရသည်။

ထို့အပြင် (၁၀)ရက်မျှသာ ရှိသေးသော်လည်း သူမက ရွှမ်ယီပေးအပ်ခဲ့သည့် နတ်တန်ခိုးစွမ်းရည်အား ဆုပ်ကိုင်ထားမိနေချေပြီ။

All Chapters