← Chapters

အခန်း (၄၇၂)

Vol. 32 Ch. 472

အခန်း (၄၇၂)

Vol. 32 Ch. 472

ရွှမ်ယီကမူ ထိုမူလနတ်နဂါးခြေလှမ်းအား စိတ်မဝင်စားချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဓားရည်ရွယ်ချက်စွမ်းအားက အလွန်မြင့်မားနေပြီ ဖြစ်သောကြောင့်ပင်။

အကယ်၍ အစစ်အမှန်နတ်တန်ခိုးစွမ်းရည် သို့မဟုတ် မဟာနတ်တန်ခိုးစွမ်းရည်အဆင့်ရှိသော လှုပ်ရှားမှုစွမ်းရည်တစ်ခုသာဖြစ်ပါက သူ၏ခွန်အားအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည်။

သို့သော် အသေးစားနတ်တန်ခိုးစွမ်းရည်တစ်ခုအတွက်မူ ၎င်းက အသေးစားနတ်တန်ခိုးစွမ်းရည်များအကြား၌ အဆင့်မြင့်မားနေလျှင်ပင် ၎င်းမှပေးနိုင်သော အကျိုးအမြတ်က ရွှမ်ယီအတွက် အနည်းငယ်မျှသာ ရှိနိုင်သည်။

ထို့ကြောင့် ၎င်းအပေါ် သူ၏အချိန်နှင့်စွမ်းအားကို မြုပ်နှံရန် မလိုအပ်ချေ။

သို့သော် ပြင်ပကမ္ဘာ၌မူ မူလနတ်နဂါးခြေလှမ်း၏အဆင့်က အလွန်ကွဲပြားခြားနားသည်။

အကယ်၍ ၎င်းသာ ထွက်ပေါ်လာပါက မြင့်မြတ်နယ်မြေများပင် ၎င်းအား ရရှိရန် တိုက်ခိုက်ကြပေလိမ့်မည်။

ထို့ကြောင့် ၎င်းအား လေ့ကျင့်ရသည်မှာ မည်မျှခက်ခဲမည်ဖြစ်ကြောင်း တွေးကြည့်ရုံနှင့်ပင် သိနိုင်သည်။

အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး၌ မဟာဂိုဏ်းကြီးနှစ်ခုမှ ပျိုးထောင်ပေးထားသည့် မျိုးစေ့ပါရမီရှင်များမှလွဲလျှင် ကျန်မြင့်မြတ်နယ်မြေများမှ ပါရမီရှင်များကမူ အသေးစားနတ်တန်ခိုးစွမ်းရည်တစ်ခုဖြစ်နေလျှင်တောင် ၎င်းအားကျွမ်းကျင်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ရန်လိုအပ်သည်။

တစ်ဖက်တွင် လီလန်ကမူ မူလနတ်နဂါးခြေလှမ်း၏ အနှစ်သာရအား ဆုပ်ကိုင်ထားမိပြီဖြစ်သဖြင့် ကောင်းကင်ထက်မှ ကျဆင်းလာနေသော မိုးကြိုးလျှပ်စီးများက ဒုတိယအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်အား သတ်ဖြတ်ရန် လုံလောက်သော်ငြား သူမအား အနည်းငယ်မျှ ထိခိုက်စေနိုင်ခြင်း မရှိပေ။

မည်သည့်ပြသနာမှမရှိကြောင်း အတည်ပြုလိုက်ပြီးနောက် ရွှမ်ယီ ဆက်ပြီး ကြည့်မနေတော့ချေ။ လီရွှမ်ထံသို့ သူကျင့်ကြံရန် အခန်းတစ်ခုစီစဉ်ပေးရန် တိုက်ရိုက်တောင်းဆိုလိုက်၏။

ဂျုံး... ဘန်း...

ရွှမ်ယီက ကျင့်ကြံခြင်းအခန်းအတွင်း၌ တင်ပုလ္လင်ခွေကာ ထိုင်နေခဲ့ပြီး ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံများ ထွက်ပေါ်နေခဲ့သည်။

သူ၏ အသိစိတ်ပင်လယ်အထက်တွင် ရွှေရောင်စိတ်ဝိညာဉ်ဒြပ်စင်များ တစ်ခုပြီးတစ်ခု မြင့်တက်လာခဲ့၏။

၎င်းတို့က နတ်အသိစွမ်းအား၏ ထိန်းချုပ်မှုအောက်တွင် ဖြည်းဖြည်းချင်း လည်ပတ်နေကြပြီး ကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအင်လှိုင်းလုံးများ ဖြာထွက်နေခဲ့သည်။

စိတ်ဝိညာဉ်ဒြပ်စင် (၆၄)ခု…

အကယ်၍ ထိုပမာဏသာ ပြင်ပသို့ ပျံ့နှံ့သွားပါက ရုတ်ရင်းဆန်ခတ် ဖြစ်သွားနိုင်ခြေရှိသည်။

ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်က အင်ပါယာအဆင့်သို့ ချိုးဖျက်လိုပါက ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်ဒြပ်စင်များ အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် လိုအပ်သည်။

ထို့နောက် အဆင့်တက် မိုးကြိုးကပ်ဘေးအတွင်း၌ ထာဝရနတ်ဘုရားစင်မြင့်အား ဖန်တီးရမည်ဖြစ်၏။

စိတ်ဝိညာဉ်ဒြပ်စင် ပမာဏများလေ ထာဝရနတ်ဘုရားစင်မြင့်၏ အရည်အသွေးက ပို၍ကောင်းမွန်လေဖြစ်သည်။ ဤသို့ဖြင့် အင်ပါယာအဆင့်သို့ ရောက်ရှိပြီးနောက် ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ပေလိမ့်မည်။

သာမန်အားဖြင့်ဆိုလျှင် စိတ်ဝိညာဉ်ဒြပ်စင် (၆၀) ဆိုသည်မှာ ကန့်သတ်ချက်ဖြစ်နေချေပြီ။

ထိုပမာဏသို့ ရောက်ပြီးနောက် စိတ်ဝိညာဉ်ဒြပ်စင်များ ထပ်မံပေါင်းစည်းလိုပါက အခက်အခဲနှင့် အရင်းအမြစ်ပမာဏ လိုအပ်မှုများက ယခင်ထက် အဆပေါင်းများစွာ မြင့်တက်သွားပေလိမ့်မည်။

အရှေ့ပိုင်းတိုက်ကြီး၌ပင် ကျင့်ကြံသူများအား ကောင်းကင်ဘုရင်အဆင့်၌ စိတ်ဝိညာဉ်ဒြပ်စင် (၅၀)ကျော် တည်ဆောက်စေနိုင်စွမ်းရှိသော ကျင့်စဉ်များမှာ ဖီးနစ်အမွေးနှင့် ရှီလင်ဦးချိုကဲ့သို့ ရှားပါးလှ၏။

သာမန်ကျင့်ကြံသူများမဆိုထားနှင့် နှစ်ပေါင်းသန်းနှင့်ချီ တည်ရှိခဲ့သော မြင့်မြတ်နယ်မြေများ၊ မင်းဆက်များပင်လျှင် ထိုကဲ့သို့ကျင့်စဉ်တစ်ခု ရှိနိုင်ရန် မလွယ်ကူပေ။

မဟာဂိုဏ်းကြီးများ၌သာ ထိုကဲ့သို့ အမွေအနှစ်များရှိနိုင်၏။

ထို့အပြင် ထိုသို့အဆင့်မြင့်ကျင့်စဉ်များ ရှိနေလျှင်ပင် အမှန်တကယ်အောင်မြင်နိုင်သူက နည်းပါးလှသည်။ အကြောင်းမှာ လေ့ကျင့်သူ၏ ပင်ကိုယ်ပါရမီ နည်းပါးခြင်းကြောင့်ပင်။

အရှေ့ပိုင်းတိုက်ကြီးမှ မဟာဂိုဏ်းကြီး တစ်ခုချင်းစီတိုင်းတွင် အနည်းဆုံး နှစ်သန်းပေါင်း ဆယ်ဂဏန်းခန့် အမွေဆက်ခံမှုများ ရှိပြီး ၎င်းတို့ စုဆောင်းသိမ်းဆည်းထားခဲ့သော အရင်းအမြစ်ပမာဏက မရေမတွက်နိုင်အောင် များပြားလွန်းလှသည်။

အကယ်၍ သူတို့တပည့်များထဲမှ တစ်ယောက်သာ ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိပါက ၎င်းတို့ပိုင်ဆိုင်ထားသော အရင်းအမြစ်များအားလုံး ပုံအောအသုံးပြုကာ ပျိုးထောင်ပေးကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက အင်ပါယာအဆင့်အတွက် အခြေခံအုတ်မြစ်မျှသာ မဟုတ်ပေ။

အနာဂတ်တွင် ရောက်ရှိလာမည့် တာအိုအရှင်သခင်အဆင့်နှင့် သူတော်စင်အဆင့်တို့အတွက် အခြေခံအုတ်မြစ်လည်းဖြစ်၏။

ဘုရင်အဆင့်ပြီးနောက် လာမည့်အဆင့်များအားလုံး ထာဝရနတ်ဘုရားစင်မြင့် တည်ဆောက်ပြီးသွားသည်နှင့် ကန့်သတ်ချက်သို့ ရောက်သွားမည်ဖြစ်သည်။

၎င်းတို့ အနာဂတ်အောင်မြင်မှုများက အင်ပါယာအဆင့်သို့ မရောက်မီ တည်ဆောက်ခဲ့သည့် စိတ်ဝိညာဉ်ဒြပ်စင်ပမာဏအပေါ် မူတည်နေ၏။

၎င်းက အင်ပါယာအဆင့်သာမက တာအိုအရှင်သခင်အဆင့်နှင့် သူတော်စင်အဆင့်များအထိပင် သက်ရောက်မှုရှသည်။

အဘယ်ကြောင့်ဆိုသော် ထိုအဆင့်များအကြားမှ အတားအဆီးက ကျော်ဖြတ်ရန် အလွန်ခက်ခဲသောကြောင့်ပင်။ ၎င်းက ပါရမီရှိရုံနှင့် ဖြည့်ဆည်းနိုင်သောအရာ မဟုတ်ပေ။ အလွန်မြင့်မားသော ပါရမီသာမက အဆင့်မြင့်ကျင့်စဉ်နှင့် အောက်ပိုင်းအဆင့်များတွင် တည်ဆောက်ခဲ့သော အခြေခံအုတ်မြစ်များနှင့် သက်ဆိုင်နေခဲ့သည်။

သို့သော် ကျင့်ကြံခြင်းအခန်းထဲတွင် ရွှမ်ယီ၏အမူအရာက အနည်းငယ်ထူးဆန်းနေခဲ့၏။

ရွှမ်ယီ သိသလောက်ဆိုလျှင် ရှေးခေတ်မှ သီအိုရီများအရ စိတ်ဝိညာဉ်ဒြပ်စင် (၆၄)ခုသို့ ရောက်သွားခြင်းက ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်၏။

၎င်းထက်ပို၍ တည်ဆောက်ရန် မဖြစ်နိုင်တော့ပေ။

အကယ်၍ မိမိ၏ တိုက်ခိုက်နိုင်စွမ်းများ တိုးတက်ချင်သည်ဆိုပါက အင်ပါယာအဆင့်သို့ ချိုးဖျက်မှသာ ဖြစ်ပေလိမ့်မည်။

သို့သော် ရွှမ်ယီအနေဖြင့် ယေဘုယျ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်သည့်တိုင် ပိတ်ဆို့နေသည့် ခံစားချက် အနည်းငယ်မျှ မခံစားရပေ။

နှစ်သန်းပေါင်းများစွာ လူအများသတ်မှတ်လာခဲ့သော ကန့်သတ်ချက်ဆိုသည့် အရာက သူ့အနေဖြင့် အရင်းအမြစ်များစွာ အသုံးပြုနေသ၍ အလွယ်တကူ ကျော်ဖြတ်နိုင်ပေလိမ့်မည်။

၎င်းက သူ၏ လက်ရှိခန္ဓာကိုယ်က အလွန်အစွမ်းထက်နေသောကြောင့် ဖြစ်နိုင်သည်။

တိုင်ရှု ဓါးခန္ဓာကိုယ်….

ထို့နောက် ရွှမ်ယီ၏ အကြည့်များ အသိစိတ်ပင်လယ်အထက်မှ ကောင်းကင်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ယခင်တုန်းက ထိုနေရာတွင် မိစ္ဆာမီးလျှံနယ်မြေနှင့် ဟင်းလင်းပြင်ဓါးနယ်မြေတို့ ရှိနေခဲ့၏။

သို့သော် တိုင်ရှု ဓါးခန္ဓာ ရရှိခဲ့ပြီး ဓါးရည်ရွယ်ချက်ကလည်း အဆင့်မြင့်သွားသောအခါ ထို‌နယ်မြေနှစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်။

ထိုအစား အပြင်ဘက်လောကနှင့် ထပ်တူညီလုနီးပါး ဖြစ်နေသော ညကောင်းကင်ယံတစ်ခု ရှိနေ၏။

သူ၏ ကျင့်ကြံမှုအဆင့် မြင့်တက်လာခြင်းနှင့် နှိုင်းယှဉ်ပါက တိုင်ရှု ဓါးခန္ဓာက ရွှမ်ယီအတွက် အကြီးမားဆုံးသော ဆုလာဒ်ဖြစ်ပေသည်။

ရွှစ်…..

ရွှမ်ယီ ညာလက်အား ရုတ်တရက် ဝှေ့ယမ်းလိုက်လျှင် မူလက တိတ်ဆိတ်ငြိမ်သက်နေသော ညကောင်းကင်ယံက ရုတ်တရက်အက်ကွဲသွားခဲ့သည်။

ကောင်းကင်ကြီးအား ဓါးဖြင့် ပိုင်းဖြတ်လိုက်သည့်အလားပင်။

ငွေရောင်အလင်းတန်းများ လင်းထိန်စွာ ထွက်ပေါ်လာခဲ့၏။

(၆၄) ခုသော စိတ်ဝိညာဉ်ဒြပ်စင်များကလည်း တစ်ပြိုင်နက်တည်း တုန်ခါသွားခဲ့၏။

(၁).. (၂)..(၃)….

စုစုပေါင်း (၁) သန်း ပမဏရှိသော ဓါးပုံရိပ်တို့က ရွှမ်ယီ၏ အတွေးတစ်ချက်အောက်တွင် အသိစိတ်ပင်လယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့သည်။

၎င်းက တိုင်ရှု ဓါးခန္ဓာကိုယ်ရရှိခဲ့ပြီးနောက် ရွှမ်ယီ၏ အထွတ်အထိပ်ဖြစ်သော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။

မဟာဟင်းလင်းပြင် တာအိုနယ်မြေ….

ရွှမ်ယီ၏ ထိန်းချုပ်မှုအောက်တွင် (၁) သန်းသော ငွေရောင် ဓါးပုံရိပ်များက အချင်းချင်းပေါင်းစပ်သွားခဲ့၏။

ထို့နောက် အစစ်အမှန်နှင့် ထပ်တူညီလုနီးပါးဖြစ်နေသော ငွေရောင် ဓါးတစ်လက် ရွှမ်ယီ၏ လက်ထဲသို့ ရောက်ရှိလာသည်။

ရွှမ်ယီက ၎င်းအား တင်းကြပ်စွာ ဆုတ်ကိုင်လိုက်ပြီးနောက် အတွေးတစ်ချက်ဖြင့် ယခင်တုန်းကထက် ပို၍ ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသော ဓါးစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုန်း….

All Chapters