နတ်သမီးဘွဲ့ပေးခြင်း
Vol. 017 Ch. 1677
အရှေ့တွင် ရပ်နေသော သူများမှာ ရှောင်ကလန်၏အကြီးအကဲများ ဖြစ်ကြသည်။ ထို့ကြောင့် ရီဖူရှင်း၏နေရာက ပို၍ ထင်ပေါ်နေ၏။
သူသည် အလွန်ငယ်ရွယ်သော်လည်း အလွန်မြင့်မားသော အဆင့်အတန်းရှိနေ၏။
မည်သို့ အားလုံး၏စိတ်ဝင်စားမှုကို မခံရဘဲ နေမည်နည်း။
ပို၍ အရေးကြီးသည်ကား ရီဖူရှင်းသည် ရှောင်ကလန်မှ ဟုတ်ဟန်မရပေ။ ရှောင်မုယွီသည် နတ်သမီးဘွဲ့ကို ရရှိတော့မည်ဖြစ်သော်လည်း ရှောင်လန်တွင် သူမနှင့်အဆင့်အတန်းတူသောသူ ယခင်ကတည်းက မရှိပေ။ ယခု အပြင်လူတစ်ယောက်က သူမထက် အဆင့်အတန်း မြင့်မားနေသည်။
ရှောင်မုယွီသည် ဆရာတစ်ယောက် တင်မြှောက်ခဲ့သည်ကိုတော့ မြောက်ပိုင်းဒေသမှ လူများ မသိကြသေးပေ။ ထိုအခိုက်တွင် သူတို့ မည်သည့်အရာကိုမှ နားလည်နိုင်စွမ်း မရှိတော့။ လူငယ်၏နောက်ခံကို သူတို့အနေဖြင့် လုံးဝ ခန့်မှန်း၍ မရပေ။
သူတို့၏အကြည့်များသည် ရင်ပြင်၏အမြင့်လွှာများတွင် ရပ်နေသော ထိပ်သီးအင်အားစုများထံသို့ ရောက်သွားကြသည်။ သူတို့၏အမူအရာများမှာလည်း ထူးဆန်းနေသော်လည်း အလွန်သိသာထင်ရှားခြင်းမရှိသည်ကိုတော့ သတိပြုမိကြ၏။ ထိုသူတို့က လူငယ်၏နောက်ကြောင်းကို သိပြီးဖြစ်ဟန်ရသည်။
သူသည် တခြားအင်အားစုမှ ပါရမီရှင်တစ်ဦးလား...။ သို့တည်းမဟုတ် နတ်သမီး၏ကြင်ရာတော်များလား...။
သို့သော်လည်း သူတို့က ထိုအတွေးများအားလုံးကို မြန်ဆန်စွာ ပယ်လိုက်ကြ၏။ ထိုသို့ဖြစ်လျှင် လူငယ်သည် နတ်သမီး၏ဘေးတွင် ရပ်နေရပေမည်။ ယခု လူငယ်သည် ရှောင်မုယွီ၏အဘိုးဘေးတွင် ရပ်နေသည်။
အမှန်တကယ်အားဖြင့် ရီဖူရှင်းလည်း အကြီးအကျယ် အံ့အားသင့်နေ၏။ ရှောင်မုယွီက သူ့အား အဝတ်အစားများကိုပင် လဲခိုင်းခြင်းက အခန်းအနားမှာ ကြီးမားမည်ဟု သူတွေးထားပြီးဖြစ်သည်။ သို့သော်လည်း အခန်းအနား၌ သူ၏အဆင့်အတန်းက အလွန်မြင့်မားနေသည်။
သူ၏ကျင့်ကြံခြင်းက မြင့်မားနေပါက သိပ်ပြဿနာ မရှိပေ။ တစ်ဘက်မှ ကြည့်လျှင် ရှောင်ကလန်သည် ရီဖူရှင်းအပေါ် အလွန်အလေးအနက်ထားကြောင်း ပေါ်လွင်နေသည်။
တစ်ဘက်တွင် ရှောင်ကလန်၏ရီဖူရှင်းအပေါ် ဆက်ဆံပုံအရ ရီဖူရှင်းသည် ရှောင်မုယွီ၏အက်ကြောင်းမဲ့ဝင်ရိုး ဖွဲ့စည်းခြင်း၌ အမှန်တကယ် ကူညီပေးခဲ့ကြောင်း သိသာစေသည်။
ထိပ်သီးအင်အားစုများအားလုံးမှာ အမှန်ပင် ထိုသို့ တွေးနေကြသည်။ ရီဖူရှင်းသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းရန် အကူအညီဖြစ်စေနိုင်သော ဝိညာဉ်လက်နက်တစ်ခုခု ပိုင်ဆိုင်ခဲ့ရပေမည်။
ထိုအချက်တစ်ခုတည်းက ရှောင်မုယွီ၏အက်ကြောင်းမဲ့ဝင်ရိုးဖွဲ့စည်းခြင်းကို မရှင်းပြနိုင်ပေ။ ရှောင်မုယွီကိုယ်တိုင်က အလွန်ပါရမီမြင့်ရပေမည်။
အဖွဲ့အစည်းများအားလုံးထဲတွင် ချင်ကလန်သည် လက်ရှိ အခြေအနေကို သဘောမကျဆုံး ဖြစ်နေသည်။ တစ်ခုတည်းသော အကြောင်းပြချက်မှာ ချင်ကလန်သည် ရီဖူရှင်း၏ဆရာနှင့် ရန်ငြိုးရှိပေသည်။
ထျန်းဟယ်အကြီးအကဲသည် ရီဖူရှင်း၏ဆရာဖြစ်ပေသည်။ ယခု ရှောင်ကလန်၏နတ်သမီးသည် ရီဖူရှင်း၏တပည့်ဖြစ်လာသည်။ ဆိုလိုသည်က ရှောင်မုယွီသည် ထျန်းဟယ်အကြီးအကဲ၏တပည့်လက်သားတစ်ဦးဖြစ်လာသည်။
ယခင်နှစ်များစွာကဆိုလျှင် သူတို့သည် လက်ရှိဖြစ်လာသော အခြေအနေကို သဘောကျမည်ဖြစ်သည်။ ရှောင်ကလန်၏နတ်သမီးသည် ချင်ကလန်၏သတို့သမီးတစ်ဦးပင် ဖြစ်လာနိုင်သည်။ ယခုကား...။
ရီဖူရှင်း၏ဆရာမှာ ယခု ချင်ကလန်တွင် အချုပ်ကျနေသော ချီရွှမ်ကန်းဖြစ်နေသည်ကိုသာ ချင်ကလန်မှ လူများ မည်သို့ တွေးမည်နည်း။ ယခု ရီဖူရှင်း လုပ်ဆောင်နေသမျှမှာ နောင်တွင် ချင်ကလန်ကို တိုက်ခိုက်မည့် အကြံအစည်တစ်ခုဖြစ်မည်ဟု သူတို့ သေချာပေါက် ကောက်ချက်ချပေမည်။
“မိတ်ဆွေရီ...”
ထိုအခိုက်တွင် ရီဖူရှင်း၏ဘေးနားတွင် ထိုင်နေသော ရှောင်ကလန်အကြီးအကဲမှူး ရှောင်ထန်က ရီဖူရှင်းအား ပြုံးလျှက် ခေါင်းညိတ်ပြသည်။ ရှောင်ကလန်၏ကိစ္စအဝဝကို စီမံခန့်ခွဲရသော အကြီးအကဲရှောင်ထန်သည် ပုံမှန်အားဖြင့် နတ်သမီးနန်းတော်တွင် ဖြစ်ပျက်သမျှကို သိနားလည်ပေသည်။
ရှောင်မုယွီ၏အဆင့်တက်မှုတွင် ရီဖူရှင်း မည်မျှ ကူညီခဲ့သည်ကို ရှောင်ကလန် မသိပေ။ သို့သော်လည်း သူတို့ ထိုကိစ္စကို သိပ်စိတ်မဝင်စား။ ရီဖူရှင်းက သူတို့ကလန်၏မျိုးဆက်တစ်ဦးကို အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းရန် ကူညီပေးခဲ့ရုံသာမက သူကိုယ်တိုင်က မခန့်မှန်းနိုင်သော အနာဂတ်အား ပိုင်ဆိုင်သည်။ ရီဖူရှင်းကိုယ်တိုင်က အက်ကြောင်းမဲ့ဝင်ရိုးကို ပိုင်ဆိုင်သလို သူ၏မိတ်ဆွေအချို့မှာလည်း အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များဖြစ်ကြသည်။ ထိုအချက်တစ်ခုတည်းနှင့် သူတို့သည် ရီဖူရှင်းအား အလွန်အလေးထား၏။
“အကြီးအကဲ...” ရီဖူရှင်းက ပြန်၍ ခေါင်းညိတ်သည်။
“မင်း ရှောင်ကလန်ကို ရောက်တာ ရက်အတော်ကြာပြီဖြစ်ပေမယ့် ငါ လာပြီးတော့ မတွေ့ဖြစ်ခဲ့ဘူး။ ရှောင်ကလန်မှာ နေရတာ အဆင်ပြေရဲ့လား” ရှောင်ထန်က ပြုံးလျှက်ပြောသည်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ...။ ရှောင်မုယွီက ကောင်းကောင်းဂရုစိုက်ပေးပါတယ်” ရီဖူရှင်းက ပြောသည်။
“အဲဒါကောင်းတယ်။ မုယွီက ဒီရက်ပိုင်းမှာ အလုပ်များနေပြီးတော့ မင်းကို ကောင်းကောင်းဂရုမစိုက်ခဲ့ရဘူး။ ဖြစ်နိုင်ရင် နောက်ရက်နည်းနည်းလောက် ထပ်နေပါဦး...” ရှောင်ထန်က ပြောသည်။
“သူမက ကောင်းကောင်းဂရုစိုက်ရင် ကျုပ်က ရှောင်ကလန်ကနေ မသွားနိုင်တော့မှာ စိုးရတယ်...” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။
ဘေးမှ တခြားသော အကြီးအကဲများအားလုံးက ရယ်မောလိုက်ကြသည်။ တစ်ယောက်က ပြောသည် “မိတ်ဆွေလေးက ဒီမှာ ကြိုက်သလောက် နေလို့ရတာပေါ့။ အခွင့်အရေးရရင် ရှောင်ကလန်က ဂျူနီယာလေးတွေကို နည်းနည်းပါးပါး သင်ပေးလို့လည်း ရတယ်”
“ဒါမှန်တယ်...။ အခုခေတ် ဂျူနီယာလေးတွေက တော်တော် မောက်မာကြတယ်။ သူတို့ကိုသာ ကူညီပြီးတော့ သင်ခန်းစာပေးဖြစ်မယ်ဆိုရင် တောင်တစ်လုံးထက် ပိုမြင့်တဲ့တောင်တစ်လုံးဆိုတာ အမြဲရှိကြောင်း သူတို့နားလည်သွားလိမ့်မယ်”
သူတို့အားလုံးက ရယ်စရာသဘောဖြင့် ပြောနေကြခြင်းသာဖြစ်သည်။ သို့သော်လည်း သူတို့၏စကားများမှ ရှောင်ကလန်၏သဘောထားမှာ ထင်ဟပ်နေသည်။ သူတို့အားလုံးက ရီဖူရှင်းကို လေးလေးစားစား ဆက်ဆံကြ၏။
ထိုအခိုက်တွင် အားလုံး၏အကြည့်က တစ်နေရာသို့ ရောက်သွားသည်။ ရှေးဟောင်းခန်းမကြီးအတွင်းမှ လူတစ်ယောက် ထွက်လာသည်ကို မြင်ကြရသည်။
ရီဖူရှင်းကလည်း ထိုနေရာသို့ ကြည့်လိုက်၏။ ထိုအခိုက်တွင် ရှောင်မုယွီသည် တော်ဝင်အလင်းများဖြင့် တောက်ပနေ၏။
“အဲဒါ ရှောင်မုယွီလား...”
ယခင်က ရှောင်မုယွီကို မြင်ဖူးသူများအားလုံးမှာ အံ့အားသင့်နေကြသည်။ သူမကား ယခင်နှင့် များစွာ ခြားနားနေလေပြီ။
ရှောင်မုယွီသည် ရင်ပြင်ထံသို့ တစ်လှမ်းချင်း လှမ်းလာနေသည်။ သူမက ရီဖူရှင်း၏ဘေးမှ ဖြတ်သွားခါနီးတွင် သူ့အား တစ်ကြိမ်ပြုံးပြပြီးနောက်တွင်မှ အောက်ကို ဆက်ဆင်းသွားပြီး အလယ်ဗဟိုသို့ ရောက်သွား၏။
သူမကား လှပချေမောသို ကြည်လင်သန့်စင်၏။ တော်ဝင်အလင်းများဖြင့် သူမသည် ထည်ဝါကာ နန်းဆန်သည်။ သူမထံမှ ကြီးမြတ်သော အငွေ့အသက်များ ဖြာထွက်နေ၏။ သူမကား ရှောင်ကလန်၏အနာဂတ် ဆက်ခံသူဖြစ်သည်။
ထိုအခိုက်တွင် တိမ်များအကြားမှ ရှေးဟောင်းခန်းမှဆောင်၏အလယ်တွင် လူတစ်ယောက် ထပ်ပေါ်လာသည်။ အားလုံးက သူ့ထံသို့ လှမ်းကြည့်ကြ၏။ ရီဖူရှင်းကလည်း လှမ်းကြည့်သည်။
သူကား ရှောင်ကလန်၏ခေါင်းဆောင် ရှောင်တိန့်ထျန်းဖြစ်သည်။
ဘုံကိုးဘုံတွင် ပြိုင်စံရှားသူတစ်ဦးလည်းဖြစ်၏။
သူသည် နတ်ဘုရားတစ်ပါးအလား ရပ်နေသည်။ မရေမတွက်နိုင်သောလူများက သူ့အား မော့ကြည့်ရ၏။
ထို့နောက်တွင် ရှောင်ကလန်မှ လူတိုင်းက သူ့ကို ဦးညွတ်ဂါရဝပြုကြသည်။
တခြားဒေသမှ လာသော စွမ်းအားမြင့်တန်ခိုးရှင်များအားလုံးကလည်း ဦးညွတ်အရိုအသေပေးကြသည်။ မည်သည့်အရပ်ဒေသက လာသည်ဖြစ်စေ၊ မည်သို့သော စိတ်ခံစားချက်များရှိသည်ဖြစ်စေ၊ ထိုသူသည် ခေတ်တစ်ခေတ်၏အသန်မာဆုံးသော ပုဂ္ဂိုလ်ထဲမှ တစ်ဦးအား လေးစားရမည်ဖြစ်သည်။
“ဒီနေ့ကစပြီးတော့ ရှောင်မုယွီဟာ ရှောင်ကလန်ရဲ့ နတ်သမီးဖြစ်တယ်။ ရှောင်ကလန်က သူမကို ကောင်းကောင်းပျိုးထောင်ရမယ်” ရှေးဟောင်းခန်းမထံမှ တည်ငြိမ်ရင့်ကျက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ရှောင်ကလန်ဝင်းတစ်ခုလုံးက ထိုအသံကို ကြားရပေသည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်...” ရှောင်ကလန်မှ တန်ခိုးရှင်များအားလုံးက ဦးညွတ်ကြသည်။ ရှောင်တိန့်ထျန်းက လူအုပ်ကို ကြည့်ကာ ပြောသည် “အကြီးအကဲမှူးက အခန်းအနားကို ဦးဆောင်ကျင်းပလိမ့်မယ်”
ထို့နောက် သူက နောက်လှည့်ကာ တော်ဝင်ခန်းဆောင်ထဲသို့ ပြန်ဝင်သွားသည်။ အားလုံးက သိပ်ထူးဆန်းသည်ဟု မထင်ကြပေ။ သူကား ရှောင်တိန့်ထျန်းဖြစ်သည်။
မြောက်ပိုင်းဒေသမှ လူတိုင်းက အလွန်စိတ်လှုပ်ရှားနေကြသည်။ ရှောင်တိန့်ထျန်းကား ခေတ်တစ်ခေါတ်ကို ဦးဆောင်သူဖြစ်သည်။
တခြားဒေသမှ လူများအတွက် သိပ်မထူးခြားသော်လည်း မြောက်ပိုင်းဒေသမှ လူများအတွက်မူ ရှောင်တိန့်ထျန်းသည် အသက်ရှင်နေသော ဒဏ္ဌာရီဖြစ်သည်။
အခန်းအနားကို ဆက်လက်ကျင်းပကြသည်။ ရိုးရာအစဉ်အလာများနှင့် ထုံးတမ်းများအတိုင်း အရာအားလုံးမှာ နေရာတကျ သွားနေခဲ့သည်။ မည်သည့်အင်အားစုကမှ ပြဿနာ မရှာကြပေ။ သူတို့အားလုံးသည် အခန်းအနားကို လာတက်ရောက်ခြင်းသာဖြစ်သည်။
ထုံးတမ်းအားများလုံး ပြီးဆုံးသွားသောအခါ အကြီးအကဲမှူးကိုယ်တိုင်က ရှောင်မုယွီကို ဦးညွတ်ကာ ဆိုသည် “နတ်သမီးကို ဂါရဝပြုပါတယ်”
အခန်းအနားကို ရီဖူရှင်းက တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေသည်။ ယခင်က ဤကဲ့သို့ အခန်းအနားမှာ လိုအပ်ခြင်းမရှိဟု သူက တွေးခဲ့သည်။ ကြည့်ရသည်မှာ သူ၏အတွေး မှားယွင်းနေ၏။
ဤသို့ လေးနက်သော အခန်းအနားမျိုးမှာ လူတိုင်း၏စိတ်နှလုံးတွင် ထင်ရှားသော အမှတ်တရများ ဖြစ်စေသည်။ သူတို့အားလုံးက နတ်သမီး၏ဖြစ်တည်မှုကို အစစ်အမှန်အဖြစ် လက်ခံကြရ၏။ ဤနည်းဖြင့် ရှောင်မုယွီသည် မိသားစုအတွင်း စစ်မှန်သော အဆင့်အတန်းကို ပြသနိုင်သည်။
ဤနည်းဖြင့်သာ ရှောင်ကလန်တစ်ခုလုံးသည် ရှောင်မုယွီအား လက်ခံကာ ထောက်ပံ့ကူညီနိုင်သည်။
ရှောင်မုယွီက လက်ကို မြှောက်လိုက်သည်။ ရီဖူရှင်းက ထိုမြင်ကွင်းအား ပြုံးလျှက်ကြည့်နေသည်။ အခန်းအနားပြီးနောက်တွင် သူမသည် ဘုရင်မတစ်ပါးနှင့် ပို၍ တူလာသည်။
သူ၏ပထမဆုံးတပည့်ကား ဧကရီတစ်ပါး ဖြစ်လာသည်။
ထုံးတမ်းများပြီးသောအခါ ရှောင်ကလန်က နတ်သမီးအား လက်ဆောင်ပဏာများ ပေးအပ်ရသည်။ ထိုရတနာများမှာ ကျင့်ကြံခြင်းနှင့် ပတ်သက်သော အရာများဖြစ်ကြသည်။
မြောက်ပိုင်းဒေသမှ အင်အားစုများလည်း လက်ဆောင်များပေးကြသည်။ ကလန်မှ လူငယ်အချို့က ရှောင်မုယွီကိုယ်စား လက်ဆောင်များကို လက်ခံကြ၏။
ရီဖူရှင်းက ရှောင်မုယွီထံသို့ လှမ်းသွားလိုက်သည်။ ထိုအခိုက်အတန့်ကိုမြင်လျှင် အားလုံး၏အမူအရာများက ထူးဆန်းသွားကြသည်။ ယခုအချိန်အထိ သူတို့အားလုံး ရီဖူရှင်း၏နောက်ကြောင်းကို မသိကြသေးပေ။
ယခု ရီဖူရှင်းနှင့် ရှောင်မုယွီတို့ ပတ်သက်မှုကို သူတို့သိရတော့မည်ဖြစ်သည်။
“မုယွီ...” ရီဖူရှင်းက ရှောင်မုယွီဘေးနားကို ရောက်လာကာ ခေါ်သည်။
“ဆရာ...” ရှောင်မုယွီက ပြန်ပြောသည်။ မြောက်ပိုင်းဒေသမှ လူတိုင်း၏စိတ်နှလုံးများ တုန်ခါသွားကြသည်။ ဆရာတဲ့လား...။
ရီဖူရှင်းသည် သူမ၏ဆရာဖြစ်မည်ဟု သူတို့ မထင်ထားကြပေ။ သူကား အလွန်ငယ်ရွယ်သေးသည်။
သို့သော်လည်း ဆရာတစ်ယောက်၏အဆင့်အတန်းကသာ ယခု လက်ရှိအခြေအနေကို ရှင်းပြနိုင်သည်။
“ငါ ဘာမှ မပြင်ဆင်ခဲ့ရဘူး။ ဒီ ဝိညာဉ်လက်နက်နှစ်ခုကို မင်းအတွက် လက်ဆောင်ပေးမယ်” ရီဖူရှင်းက ရှောင်မုယွီနှင့်သင့်တော်သော ဝိညာဉ်လက်နက်နှစ်ခုအား ထုတ်ပေးသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ရှောင်ကလန်မှ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ ရီဖူရှင်း၏ဝိညာဉ်လက်နက်ကို သူတို့ မည်သို့ မသိဘဲ နေမည်နည်း။ ထိုလက်နက်များမှာ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ လာခြင်းဖြစ်သည်။
ရှောင်မုယွီက ဝိညာဉ်လက်နက်နှစ်ခုကို ယူကာ ရီဖူရှင်းအား ချိုမြိန်စွာ ပြုံးလျှက်ပြောသ်ည “ကျေးဇူးတင်ပါတယ် ဆရာ...”
***