← Chapters

အခန်း (၄၇၃)

Vol. 32 Ch. 473

အခန်း (၄၇၃)

Vol. 32 Ch. 473

ဓါးစွမ်းအား ပျံ့နှံ့သွား၏။

ထိုအခါ ကီလိုမီတာ (၃၆၀၀၀) ကျယ်ဝန်းသော အသိစိတ်ပင်လယ်ကြီးက ရွှမ်ယီ၏ ဓါးစွမ်းအားအောက်တွင် ကောင်းကင်နှင့် မြေပြင်အား ပြောင်းပြန်လှန်လိုက်သည့် အလား ကမောက်ကမ ဖြစ်သွားခဲ့သည်။

ကောင်းကင်နှင့် မြေပြင်အား ပြောင်းပြန်လှန်လိုက်ခြင်းပေလော…

မဟုတ်ချေ။

၎င်းအား ကောင်းကင်နှင့် မြေပြင်အား ဖျက်ဆီးပစ်သော ဓါးဟု ဆိုရမည်။

နဂိုကတည်းက ရွှမ်ယီ၏ ဓါးရည်ရွယ်ချက်က အဆင့် (၇) သို့ရောက်ရှိနေပြီးဖြစ်သည်။

အဓိက တာဝန်ပြီးမြောက်သွားပြီးချိန်တွင် ရရှိခဲ့သော ဆုလာဒ်များထဲ၌ ဓါးရည်ရွယ်ချက် အဆင့် (၁) ဆင့် တိုးမြှင့်ခြင်းလဲ ပါဝင်၏။

၎င်းက တိုင်ရှု ဓါးခန္ဓာနှင့် ပေါင်းစပ်လိုက်သော အချိန်တွင် အဆင့်နှစ်ဆင့် တိုက်ရိုက်ချိုးဖျက်သွားခဲ့ပြီး ရွှမ်ယီ၏ လက်ရှိဓါးရည်ရွယ်ချက်အဆင့်က အဆင့် (၈) အထွတ်အထိပ်အဆင့်သို့ ရောက်သွားခဲ့သည်။

သူ၏ ဓါးရည်ရွယ်ချက်က ဒဏ္ဍာရီလာ ကန့်သတ်ချက် တစ်ခုဖြစ်သော အဆင့် (၉) ဓါးရည်ရွယ်ချက်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့၏။

အထွတ်အထပ်အဆင့် (၈) ဓါးရည်ရွယ်ချက်စွမ်းအားဖြင့်ဆိုပါက ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းက စတုတ္ထအတိဒုက္ခအဆင့်အင်ပါယာတစ်ယောက်အား သတ်ရန် လုံလောက်နေချေပြီ။

ထို့အပြင် မဟာဟင်းလင်းပြင် တာအိုနယ်မြေနှင့် ပေါင်းစပ်လိုက်ပါက အဆင့်မြင့် အင်ပါယာအဆင့် ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်မည်ဟု ရွှမ်ယီ ယုံကြည်နေခဲ့သည်။

“ ဒင်…! အဓိက တာဝန်အသစ် လက်ခံရရှိပါတယ်…”

“ အဓိကတာဝန် - ကောင်းကင်ဘုရင်အဆင့်နှင့်အထက် တပည့် (၁၀) ယောက်ပျိုးထောင်ပေးပါ… ထိုအထဲမှ အနည်းဆုံး (၅) ယောက်က အင်ပါယာအဆင့်ကို ရောက်ရပါမယ်…”

“ တာဝန်ဆုလာဒ် - သူတော်စင်အဆင့် ဂိုဏ်းကာကွယ်ရေးအစီအရင် ၊ ကျင့်ကြံမှုအဆင့် တစ်ဆင့် မြင့်တက်ခြင်း ၊ ကျပန်းနတ်ဘုရားစွမ်းရည်တစ်ခု…”

အသစ်ထွက်ပေါ်လာသည့် အဓိကတာဝန်၏ အခက်အခဲက သေးငယ်ခြင်းမရှိချေ။

သို့သော် ရရှိမည့် ဆုလာဒ်များကမူ အလွန်ခမ်းနားလှ၏။

သူတော်စင်အဆင့် ဂိုဏ်းကာကွယ်ရေး အစီအရင်…

၎င်းနှင့်ပတ်သက်ပြီး ပြောနေစရာပင်မလိုချေ။ ထိုအစီအရင်နှင့် ဆိုပါကမြင့်မြတ်နယ်‌မြေနှင့် မင်းဆက်များက နက်နဲခြင်းအင်ပါယာ ဂိုဏ်းအား တိုက်ခိုက်လိုသည်ဆိုလျှင်ပင် အစီအရင်အား ချိုးဖျက်နိုင်မည်မဟုတ်ချေ။

၎င်းက ယခင်အဓိက တာဝန်မှ ရရှိခဲ့သော ဆုလာဒ်နှင့် ယှဉ်နိုင်စွမ်းရှိ၏။

ထို့အပြင် နောက်ဆုံးဆုကြေးမှာ ကျပန်းမဟာနတ်တန်ခိုးစွမ်းရည်ဖြစ်ပေသည်။ ၎င်းက ရွှမ်ယီ၏ မျက်ဝန်းများအား တောက်ပသွားစေခဲ့သည်။

သူ အရှေ့ပိုင်းတိုက်ကြီး၌ အချိန်တစ်ခုနေထိုင်ခဲ့ပြီးနောက် မဟာနတ်တန်ခိုးစွမ်းရည်များနှင့် ပတ်သက်ပြီး နားလည်လာခဲ့၏။

အရှေ့ပိုင်းတိုက်ကြီးတွင် လူသားများနှင့် နတ်ဆိုးများအကြား ပြိုင်ဆိုင်မှုက ပြင်းထန်လှသည်။

သို့သော် လူသားများက နတ်ဆိုးများနှင့် ယှဉ်ပါက အနည်းငယ် အားနည်းနေသေး၏။

အနောက်ပိုင်း ကန္တာရအား အုပ်စိုးထားသော နတ်ဆိုးလူသား မင်းဆက်များအား ဘေးဖယ်ထားဦးတော့ တောင်ပိုင်းနယ်မြေ၌ ရှိသော လူရိုင်းမျိုးနွယ် (၃၆) ခုကပင် လူသားမြင့်မြတ်နယ်မြေများနှင့်ပင် ယှဉ်နိုင်သော စွမ်းအား ရှိနေပြီဖြစ်၏။

ထို့အပြင် လူရိုင်းမျိုးနွယ်များ၌ မွေးရာပါ အစွမ်းထက်လှသော ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားသော‌ကြောင့် အဆင့်တူတွင် အလွန်အစွမ်းထက်လှပြီး ပြိုင်ဘက်ကင်းသည်ဟုပင် ဆိုနိုင်စွမ်းရှိ၏။

သို့သော် လူသားများက နတ်ဆိုးများ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိနေဆဲပင်။

ထိုမျှမကသေးပဲ အရှေ့ပိုင်းတိုက်ကြီး၌ လူသားများ သိမ်းပိုက်ထားသော နယ်မြေများက အလွန်ချမ်းသာကြွယ်၀၏။

၎င်းက နတ်ဆိုးလူသားမျိုးနွယ် ပိုင်ဆိုင်ထားသည်ထက် (၂) ဆရှိသည်။

အကြောင်းမှာ လူသားများထံ၌ နတ်တန်ခိုးစွမ်းရည်များ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

အသေးစား နတ်တန်ခိုးစွမ်းရည်တစ်ခုအား ပိုင်ဆိုင်ထားလျှင်ပင် လူသားအင်ပါယာတစ်ယောက်အနေဖြင့် လူရိုင်းအင်ပါယာတစ်ယောက်အား အဆင့်တူတွင် သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေသည်။

ဤသို့ဖြင့် လူသားများက နတ်တန်ခိုးစွမ်းရည်များကို အားကိုးပြီး လူရိုင်းများ၏ တိုက်ခိုက်မှုများကို ခုခံခဲ့ကြ၏။

ထို့ကြောင့် လူသားမျိုးနွယ်မှ မဟာဂိုဏ်းကြီးနှစ်ခုက အနောက်ပိုင်းကန္တာရမှ နတ်ဆိုးလူသားမင်းဆက်နှင့် ယှဉ်နိုင်စွမ်းရှိနေခဲ့သည်။

သူတော်စင်အဆင့်သို့ နီးကပ်နေပြီဖြစ်သော ကောင်းကင်နတ်ဆိုးနတ်ဘုရားကိုပင် စိန်ခေါ်ရန် ယုံကြည်မှု ရှိနေခဲ့ကြ၏။

ရွှမ်ယီ သူ၏အတွေးများအား ပြန်လည်ရုတ်သိမ်းလိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။

လက်ရှိအချိန်တွင် သူ၏ တပည့်စုဆောင်းခြင်းအား အရှိန်မြှင့်ရတော့မည်။

ရွှမ်ယီတွေးတောနေစဉ်အချိန်တွင်

မြင့်မြတ်ခြင်းမူလ လေလံစံအိမ် ကောင်းကင်အထက်၌ လီလန်၏ မိုးကြိုးကပ်ဘေးက ပြီးဆုံးသွားခဲ့ချေပြီ။

“ ဆန်းကြယ်အနှစ်သာရ နတ်ဘုရားမက တကယ်ပဲ အင်ပါယာအဆင့်ကို ချိုးဖျက်နိုင်သွားပြီလား…”

“ တိတ်တိတ်နေ… မင်းမကြားသေးဘူးလား… မြင့်မြတ်ခြင်းမူလ လေလံစံအိမ်က လီလန်ကို ရာထူးကနေ ရုတ်သိမ်းလိုက်ပြီ… သူမက အခုအချိန်မှာ မြင့်မြတ်ခြင်းမူလ လေလံစံအိမ်က ဆန်းကြယ်အနှစ်သာရ နတ်ဘုရားမ မဟုတ်တော့ဘူး… တကယ်လို့ မင်းသာ အခုလို ဆက်ပြောနေမယ်ဆိုရင် မြင့်မြတ်ခြင်းမူလ လေလံစံအိမ်ကနတ်ဘုရားမအသစ်က မင်းကို ပြသနာရှာနိုင်တယ်…”

“ ဟား… ဟား… ဟား…. ငါ့ကို ပြသနာရှာမှာတဲ့လား… အခြအချိန်မှာ မြင့်မြတ်ခြင်းမူလလေလံစံအိမ်အနေနဲ့ လီလန် အင်ပါယာအဆင့်ကို ရောက်သွားတဲ့ ကိစ္စအပေါ်ဖုံးကွယ်ဖို့ပဲ အားစိုက်နေတာ အကောင်းဆုံးဖြစ်မယ်လို့ ငါတော့ထင်တယ်…”

တစ်စုံတစ်ယောက်က ရယ်မောလျှက် ပြောလိုက်သည်။

ကိုယ့်ဟာကို အိမ်၌နေလျှင်ပင် မကောင်းသော သတင်းဆိုပါက မိုင်ထောင်ချီပျံ့နှံ့သွားတတ်သည်ဟူသော ဆိုရိုးစကားပင် ရှိသေး၏။

လီလန်က မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ နတ်ဘုရားမဟောင်းဖြစ်သည်။

ယခင်တုန်းက သူမအနေဖြင့် မြင့်မြတ်ခြင်းမူလစုဝေးပွဲနှင့် တောင်ပိုင်းကောင်းကင်တံခါးထံမှ အာရုံစိုက်ခြင်းကိုပင် ခံခဲ့ရ၏။

ဤသို့ဖြင့် သူမ နတ်ဘုရားမနေရာမှ ဖယ်ရှားခံရခြင်း သတင်းက ဖုန်မှုန့်များအတွင်း ကျဆင်းခဲ့ဖူးသော ဖီးနစ်တစ်ကောင်၏ အတင်းအဖျင်းများအလား ကောလဟာလများ အကြီးအကျယ်ပျံ့နှံ့သွားခဲ့သည်။

သို့သော် လီလန်အနေဖြင့် ယခုအချိန်တွင် အင်ပါယာအဆင့်သို့ရောက်ရှိသွားပြီဖြစ်ရာ သူမအပေါ်ယုံကြည်မှုမရှိခဲ့သော ၊ လှောင်ပြောင်ခဲ့သော လူများအနေဖြင့် မျက်နှာ ဖြတ်ရိုက်သကဲ့သို့ ခံစားရပေလိမ့်မည်။

သို့သော် ထိုလူများနှင့် နှိုင်းယှဉ်ပါက ပျက်ယွင်းနေသော မျက်နှာများနှင့် လူတစ်ခုရှိနေခဲ့သည်။

၎င်းတို့ ပတ်ဝန်းကျင်မှ လေထုပင်လျှင် အေးခဲနေသည့်အလား ထင်မှတ်ရ၏။

လီရွှမ်က ဒုတိယအကြီးအကဲ ထိုင်သော ထိုင်ခုံတွင် ထိုင်နေခဲ့ပြီး သူ့ရှေ့မှ လူများအား တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေခဲ့သော်လည်း မျက်ဝန်းများထဲ၌ အေးစက်မှူများ ပြည့်နှက်နေခဲ့၏။

“ မိုးကြိုးအင်ပါယာ… လီလန်က အင်ပါယာအဆင့်ကို ရောက်ရှိသွားပြီဆိုမှတော့ နတ်ဘုရားမရာထူးက သူမအပိုင်ဖြစ်နေဆဲပဲ…”

လီရွှမ်၏ မျက်နှာချင်းဆိုင်တွင် မြင့်မြတ်ခြင်းမူလလေလံစံအိမ် ဝတ်စုံများဖြင့် လူတစ်စုရှိနေခဲ့၏။

သို့သော် ၎င်းတို့၏ ဝတ်စုံများက လီရွှမ်တို့အဖွဲ့ ဝတ်စုံများနှင့် အရောင်မတူချေ။ ၎င်းတို့က အစိမ်းရင့်ရောင်အား ဝတ်ဆင်ထားကြ၏။

၎င်းက အရှေ့ပိုင်းနယ်မြေရှိ မြင့်မြတ်ခြင်းမူလ လေလံစံအိမ်ဝတ်စုံ ဖြစ်ပေသည်။

သို့သော် ၎င်းတို့က လီရွှမ် အပေါ်အနည်းငယ်မျှ လေးစားမှု မရှိခဲ့ပေ။ မလေးမစားပြုမူနေကြသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။

လီရွှမ်ကလည်း အနားသို့လာဝဲသော ယင်တစ်ကောင်အား မောင်းထုတ်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး

“ ငါမင်းတို့ကို အကြိမ်ကြိမ်ပြောခဲ့ပြီးပြီမဟုတ်လား… မင်းတို့ရောက်လာတာ နောက်ကျသွားပြီ… လီလန်က မြင့်မြတ်ခြင်းမူလ လေလံစံအိမ်အဖွဲ့ဝင်မဟုတ်တော့ဘူး…”

“ လီရွှမ်… ခင်ဗျား အရမ်းလွန်မလာနဲ့…”

လီရွှမ်၏ စကားများအားကြားလျှင် နဂိုက အထက်စီးမှ ရောက်နေဟန်ဖြင့် မောက်မာနေသော လူစု အလွန်ဒေါသထွက်သွားကြ၏။

All Chapters