အခန်း (၄၇၅)
Vol. 32 Ch. 475
လီရွှမ် ကူကယ်ရာမဲ့စွာဖြင့် မျက်ခုံးအား ဖိပွတ်လိုက်မိသည်။
သူက မြင့်မြတ်ခြင်း မူလ လေလံစံအိမ်မှ ဒုအကြီးအကဲဖြစ်ပြီး မဟာဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များ၏ အမွေဆက်ခံသူများကိုပင် အကြိမ်အနည်းငယ်ခန့် မြင်ဖူး၏။
သို့သော် ရွှမ်ယီကဲ့သို့ မွန်းစတားတစ်ကောင်နှင့် ပတ်သက်ပြီး ကြားပင် ကြားဖူးခြင်းမရှိချေ။
လီရွှမ် အနေဖြင့် ထိုအဖွဲ့ သေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး အနည်းငယ် ကူကယ်ရာမဲ့သလိုခံစားရသည်မှလွဲပြီး ထွေထွေထူးထူးဘာမှဖြစ်ပေ။
ရွှမ်ယီအား သွားရှာလျှင်လည်း အကုန်သေမည်ဖြစ်ရာ စောခြင်းနှင့် နောက်ကျခြင်းသာ ကွာသွားသည်။
ထို့အပြင် ရွှမ်ယီ ပိုအစွမ်းထက်လေ သူ၀မ်းသာလေဖြစ်၏။
သမီးဖြစ်သူ၏ အနာဂါတ်ကလည်း တောက်ပနေပေလိမ့်မည်။
“ ဆရာသခင်ရွှမ်ယီရှေ့မှာ ရယ်စရာတွေဖြစ်ကုန်ပြီပဲ…”
လီရွှမ် ထရပ်လိုက်ပြီး ရွှမ်ယီအား အနည်းငယ် အရိုအသေပေးလိုက်သည်။
ရွှမ်ယီနှင့် မိတ်ဆွေဖွဲ့ရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် အချင်းချင်း ပွင့်လင်းစွာ ဆက်ဆံခြင်းက အကောင်းဆုံးဖြစ်၏။
ရွှမ်ယီ ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး ထိုကိစ္စအား ဆက်မတွေးတော့ချေ။
“ မိုးကြိုးအင်ပါယာ ကျုပ်ဆို အလျင်စလို ရှာနေတယ်ဆို… ကိစ္စတစ်ခုခု ရှိလို့လား…”
ရွှမ်ယီက အစိတ်၀တ်လူများ ရပ်နေခဲ့သော နေရာဘက်သို့ မျက်လုံးကစားလိုက်သည်။
လီရွှမ်က ရွှမ်ယီ၏ အကြည့်ကို သတိပြုမိသွားလျှင် ခါးသက်စွာ ပြုံးလိုက်ပြီး
“ အဲ့ကိစ္စတော့ မဟုတ်ပါဘူး…”
ထို့နောက် လီရွှမ်၏ အမူအရာက လေးနက်သွားခဲ့ပြီး
“ ဆရာသခင် ရွှမ်ယီကတော့ သိဦးမှာ မဟုတ်ဘူး… တောင်ပိုင်းကောင်းကင် တံခါးရဲ့ ဆောင်းဦးအမဲလိုက်ပွဲက စတော့မယ်… မကြာခင် မြင့်မြတ်နယ်မြေ အများစုက ဒီနေရာကို တပ်ဖွဲ့တွေ စေလွှတ်လိမ့်မယ်…”
လီရွှမ်၏ အမူအရာ ပိုမို လေးနက်လာခဲ့ပြီး
“ အဲ့အချိန်ကျရင် အသင်္ချေနဂါးမင်းဆက်က တပ်ဖွဲ့လည်း ရောက်လာလိမ့်မယ်… အဲ့တာက ဆရာသခင်ရွှမ်ယီကို ဒုက္ခများစေနိုင်တယ်…”
အသင်္ချေနဂါးမင်းဆက်လား….?
ရွှမ်ယီ မျက်ခုံးပင့်လိုက်မိသည်။
လီရွှမ်၏ အမြင်တွင် ထိုသတင်းက ရွှမ်ယီအား ထိတ်လန့်သွားစေခဲ့သလိုပင်။
သိုသော် ထိုသို့မဟုတ်ချေ။
ရွှမ်ယီ၏ မျက်လုံးများက ပြင်ပလူများ မမြင်နိုင်သော စနစ် မျက်နှာပြင်ထက်သို့ ရောက်သွားခဲ့ခြင်းဖြစ်၏။
အဓိက တာ၀န် နှစ်ခုအောက်တွင် အရံတာ၀န်အသစ်တစ်ခု ရှိနေခဲ့သည်။
[ အရံတာ၀န် - ကောင်းကင်ကိုးပါးအား လှုပ်ခါခြင်း(၂) ]
[ လုပ်ဆောင်ရန် - ဂိုဏ်းဂုဏ်သတင်း အမှတ်(၅၀၀) သို့ရောက်ရှိစေရန် ]
[ တာ၀န် ဆုလာဘ် - တာအိုအရင်းအမြစ် ဂျင်(၁)သိန်း ၊ ရဲ့ချင်းစုန်အား ထာ၀ရ ဆင့်ခေါ်ခွင့် ]
ထိုတာ၀န်က ရွှမ်ယီ အင်ပါယာတစ်၀က်အဆင့်သို့ ရောက်ရှိပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုအချိန်တုန်းက ရန်သူ အင်အားစု(၃) ခုအနက် မည်သည့် အင်အားစုအား အစွမ်းပြသင့်ကြောင်း မသေမချာဖြစ်နေခဲ့၏။
သို့သော် ယခုတွင် ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးနှောက် ခြောက်နေစရာ မလိုတော့ဟန်ရသည်။
ရွှမ်ယီ တိတ်ဆိတ်နေမှုအားမြင်လျှင် လီရွှမ်က နားလည်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး
“ ဒီရက်အနည်းငယ်အတွင်းမှာ ငါ့သမီးကို ခေါ်ပြီး မင်းဂိုဏ်းကို ခဏ ပြန်လိုက်ပါလား….”
လီရွှမ်၏ အမြင်တွင် ရွှမ်ယီ၏ စွမ်းဆောင်မှုနှင့် အောင်မြင်မှုများအား မည်သူမှ လိုက်မလုပ်နိုင်သည်မှာ သေချာသည်။
သို့ဖြစ်ရာ ရွှမ်ယီအနေဖြင့် မာနကြီးကောင်း ကြီးနိုင်ပြီး နောက်ဆုတ်ရသည်ကို ရှက်စရာဟု မြင်နေနိုင်၏။
ထို့ကြောင့် အကြောင်းပြချက်တစ်ခု ရစေရန် သူက စတင် လမ်းကြောင်းပေးလိုက်ခြင်းပင်။
လီရွှမ်အနေဖြင့်လည်း ရွှမ်ယီ နောက်ဆုတ်ရန် မျှော်လင့်နေခဲ့သည်။
သူ သတင်းရသလောက်ဆိုလျှင် ယခုတစ်ကြိမ် အသင်္ချေနဂါးမင်းဆက်က အင်းအားကြီးကြီးမားမား စေလွှတ်လိုက်၏။
တောင်းပိုင်းကောင်းကင်တံခါးက တောင်ပိုင်းနယ်မြေ၌ အခြေချပြီး နတ်ဆိုးများအား အပြင်းအထန် တိုက်ခိုက်နေခဲ့သော်လည်း ၎င်းက အရှေ့ပိုင်းတိုက်ကြီးမှ မြင့်မြတ်နယ်မြေများအကြား လျှို့ဝှက်ယှဉ်ပြိုင်ရာ နေရာတစ်ခုလည်း ဖြစ်နေခဲ့သည်။
၎င်းတို့အနက် အဆင့်မြင့် အင်ပါယာအဆင့်ကျင့်ကြံသူပင် ပါ၀င်၏။
လီရွှမ် ကိုယ်တိုင်ပင်လျှင် ထိုသို့ဖွဲ့စည်းမှုအား ဂရုစိုက်ရပေမည်။
သို့သော် ရွှမ်ယီက အသာအယာပြုံးလိုက်၏။
အသင်္ချေနဂါးမင်းဆက်မှ လူများလေ ပိုကောင်းလေဖြစ်သည်။
ရဲ့ချင်းစုန်အား အသုံးပြုခွင့် တစ်ကြိမ်ကျန်နေသေးသည်ဖြစ်ရာ အဆင့်မြင့် အင်ပါယာ အဆင့်အား သိပ်ဂရုစိုက်စရာမလိုပေ။
သို့သော် ရွှမ်ယီက ထိုစကားများအား ထုတ်မပြောခဲ့ချေ။
လီလန်က အင်ပါယာအဆင့်သို့ ရောက်သွားပြီဖြစ်ပြီး အသေးစား နတ်တန်ခိုး စွမ်းရည်ဖြင့်ဆိုပါက ဒုတိယ အတိဒုက္ခအဆင့် အင်ပါယာ (၂)ယောက်လောက်ကို ကိုင်တွယ်ရန် လုံလောက်သည်။
အသင်္ချေနဂါမင်းဆက်နှင့် ရင်ဆိုင်ရန် လီလန်ကိုပါ တစ်ခါတည်း ခေါ်သွားရန် ရွှမ်ယီ ဆုံးဖြတ်လိုက်၏။
သို့သော် လီလန်ကို သူ့အတွက် ကူပေးစေချင်သောကြောင့် မဟုတ်ပေ။ သူမအား အတွေ့အကြုံရစေချင်သောကြောင့်ဖြစ်သည်။
အဆင့်မြင့် အင်ပါယာများအကြားမှ တိုက်ပွဲက လီလန်ကဲ့သို့ အဆင့်နိမ့်အင်ပါယာများအတွက် အလွန် အကျိူးများ၏။
သို့သော် လီလန်က ယခုလေးတင် အဆင့်တက်ပြီးခဲ့ခြင်းဖြစ်သဖြင့် အဆင့်အသစ်၌ အထိုင်ကျရန် လိုနေသေးသည်။
ထို့ကြောင့် ရွှမ်ယီက အလျင်မလိုဘဲ သူမအား ရက်အနည်းငယ် တံခါးပိတ် ကျင့်ကြံစေလိုက်၏။
ရွှမ်ယီ ဘက်တွင် အရာအာလုံး အေးဆေးဖြစ်ကာ တည်ငြိမ်နေသော်လည်း တောင်ပိုင်းကောင်းကင်တံခါး ဘက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်နေလေသည်။
ယနေ့တွေ ကောင်းကင်က အုံ့မှိုင်းကာ မဲမှောင်နေ၏။
တောင်ပိုင်းကောင်းကင်တံခါးက တောင်ပိုင်းနယ်မြေရှိ နတ်ဆိုးများနှင့် လူသားများအကြား အဓိက အတားအဆီးကြီးဖြစ်သည်။
ရုတ်တရက် တောင်ပိုင်းကောင်းကင်တခါး၏ တောက်ဘက် ပျက်စီးခြင်းနယ်မြေ၌ ကြောက်မက်ဖွယ် လေဟာနယ် တံခါးများ ဖြစ်ပေါ်လာပြီး နတ်အလင်းများက ပျက်စီးခြင်းနယ်မြေတစ်လျှောက် ပျံ့နှံ့သွား၏။
၎င်းက တောင်ပိုင်းကောင်းကင်တံခါးမှ ပထမတန်းခံစစ်နေရာဖြစ်သည်။ ထိုနေရာ၌ တောင်ပိုင်းကောင်းကင်တံခါးအား စောင့်ကြပ်ပေးသော မြင့်မြတ်နယ်မြေများမှ ဌာနခွဲများ တည်ရှိနေသည်။
ထိုအချိန်တွင် မြင့်မြတ်နယ်မြေများ၏ ဌာနခွဲများတည်ရှိရာ အထက်ကောင်းကင်ယံ၌ လေဟာနယ်တံခါးပေါက်များ ဖြစ်ပေါ်လာပြီး စစ်ရထားများ တစ်စင်းပြီး တစ်စင်း ထွက်လာနေ၏။
စစ်ရထားများကို ဆွဲနေသည့် နတ်ဆိုးသားရဲများထံမှ ဟိန်းဟောက်သံများကြောင့် မြင့်မြတ်ခြင်းမူလ စုဝေးပွဲမှ လူများပင် ထိတ်လန့်သွားကြသည်။
သူတို့ နတ်အသိစွမ်းအားများ တောင်ပိုင်းကောင်းကင်တံခါး ရှိရာသို့ ပို့လိုက်ကြလျှင် အသက်ရှုရန်ပင် တစ်ခဏ မေ့လျော့သွားခဲ့ကြ၏။
အသင်္ချေနဂါးအင်ပါယာမှ စစ်တပ်ကြီး ရောက်လာမည့်သတင်းကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ပျံ့နှံ့နေခဲ့သည်။
ဤသို့ဖြင့် အားလုံးက လာမည့် ပြပွဲကို စောင့်မျှော်နေခဲ့ကြ၏။
မြင့်မြတ်နယ်မြေများမှ ဌာနခွဲများအနေဖြင့်လည်း အသင်္ချေနဂါးအင်ပါယာမှ စစ်တပ်အား ကြိုဆိုရန် အသင့်ရှိနေခဲ့ကြသည်။
အမှောင်ထဲ၌ သူတို့အချင်းချင်း ဆက်ဆံရေးမကောင်းကြဆိုစေဦးတော့ ၊ နတ်ဆိုးများနှင့်ယှဉ်လျှင် သူတို့က မဟာမိတ်များ ဖြစ်နေဆဲပင်။
အားလုံးက မြင့်မြတ်နယ်မြေများ ဖြစ်ကြသဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား လုပ်ရန် လိုအပ်သေး၏။
မြင့်မြတ်ခြင်းမူလ စုဝေးပွဲမှ လူများကမူ ရွှမ်ယီ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ကောင်းစွာ သိထားခဲ့ကြသည်။
သို့သော် ၎င်းတို့ သဘောထားများကမူ ခြားနား၏။
တချို့၀မ်းသာနေကြပြီး ၊ တစ်ချို့က စိတ်မကောင်း ဖြစ်နေခဲ့ကြသည်။
ထိုလူများအကြား အသင်္ချေနဂါးမင်းဆက်အား ကြည့်မရ ၊ မကျေမနပ်ကြသူများ ရှိနေသည်မှာ သဘာ၀ပင်။
ရွှမ်ယီက အသင်္ချေနဂါးမင်းဆက်အား (၂)ကြိမ်တိုင်တိုင် မျက်နှာ ဖြတ်ရိုက်ခဲ့သည်။
ဤသို့ဖြင့် နက်နဲခြင်းအင်ပါယာ ဂိုဏ်း ဟူသော အမည်က မြင့်မြတ်ခြင်းမူလ စုဝေးပွဲ၌ အလွန်ကျော်ကြားနေခဲ့၏။
၎င်းက အသင်္ချေ နဂါးမင်းဆက်အား ဂရုစိုက်ဟန်မရချေ။
အလားတူ အသင်္ချေနဂါးမင်းဆက်ဆိုသည်မှာလည်း အလွန်မောက်မာသော အင်အားစု တစ်ခု ဖြစ်ပေသည်။
ပြင်ပနှင့် ဆက်ဆံချိန် အလွန်အာဏာရှင်ဆန်သူများ ဖြစ်ကြ၏။
ထို့ကြောင့် အသင်္ချေနဂါးမင်းဆက်မှလူများ ဒုက္ခရောက်သည်ကို မြင်ရခြင်းက အလွန် ၀မ်းသာစရာပင်။
သို့သော် အလွန်နာမည်ကြီးနေသည့် နက်နဲခြင်းအင်ပါယာ ဂိုဏ်းချုပ် ရွှမ်ယီအား ကြည့်မရသူများလည်း ရှိနေခဲ့သည်။