← Chapters

အခန်း (၄၈၀)

Vol. 32 Ch. 480

အခန်း (၄၈၀)

Vol. 32 Ch. 480

လူတိုင်း တုန်လှုပ်ချောက်ခြားနေကြပြီး စကားတစ်ခွန်းမှ မပြောနိုင်ကြပေ။

မိုးပြာနဂါးစစ်ရထားကြီးအား ထိန်းချုပ်နေခဲ့သော တိမ်နဂါးအင်ပါယာလည်း ကောင်းကင်ထက်၌ တောင့်တင်းနေခဲ့ပြီး ရွှမ်ယီအား မှင်သက်ကာကြည့်နေခဲ့သည်။

သူငေးကြည့်နေသောနေရာက ရွှမ်ယီ၏နောက်ကျောဘက်မှ စိတ်ဝိညာဉ်ဒြပ်စင် (၆၄) ခုကိုပင်။

ရွှမ်ယီ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းမှ ရောင်ပြန်ကာ ထင်ဟပ်နေသော အလင်းတန်းက ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးအား လင်းထိန်နေစေခဲ့ကာ လူတိုင်းအား နားအူသွားနိုင်စွမ်းသော မိုးခြိမ်းသံများကဲ့သို့ အသံကျယ်ကြီးများ မြည်ဟီးနေခဲ့သည်။

“ ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်… ရွှမ်ယီက တကယ်ကြီး စိတ်ဝိညာဉ်ဒြပ်စင် (၆၄)ခု ဖွဲ့စည်းထားနိုင်တာလား…”

တချို့လူများ တံတွေးမျိုချလိုက်ကြ၏။ ၎င်းတို့မျက်ဝန်းများထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။

အစောပိုင်းတွင် စကားပြောလိုက်သူက ပထမအတိဒုက္ခအင်ပါယာအဆင့်၌ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသူတစ်ယောက်ဖြစ်၏။

ထို့အပြင် သူအသက်ရှင်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဗဟုသုတလည်း ကြွယ်ဝလှသည်။

သို့သော် ရွှမ်ယီ၏ စိတ်ဝိညာဉ်ဒြပ်စင်များအား မြင်လိုက်လျှင် ထိန်းမရလောက်အောင် အံ့အားသင့်သွားခဲ့ရ၏။

ကျင့်ကြံသူအများစုကမူ ရွှမ်ယီ၏စွမ်းအားနှင့်ပတ်သက်ပြီး မည်သို့ပြောရမည်မှန်းပင် မသိလောက်အောင် ဆွံ့အနေခဲ့ကြသည်။

“ ဒီသတင်းသာ ပျံ့နှံ့သွားမယ်ဆိုရင် မဟာဂိုဏ်းကြီးတွေက ဆက်ပြီးတည်ငြိမ်နေနိုင်တော့မှာ မဟုတ်ဘူး… ရွှမ်ယီကို စွမ်းအားကုန်သုံးပြီး ကာကွယ်သွားပေးကြလိမ့်မယ်… ရွှမ်ယီသာ အဲဒီဂိုဏ်းကြီးတွေနဲ့ ပူးပေါင်းချင်စိတ်ရှိနေသရွေ့ မဟာဂိုဏ်းကြီးတစ်ခုက သူ့အတွက် ဘဏ္ဍာတိုက်ကိုတောင် ဖွင့်ထားပေးဖို့အထိ ဖြစ်နိုင်တယ်…”

ထိုစကားသံအား ပတ်ဝန်းကျင်မှလူတိုင်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

သို့သော် သူတို့ ပြန်လည်သတိဝင်လာပြီးနောက် ဆိုးရွားသော အခြေအနေတစ်ခုအား ချက်ချင်းသတိပြုမိလိုက်ကြသည်။

အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်က ရွှမ်ယီ ရှိရာဘက်သို့ကြည့်ပြီး စိတ်မကောင်းဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။

“ ဒါပေမဲ့ အသင်္ချေနဂါးမင်းဆက်က ရွှမ်ယီကို ဒီလိုအခွင့်အရေးမျိုး မပေးမှာစိုးမိတယ်...”

ထိုလူ၏စကား မှန်ပေသည်။

တိမ်နဂါးအင်ပါယာ မှင်သက်နေရာမှ ပြန်လည်၍ သတိဝင်လာခဲ့သည်။

ဒေါသတကြီး ကြိမ်းဝါးသံနှင့်အတူ သူ့ဆံပင်များအားလုံး ထောင်ထသွားခဲ့၏။

ချက်ချင်း သူ့အနောက်တွင် ထာဝရနတ်ဘုရားစင်မြင့် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ထာဝရနတ်ဘုရားစင်မြင့်ထက်မှ နတ်ဘုရားအမှတ်အသားများ တစ်ခုပြီးတစ်ခု ပျံတက်လာကာ မိုးပြာနဂါးစစ်ရထားရှိရာသို့ ဝင်ရောက်သွားခဲ့သည်။

“ မိုးပြာနဂါး ဆွဲပြား…”

တိမ်နဂါးအင်ပါယာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ရွှမ်ယီအား တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။

နတ်စွမ်းအားများ အဆုံးအစမဲ့ မြင့်တက်လာခဲ့ပြီး မိုးပြာနဂါးစစ်ရထားက တိမ်ပင်လယ်အား ဖြတ်သန်းကာ ရှေ့သို့ပြေးထွက်သွားခဲ့သည်။

၎င်းက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်များကိုပင် အက်ကွဲသွားစေကာ ၎င်းဖြတ်သန်းသွားရာနေရာတိုင်း အပျက်အစီးများ ဖြစ်သွားစေခဲ့၏။

၎င်းက မြင့်မြတ်ပလ္လင်အဆင့် ( ဆဌမ အတိဒုက္ခ ) အင်ပါယာတစ်ယောက် ရောက်ရှိနိုင်သည့် ကန့်သတ်ချက်များကို ကျော်လွန်နေချေပြီ။

တိမ်နဂါးအင်ပါယာက အသင်္ချေနဂါးမင်းဆက်၏ လျှို့ဝှက်စွမ်းရည်တစ်ခုအား အသုံးပြုခဲ့သည့်အပြင် ၎င်းအား မိုးပြာနဂါးစစ်ရထားဖြင့် ပေါင်းစပ်ထားသေး၏။

ထိုတိုက်ခိုက်မှုက အန္တိမအင်ပါယာ (ဆဋ္ဌမအတိဒုက္ခအဆင့်)နှင့် အတိုင်းအဆမရှိ နီးကပ်နေခဲ့ချေပြီ။

၎င်းအား မိုးပြာနဂါးစစ်ရထားနှင့် ယှဉ်နိုင်သော သူတော်စင်တစ်ဝက်အဆင့် လက်နက်တစ်ခု မပိုင်ဆိုင်ထားပါက တားဆီးရန်မဖြစ်နိုင်ပေ။

တိုက်ခိုက်မှုအား အသုံးပြုပြီးသည်နှင့် တိမ်နဂါးအင်ပါယာ၏မျက်နှာက ဖြူဖျော့သွားခဲ့၏။

ထိုအခြင်းအရာအား ကြည့်လျှင် ထိုတိုက်ခိုက်မှုအား ပြုလုပ်ရန် တိမ်နဂါးအင်ပါယာလည်း များစွာပေးဆပ်ခဲ့ရကြောင်း ထင်ရှားသည်။

ကောင်းကင်ပလ္လင်အဆင့် အင်ပါယာတစ်ယောက်က အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူအား တိုက်ခိုက်ရန် အစွမ်းကုန်ထုတ်သုံးခဲ့၏။

ထိုကိစ္စအား ပုံမှန်လူများကြားလျှင် မည်သူမှ ယုံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကမူ မည်သူမှ ရယ်မောနိုင်ခြင်း မရှိကြချေ။

ရွှမ်ယီဆိုသည့် လူငယ်၏ အနာဂတ်အလားအလာက အလွန်ကြောက်စရာကောင်းလှ၏။

၎င်းက အင်ပါယာတစ်ဝက်အဆင့်၌ ရှိနေစဉ် စိတ်ဝိညာဉ်ဒြပ်စင် (၆၄) ခု ဖွဲ့စည်းထားခဲ့ချေပြီ။

သို့သော် အဓိက ကြောက်မက်ဖွယ်ကောင်းသောအရာမှာ ၎င်း၏ကြီးထွားနှုန်းဖြစ်၏။

ရွှမ်ယီ မြင့်မြတ်ခြင်းမူလ လေလံစံအိမ်ရှေ့၌ စတင်ထွက်ပေါ်လာစဉ် သူ၏စွမ်းအားက ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်အား အပြင်းအထန် ဒဏ်ရာရစေရုံမျှသာ ရှိသေး၏။

၎င်းအား သတ်ရန်ပင် မတတ်နိုင်ချေ။

ထိုကိစ္စဖြစ်ပျက်ခဲ့သည်မှာ မည်မျှကြာသေးသနည်း။

၎င်း၏တိုက်ခိုက်နိုင်စွမ်းက အရှေ့ပိုင်းတိုက်ကြီး၏ ဒဏ္ဍာရီမှတ်တမ်းများထဲမှ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူများအားလုံးထက် ကျော်လွန်နေခဲ့ချေပြီ။

သူ့အတွက် အင်ပါယာ ပထမအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်အား သတ်ဖြတ်ခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်သတ်ရသည်နှင့် မခြားပေ။

၎င်းက ကောင်းကင်ပလ္လင်အဆင့် အင်ပါယာတစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိနေ၏။

လူအများစုရင်ထဲတွင် ကြောက်မက်ဖွယ် မှန်းဆချက်တစ်ခု ရှိနေခဲ့ချေပြီ။

ရွှမ်ယီအနေဖြင့် အကြာကြီးစောင့်ရန်ပင် မလိုအပ်ပေ။

အင်ပါယာအဆင့် ရောက်သွားသည်နှင့် ဆန်းကြယ်ပလ္လင်အဆင့် ၊ မြင့်မြတ်ပလ္လင်အဆင့် ကျင့်ကြံသူများအား အလွယ်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။

ထိုအချိန်တွင် အစောပိုင်းတွင် လူအများအပြားပြောခဲ့ကြသည့် မြင့်မြတ်နယ်မြေတစ်ခုအား ကိုယ့်လက်နှင့်ကိုယ် ဖန်တီးခြင်းဟူသော စကားမှာ ဟာသတစ်ခုမျှ ဖြစ်နေတော့မည် မဟုတ်ပေ။

ဤသို့ဖြင့် တိမ်နဂါးအင်ပါယာက ဆုံးရှုံးရမည့်ကိစ္စများကိုပင် ဂရုမစိုက်တော့ဘဲ အစွမ်းကုန်အသုံးပြုကာ တိုက်ခိုက်လိုက်ခြင်းဖြစ်၏။

မိုးပြာနဂါး ဆွဲပြားဟူသည့် တိုက်ခိုက်မှုက ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ ရွှမ်ယီထံသို့ ဦးတည် ၀င်ရောက်သွား၏။

သို့သော် ရွှမ်ယီ၏ အမူအရာကမူ တည်ငြိမ်နေဆဲပင်။

ယခုအချိန်အထိ သူ့ခွန်အားကို အပြည့်အ၀ အသုံးပြုရခြင်းမရှိသေးချေ။

ထို အဘိုးကြီး လှုပ်ရှားမည့်အချိန်ကို စောင့်နေခြင်းဖြစ်၏။

လက်ရှိ သူ၏ တိုက်ခိုက်နိုင်စွမ်း မည်မျှရှိနေပြီဖြစ်ကြောင်း စမ်းသပ်ချင်နေခဲ့သည်။

မိုးပြာနဂါးဆွဲပြား တိုက်ခိုက်မှုက ရွှမ်ယီနှင့် ကီလိုမီတာ (၅၀၀) အကွာသို့ ရောက်နေချေပြီ။

ရွှမ်ယီ မျက်၀န်းထဲ၌ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

‌တစ်ချိန်တည်းတွင် နောက်ကျောဘက်၌ ဓားမြည်သံများ ထွက်ပေါ်လာ၏။

ပွဲကြည့်နေသူများ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြသည်။

ရွှမ်ယီက ဓားသအားတစ်ဦးဖြစ်ကြောင်း သူတို့အားလုံး သိထားကြ၏။

သို့သော် အသင်္ချေနဂါးမင်းဆက်နှင့် တိုက်ပွဲစကတည်းက ဓားချီစွမ်အားနှင့် ဓားရည်ရွယ်ချက် စွမ်းအားတို့ကိုသာ အသုံးပြုခဲ့သည်။

ယခုတွင်မူ ၎င်း၏ အစစ်အမှန်ဓားကို ထုတ်လိုက်ချေပြီ။

တစ်ဝုန်းဝုန်း မြည်နေသော ဓားသံများအကြား ကြက်သွေးရောင် ဓားတစ်ချောင်းက အဆုံးစမဲ့သော သတ်ဖြတ်လိုစိတ်များ ၀န်းရံလျက် ရွှမ်ယီ၏ နောက်ကျော၌ ထွက်ပေါ်လာသည်။

သို့သော် ထိုမျှနှင့်မပြီးသေးချေ။

တစ်လက်ပြီး တစ်လက် ဆက်လက် ထွက်ပေါ်လာနေပြီး နောက်ဆုံး (၇)လက်မြောက်၌ ရပ်တန့်သွား၏။

ဓားတစ်လက်ပေါ်လာတိုင်း ကပ်ပါလာသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များကြောင့် လူအများ၏ အသိစိတ်ပင်လယ်များ ပြိုကွဲသွားတော့မည့်အလား ခံစားနေကြရသည်။

ကြက်သွေးရောင်ဓား(၇)ချောင်းက ရွှမ်ယီ၏ အနောက်ဘက်၌ အထက်အောက် လှုပ်ရှားနေသည်။

၎င်းတို့က ရွေ့လျားနေပုံက အစီအရင်တစ်ခုနှင့် တူညီနေပြီး သွေးနဂါးကြီး(၇)ကောင် ရွှမ်ယီအနား ဝဲပျံနေသည့်အလားပင်။

ရွှမ်ယီကို ဗဟိုပြုပြီး ထွက်ပေါ်နေသည့် စွမ်းအားများက လူတိုင်းကို တုန်လှုပ်သွားစေ၏။

တိမ်နဂါး အင်ပါယာ၏ မျက်ခမ်းထောင့်စွန်းများ တစ်ဆတ်ဆတ်လှုပ်သွားခဲ့သည်။

ထိုမြင်ကွင်းက အလွန်ထိတ်လန့်ဖွယ် ကောင်းလှ၏။

သွေးနီရောင်နဂါးကဲ့သို့သော ဓား(၁)ချောင်းခြင်းစီ၌ နတ်တန်ခိုးစွမ်းအားများ ပါ၀င်နေသည်။

တိမ်နဂါးအင်ပါယာ နှလုံးသား အနည်းငယ် လှုပ်ရှားသွား၏။

သို့သော် အရှုံးပေးလိုစိတ်တော့မရှိပေ။

ဤသို့ဖြင့် အံကြိတ်လိုက်၏။

အစပိုင်းတွင် အနည်းငယ်မှိန်ဖျော့နေသော နောက်ကျောဘက်မှ ထာ၀ရ နတ်ဘုရားစင်မြင့်၏ ပုံရိပ်က ပိုမို တောက်ပလာခဲ့သည်။

စွမ်းအားများ ထပ်မံ မြှင့်တင်လိုက်ခြင်းဖြစ်၏။

ဤသို့ဖြင့် မိုးပြာနဂါးဆွဲပြား၏ စွမ်းအားကလည်း အရူးအမူး ထိုးတက်လာပြီး အထွတ်အထိပ်သို့ လိုက်ပါ မြင့်တက်သွားလေသည်။

ထိုတိုက်ခိုက်မှုက အန္တိမအင်ပါယာအဆင့် ( သတ္တမ အတိဒုက္ခအဆင့်) တိုက်ခိုက်မှုနှင့်နှင့် ညီမျှနေချေပြီ။

“ ဒီလောက်တောင်မှ ရှိတဲ့ကောင်.. တစ်ချက်တည်းနဲ့ သေလိုက်စမ်း…”

All Chapters