← Chapters

အခန်း (၄၆၇)

Vol. 32 Ch. 467

အခန်း (၄၆၇)

Vol. 32 Ch. 467

လီရွှမ်၏ အမူအရာက တဖြည်းဖြည်း ပို၍ ခါးသီးလာခဲ့သည်။

“ အင်း… ဒီသတင်းက မကြာခင် တောင်ပိုင်းကောင်းကင်တံခါးမှာ ပြန့်နှံ့သွားတော့မှာ… ဆရာသခင် ရွှမ်ယီကို ပြောရမှာ ရှက်စရာတော့မရှိပါဘူး…”

အမှန်တွင် ထိုကိစ္စက ရိုးရှင်းပေသည်။

ဆန်းကြယ် အနှစ်သာရ နတ်ဘုရားမ လီလန်၏ ခန္ဓာကိုယ်က အလွန်ထူးခြားပြီး အင်ပါယာတစ်၀က်အဆင့်၌ ကြာမြင့်စွာ ပိတ်ဆို့နေခဲ့၏။

မြင့်မြတ့်ခြင်းမူလ လေလံစံအိမ်က သူမအား ရာထူးမှ စွန့်ပစ်ချင်နေသည်မှာ ကြာချေပြီ။

သို့သော် လွန်ခဲ့သော နှစ်ရက်

လေလံစံအိမ်အတွင်း ရုတ်တရက် မြင့်တက်လာခဲ့သော ကြယ်တစ်ပွင့်ကြောင့် လေလံစံအိမ်က ပို၍ ဆုံးဖြတ်ချက် ပြတ်သားသွားခဲ့သည်။

ထို မြင့်တက်လာသော ကြယ်ပွင့်အမည်က ဇီလင်းယွမ်ဖြစ်သည်။

ဇီလင်းယွမ်က မြင့်မြတ်ခြင်းမူလ လေလံစံအိမ် ပျိုးထောင်ပေးခဲ့သော မျိုးစေ့များအကြား အထူးချွန်ဆုံးများထဲ ပါ၀င်၏။

သူမက မြင့်မြင့်ခြင်းမူလ လေလံစံအိမ်၏ နံပါတ်(၁) နေရာအတွက် လီလန်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။

သို့သော် နောက်ဆုံးတွင် သူမ ရှုံးနိမ့်သွားခဲ့၏။

သို့သော် မမျှော်လင့်ထားဘဲ ဇီလင်းယွမ်၏ ကံကြမ္မာက အလွန်ကောင်းမွန်နေခဲ့သည်။

မကြာမီအချိန်တုန်းက လျှို့ဝှက်နယ်မြေ တစ်ခုအတွင်းသို့ ဇီလင်းယွမ် မတော်တဆ ရောက်ရှိသွားခဲ့၏။

လျှို့ဝှက်နယ်မြေထဲတွင် သူမ သေလုနီးပါး အခြေအနေထိ ရောက်ခဲ့သော်လည်း နောက်ဆုံးတွင် အကျိုးအမြတ်များစွာနှင့် ပြန်လည် ထွက်ခွာလာနိုင်ခဲ့သည်။

လျှို့ဝှက်နယ်မြေအတွင်း တာအိုအရှင်သခင် တစ်ဦး၏ အမွေကို ဆက်ခံနိုင်ခဲ့ရုံမျှမက ပြည့်စုံသော နတ်တန်ခိုးစွမ်းရည်တစ်ခုကိုပင် ရရှိခဲ့၏။

၎င်းက အသေးစား နတ်တန်ခိုးစွမ်းရည်ဖြစ်သည့်တိုင် ဇီလင်းယွမ်၏ စွမ်းအားကို အဆပေါင်းများစွာ တိုးမြင့်သွားစေခဲ့သည်။

ဤသို့ဖြင့် မြင့်မြတ်ခြင်းမူလ လေလံစံအိမ်က မြင့်မြတ်သမီးတော်( ဆန်းကြယ်မူလ နတ်ဘုရားမ ) နေရာကို ဇီလင်းယွမ်နှင့် အစားထိုးလိုက်၏။

“ ပြီးတော့ ဇီလင်းယွမ် အင်ပါအဆင့်ကို ချိုးဖျက်နေပြီလို့ သတင်းကြားတယ်… (၂)လ (၃)လအတွင်း အောင်မြင်သွားလောက်တယ်…”

စကားဆုံးသည်နှင့် လီရွှမ် လက်ဝှေ့ယမ်းလိုက်၏။

ထိုအခါ အနောက်ဘက် အခန်းအတွင်းမှ ဆန်းကြယ်ခြင်းမူလ နတ်ဘုရားမဟောင်းဖြစ်သော လီလန် ထွက်လာခဲ့သည်။

သူမ မျက်နှာက အေးစက်နေသော်လည်း မျက်၀န်းများကမူ အနည်းငယ် နီရဲနေခဲ့၏။

ဖြစ်ပျက်ခဲ့သော ကိစ္စများက သူမ စိတ်ပိုင်းဆိုင်းရာအပေါ် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ကြောင်း ထင်ရှားသည်။

လီရွှမ်လည်း အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့၏။

သူက မြင့်မြတ်ခြင်းမူလ လေလံစံအိမ်မှ ဒုတိယအကြီးအကဲဖြစ်သဖြင့် မြင့်မြတ်ခြင်းမူလ လေလံစံအိမ်၏ အစစ်အမှန်စွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ရှင်းရှင်းလင်းလင်း နားလည်ထားသည်။

လေလံစံအိမ်၏ ခေါင်းဆောင်ဖြစ်သော တာအိုအရှင်သခင်အဆင့် ကျင့်ကြံသူပင် ကိစ္စများအား ဆုံးဖြတ်လိုပါက အစည်းအဝေးခေါ်ယူပြီး မဲများ ကောက်ခံရန်လိုအပ်၏။

တစ်ယောက်တည်း ဆုံးဖြတ်ချက် ချ၍မရပေ။

ဤသည်မှာ အရှေ့ပိုင်းတိုက်ကြီး ထိပ်ဆုံးပိုင်းမှ အင်အားစုကြီးတစ်ခု၏ အနေအထားပင်။

လီရွှမ် တွေးတောရင်း သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

ထို့နောက် လီလန်၏ ခေါင်းအား ညင်သာစွာ ပွတ်သပ်လိုက်ရင်း

“ ဒီအထိပြောပြီးပြီဆိုမှတော့ ငါ ထပ်ပြီး ဝေ့ဝိုက်မနေတော့ဘူး… မင်းရဲ့ ဆေးက ထိရောက်သည်ဖြစ်စေ မထိရောက်သည်ဖြစ်စေ.. လီလန်ကို နက်နဲခြင်း အင်ပါယာဂိုဏ်းထဲ ၀င်ဖို့ ခွင့်ပြုပေးမယ်… ဆရာသခင်ရွှမ်ယီ မင်း ငါ့သမီးကို ဂရုစိုက်ပေးပါ…”

[ Note. ရွှမ်ယီက မိုးကြိုးအင်ပါယာအတွက် ဂျူနီယာ အနေအထားပါ အဲ့တာကြောင့် မင်း ငါ နဲ့သုံးတာပါ… ဆရာသခင်ဆိုတာက မှော်ဆေးအင်ပါယာ တစ်ယောက်မို့ လေးစားမှုပြတာပါခင်ဗျာ…]

မည်မျှ ကြီးမားသော အင်အားစုကြီးတစ်ခုဖြစ်ပါစေ မြင့်မြတ်သားတော် သို့မဟုတ် နတ်ဘုရားမ ရာထူးက ဤမျှ လျှင်မြန်စွာ အစားထိုး၍ ရသော ကိစ္စမဟုတ်ပေ။

သို့သော် လီလန်ကိစ္စက ရုတ်တရက်ကြီး ဖြစ်ပျက်သွားခဲ့သည်။

နောက်ဆုံး သေချာစဉ်းစားကြည့်လိုက်လျှင် မြင့်မြတ်ခြင်းမူလ လေလံစံအိမ်အတွင်းရေး တိုက်ပွဲ၌ သူ့ဘက်မှ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း လီရွှမ် နားလည်လိုက်၏။

ထို့အပြင် အတွင်းရေးပြသနာများက ဤမျှနှင့် ပြီးပြတ်သွားမည်မဟုတ်ချေ။

ဆက်လက် မုန်တိုင်းထန်လာနိုင်သေး၏။

ထိုအချိန်သို့ ရောက်ပါက လီရွှမ်အနေဖြင့် မိမိကိုယ်တိုင်ပင် လွတ်မြောက်မည်လားမသေချာပေ။

အကြပ်အတည်းများအကြား သမီးဖြစ်သူ လွတ်မြောက်သွားခြင်းက လီရွှမ်အတွက် နောက်ကြောင်းအေးစေသည်။

လီလန် အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရင်း ရွှမ်ယီအား လှမ်းကြည့်လိုက်၏။

မည့်သည့်စကားမှ မဆိုဘဲ တစ်ခဏမျှ ငေးကြည့်နေခဲ့ပြီးနောက် ရုတ်တရက် ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။

“ ဆရာ့ကို ဂါ၀ရပြုပါတယ်…”

ရွှမ်ယီ အနည်းငယ်ပြုံးလိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမပြောခဲ့ချေ။

ထိုအစား

“ မင်း အခုငါ့ကို ငါ့တပည့်ဖြစ်တော့မယ်… ဒါပေမယ့် မင်းရဲ့ နတ်ဘုရားမ နေရာကို ဆုံးရှုံးခဲ့ရပြီ… အဲ့ကိစ္စကို ကျေနပ်ရဲ့လား…”

ထိုစကားအားကြားလျှင် လီလန် အနည်းငယ် အံ့အားသင့်သွားခဲ့၏။

သူမ၏ လှပသော မျက်၀န်းလေးများထဲ သံသယအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သော်လည်း ချက်ချင်း တုံ့ပြန်လိုက်သည်။

“ စိတ်ချပါဆရာ.. ကျွန်မ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမကျေမနပ်မဖြစ်ပါဘူး…”

“ အိုး…”

ရွှမ်ယီက အပြုံးမပျက် ကြည့်နေခဲ့ပြီး

“ မင်း သေချာရဲ့လား…”

“ အဲ့တာ….”

လီလန်က ကျင့်ကြံခြင်း၌ ပါရမီအလွန်ကောင်းပြီး ဉာဏ်ထက်သော မိန်းကလေး တစ်ဦးဖြစ်သည့်တိုင် သူမက မိန်းမငယ်လေးတစ်ဦး ဖြစ်နေဆဲပင်။

သို့ဖြစ်၍ ရွှမ်ယီက စကားအောက်၌ သူမ တည်ငြိမ်မှုများ ပျောက်ဆုံးသွားခဲ့ရသည်။

သူမ အကူအညီတောင်းသော အကြည့်ဖြင့် အဖေဖြစ်သူဘက်သို့ အလိုလိုလှည့်ကြည့်မိလိုက်သည်။

သို့သော် လီရွှမ်က မည်သည့်စကားမှ မဆိုခဲ့ချေ။

၎င်းက ရွှမ်ယီ၏ စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း သူကောင်းစွာနားလည်ထား၏။ လီလန်၏ စိတ်သဘောထားနှင့် ရိုးသားမှုအပေါ် စမ်းသပ်နေခြင်းဖြစ်သည်။

အကယ်၍ သူသာ ဝင်ရောက်ပြီး ဖြေပေးလိုက်ပါက သမီးဖြစ်သူအား အကူအညီမပေးနိုင်ရုံသာမက ရွှမ်ယီအပေါ်လည်း မလေးစားရာရောက်သွားပေလိမ့်မည်။

ဤသို့ဖြင့် အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လီလန်၏မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ချလိုက်ဟန်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူမက ရွှမ်ယီအား ဦးညွှတ်လိုက်ရင်း စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့်

“ ကျွန်မ တကယ် မကျေနပ်ဘူး...”

“ ဟားဟားဟား… ကောင်းပြီလေ...”

လီလန်၏အဖြေအား ကြားလျှင် ရွှမ်ယီ ကျေနပ်စွာရယ်မောလိုက်၏။

ထို့နောက် ညာလက်အား ဝှေ့ယမ်းလိုက်လျှင် ကျမ်းစာလိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး လီလန်၏လက်တွင်းသို့ ကျရောက်သွားခဲ့သည်။

ထိုကျမ်းစာလိပ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံးအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များ မငြိမ်မသက်ဖြစ်သွား၏။

ထို့အပြင် မူလက တည်ငြိမ်နေသော လီရွှမ်၏မျက်ဝန်းများထဲတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ကျမ်းစာလိပ်တစ်ခုက ကျင့်ကြံခြင်းမပြုရသေးပဲနှင့်ပင် ကောင်းကင်နှင့်မြေကြီးအကြားမှ စိတ်ဝိညာဉ်ချီအား လှုံ့ဆော်နိုင်စွမ်း ရှိနေခဲ့သည်။

၎င်းက ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိ၏။

တာအိုအဆင့်ကျင့်စဉ် သို့မဟုတ် နတ်တန်ခိုးစွမ်းအားကျမ်းစာလိပ်သာ ဖြစ်ရမည်။

ထိုအဆင့်တွင် တာအိုစွမ်းအားများပါဝင်နေခဲ့ပြီး ထွက်ပေါ်လာသည်နှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာမည်ဖြစ်၏။

ထိုအချိန်တွင် ခန်းမအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များ အလွန်ဖရိုဖရဲဖြစ်နေခဲ့သည်။

အပြင်မှ လှမ်းကြည့်လျှင်ပင် ခန်းမအတွင်းမှ မငြိမ်မသက်ဖြစ်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းလုံးများကို ရှင်းလင်းစွာ မြင်နိုင်သည်။

ရွှပ်…

ဤသို့ဖြင့် လီရွှမ် ချက်ချင်းလှုပ်ရှားလိုက်၏။ နတ်စွမ်းအင်သင်္ကေတများ ထွက်ပေါ်လာခဲ့ပြီး ခန်းမအား ချက်ချင်းငြိမ်သက်သွားစေခဲ့သည်။

ဤသို့ဖြင့် ခန်းမအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်မုန်တိုင်းက ပို၍ပြင်းထန်မလာမီ ဖယ်ရှားခြင်းခံခဲ့ရ၏။ ရွှမ်ယီအား ကြည့်နေသော လီရွှမ်၏မျက်ဝန်းများထဲတွင် ယခင်ကဲ့သို့ လေးစားမှုများ မရှိတော့ဘဲ ထိတ်လန့်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။

ထိုနက်နဲခြင်းအင်ပါယာဂိုဏ်းနှင့် ဆရာသခင်ရွှမ်ယီ...။

၎င်းတို့ မည်သည့်နေရာက ရောက်လာခဲ့သနည်း။

ဒီလိုရက်ရောမှုမျိုး...

All Chapters