← Chapters

ဘဝပြန်ဝင်စားခြင်းနှင့် အသူရာချောက်နက်

Vol. 121 Ch. 1573

ဘဝပြန်ဝင်စားခြင်းနှင့် အသူရာချောက်နက်

Vol. 121 Ch. 1573

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် ကောင်းကင်နတ်ဧကရီကို ရင်ဆိုင်ရန် ချင်မူ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ သူက စပ်ဖြဲဖြဲ ပြုံးရင်း နောက်သို့ ဖြည်းဖြည်းချင်းဆုတ်နေ၏။ ကောင်းကင်နတ်ဧကရီက မျက်မှောင်ကြုတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နောက်ဆုတ်စရာ မလိုဘူးလေ.. နင် ထွက်မပြေးနိုင်ဘူး… ဒါက အဆုံးသတ်မြို့ပျက်ပဲ..”

ချင်မူက ရုတ်တရက် အလင်းတန်းအသွင်ပြောင်းသွားပြီး ကျယ်လောင်စွာ ရယ်မောကာ ထွက်ပြေးသွားတော့သည်။ “မကြိုးစားကြည့်ဘဲနဲ့ ဘယ်လိုလုပ်သိနိုင်မှာလဲဗျ”

ကောင်းကင်နတ်ဧကရီက မလှုပ်ရှားဘဲ နှာခေါင်ရှုံ့လိုက်သည်။ ချင်မူ အမြွှာကြာပန်းပွင့်နှစ်ပွင့်ထဲမှ ပျံသန်းထွက်ခွာတော့မည့်အချိန်တွင် ချက်ချင်းဆိုသလို ပန်းပွင့်နှစ်ပွင့်မှာ ပန်းဖူးငုံများအဖြစ် စုသွားပြီး သူ့အား ပိတ်လှောင်ထားလိုက်သည်။

ချင်မူက ပန်းဖူးငုံများထဲတွင် ပျံသန်းနေသော်လည်း ထွက်ပေါက်ကို ရှာမတွေ့နိုင်ပေ။

သူက နေရာရွှေ့ပြောင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သော်လည်း အလုပ်မဖြစ်ပေ။ နေရာရွှေ့ပြောင်းခြင်းက နေရာဟင်းလင်းပြင်အပေါ် အခြေခံခြင်းဖြစ်သည့်အတွက် ပန်းဖူးငုံထဲရှိ နေရာမှာ အပြင်လောကနှင့် လုံးဝ ခြားနားကွဲထွက်နေသည့်အခါ သူ၏နေရာရွှေ့ပြောင်းခြင်းကောင်းကင်နတ်သိုင်းအနေဖြင့် နေရာဟင်းလင်းပြင်ကို ဖောက်ထွက်မသွားနိုင်ဖြစ်နေ၏။

ချင်မူက မြေပေါ်သို့ ဆင်းသက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ဤလောကတွင် သူ ကြောက်သည့် နေရာများ ရှိနေသေးပါက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်သည် ၎င်းတို့ထဲမှ တစ်ခုအပါအဝင် ဖြစ်လိမ့်မည်။

အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းသည် ဝိညာဉ်ကို အပြီးတိုင် ရှင်းလင်းပစ်နိုင်သည့် ကောင်းကင်နတ်သိုင်းအချို့ထဲမှ တစ်ခုဖြစ်၏။ ထိုက်ငါးပါး၏ ကောင်းကင်နတ်သိုင်းများနှင့် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်တို့လည်း ထိုသို့လုပ်နိုင်ပေသည်။

ထိုအပြင် အဆုံးသတ်မြို့ပျက် မှော်စွမ်းအင်လည်း ရှိနေသေး၏။

ထိုမျှသာမက အဆုံးသတ်မြို့ပျက်သည် တာအိုရရှိပြီးသော ခိုင်ဧကရာဇ်ကိုယ်တိုင်ပင်လျှင် ထွင်းဖောက်မမြင်နိုင်ခဲ့သည့် နေရာပင်။ ၎င်းက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်အပြင် ဖရိုဖရဲနေရာဟင်းလင်းပြင်တို့နှင့် တန်းတူယှဉ်ပြိုင်နိုင်သည်။ ၎င်းကို ကြည့်ခြင်းဖြင့် ဤနေရာမှာ မည်မျှထူးခြားသာလွန်ကြောင်း သိနိုင်ပေလိမ့်မည်။

ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့သည် ဤနေရာတွင် တာအိုမှ မွေးဖွားလာသော နတ်ဘုရားများဟု ဆိုရမည်။ သူတို့၏ ခွန်အားအဆင့်သည် ထိပ်တန်းရှေးဟောင်းနတ်ဘုရားများထဲတွင် ပါဝင်သော်လည်း အထွတ်အထိပ်ရှေးဟောင်းနတ်ဘုရားများတော့ မဟုတ်ကြပေ။ အခြားတစ်ဖက်တွင် အဆုံးသတ်မြို့ပျက်၏ ကိုယ်ပိုင်ခွန်အားက မွေးဖွားပေးထားသည့် ရှေးဟောင်းနတ်ဘုရားကို ကျော်လွန်နေလေရာ အလွန်တရာ ထူးဆန်းနေသည်။

ကောင်းကင်နတ်ဧကရီက လက်မြှောက်လိုက်သည့်အခါ ကြာပန်းပွင့်နှစ်ပွင့်မှာ ပွင့်အာကျလာသည်။ ကြာပန်းပွင့်တို့ အပြင်ရှိ ရေလှိုင်းများက ကျဆင်းသွားပြီး ကြာပန်းပွင့်သည်လည်း အသူရာချောက်နက်ထဲသို့ တဖြည်းဖြည်း နိမ့်ဆင်းသွား၏။

“ဒီနေရာက ငါ့ရဲ့မွေးရပ်မြေပဲ… ငါ အပျက်မကို ဝါးမြိုပြီးရင် ဒီနေရာက အရာအားလုံးကို ထိန်းချုပ်နိုင်ပြီ… ကြာပန်းပွင့်နှစ်ပွင့်ကို ထိန်းချုပ်ပြီး ပွင့်လာအောင် လုပ်ပြီးရင် နှစ်ခုပေါင်းစည်းလို့ရတယ်… ဒါဆို ရေလှိုင်းတွေကို ထိန်းချုပ်နိုင်တဲ့အပြင် အသူရာချောက်နက်ကိုပါ ထိန်းချုပ်နိုင်တယ်… ကမ္ဘာလောကအားလုံးနဲ့ မရေမတွက်နိုင်တဲ့ကြယ်တာရာတွေကို အသူရာချောက်နက် ဝါးမြိုသွားအောင် လုပ်လို့ရတယ်”

ကောင်းကင်နတ်ဧကရီသည် မှင်သေနေသော မျက်နှာအမူအရာဖြင့် ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ နင့်ရဲ့ ကောင်းကင်နတ်သိုင်းတွေက ဆန်းကြယ်ပေမယ့် နင့်ရဲ့စွမ်းဆောင်ရည်တွေက ငါ့အရှေ့မှာတော့ အသုံးမဝင်ဘူး”

ချင်မူမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ “ကောင်းကင်နတ်ဧကရီ ပြောတာ မှန်ပါတယ်…. လက်ရှိခင်ဗျားက ကျွန်တော် နားလည်တာထက် ကျော်လွန်နေပြီ… ခိုင်ဧကရာဇ်၊ မဟာဧကရာဇ်၊ ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်တို့ရဲ့ စွမ်းအားကို ကျွန်တော် ပြတ်ပြတ်သားသား မှန်းဆလို့ရတယ်…. ဒါပေမဲ့ ခင်ဗျားနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ဘယ်လောက်နက်ရှိုင်းသလဲဆိုတာ မမြင်ရဘူး… ထိုက်ကျိရှေးဟောင်းနတ်ဘုရားက ခင်ဗျားကို ဘယ်လို မကောင်းဆိုးဝါးဖြစ်အောာင် လုပ်ခဲ့တာပါလိမ့်”

“ကောင်စုတ်လေး”

ကောင်းကင်နတ်ဧကရီ၏ လည်ပင်းသည် လိမ်ကျိုးသွားပြီး သူမ၏ဦးခေါင်းက စက်၀န်းတစ်၀က်မျှ လည်လာသည်။ သူမ၏နောက်စေ့က အရှေ့သို့ ရောက်ရှိလာပြီး သခင်မယွမ်မု၏ မျက်နှာပေါ်လာ၏။ သူမက ညှိ့ငင်နေသောအကြည့်ဖြင့် ညူတုတု ပြောသည်။ “ငါ့ကို မကောင်းဆိုးဝါးလို့ ခေါ်တယ်ပေါ့လေ… နင့်ကို အရေခွံဆုတ်ပြီး တစ်ကိုက်ချင်း ကိုက်စားပစ်မယ်”

ကောင်းကင်နတ်ဧကရီက ပြန်လှည့်လာပြီး ခက်ထန်စွာ ပြောသည်။ “အပျက်မ၊ ငါ သည်းခံပေးနေတာကို လာစိန်ခေါ်မနေနဲ့”

“ဪ… နင်က သည်းခံနေတာပေါ့လေ”

သခင်မယွမ်မုက ခေါင်းပြန်လှည့်လာပြီး တခစ်ခစ် ရယ်လိုက်သည်။ “ပြောရပါဦးမယ်… ငါက တစ်ခါမှ စည်းဘောင်ကျော်တဲ့ ကိစ္စတွေ မလုပ်ခဲ့ဘူး… နင်ကရော… ကိုယ့်ကိုယ်ကို ရွံလာလောက်တဲ့အထိ ဘာတွေများ လုပ်ခဲ့ပြီးပြီလဲ… ကိုယ့်ဘာသာတောင် ရေတွက်လို့ရရဲ့လား အစ်မတော်”

ညီအစ်မနှစ်ယောက်ကား နောက်တစ်ကြိမ် ရန်ဖြစ်နေကြပြန်သည်။ ချင်မူက အနောက်သို့ တိတ်တဆိတ် ဆုတ်နေရင်း စိတ်ထဲမှ တွေးနေသည်။ “ငါသာ မြန်မယ်ဆိုရင် ဒီနေရာကနေ ထွက်သွားလို့ရလောက်တယ်…”

ထိုစဉ် ရန်ဖြစ်နေသံများ ရပ်တန့်သွားသဖြင့် ချင်မူမှာ တစ်စုံတစ်ခု မှားယွင်းသွားကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ မကြာမီ ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့၏ မျက်နှာတို့က တစ်ခုတည်း ပေါင်းစည်းသွားကာ သူ့ကို စိုက်ကြည့်နေကြလေသည်။

ချင်မူက ချောင်းဟန့်၍ ပတ်ဝန်းကျင်ကို ကြည့်ရင်း ချီးကျူးလိုက်၏။ “ဒီနေရာက ရှုခင်းတွေက ဘယ်ဆိုးလို့လဲနော်”

ကောင်းကင်နတ်ဧကရီက နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် ငါ့ကို ပြီးပြည့်စုံတဲ့ ဘဝပြန်ဝင်စားခြင်းတာအို သင်ပေးမယ်ဆိုရင် အသက်ရှင်ခွင့်ပေးမယ်”

“ငါ့ကို သင်ပေး… ငါ ပျော်ပျော်ကြီး နင့်ကို လွှတ်ပေးလိုက်မယ်” သခင်မယွမ်မုက စိတ်လှုပ်တရှား ဝင်ပြောသည်။

ချင်မူ့မျက်နှာကြီးက မီးသွေးတုံးကဲ့သို့ မည်းမှောင်နေပြီး သူက ထိုင်ချလိုက်၏။ “ခင်ဗျားတို့ထဲက ဘယ်သူစိတ်ကွက်အောင် လုပ်မိတာပဲဖြစ်ဖြစ် ကျွန်တော်က သေရမှာပဲ” သူက ပြောသည်။ “ဒီလိုလုပ် ဘဝပြန်ဝင်စားခြင်းတာအိုကို ကျွန်တော် သင်ပေးမယ်… ခင်ဗျားတို့က လိုက်နားထောင်… အရင်ဆုံး သိမြင်နားလည်တဲ့သူ ဘယ်သူဖြစ်ဖြစ် ၊ ဖယ်ရှားခံရတဲ့သူ ဘယ်သူဖြစ်ဖြစ် ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး… ဘယ်လိုသဘောရလဲ”

သူက အဖြေကို မစောင့်တော့ဘဲ ကျမ်းစာကို ဆက်လက်ရွတ်ဖတ်နေသည်။ ကောင်းကင်နတ်ဧကရီက ချက်ချင်း အာရုံစိုက်၍ နားထောင်နေပြီး စကားလုံးတစ်လုံးမှပင် အလွတ်မခံပေ။ မကြာမီ သူမသည် ငြိမ်သက်သွားပြီး စိတ်အာရုံအလုံးစုံကို ဘဝပြန်ဝင်စားခြင်းတာအိုအား သိမြင်နားလည်ရာတွင် မြှုပ်နှံထား၏။

ချင်မူ့မျက်ဝန်းများက တောက်ပသွားသည်။ သူက ကျမ်းစာကို ရွတ်ဖတ်နေရင်း မော့ကြည့်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံး ဖြူလျော့သွားတော့သည်။

ကြာပန်းပွင့်နှစ်ပွင့်မှာ အသူရာချောက်နက်ထဲသို့ နက်သထက် နက်ရှိုင်းစွာ ကျဆင်းနေကြချေပြီ။ သူ မော့ကြည့်လိုက်သည်အခါတွင် ကောင်းကင်ထက်၌ မျဉ်းကြောင်းတစ်ကြောင်းကိုသာ မြင်ရတော့သည်။

ထိုမျှသာမက အမြွှာကြာပန်းပွင့်နှစ်ပွင့်မှာ ဆက်လက်နိမ့်ဆင်းနေသော်လည်း မည်သည့်နေရာအထိ ရောက်ရှိမည်ကိုတော့ သူ မသိပေ။

ချင်မူက ကြာပန်းပွင့်နှစ်ပွင့်၏ ဘေးတွင် ကျဆင်းနေကြသော ကြယ်အသေများနှင့် ချောက်နက်ထဲသို့ စီးဆင်းနေသည့် ယိုတုမြစ်ကို ကြည့်နေသည်။ သူ့မှာ စိုးရိမ်ပူပန်လာတော့သည်။

ကောင်းကင်နတ်ဧကရီတို့ ညီအစ်မနှစ်ယောက်သည် ဘဝပြန်ဝင်စားခြင်းတာအိုကို သိမြင်နားလည်နေကြပြီး အနှေးနှင့်အမြန် ပြန်လည်နိုးထလာလိမ့်မည်။ တို့မျှသာမက ပို၍ဉာဏ်ကောင်းလာကြသည်။ သူတို့သည် ကြာပန်းပွင့်နှစ်ပွင့်ကို ဖွင့်ထားသော်လည်း ချင်မူ ထွက်ပြေးမလွတ်မြောက်နိုင်အောင် အသူရာချောက်နက်ထဲသို့ ကျဆင်းနေစေလေသည်။

ချင်မူသာ ကြာပန်းပွင့်နှစ်ပွင့်ပေါ်မှ ထွက်ပြေးလိုက်ပါက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ ကြောက်ခမန်းလိလိ ဆွဲအားဖြင့် စုပ်ယူခံရကာ ခန့်မှန်းမရနိုင်သော အမှောင်ထုထဲသို့ ပြုတ်ကျရလိမ့်မည်။

'ဒီရူးနေတဲ့ မိန်းမနှစ်ယောက်က နှစ်ယောက် မဟုတ်ဘဲ တစ်ယောက်တည်းရဲ့ အတွေးဆိုတာ မသိကြသေးဘူး’

ချင်မူက ခေါင်းတခါခါဖြင့် စိတ်ထဲမှ တွေးနေမိသည်။ ‘ဒီတစ်ခါတော့ ငါ တကယ်ကြီး ရှုံးနိမ့်သွားတာပဲ… ငါ့ကို ထိန်းချုပ်နိုင်တဲ့သူ လက်ထဲကိုမှ ကွက်တိရောက်ခဲ့ရတယ်… . အဆုံးသတ်မြို့ပျက်နတ်ဘုရားမက ဒီကြာပန်းပွင့်ကို ထိန်းချုပ်ထားတာဆိုတော့ တာအိုရထားတဲ့ ခိုင်ဧကရာဇ်တောင်မှ သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး…ဟင်း… အဆုံးသတ်မြို့ပျက်အောက်မှာ ဘာတွေရှိလဲ မသိဘူးနော်’

သူ၏ စပ်စုလိုစိတ်က ခေါင်းထောင်လာပြန်သည်။ သူက ဘဝပြန်ဝင်စားခြင်းကျမ်းစာကို ရွတ်ဖတ်နေရင်း ခေါင်းပြူကာ ငုံ့ကြည့်လိုက်၏။

သူ ကြာပန်းပွင့်နှစ်ပွင့်အပေါ်မှ ခေါင်းပြူကြည့်လိုက်သည့်အချိန်မှာပင် သူ၏ဦးခေါင်းတစ်ခုလုံး အလွန်တရာ လေးလံလာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ မှန်းဆ၍ပင် မရနိုင်သော ဆွဲအားကြီးတစ်ရပ်က သူ၏ဦးခေါင်းကို ရှည်လျားပိန်လှီသွားစေပြီး တစ်ချိန်တည်းမှာပင် အကန့်အသတ်မဲ့သည့် အပူများ တစ်ဟုန်ထိုး ထွက်လာစေတော့သည်။

ချင်မူမှာ မှော်စွမ်းအင်ကို ကမန်းကတန်း အသက်သွင်း၍ ခေါင်းပြန်ရုတ်လိုက်သည်။ သူ၏နှလုံးသားမှာ ကြောက်စိတ်ဖြင့် တဒိန်းဒိန်း ခုန်နေသေး၏။

‘ကောင်းကင်နတ်ဧကရီပဲဖြစ်ဖြစ် သခင်မယွမ်မုပဲဖြစ်ဖြစ် သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဆယ်စုနှစ်ချီအောင် ငါ လေ့လာခဲ့ပြီးပြီ… အဆုံးသတ်မြို့ပျက် မဟာတာအိုက နှစ်ပိုင်းခွဲထားတာ… တစ်ခုက ဖျက်ဆီးခြင်း၊ ကျန်တဲ့တစ်ခုက မွေးဖွားခြင်းပဲ… ငါက မဟာတာအိုနှစ်ခုကို မပေါင်းစည်းရသေးပေမယ့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမ သတ်တာတော့ မခံရလောက်ဘူးမလား”

သူက တခဏ စဉ်းစားနေသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့အား ထိုက်ကျိတာအိုကို သုံး၍ ပေါင်းစည်းစေခဲ့ကာ တစ်ယောက်တည်း ဖြစ်စေခဲ့၏။ သူတို့နှစ်ယောက်တွင် မတူညီသော အသိစိတ်အလျဉ်များ ရှိသောကြောင့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမမှာ ရူးသွပ်သွားခဲ့လေသည်။

ထိုသို့ဆိုလျှင် သူ ကျင့်ကြံထားသည့် အဆုံးသတ်မြို့ပျက်မဟာတာအိုကို ထိုက်ကျိတာအိုဖြင့် ပေါင်းစည်းလိုက်လျှင်ရော။

‘ငါ့မှာ အတွေးတစ်ခု၊ အသိစိတ်အလျဉ်တစ်ခုပဲ ရှိတာဆိုတော့ အဆုံးသတ်မြို့ပျက်နတ်ဘုရားမလောက် ရူးမသွားလောက်ဘူးမလား”

ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် တွေးနေသည်။ ‘ငါ ဒါကိုသာ လုပ်နိုင်ရင် အဆုံးသတ်မြို့ပျက်က ငါ့ကို ချုပ်နှောင်ထားနိုင်မှာမဟုတ်တော့ဘူး…. အဆုံးသတ်မြို့ပျက်နတ်ဘုရားမရဲ့ စွမ်းဆောင်ရည်တွေကိုလည်း သိလာလိမ့်မယ်… ဒါဆိုရင် ငါ ရှင်သန်နိုင်မယ့် အခွင့်အရေး ရှိသေးတယ်’

အမြွှာကြာပန်းပွင့်နှစ်ပွင့်မှာ ဆက်လက်နိမ့်ဆင်းနေကြသည်။ ချင်မူ နောက်ဆုံးတစ်ကြိမ် ဤနေရာသို့ လာခဲ့တုန်းက ၎င်းတို့သည် နေရာတစ်ခုအထိသာ ကျဆင်းသွားပြီးနောက် ရပ်တန့်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့ကို၉ ကောင်းကင်နတ်ဧကရီတို့က ထိန်းချုပ်ထား၍ ဆက်လက်ကျဆင်းနိုင်နေသောကြောင့် ချင်မူမှာ စိုးရိမ်ပူပန်လာခြင်းဖြစ်သည်။

ဤအမျိုးသမီးသည် အန္တရာယ်များသည်။ သူမသာ ခိုင်ဧကရာဇ်ပြောခဲ့သည့် နေရာသို့ ရောက်ရှိသွားပါက အလွန်တရာ ချောက်ချားဖွယ်ကောင်းလာလိမ့်မည်။

သူက ဆုံးဖြတ်ချက်ချ၍ ချက်ချင်းပင် ထိုက်ကျိလမ်းစဉ်နှင့် အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို ပေါင်းစည်းရန် ကြိုးစားတော့သည်။

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့ကို ပေါင်းစည်းခဲ့တုန်းက တစ်စုံတစ်ခု မှားယွင်းခဲ့သည်။ သူတို့ဖန်တီးခဲ့သည့် အဆုံးသတ်မြို့ပျက်နတ်ဘုရားမသည် အလွန်တရာ အစွမ်းထက်သော်လည်း ရူးသွပ်နေခဲ့သည်။ ဤနည်းလမ်းက မသင့်တော်မှန်း သိနိုင်သော်လည်း ချင်မူက ဂရုမစိုက်ပေ။

သို့သော် ချင်မူ ကြိုးစားကြည့်သည့်အခါတွင်တော့ အခက်အခဲများကို တွေ့နေရသေးသည်။ ထိုက်ကျိလမ်းစဉ်အပေါ် သူ၏ သိမြင်နားလည်ထားမှုမှာ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးလောက် မနက်နဲပေ။

‘ပိုပြီးအရေးကြီးတာက ကောင်းကင်နတ်ဧကရီနဲ့ သခင်မယွမ်မတို့က သေခြင်းရှင်ခြင်းပဲ… ဆိုတော့ သူတို့က ထိုက်ကျိလမ်းစဉ်ရဲ့ ယင်ယန်တာအိုနဲ့ ကိုက်ညီမှု မရှိဘူး… သူတို့နှစ်ယောက်က မတူညီတဲ့ မဟာတာအိုနဲ့ သက်ဆိုင်ကြတာ… ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက မဆင်မခြင် လုပ်ခဲ့တော့ ပြဿနာတွေ ပေါ်လာတာ သဘာဝပဲ”

သူသည် အတွေးနက်နေပြီး သူ၏မူလဝိညာဉ်ကို ဘဝပြန်ဝင်စားခြင်းကျမ်းစာအား ရွတ်ဖတ်နေစေ၏။ သူကတော့ သေခြင်းနှင့်ရှင်ခြင်းကို မည်သို့ပြီးပြည့်စုံစွာ ပေါင်းစည်းရမည်လဲ စဉ်းစားနေသည်။

သူက ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း သေခြင်းရှင်ခြင်း မဟာတာအိုအား ထိုက်စု၊ ထိုက်ချူနှင့် ထိုက်ရှီလမ်းစဉ်တို့ဖြင့် ပေါင်းစည်းရန် ကြိုးစားနေသည်။ သို့သော် သူ လိုချင်သည့်အရာကို မအောင်မြင်ပေ။

ထိုအခိုက်အတန့်တွင် သူ၏မူလဝိညာဉ် ကျမ်းစာရွတ်ဖတ်နေသံကို ကြားလိုက်ရပြီး သဘောပေါက်သွားသဖြင့် အော်ရယ်လိုက်မိ၏။ “ငါကသာ တွေးတောစဉ်းစားနေပြီး လျှောက်ရှာနေပေမယ့် ငါ့ကိုယ်ငါ အဖြေပေးပြီးသားဆိုတာ မစဉ်းစားခဲ့မိဘူး… အတွက်မှားသွားတာပဲ အတွက်မှားသွားတာပဲ”

“ဘဝပြန်ဝင်စားခြင်းလမ်းစဉ်… သေခြင်းနဲ့ ရှင်ခြင်း… သံသရာငယ်ဆိုတာ သက်ရှိတွေရဲ့ ဘဝပြန်ဝင်စားခြင်းသံသရာ... သံသရာလတ်ကတော့ ဒြပ်ထုတွေရဲ့ ဘဝပြန်ဝင်စားခြင်းလို့ ဆိုရမယ့်... ကျယ်ပြန်တဲ့သံသရာကတော့ စကြဝဠာကြီးရဲ့ ဖြစ်ခြင်းပျက်ခြင်းပဲ... ဆန္ဒနဲ့အတူ ဖြစ်တဲ့ အကြောင်းတရားတွေဟာ ခြောက်ဘုံသံသရာအတွင်း လည်ပတ်ရင်း အဆုံးမရှိ ဖြစ်ပျက်နေကြတဲ့ သ‌ဘောပါလား”

“ငါက ထိုက်ငါးပါးလို တခြားသူတွေဆီမှာပဲ အဖြေရှာပြီးတော့ ငါ့ကိုယ်ငါ ပြန်မကြည့်ခဲ့မိဘူး… အဲ့လိုကိုး…. အဲ့လိုကိုး..”

သူက စိတ်ကို တည်ငြိမ်စေလိုက်သည်။ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်သည် ကောင်းကင်ယင်သားတော်ဆီမှ သင်ယူခဲ့သောအရာ ဖြစ်၏။ ကောင်းကင်ယင်သားတော်၏ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်က ကျယ်ပြန့်လေးနက်နေခဲ့ပြီး ဖြစ်သော်လည်း ချင်မူ၏ ပြုပြင်ပြောင်းလဲမှုများပြီးသည့်နောက် ၎င်းသည် ပို၍နားမလည်နိုင်အောင် နက်ရှိုင်းလာခဲ့သည်။ မဟုတ်လျှင် ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်တို့အား ၎င်းတွင် နစ်မြောစေ၍ သူတို့၏အခြေအနေကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု တွေးထင်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ကောင်းကင်ယင်သားတော်ဖြစ်စေ၊ ချင်မူ ပြင်ဆင်ထားသော ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ဖြစ်စေ ၎င်းက သေခြင်းရှင်ခြင်းဘဝသံသရာပင် ဖြစ်၏။ ပို၍ကျယ်ပြန့်သော သဘောတရားတို့ မပါရှိသည့်အပြင် ကန့်သတ်ချက်များ ရှိလေသည်။

လက်ရှိ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို အားကိုး၍ အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၏ အရှုပ်အထွေးကို ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်‌ပေ။

အဘယ်ကြောင့်ဆိုသော် အဆုံးသတ်မြို့ပျက်လမ်းစဉ်မှာ ဒြပ်ထုပြန်လည်ဝင်စားခြင်းနှင့်တူပြီး စကြ၀ဠာဖြစ်ခြင်းပျက်ခြင်းတို့လည်း ပါဝင်နေ၏။

‘ငါ ဘ၀ပြန်ဝင်စားခြင်းလမ်းစဉ်ကို ဆက်ပြီးတိုးချဲ့လိုက်ရင် ဖန်တီးခြင်းကောင်းကင်နတ်သိုင်း၊ ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအပြင် မဟာဗုဒ္ဓရဲ့ အနန္တကပ်ဘေးကျမ်းကိုလည်း သုံးနိုင်လိမ့်မယ်… ထပ်ပြီး တိုးချဲ့လိုက်ရင် ထိုက်ချူလမ်းစဉ်အပါအဝင် ထိုက်ငါးပါးရဲ့လမ်းစဉ်တွေကိုပါ သုံးနိုင်လိမ့်မယ်… အဲဒီအချိန်ကျမှ စကြ၀ဠာဖြစ်ခြင်းပျက်ခြင်းကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှာ’

“ဒါပေမဲ့ ဒီဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ဘယ်လိုပေါင်းစည်းရမလဲဆိုတာက ပြဿနာပဲ… ဘဝတစ်ခုရဲ့ သေခြင်းရှင်ခြင်းသံသရာကတင် ရှုပ်ထွေးလွန်းနေပြီ… အနန္တကပ်ဘေးကျမ်းရဲ့ အိပ်မက်နဲ့ လမ်းစဉ်ဝင်ရောက်ပြီး ရှုပ်ထွေးမှုကို ရှောင်တိမ်းသွားလို့ရတယ်… ဒါပေမဲ့ ဒြပ်ထုစွမ်းအင်သံသရာနဲ့ စကြ၀ဠာဖြစ်ခြင်းပျက်ခြင်းသံသရာမှာတင် ငါ လမ်းပျောက်သွားလိမ့်မယ်… သေခြင်းရှင်ခြင်း သက်ရောက်မှုမရှိနိုင်တဲ့ ထာဝရနိယာမတစ်ခုကို ရှာရမယ်… အဲ့ဒီအချိန်ကျမှ ဘဝပြန်ဝင်စားခြင်းသံသရာရဲ့ ရှုပ်ထွေးမှုထဲ ရောက်မသွားအောင် အာမခံနိုင်မှာ…’’

ချင်မူ့မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။၊ သူက ရပ်လိုက်ပြီး ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းလိုက်ရာ လောကသစ်ပင်က သူ့အနောက်၌ ပေါ်လာ၏။

“လောကသစ်ပင်က စကြ၀ဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးကြီးကိုတောင် ကျော်လွှားရှင်သန်နိုင်ခဲ့တယ်… လောကသစ်ပင်ကို အခြေခံထားမယ်ဆိုရင် ဒီလိုပေါင်းစည်းမှုမျိုးကို အောင်မြင်နိုင်လိမ့်မယ်”

သူက သစ်ပင်အောက်တွင် ထိုင်ကာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထို့နောက် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို သိမြင်နားလည်နေပြီး ဤမဟာတာအိုအား ပို၍မြင့်မားသော အဆင့်တစ်ဆင့်သို့ တွန်းပို့နိုင်ရန် ကြိုးစားနေ၏။

သူ၏ဦးခေါင်းအပေါ်ရှိ မူလဝိညာဉ်မှာ ကောင်းကင်နတ်ဘုံထဲတွင် ကြီးမားကျယ်ပြန့်စွာ နေရာယူထားပြီး ဘဝပြန်ဝင်စားခြင်းကျမ်းကို ဆက်လက်ရွတ်ဖတ်နေသည်။

တခြားတစ်ဖက်တွင် ချင်မူသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့အလိုလို ပြိုလဲနေသော အဆုံးသတ်မြို့ပျက်တစ်ခုအဖြစ် ပြောင်းလဲသွားသယောင်ပင်။

All Chapters