သခင်လေးရဲ့ လွှမ်းမိုးမှုကို သူသိပါစေ
Vol. 13 Ch. 167
ကော့တ်၏ ကိစ္စတစ်ခုတည်းအတွက်နှင့် လာဒီးနစ်စံအိမ်ကို လာခဲ့သည်ဟု ရီနိုမထင်ထားပေ။
“ဒီလိုပြီးပြည့်စုံအောင် ချမ်းသာကြွယ်ဝတဲ့သူက ဘာမှမဟုတ်တဲ့လူနဲ့ အဆက်အသွယ်မရတာလေးကြောင့် လာခဲ့တယ်လို့ထင်နေလား။ ဒီအကြောင်းပြချက်က သိပ်ကိုရိုးစင်းလွန်းတယ်။ ကော့တ်ကို မျက်စိကျနေလို့ဆို ထားပါတော့”
ဘာတွေပဲဖြစ်ဖြစ် အီဗာလာကို ကော့တ်ကို ပြန်လွှတ်ပေးမှာမဟုတ်ပေ။
“သခင်လေး ငါတို့မိသားစုမှာ ကိုယ်ပိုင်ထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဖြစ်နိုင်ရင် ငါတို့အိမ်တွင်းရေးကိစ္စတွေကို ဝင်မပါစေချင်ပါဘူး”
“ကြည့်ရတာ မင်းတို့က ငါ့ကို အပြင်လူလို့ သတ်မှတ်ထားပုံပဲ”
သူ့ကိုနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ သူသည် လာဒီးနစ်မိသားစု၏ အရှင်ဘုရင်တစ်ပါးဖြစ်သည်။
အီဗာလာ၏ စကားလုံးများက ယုတ္တိမဲ့လွန်းအားကြီးသည်။ သူမက မျက်နှာဖုံးကို ခွါချနေတာလား။
“အီဗာလာ..သခင်လေးကို ဘယ်လိုတွေပြန်ပြောနေတာလဲ”မိုခီက ဒေါသတကြီး ဟန့်တားသည်။သူ့ညီမလေးက ဖန့်မိသားစု၏ သခင်လေးကို တစ်ခါမှ လေးစားသည့်ပုံမပေါ်နေပေ။
အီဗာလာ၏ အတွေးထဲတွင် ဖန့်မိသားစုသည် သူ့အတွက် လုပ်ကိုင်နေသော မိသားစု ခုနှစ်စုမရှိပါက ဘာမှအစွမ်းအစမရှိနိုင်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က ကျင်းပခဲ့သော လေလံပွဲတွင် ဖြစ်ပျက်ခဲ့သမျှကို လာဒီးနစ်မိသားစုက ကောင်းမွန်စွာနားလည်သဘောပေါက်သည်။ဖန့်မိသားစု၏ ဆက်ခံသူသည် ပိုက်ဆံသုံးသည့်နေရာမှာသာကျွမ်းကျင်သည်ဟု အီဗာလာတို့က သုံးသပ်ကြသည်။
လေလံပွဲမှာပိုက်ဆံသုံးစွဲရခြင်းမှာ ပိုက်ဆံကို တခြားတန်ဖိုးတစ်ခုအသွင်ပြောင်းလဲချင်သောကြောင့်ဖြစ်သည်။
သို့သော် သူက လေလံပွဲတက်ရောက်လာသောနိုင်ငံအချို့ကို ယူရို၆၀ဘီလီယံလောက် ထောက်ပံ့ပေးခဲ့သည် ။သူက ရူးများရူးသွားလေသလား။ ဒါမှမဟုတ် သူ့အတွက်ပိုက်ဆံရှာဖွေ ရတာလွယ်လွန်းတာများ လား။ပိုက်ဆံတွေက ကောင်းကင်ပေါ်ကနေကျလာသည်ဟု သူထင်နေတာများလား။
“သခင်လေး.အီဗာလာကိုယ်စားတောင်းပန်ပါတယ်” မိုခီက အခြေနေကိုဝင်ထိန်းသည်။
“အီဗာလာ..ငါတို့ဘိုးဘေးတွေချန်ထားခဲ့တဲ့ ပထမဆုံးစည်းမျဉ်းစည်းကမ်းက ဘာလဲပြော”
အီဗာလာက ခေါင်းကို ဟိုဘက်လှည့်သွားသည်။ အပြင်ပန်းမှကြည့်ရတာ သူမသည် ပြသနာရှာသော ကောင်မလေးတစ်ဦးနှင့် တူသည်။
“ငါ နင့်ကိုမေးနေတယ်လေ” မိုခီကစိတ်မရှည်တော့ပေ။
အကိုကြီးတစ်ဦးအနေနှင့် ညီမလုပ်သူ၏ မသိတတ်သောအပြုအမူကိုမထိန်းနိုင်ပေ။ အထူးသဖြင့် သူမက သခင်လေးဖန့်ကို ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးများပြောနေခြင်းဖြစ်သည်။
“လာဒီးနစ်မိသားစုက တစ်သက်လုံး ဖန့်မိသားစုရဲ့ အမိန့်ကိုနာခံတဲ့ သစ္စာအရှိဆုံး မိသားစုဖြစ်ရမယ်။ လာဒီးနစ်မိသားစုပိုင်ဆိုင်သမျှ အရာအားလုံးက ဖန့်မိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိရမယ်”
“မင်းမှတ်မိလို့တော်သေးတာပေါ့”
“သခင်လေးရှေ့မှာ မိသားစုကိစ္စဘာညာ မပြောပါနဲ့။သခင်လေးက မိသားစုအရေးမှာပြောပိုင်ခွင့်ရှိတယ်။ ငါတို့အဖေဆေးရုံတက်နေရတာ မင်း စိတ်ပူတယ်မလား”
အီဗာလာက နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားပြီး လက်သီးကို ကျစ်ကျစ်ပါနေအောင် ဆုပ်ထားသည်။ သူမကို လူအများရှေ့မှာ အရှက်ခွဲနေသည့်သဘောဖြစ်သည်။
“အီဗာလာ နင့်မှာအပြစ်ရှိမရှိ အခန်းထဲဝင်ပြီး သုံးသပ်လှည့်”
အီဗာလာက ဒေါသမထိန်းနိုင်ဘဲ ဖန့်ကြွယ်ယွီအား ပြောပစ်မှာကို ရီနိုစိတ်ပူနေမိသည်။
ရီနိုနှင့် အီဗာလာက တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ရီနိုက မျက်နှာရိပ်မျက်နှာကဲပြသည်။
“တောင်းပန်ပါတယ် သခင်လေး။ ကျွန်မစကားပြောတာလွန်သွားပါတယ်။ နောက်မဖြစ်အောင်ဆင်ခြင်ပါ့မယ်”
အီဗာလာက ဖန့်ကြွယ်ယွီကို နှုတ်ဆက်ပြီးနောက် အခန်းထဲဝင်သွားသည်။
“ဒီလိုကိစ္စမျိုးတွေ ကြုံစေမိတဲ့အတွက် တောင်းပန်ပါတယ် သခင်လေး”ဟု မိုခီကတောင်းပန်သည်။
“ရပါတယ် ထားလိုက်ပါ။ မင်းတို့က ဖန့်မိသားစုအတွက် နှစ်ပေါင်းများစွာ အကျိုးပြုလာကြတာပဲ။ငါတို့ဘက်က ဘာမှပြန်ပြီးမတုံ့ပြန်ပေးခဲ့မိဘူးလေ။ တချို့ကိစ္စတွေကို ခွင့်လွှတ်ပေးရမှာပေါ့”
မိုခီနှင့်ရီနို၏ မျက်နှာကိုထောက်ပြီး ဖန့်ကြွယ်ယွီဘာမှမပြောပေ။
“ကော့တ်က ငါ့အတွက်အားကိုးရတယ်။ သူနဲ့ အမြန်ဆုံးတွေ့ရဖို့ မျှော်လင့်ပါတယ်”
ဖန့်ကြွယ်ယွီက နေ့လည်စာစားလိုစိတ်မရှိတော့ပေ။
“ငါနေဖို့ နေရာစီစဉ်ပေးပါဦး။ မနက်ဖြန်ကျရင် အစ်ပိုကိုသတင်းမေးမယ်။ ပြီးမှ ပြန်မယ်”
သူက တခြားရည်ရွယ်ချက်ရှိသော လူများနှင့် စကားကိုရှည်ရှည်ဝေးဝေးမပြောလိုပေ။ သူ မြန်မြန်ဆန်ဆန် ပြန်မည်ဟု သိရသည်နှင့်တပြိုင်နက် ထိုလူများ၏ သရုပ်မှန်ကို ကွက်ကွက်ကွင်းကွင်း မြင်ရတော့မည်။
“သခင်လေးက ချက်ချင်းပြန်တော့မလို့လား” သူဒီလောက်မြန်မြန်ဆန်ဆန်ကြီးပြန်လိမ့်မည်ဟု ရီနိုမတွေးထားပေ။
ဖန့်ကြွယ်ယွီက ဒီကိုမလာခင်ထဲက လာဒီးနစ်မိသားစု၏ ပြသနာများကို သိလောက်မည်။ သူ့ကို လာဒီးနစ် မိသားစုက မနှစ်ခြိုက်ဘူးဟူသော အတွေးကို ဖန့်ကြွယ်ယွီမတွေးမိစေရန် ကြိုးပမ်းရမည်။
သူက လာဒီးနစ်မိသားစုအကြောင်းကို ထဲထဲဝင်ဝင်သိနိုင်ရန် ဒီ့ထက်ပိုပြီး ကြာကြာလေး နေသင့်သည်။ ဖန့်ကြွယ်ယွီက လာဒီးနစ်မိသားစုအတွင်း ပြောင်းလဲမည့်အရာများကို သတိကြီးစွာလုပ်ဆောင်ရမည်။
ဖန့်ကြွယ်ယွီက လာဒီးနစ်မိသားစု၏ အာဏာကို ရှိန်နေလိမ့်မည်ဟု ရီနိုကတွေးထားသည်။ သို့သော် လက်တွေ့မှာ အထင်နှင့် အမြင်တခြားစီဖြစ်သည်။သူသာစိတ်ရှိပါက ဒုတိယလာဒီးနစ်မိသားစုကို ချက်ချင်းပင် ဖန်တီးနိုင်သည်။
ဖန့်မိသားစု၏ အနေအထားကို ပိုက်ဆံနှင့်အာဏာ နှစ်မျိုးတည်းဖြင့် တိုင်းတာလို့မရပေ။
ရီနိုက ဖန့်ကြွယ်ယွီတည်းဖို့ အခန်းစီစဉ်ပေးသည်။ ကူးရီနှင့် ကျွမ်းရီက သူ့ဘေးအခန်းမှာ အသီးသီး နေရာယူထားကြသည်။
“ပိုင်ရှင် အခန်းထဲမှာစောင့်ကြည့်ကိရိယာတချို့ရှိနေပါတယ်။” သူအခန်းထဲကို ဝင်ဝင်ချင်း ရှောင်းရီက သတိပေးသည်။
“ကြည့်ရတာလာဒီးနစ်မိသားစုက ခွဲထွက်ဖို့ နဂိုတည်းက ကြံစည်ထားပုံရတယ်”
အီဗာလာ၏ အမူအရာကိုကြည့်ပြီး ထိုအချက်ကို တန်းသိနိုင်သည်။
“ငါ့အကြောင်းသိအောင် ပြရသေးတာပေါ့”
“ပိုင်ရှင် ဘယ်လိုလုပ်ချင်လဲ”
“စိတ်ဝင်စားဖို့ကောင်းတာက လာဒီးနစ်မိသားစုရဲ့ သမီးကြီးဖြစ်သူက လျှို့ဝှက်စွမ်းအားရှင်ပေါင်းများစွာကို လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အရေအတွက်က တရားဝင်ထုတ်ပြန်ထားတာရဲ့ နှစ်ဆလောက်ရှိတယ်”
“သူတို့က အဲ့လူတွေကိုဘာလို့ဒီကိုခေါ်ထားရတာလဲ”
“အခုချိန်မှာ ပိုင်ရှင်ကိုဘယ်လိုရှင်းရမလဲဆိုတာ ရီနိုနဲ့ အီဗာလာ ခေါင်းချင်းဆိုင်ပြီးတိုင်ပင်နေလောက်ပြီ”
“ငါ့ဘိုးဘေးတွေကြောင့် ဒီနေရာရောက်လာကြတာကို ဒီလိုနည်းနဲ့ ကျေးဇူးဆပ်ကြတာပေါ့လေ။ ငါက သာမန်လူဖြစ်နေစေဦးတော့ အဲ့စည်းစိမ်တွေကို ချက်ချင်းတောင် ပြန်ယူပစ်လို့ရတယ်”
“ရှောင်းရီ CCTVတွေတပ်ထားတာရှိရငိ ပိတ်ဆို့ပစ်”
“ဟုတ် လုပ်ပြီးပါပြီ ပိုင်ရှင်”
ဖန့်ကြွယ်ယွီက ကျွမ်းရှင်းယွမ်ကို ဖုန်းခေါ်သည်။
“မားမား ..သားပါ။ သားအခုဥရောပဘက်ရောက်နေတာ။ မားမားဆီက အုပ်စုတစ်စုလောက်ငှါးချင်လို့။ သိပ်မများပါဘူး။ လူတစ်သောင်း နှစ်သောင်းလောက်ပေါ့”