← Chapters

မင်းကတကယ့်ကိုတော်တာပဲ

Vol. 13 Ch. 169

မင်းကတကယ့်ကိုတော်တာပဲ

Vol. 13 Ch. 169

ဖန့်ကြွယ်ယွီက သူ့အဖေအနားကို တိုးတိုးလေးကပ်ပြီး ပြောသောစကားများကို မိုခီစိတ်မဝင်စားပေ။

သို့သော် ထိုစကားကိုကြားပြီးနောက် သူ့အဖေ၏မျက်လုံးအစုံက တုန်ရီလာသည်။ ထိုအခြင်းအရာကိုကြည့်ပြီး သူ၏အဖေသည် စိတ်လှုပ်ရှားဖွယ်သို့ ဒေါသထွက်စရာ သတင်းတစ်ခုခုကိုကြားလိုက်ပုံရသည်။

“ အာ ..အာ”

အစ်ပိုပုံစံကြည့်ရတာတစ်စုံတစ်ရာကို ပြောချင်နေပုံရသည်။ သို့သော် သူ၏ လည်ချောင်းထဲမှာ ထည့်ထားသော ပြွန်ချောင်းကြောင့် အသံမထွက်နိုင်ပေ။ သူက ဖန့်ကြွယ်ယွီကို အသနားခံသည့် ပုံစံဖြင့်ကြည့်နေသည်။

သူ၏ သားးသမီးများက မလိမ်မာသော်ငြား ရင်နှစ်သည်းချာ သွေးသားရင်းများဖြစ်ကြသည်။ အစ်ပိုက ဖန့်မိသားစုအကြောင်း တိတိကျကျမသိပေ။ သို့သော် သူသိသော အချက်တစ်ချက်မှာ လာဒီးနစ်မိသားစုကို ရှင်းပစ်ရန် ဖန့်မိသားစုအတွက် အသေးအဖွဲဖြစ်သည်ဆိုသော အချက်ဖြစ်သည်။

ရီနိုနှင့် အီဗာလာကို ခွင့်လွှတ်ရန် ဖခင်တစ်ဦးအနေဖြင့် အရှေ့မျက်နှာနောက်ထားပြီး တောင်းပန်ရတော့သည်။

“ဟူး..ဒီကောင်တွေကတော့ အဖေကြီးကို မသနားကြဘူးပဲ”

“ကောင်းပြီလေ။ ငါ သူတို့ကို မသတ်ပါဘူး။ ဒါပေမဲ့တစ်ခုတော့ ကတိပေးပါ။ ခင်ဗျားနေပြန်ကောင်းလာရင် ဒီကိစ္စကို ခင်ဗျားဘာသာရှင်းပါ”

ဖန့်ကြွယ်ယွီ၏ တုံ့ပြန်မှုကိုကြားရမှသာ အစ်ပိုစိတ်အေးရတော့သည်။ သူ၏ အသက်ရှုသံများတောင် ပုံမှန်ပြန်ဖြစ်လာသည်။

“ဒါနဲ့ မိုခီက မဆိုးဘူး။ ခင်ဗျားပြီးတဲ့နောက် သူ့ကို ခင်ဗျားနေရာမှာဆက်ခံခိုင်းပါ”ဖန့်ကြွယ်ယွီက ထိုစကားကိုပြောပြီးနောက် အခန်းထဲမှ ထွက်လာသည်။

လာဒီးနစ်မိသားစု၏ ခေါင်းဆောင်ဖြစ်ဖို့အတွက် ပြင်းထန်သောပြိုင်ဆိုင်မှုက မျိုးဆက်တိုင်းမှာရှိခဲ့သည်။

သို့သော် ဖန့်ကြွယ်ယွီက စကားလေးတစ်ခွန်းဖြင့် သူ၏ကံကြမ္မာအပေါ်အဆုံးဖြတ်ပေးနိုင်မှုအပေါ် မယုံကြည်နိုင်အောင်ဖြစ်ရသည်။

သူအိမ်မက်များမက်နေတာများလား??

“သူတို့ပြန်ထွက်လာကြပြီ”

ရီနို နှင့် အီဗာလာက အခန်းပြင်ဘက်တွင် မျှော်လင့်တကြီးစောင့်နေကြသည်။ အမှန်တော့ အခန်းထဲမှာ ဘာတွေပြောနေလဲဆိုတာ သိချင်သည်။ သို့သော် သူတို့၏ စိတ်စွမ်းအင်ကို မမြင်နိုင်သော အားတစ်ခုက ပိတ်ဆို့ထားသည်။

သေချာတာကတော့ ဖန့်ကြွယ်ယွီက သူတို့ကိုအမြင်မကြည်နေပုံရသည်။ ကူးရီကလည်း သူတို့ကို သတိကြီးစွာ စောင့်ကြည့်နေပုံရသည်။

သူတို့၏ အကြံအစည်ဖြစ်သော ဖန့်ကြွယ်ယွီကို ဖမ်းဆီးထိန်းသိမ်းမည့် အစီအစဉ်အား ယနေ့မှာ အကောင်အထည်ဖော်မှ ဖြစ်မည်။ မဟုတ်ပါက ဖန့်ကြွယ်ယွီက ပြန်ရောက်သည်နှင့် သူတို့၏ မိသားစုအရေးကို လွှမ်းမိုးခြယ်လှယ်တော့မည်။

ထိုအချိန်ကျမှ အခြားသောမိသားစုခြောက်ခုက လာဒီးနစ်မိသားစုဘက်က ကူညီပေးလျှင်တောင်မှ ဖန့်ကြွယ်ယွီကို မယှဉ်နိုင်ပေ။

အခန်းရှေ့မှာစောင့်နေသော သူတို့နှစ်ဦးကို ကြည့်ပြီး“အစ်ပိုကို ကောင်းကောင်း ဂရုစိုက်လိုက်ကြပါ” ဟု ပြောလိုက်သည်။

“ခုလို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေး။ အဖေ့ကို သေချာဂရုစိုက်လိုက်ပါ့မယ်”

“အင်း..ဒါဆိုလည်း လေဆိပ်ကို သွားကြမယ်လေ”

ကားက လေဆိပ်ကို ဦးတည်ကာ မောင်းနှင်နေချိန်တွင် ကားပေါ်တွင် ပါရှိလာသူများက အတွေးကိုယ်စီနယ်ချဲ့ နေကြသည်။

ရီနို နှင့် အီဗာလာက ဖန့်ကြွယ်ယွီကို မည်သို့မည်ပုံ ရှင်းပစ်ရမည်ဆိုတာ တွေးတောနေကြသည်။ မိုခီကတော့ ဖန့်ကြွယ်ယွီ၏ စကားအရ လာဒီးနစ်မိသားစုခေါင်းဆောင်ဖြစ်လာပြီးလျှင် လာဒီးနစ်မိသားစုကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာတွေးတောနေသည်။

ဖန့်ကြွယ်ယွီကတော့ ဒီနေ့ညစာကို တရုတ်အစားအစာ သို့ အနောက်တိုင်း အစားအစာစားသင့်မစားသင့်နှင့် STT နှင့် ZZအသင်းပြိုင်ပါက ဘယ်အသင်းနိုင်မလဲဆိုတာ တွေးတောနေမိသည်။

ရီနို နှင့် အီဗာလာ၏ အကြံအစည်ကို စိတ်ကူးထဲတောင် ထည့်မတွေးပေ။

ဖန့်ကြွယ်ယွီ၏ကားက လေဆိပ်ကိုရောက်လာသည်။ လေယာဉ်က လေဆိပ်မှာရောက်နေပြီဖြစ်ပြီး သူ၏ လေယာဉ်မှူးနှင့် လေယာဉ်အဖွဲ့သားများက အဆင်သင့်စောင့်ကြိုနေသည်။

“ကောင်းပြီ ငါပွဲတစ်ခုတက်စရာရှိလို့ သွားပြီ။အစ်ပိုကို ဂရုစိုက်လိုက်ကြဦး”

“ဪ မေ့တော့မလို့။ ပြောရဦးမယ်။ နောက်တစ်ခါ မိသားစုစည်းမျဉ်းစည်းကမ်းတွေထုတ်ရင် ဆိုလို့ကောင်းရုံမဟုတ်ဘဲ ရင်ထဲအသည်းထဲထိစွဲမြဲနေအောင် လုပ်ကြပါ”

မိုခီ နှင့် နာရှာက ထိုစကားများကို ဂရုတစိုက်နားထောင်နေချိန်တွင် ရီနို နှင့် အီဗာလာက စိတ်ထဲကြိတ်ပြီး လှောင်ပြောင်နေသည်။

ဒီကနေ့စပြီး လာဒီးနစ်မိသားစုသည် မည်သူ၏လွှမ်းမိုးမှုအောက်မှာမရှိနေတော့ဘဲ သီးခြားရပ်တည် နိုင်တော့မည်။ စံအိမ်တော်ခန်းမထဲတွင် မျိုးစဉ်ဘောင်ဆက်လက်ဆင့်ကမ်းလာသော စည်းကမ်းများအား ချိတ်ဆွဲထားရန် မလိုတော့ပေ။

“ထူးဆန်းတာ သူတို့ဘက်က ဘာလို့ မလှုပ်ရှားသေးတာပါလိမ့်”သူက လေဆိပ်ကို သွားသည့်လမ်းတွင် ပြန်ပေးဆွဲခံရမည်ဟု ထင်ထားခဲ့သည်။

ရီနို နှင့် အီဗာလာတို့က စိတ်ကူးပြောင်းသွားကြတာများလား။

“ကူးရီ တစ်ခုခု မူမမှန်တာများတွေ့သေးလား”

“မတွေ့ပါဘူး။ အခုချိန်မလှုပ်ရှားကြသေးတာဖြစ်မယ်”

“မင်း သေချာစောင့်ကြည့်ထားနော်။ ငါ့အသက်က မင်းလက်ထဲမှာ”

“ဝှီး” လေယာဉ်သည် လေထဲကို အရှိန်ဖြင့် ဝဲပျံတက်သွားသည်။

“ကဲ လုပ်ငန်းစမယ်”

ရီနိုနှင့် အီဗာလာက တစ်ဦးကိုတစ်ဦးကြည့်ပြီး သူတို့၏ အိတ်ကပ်ထဲမှ စက်အသေးလေးတစ်ခုကို နှိပ်လိုက်သည်။

ထိုစက်သည် လေယာဉ်ပေါ်တွင် တပ်ဆင်ထားသော လျှပ်စစ်သံလိုက်ဗုံးနှင့် ချိတ်ဆက်ထားသည်။ထိုစက်ခလုတ်ကို နှိပ်လိုက်သည်နှင့် လေယာဉ်ပေါ်က စနစ်အားလုံး ပျက်စီးသွားတော့မည်။

သို့သော် မှန်းချက်နှင့် နှမ်းထွက် ကိုက်မည်မဟုတ်တော့ပေ။ ထိုအကြံကို သတိထားမိသော ကူးရီက လေယာဉ်ပေါ်မတက်ခင်ထဲက အားလုံးကို ဖျက်စီးပြီးဖြစ်သည်။

ထိုသို့ဖျက်စီးပြီးကြောင်းကို မဖော်ပြရသည်မှာ သူတို့အဖွဲ့မှာ တခြားဘာအကြံများရှိနေဦးမလဲဆိုတာ သိချင်သောကြောင့်ဖြစ်သည်။

“ဟာ ဘာလို့ဒီလိုဖြစ်တာလဲ”

ရီနို၏ မျက်နှာက ခက်ထန်နေသည်။ ကြည့်ရတာ ဖန့်ကြွယ်ယွီက သူတို့ထင်ထားသည်ထက် အစွမ်းထက်ပုံရသည်။

“အီဗာလာ..မိသားစုကာကွယ်ရေးစနစ်ကိုထုတ်လိုက်တော့”

ထိုအချိန်မှာ သူတို့တွေဝေတုံ့ဆိုင်းနေလို့မဖြစ်တော့ပေ။ လေယာဉ်က လာဒီးနစ်မိသားစုပိုင်ဆိုင်သော ပိုက်နက်အတွင်းမှ ထွက်သွားတော့မည်။

“ကလစ်”

ထိုအချိန်တွင် လာဒီးနစ်မိသားစုပိုင်ဆိုင်သောနေရာမှထွက်ခါနီးမှာ မြေပြင်သည် နှစ်ခြမ်းကွဲထွက်လာသည်။ ထို ကွဲသွားသော နေရာကိုဖြတ်ပြီး စွမ်းအင်တစ်ခုက တဟုန်ထိုး​ပေါ်ထွက်လာသည်။

ရုတ်တရက်ဆိုသလို လေယာဉ်၏ မြင်ကွင်းရှေ့တွင် လျှပ်စစ်သံလိုက် အတားအဆီးတစ်ခုက ထွက်ပေါ်လာသည်။

“ဟား ငါတို့ လာဒီးနစ်မိသားစုက စီးပွါးရေးပဲလုပ်တတ်တယ်ထင်နေလား။ ငါတို့ပိုင်ဆိုင်တဲ့ နည်းပညာက ထိပ်တန်းနည်းပညာတစ်ခုပဲ”အီဗာလာက အားပါးတရရယ်မောသည်။

“မိသားစု အကာအကွယ်..အီဗာလာ နင်ဘာတွေလျှောက်လုပ်နေတာလဲ”

မိုခီက ထိုလျှပ်စစ်သံလိုက်အတားအဆီး၏ အန္တရာယ်ကိုကောင်းမွန်စွာနားလည်သည်။ ထိုအရာနှင့် တိုက်မိပါက လေယာဉ်ပျက်ကျဖို့ပဲရှိသည်။ လေယာဉ်၏ အမြန်နှုန်းနှင့်ဆို ဦးတည်ရာကို ချက်ချင်းပြောင်းလဲဖို့ မဖြစ်နိုပေ”

မိုခီက အီဗာလာ၏ လက်ထဲက ခလုတ်ကို လုယူရန် ကြိုးပမ်းချိန်တွင် ရီနိုက သူ၏ ဝမ်းဗိုက်နေရာကို လက်သီးဖြင့် ပြင်းပြင်းထန်ထန်ထိုးလိုက်သည့်အတွက် ဒဏ်ရာပြင်းထန်စွာရခဲ့သည်။

“အကိုကြီး ခင်ဗျား”

ရီနိုက ရည်မှန်းချက်မြင့်မားသည်ဆိုတာ သိသော်လည်း ထိုမျှလောက်ရက်စက်လိမ့်မည်ဟု မထင်ထားပေ။

“မင်းတို့က အစေခံဘဝကို ပျော်မွေ့နေတာ။ ငါကတော့သဘောမကျဘူးကွ။ ဒီနေ့ ခုချိန်ကစပြီး လာဒီးနစ်မိသားစုက အင်အားအကြီးဆုံးမိသားစုဖြစ်ပြီ”

ထိုသို့ရင်ဆိုင်ရပါက လေယာဉ်မှူးလည်း ဘာမှမတတ်နိုင်ပေ။ လေယာဉ်က အနည်းငယ်စောင်းသွားပြီ လျှပ်စီးသံလိုက်စက်ကွင်းကို တည့်တည့်တိုက်မိတော့သည်။

“ဟာ ဘာလဲဟ။ ငါ့ကားပေါ်က လျှပ်စစ်သံလိုက်စက်ကွင်းနဲ့ ဘာကြောင့်တူနေရတာလဲ”

“ပိုင်ရှင့်ကားပေါ်ကနဲ့ အတူတူပါပဲ။ ဒါပေမဲ့ သူ့စွမ်းအင်က နည်းနည်းတော့လျော့တာပေါ့။ တစ်စက္ကန့်စာ အသက်သွင်းလိုက်တဲ့အတွက် ကမ္ဘာပေါ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံက စွမ်းအင်ဘယ်လောက်တောင် ကုန်သွားမလဲဆိုတာ ဘယ်သူသိမလဲ”

“ဗွန်း”ဟူသော ပေါက်ကွဲသံကြီးနှင့် အတူလေယာဉ်က အစိတ်စိတ်အမွှာမွှာဖြစ်သွားရသည်။

ကူးရီသည် ဖန့်ကြွယ်ယွီ၊ ကျွမ်းရီနှင့် တခြားလေယာဉ်ဝန်ထမ်းများအားလုံးကို ခေါ်လာပြီး မြေပြင်ပေါ် အောင်မြင်စွာဆင်းသက်နိုင်ခဲ့သည်။

“ကူးရီ လေယာဉ်ကို မရပ်နိုင်ဘူးလား”

လေယာဉ်က ဒေါ်လာ ဘီလီယံအနည်းငယ်သာ ကုန်ကျသော်လည်း လေယာဉ်ပေါ်ရှိရှေးဟောင်းလက်ရာများက လေယာဉ်တန်ဖိုးထက်များစွာရှိသည်။ ထိုအရာများကို တစ်ချိန်ထဲဆုံးရှုံးရသည့်အတွက် ဖန့်ကြွယ်ယွီစိတ်မကောင်းဖြစ်ရသည်။

ထိုရှေးဟောင်းလက်ရာများကို ပိုက်ဆံဘယ်လောက်ရှိရှိပြန်မဝယ်နိုင်တော့ပေ။

“မလုပ်နိုင်ဘူး သခင်လေး။ လေယာဉ်ရဲ့ ကိုယ်ထည်ကအရမ်းလေးတာ။ အဲ့တာကို ချက်ချင်းရပ်ပစ်ဖို့ဆိုတာ ကျွန်တော်မလုပ်နိုင်တဲ့အပိုင်းဖြစ်သွားပြီ”

“မင်းအမြန်နှုန်းနဲ့ဆို ပေါက်ကွဲမှုမဖြစ်ခင်မှာ အောက်မှာရှိနေတဲ့ စက်ကို ဖျက်စီးလို့ရတာပဲမဟုတ်လား”

“အာ ဟုတ်သား။ မတွေးမိလိုက်ဘူး”ဟု ဆိုကာ ကူးရီက ခေါင်းကို ကုတ်နေသည်။

“မင်းတကယ်တော်တဲ့ကောင်ပဲကွ” ဖန့်ကြွယ်ယွီက လက်မထောင်ပြသည်။

All Chapters