← Chapters

ရန်သူက ငါ့ကိုရင်ဆိုင်ဖို့ လူပေါင်းများစွာ ခေါ်လာခဲ့တယ်

Vol. 13 Ch. 170

ရန်သူက ငါ့ကိုရင်ဆိုင်ဖို့ လူပေါင်းများစွာ ခေါ်လာခဲ့တယ်

Vol. 13 Ch. 170

“သခင်လေး တစ်ယောက်ယောက်လာနေတယ်”

ကူးရီက သူတို့အနားကို ချဉ်းကပ်လာနေသော လူများ၏ လားရာဘက်ကိုသေချာအာရုံစိုက်ပြီးကြည့်နေသည်။

“လူဘယ်နှယောက်တောင်များလဲ”

“လျှို့ဝှက်စွမ်းအားရှင် ၇၂၀ နဲ့ တန်ခိုးကြီးစွမ်းအားသုံးစွဲသူ ၂၄၅၀”

“အများကြီးပဲ.လာဒီးနစ်မိသားစုကဘာကြောင့်များ တန်ခိုးကြီးစွမ်းအားသုံးစွဲသူတွေကို တကယ်ဒုက္ခခံပြီးကျင့် ပေးထားတာလဲ”

တန်ခိုးကြီးစွမ်းအားသုံးစွဲသူဟူသော အမည်က လှပသော်လည်း ကူးရီက သူတို့ထဲက တစ်ဝက်လောက်ကို အသာလေးရင်ဆိုင်နိုင်သည်။ ထိုသူများက တချို့အစိုးရအဖွဲ့များအတွက် မဖြစ်မနေ လိုအပ်သော်လည်းဖန့်ကြွယ်ယွီအတွက်တော့ အမှိုက်သာသာပဲဖြစ်သည်။

“ဒါက အထူးအဆန်းတော့မဟုတ်ပါဘူး။ ဥရောပနိုင်ငံတော်တော်များများရဲ့ခေါင်းဆောင်တွေက သူတို့အာဏာတည်မြဲဖို့ လာဒီးနစ်မိသားစုအပေါ် ငွေရေးကြေးရေးအထောက်အပံ့အပေါ် မှီခိုနေရတဲ့အတွက် ဥရောပအစိုးရတွေရဲ့အာဏာအများစုကို လာဒီးနစ်မိသားစုက ချုပ်ကိုင်ထားတာလို့ ဆိုနိုင်တယ်။တကယ်တော့ အစိုးရတွေက ရုပ်သေးသာသာတွေပါပဲ။ အဲ့နိုင်ငံတွေဆီက တန်ခိုးကြီးစွမ်းအားသုံးစွဲသူတွေကို ရဖို့ဆိုတာ အလွယ်လေးပဲလေ”

“ဟူး သနားဖို့ကောင်းတာကွာ။ ဒီနေ့ပြီးတာနဲ့ အဲ့နိုင်ငံတွေ ငိုပွဲဆင်နွှဲရတော့မယ်။ သူတို့ရင်ဆိုင်ရတဲ့ ရန်သူဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သူတို့ကောင်းကောင်းမသိကြဘူး”

ဖန့်ကြွယ်ယွီက သနားသည့်လေသံဖြင့်ပြောသည်။

လျှို့ဝှက်စွမ်းအားရှင်များနှင့် တန်ခိုးကြီးအင်အားသုံးစွဲသူများက သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သည်။ တခလေးအတွင်းမှာ ထောင်ပေါင်းများစွာသောလူများက ဖန့်ကြွယ်ယွီတို့ကို ဝိုင်းလိုက်သည်။

“သခင်လေး ငါတို့တွေပြန်တွေ့ကြမယ်လို့ ဘယ်သူကထင်မှာလဲနော့်”

ရီနိုနှင့် အီဗာလာသည် လာဒီးနစ်မိသားစု၏ လျှို့ဝှက်စွမ်းအားရှင်များကို နောက်မှာခြံရံပြီး အရှေ့ကိုထွက်လာသည်။

“မင်းတို့က ငါ့ကိုငတုံးလို့ထင်နေတာလား။ မင်းတို့အကြံအစည်ကို အရူးပဲ မသိမှာ”ဟု ဖန့်ကြွယ်ယွီက တုံ့ပြန်သည်။

“သခင်လေးသိတယ်ဆို ဘာလို့ငါတို့လက်ခုပ်ထဲက ရေအဖြစ်ကို ရောက်မှာလဲ”

လူသုံးဦးတည်းနှင့် စွမ်းအားရှင်သုံးထောင်ကို ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ထို့ကြောင့် သူတို့က သေချာပေါက်အောင်နိုင်လိမ့်မည်ဟု အီဗာလာ တွက်ဆထားပုံရသည်။

“မဟုတ်ဘူး။ နင်တို့ရဲ့လူသုံးထောင်က ငါတို့ကို ဝိုင်းထားတယ်လို့ထင်နေတာမဟုတ်လား။ တကယ်က ငါတို့ သုံးယောက်က နင်တို့လူသုံးထောင်ကို ဝိုင်းထားတာပါ”

“အီဗာလာ..ဘာလို့လေကုန်ခံပြီး သူနဲ့ပြောနေရတာလဲ” ရီနိုက ဒေါသထွက်လာသည်။

“သခင်လေး ခုလိုလုပ်ရတာတောင်းပန်ပါတယ်။ဖန့်မိသားစုက ငါတို့မိသားစုအပေါ်ရှိခဲ့တဲ့ကျေးဇူးကြွေးကို ငါတို့ဘက်က ကျေအောင်ဆပ်ပြီးပြီထင်ပါတယ်”ဟု ရီနိုက ပြောသည်။

“မင်းသာ ငါတို့မိသားစု သီးခြားရပ်တည်နိုင်အောင် လုပ်ပေးခဲ့လျှင် ခုလိုဖြစ်လာစရာဘာအကြောင်းမှမရှိတာ။ ဒါပေမဲ့ ဖန့်မိသားစုကလည်း ပေါ့သေးသေးမဟုတ်ဘူးလေ။ ဒါကြောင့်မို့ အခုချိန်ကစပြီး မင်းကို ငါတို့ ထိန်းသိမ်းထားတော့မယ်။ အပြစ်တင်ချင်သပဆို မင်းရဲ့ဘိုးဘေးတွေကိုပဲ အပြစ်တင်ပါ။ အကယ်လို့မင်းက သူတို့နဲ့ ပြန်ဆုံလျှင်လည်း ငါတို့က နှုတ်ဆက်တယ်လို့ ပြောပေးပါ”

“ကျစ်” သူ၏ ဘိုဘေးများကို ဒီကမ္ဘာမြေမှာ မရှိတော့ဘူးဟု ထင်နေပုံရသည်။ သူတို့သာကိုယ်ထင်ပြပါက ရီနိုတို့က ကြောက်လန့်ပြီး အသက်ပင်ထွက်သွားနိုင်သည်။

“တိုက်ကြစမ်း”

“တီ တီ တီ”

ထိုအချိန်တွင် ဖန့်ကြွယ်ယွီဆီ ဝမ်ချုံး၏ ဖုန်းကဝင်လာသည်။

“သေစမ်း..ဒီကောင်က ခုချိန်မှ ဘာလို့လာခေါ်ပြန်တာလဲ”

“ကူးရီ ငါဖုန်းပြောနေတုန်း သူတို့ကို တစ်ချက်ထိန်းထားလိုက်”

“ဟုတ်ကဲ့ပါ သခင်လေး”

ကူးရီက သူ့ရှေ့မှာရပ်လိုက်သည်။ အနီရောင်အလင်းတန်းတစ် ခုက သူ၏အနားမှာ ထွန်းလင်းတောက်ပနေသည်။ သူ့ခြေထောက်အောက်တွင် အနီရောင်အလင်းတန်းများက ဖြာထွက်နေသည်။

“ဟေ့ ဝမ်ချုံး ဘာကိစ္စလဲ..ငါမအားဘူးကွ”

ဖန့်ကြွယ်ယွီက ထိုသို့ပြောပြီး သူ့ဘေးပတ်လည်ကို တချက်ဝေ့ကြည့်သည်။ ကူးရီတစ်ဦးတည်းအားဖြင့် ရင်ဆိုင်နေသော်လည်း တစ်ဦးမှ ရှေ့မတက်ရဲကြပေ။

“ညီလေးဖန့် ငါတို့နိုင်ပြီ။ STT အသင်းကို ၃-၀နဲ့ နိုင်တာကွ”

ဝမ်ချုံး၏ အားပါးတရ ပြောဆိုမှုနှင့်အတူသူ့နောက်က အောင်ပွဲခံမှုများကို ဖုန်းထဲမှ အတိုင်းသားကြားနေရသည်။

“အင်း ဟုတ်လား” ရှောင်းရီ၏ အကူအညီဖြင့် ZZအသင်းက အနိုင်ရမည်ဆိုတာ ကြိုတင်တွက်ချက်ပြီးသားမို့ ဖန့်ကြွယ်ယွီ မအံ့ဩပေ။

“မင်းဘာတွေလုပ်နေတာလဲ။ ငါတို့ ဒီညအောင်ပွဲခံကြမှာ။ မင်းလာမှာလား မလာဘူးလား”ဟု ဝမ်ချုံးကမေးသည်။

“ငါလား။ အခု ဘေးကြပ်နံကြပ်ဖြစ်နေတာ။ လူပေါင်းသုံးထောင်ရဲ့ ဝိုင်းထားတာကို ခံနေရတာ”

“သုံးထောင်ဟုတ်လား။ မင်းကိုယ်မင်း စပါတာ (Sparta)ထဲက ထင်နေလား။ လာမှာလား မလာဘူးလားပဲပြော”

“ဒီလူသုံးထောင်ကိုရှင်းပြီးရင်လာမယ်”

ဖန့်ကြွယ်ယွီက ဖုန်းကိုမြှောက်ပြီး ဘေးပတ်ဝန်းကျင်မြင်ကွင်းကို ဓာတ်ပုံရိုက်သည်။

“သူဘာတွေလုပ်နေတာလဲ” ထိုမြင်ကွင်းကိုမြင်ပြီး ရီနိုတို့ ဆွံ့အသွားရသည်။

သူတို့အတွေးထဲမှာ ဖန့်ကြွယ်ယွီက သူ့ကိုမသတ်ရန် အကြိမ်ကြိမ်တောင်းပန်နေသည့်မြင်ကွင်းကို ကြိုတင်ပုံဖော်ထားကြသည်။

သူ့ကိုလူအများကြီး ဝိုင်းထားတာတောင်မှ ဖုန်းပြောမပျက်သလို ဓာတ်ပုံပါရိုက်လိုက်သေးသည်။

တရုတ်ကလူတွေက ဆိုရှယ်မီဒီယာကို နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲကြသည်ဟုကြားဖူးခဲ့သည်။ သို့သော် ဒီလောက်ကြီးက လွန်လွန်းသည်ဟု ထင်မြင်မိသည်။

“မင်းတို့ဘာရပ်ကြည့်နေတာလဲ။ တိုက်ခိုက်ကြတော့လေ”

“အို သေစမ်း တကယ်တိုက်ကြတော့မှာပဲ” ဖန့်ကြွယ်ယွီက ကူးရီ၏နောက်ကို ဆုတ်လိုက်သည်။

“အာ” ကူးရီက အားမန်အပြည့်ဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။ ထိုအချိန်တွင် သူ့ခြေထောက်အောက်မှ အနီရောင် အလင်းတန်းများက တန်ခိုးကြီးစွမ်းအင်သုံစွဲသူပေါင်းသုံးထောင်ကို တပြိုင်ထဲလိုလိုရှင်းပစ်သည်။

လျှို့ဝှက်စွမ်းအားရှင်များလည်း ဒဏ်ရာပြင်းထန်စွာရပြီး မြေပြင်ပေါ်လူးလိမ့်နေကြသည်။ ရီနို နှင့် အီဗာလာတို့က ဘာဒဏ်ရာမှ မရပေ။

“ဘုရားရေ လျှို့ဝှက်စွမ်းအားရှင်နဲ့ ပင်မစွမ်းအင်အသုံးပြုသူတွေကြားက ကွာခြားချက်ကတယ်ကြီးသကိုး”

ကူးရီက ကောင်းကင်က ဖန်ဆင်းထားသော နတ်ဘုရားတစ်ပါးအလား အစွမ်းထက်ကြသည်။

ကူးရီကဘာမှမလုပ်လိုက်ရသည့်အလား ရှေ့မှာဟန်မပျက်ရပ်နေသည်။

“မဖြစ်နိုင်တာ”

အလဲလဲအပြိုပြိုဖြစ်နေသော သူ့လူများကို ကြည့်ပြီး ရီနိုနှင့် အီဗာလာက ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

ဖန့်မိသားစုက ဒီလောက်တောင် အစွမ်းထက်တာလား။

“ကြောက်နေကြပြီလား။ မင်းတို့မို့ ငါ့ကို ဒီနေရာမှာလုပ်ကြံဖို့ တွေးတယ်။ မင်းတို့နည်းနည်းလေး ဦးနှောက်ပိုရှိသင့်တယ်”

“မင်းတို့ကိုပြောရဦးမယ်။ မင်းတို့မိသားစုရတဲ့ ကျင့်ကြံခြင်းလမ်းစဉ်က အခြေခံအဆင့်ပဲရှိတာ” ထို့နောက် ကူးရီကို ညွှန်ပြရင်း “သူကမှ နောက်တစ်ဆင့်ထပ်မြှင့်ထားတဲ့ ကျင့်စဉ်ကိုရထားတဲ့ ပင်မစွမ်းအင်အသုံးပြုသူတစ်ယောက်ပါ” ဟု ဆိုသည်။

All Chapters