မင်း ငါ့အစွမ်းကို မသိသေးပါဘူးး
Vol. 13 Ch. 171
“ဒါဆို သူက လျှို့ဝှက်စွမ်းအားရှင်အဆင့်ကိုကျော်သွားပြီပေါ့”
“ပင်မစွမ်းအင်သုံးစွဲသူဆိုတာ လျှို့ဝှက်စွမ်းအားရှင်အဆင့်ထက် တစ်ဆင့်မြင့်တယ်လေ”ရီနိုနှင့် အီဗာလာက ရေရွတ်နေမိသည်။
သူတို့နှစ်ဦးသည် လျှို့ဝှက်စွမ်းအားရှင်အဆင့်မှာရပ်တန့်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သူတို့က ကြိုးစားမှုလျော့နည်းသဖြင့် မတက်လှမ်းနိုင်တာမျိုးမဟုတ်ဘဲ ရှောင်းရီ၏ ကျင့်စဉ်လမ်းညွှမ်းသည် ကမ္ဘာလောက၏ များပြားလှစွာသော ပညာဗဟုသုတများကို ပေါင်းစပ်ဖော်ပြထားခြင်းဖြစ်သည်။
ဒီကနေ့မှာတော့ သူတို့အားလုံးသည် ကွဲပြားချက်ကို မျက်ဝါးထင်ထင်တွေ့ကြရသည်။
တန်ခိုးကြီးစွမ်းအင်သုံးစွဲသူအဖွဲ့ကြီးနှင့် လျှို့ဝှက်စွမ်းအားရှင်များသည် ပင်မစွမ်းအင်အသုံးပြုသူ၏ရှေ့ မှောက်တွင် ဘာမှ အသုံးမဝင်တော့ပေ။
“ကူးရီ မင်းအဆင်ပြေရဲ့လား တစ်ခါထဲမှာ အားလုံးမှောက်သွားအောင် လုပ်ရတဲ့အတွက် မင်းလည်းအားကုန် နေမှာပဲ”
“အေးဆေးပါ သခင်လေး။ ဒီလိုတိုက်ခိုက်မှုမျိုးကို ဆယ်ကြိမ်မက လုပ်နိုင်တယ်”ဟု ကူးရီက မာန်ပါပါပြန်ဖြေသည်။ သူသည် အလယ်လတ်အဆင့် ပင်မစွမ်းအင်အသုံးပြုသူတစ်ဦးဖြစ်ပြီး အဆင့်မြင့်အဆင့်ကိုရောက်ရန် တစ်ဆင့်သာလိုတော့သည်။
“မဟုတ်ပါဘူး။ မင်းကြည့်ရတာပင်ပန်းနေတဲ့ပုံပါ”
“မဟုတ်ပါဘူး သခင်လေး။ ကျွန်တော်မပင်ပန်းပါဘူး”
“ဒီမှာ သခင်လေးက ဘယ်သူလဲ။ မင်းလား ငါလား။ နောက်တစ်ခါ ငါက မင်းပင်ပန်းနေပြီလို့ပြောရင် ပင်ပန်းပြီလို့ မင်းပြောရမယ် ကြားလား”
“သခင်လေး ကျွန်တော်အရမ်းကိုပင်ပန်းနေပါပြီ ခင်ဗျာ”ကူးရီလည်း ဖန့်ကြွယ်ယွီ၏ ကြိုးဆွဲရာအတိုင်း ကပြရတော့သည်။
“ကောင်းပြီ မင်းနားလိုက်ဦး” ဟုဆိုကာ ဖန့်ကြွယ်ယွီသည် ကူးရီ၏ ရှေ့မှာ မတ်တပ်ရပ်သည်။
“ငါက ကူးရီအားကိုးတစ်ခုတည်းနဲ့ လာဒီးနစ်မိသားစုပိုင်နက်ထဲဝင်လာတယ်ထင်နေလား”
ဟု သူက ရီနိုနှင့် အီဗာလာကို ပြန်မေးသည်။
“အာ့ မဟုတ်ဘူးလား” သူတို့နှစ်ဦးသည် ဖန့်ကြွယ်ယွီ၏ ပကတိအစွမ်းကို တိတိကျကျမသိနေပေ။
“ဪ မင်းတို့က ငါ့အစွမ်းအစကို သေချာမှမသိပဲကိုး။ ဖန့်မိသားစုက အစွမ်းအစမဖြစ်စလောက်လေးနဲ့ ဒီကမ္ဘာမြေပေါ်မှာ အချိန်အကြာကြီး ရပ်တည်နေတယ်လို့ မင်းတို့ထင်နေကြတာမလား”
ရီနိုနှင့် အီဗာလာတို့သည် အံ့ဩထိတ်လန့်ပြီး မျက်လုံးအဝိုင်းသားဖြစ်ကုန်ကြသည်။ ဖန့်မိသားစုက သူတို့ထင်ထားတာထက် ပိုပြီး အစွမ်းအစရှိနေကြတာလား။
“ကောင်းပြီ။ မင်းတို့ရဲ့ လာဒီးနစ်မိသားစုက ဘယ်လိုမျိုးလဲဆိုတာ ပြရသေးတာပေါ့ကွာ”
ဟု ပြောရင်း ဖန့်ကြွယ်ယွီက အိတ်ကပ်ကို နှိုက်လိုက်သည်။
“သူက ဘာတွေထုတ်နေပြန်တာလဲ” ရီနိုတို့မောင်နှမနှစ်ဦးလည်း သူ၏လက်ကိုသေချာစိုက်ကြည့်နေသည်။
သို့သော် ဖန့်ကြွယ်ယွီက အိတ်ကပ်ထဲမှထုတ်လိုက်သည်မှာ ခရာတစ်ခုဖြစ်သည်။
“ဘာပုံစံကြီးပါလိမ့်” ဖန့်ကြွယ်ယွီက ခရာကို သိပ်မနှစ်ခြိုက်သည့်ပုံပြသည်။
“ဒါပေမဲ့ ဒီခရာက စိန်စစ်စစ်နဲ့လုပ်ထားတာနော်။ ပေါ့သေးသေးမထင်နေနဲ့”
သို့သော် ရီနိုတို့စိတ်ထဲမှာတော့ စိန်နဲ့ပဲလုပ်ထားစေကာမူ ခရာက ခရာပဲဖြစ်သည်။ ဒီခရာနဲ့ ဖန့်မိသားစုက ဘာများပတ်သက်နေသလဲ။
“ရွှီး” ဖန့်ကြွယ်ယွီ၏ ခရာမှုတ်သံက ပဲ့တင်သံထပ်ပြီး အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
“ထွက်လာကြစမ်း”ဟု ဖန့်ကြွယ်ယွီက အမိန့်ပေးသည်။
ကူးရီလိုမျိုး ပုံစံရှိသော လူများက တစ်ဦးပြီးတစ်ဦးထွက်လာသည်မှာ ကောင်းကင်ဘုံက နတ်ဘုရားများဆင်းသက်လာသည့်အလား ဖြစ်သည်။
သူတို့က လေပေါ်ဝဲပျံနေကြပြီး ပင်မစွမ်းအင်အသုံးပြုသူများ၏ စွမ်းအင်များက ရစ်ပတ်လွှမ်းခြုံနေသည်။
“ကဲ မိတ်ဆက်ပေးရဦးမယ်။ ဒါက ဖန့်မိသားစု၏ အဓိကအင်အားဖြစ်တဲ့ ပင်မစွမ်းအင်အသုံးပြုသူ ၁၂၅၆ဦးပါ”
“ပင်မစွမ်းအင်အသုံးပြုသူတစ်ထောင်ကျော်”
ရီနိုနှင့် အီဗာလာတို့ မျက်စိမျက်နှာပျက်ကုန်ကြသည်။ ကူးရီလိုပင်မစွမ်းအင်အသုံးပြုသူတစ်ဦးက လာဒီးနစ်မိသားစု၏ တပ်ဖွဲ့တစ်ခုလုံးကို အသာလေးဖြိုခွင်းနိုင်သည်။
“ဘာလဲ ကြောက်နေပြီမလား။ ဘာလုပ်နေတာလဲ..ထွက်လာကြလေကွာ..”
“ဘာလဲ ရှိသေးတာလား”
သူတို့၏ပတ်ပတ်လည်မှာ တဖြည်းဖြည်းနှင့် လူတွေပိုပိုပြီး များလာတာကို ရီနိုတို့ခံစားလာရသည်။
တစ်ရာ..တစ်ထောင်…တစ်သောင်း…
“ဒါ..ဒါတွေက လျှို့ဝှက်စွမ်းအားရှင်တွေလေ”
လာဒီးနစ်မိသားစု၏ အင်အားကုန်ကို ထုတ်သုံးတာတောင်မှ လျှို့ဝှက်စွမ်းအားရှင် တစ်ထောင်ကျော်သာရှိသည်။ ထိုအထဲမှ ၈၀% သည် အခြေခံအဆင့်မှာရှိသေးသည်။
ဖန့်ကြွယ်ယွီပိုင်ဆိုင်သော ပါဝါက သူတို့ထက်အဆတစ်ရာလောက်မြင့်သည်။ ဖန့်ကြွယ်ယွီအဖွဲ့ထဲက အခြေခံလျှို့ဝှက်စွမ်းအားရှင်တောင်မှ လာဒီးနစ်မိသားစု၏ အလယ်အလတ်အဆင့်စွမ်းအားရှင်ထက် ပိုပြီး အဆင့်မြင့်သလိုရှိသည်။
တစ်ဆင့်ထဲမှာတောင်မှ ဖန့်ကြွယ်ယွီမိသားစုလက်ထွက် လျှို့ဝှက်စွမ်းအားရှင်ကဆယ်ဆပိုပြီး အစွမ်းထက်သည်။
“ဟားး” ရီနိုက အားပါးတရရယ်မောသည်။
ဒီလောက်နှစ်အများကြီးတာဝန်ထမ်းပေးခဲ့တာမို့ လာဒီးနစ်မိသားစုသည် ဖန့်မိသားစု၏ အစွမ်းအစကို မြင်သင့်သည်ဟု ရီနိုယူဆထားသည်။
သူတို့၏ မဆင်မခြင်နှင့် ရူးရူးမိုက်မိုက်ပြုမူမိသည့် အရာများကို ယခုမှ နားလည်သဘောပေါက်တော့သည်။
ဖန့်မိသားစု အနေဖြင့် လာဒီးနစ်မိသားစုကို ရှင်းပစ်ရန် ကူးရီတစ်ဦးတည်းနှင့် လုံလောက်သည်။ ဖန့်မိသားစုသည် တစ်ချိန်တစ်ခါတုန်းက လာဒီးနစ်မိသားစုတိုးတက်ဖို့ ကူညီပေးခဲ့သလို ယခုအခါလည်း သူတို့မိသားစု ဒုက္ခအတိရောက်ရန် အသာလေးလုပ်ပစ်နိုင်သည်။
ထို့ကြောင့်ပင် ဖန့်မိသားစုကို တစ်သက်လုံး ရိုရိုသေသေ အလုပ်အကျွေးပြုကြရန် သူတို့၏ ဘိုးဘေးများက တဖွဖွမှာခဲ့ခြင်းဖြစ်သည်။
သူ၏ ခြေထောက်များမှာအားမရှိသလိုခံစားလာရသည်။သူတို့ကျရှုံးပြီ!!
မရှုမလှရှုံးနိမ့်ပေပြီ!!
“ကောင်းပြီ။ မင်းတို့အစွမ်းတွေပြန်သိမ်းကြတော့။သူသေသွားအောင် မခြောက်လှန့်ကြနဲ့တော့”ဟု ဖန့်ကြွယ်ယွီက အမိန့်ပေးသည်။
သူက ရီနိုနှင့် အီဗာလာဆီ တန်းတန်းလျှောက်သွားသည်။ ထောင်ပေါင်းများစွာသော ပင်မစွမ်းအင်အသုံးပြုသူများနှင့် သောင်းနှင့်ချီသော လျှို့ဝှက်စွမ်းအားရှင်များ၏ ကာကွယ်မှုအောက်တွင် သူ၏ ဆံချည်မျှင်တစ်မျှင်ကိုတောင် မထိနိုင်ကြပေ
“အမှန်အတိုင်းပြောရရင် မင်းတို့လာဒီးနစ်မိသားစုကို ငါ စိတ်လည်းမဝင်စားဘူး။ ငါသာ ဆန္ဒရှိမယ်ဆိုမင်းတို့မိသားစုကို အင်အားကြီးလာအောင် အချိန်မရွေးလုပ်ပေးနိုင်တယ်။မင်းတို့သာ ဖန့်မိသားစုကို သစ္စာစောင့်သိမယ်ဆို ကမ္ဘာမှာ ထိပ်သီးမိသားစုအနေနဲ့ရှိနေဦးမှာပဲ။ ဒါပေမဲ့ ငါက သစ္စာဖောက်တာကို အရမ်းမုန်းတာ။ ငါ့စိတ်ရှိတိုင်းသာဆို မင်းတို့နှစ်ယောက်ကို အရှင်မထားဘူး။ ဒါပေမဲ့ မင်းတို့ကို ခွင့်လွှတ်ပေးဖို့ မင်းတို့အဖေက အကြိမ်ကြိမ်တောင်းပန်ရှာတာ။ မင်းအဖေရဲ့မျက်နှာကိုထောက်ပြီး ခွင့်လွှတ်ပေးမယ်။ ငါမင်းတို့ကို မသတ်တော့ဘူး။ မင်းတို့တစ်ခုသိထားရမှာက ဖန့်မိသားစုက မင်းတို့ရဲ့ အရှင်သခင်ပဲ။ အမှားလုပ်ပြီးရင် ပြစ်ဒဏ်ဆိုတာ ခံရတယ်ကွ။ ကူးရီ..လာဦး။ မင်း ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား”
“ဟုတ်ကဲ့ သခင်လေး”
ကူးရီက ရီနိုတို့ကို တစ်ချက်ကြည့်သည်။ တဟုန်းဟုန်းတောက်လောက်နေသော မီးတောက်များက သူတို့၏ ရင်ဘတ်နားမှာ ကျွမ်းလောင်ပြီးနောက် သွေးများအန်ထွက်လာကြသည်။
“သခင်လေး သူတို့ကိုယ်ထဲက အစွမ်းတွေကို ထုတ်ပစ်လိုက်ပါပြီ။ အခုချိန်ကစပြီး တစ်လတစ်ခါ မခံမရပ်နိုင်လောက်အောင်နာကျင်တဲ့ခံစားမှုကို သူတို့ခံစားရတော့မှာပါ။ အဲ့နာကျင်မှုတွေက သူတို့နှစ်ယောက်လုံး သခင်လေးအပေါ်သစ္စာရှိတော့မှ ပျောက်ကင်းမှာပါ”
“အမရီ ဒီမှာကျန်နေခဲ့ပြီး လာဒီးနစ်မိသားစုရဲ့ ခေါင်းဆောင်နေရာကိုတစ်ချက်ပြန်စီစဉ်ပေးပါဦး။ မိုခီကို ခေါင်းဆောင်ခိုင်းလိုက်ပါ။”
ဒီကနေ့ ဖြစ်ရပ်သည် ကျန်သည့်မိသားစုများကိုပါ တပ်လှန့်နိုင်မည်ဟု ဖန့်ကြွယ်ယွီ ယူဆမိသည်။
“ဟုတ်ကဲ့ သခင်လေး ကျွန်မတာဝန်ထားပါ။” အဖြစ်အပျက်များအားလုံးကို မျက်ဝါးထင်ထင်မြင်တွေ့ပြီးနောက် သူမသိထားသော ဖန့်မိသားစုအကြောင်းသည် အပေါ်ယံပဲဟု ကျွမ်းရီ သိလိုက်ရသည်။
ဖန့်ကြွယ်ယွီက ကောင်းကင်ကိုတစ်ချက်မော့ကြည့်ရင်း “ငါတို့ ဥရောပမှာနေတာ အတော်ကြာသွားပြီ။ တရုတ်ပြည်ပြန်ကြစို့” ဟု ပြောသည်။