← Chapters

ဒီကုမ္ပဏီတွေကကျွန်တော်ပိုင်တာတွေလေ..ဘယ်လိုလုပ် အလုပ်သင်ဆင်းလို့ရမလဲ…

Vol. 13 Ch. 172

ဒီကုမ္ပဏီတွေကကျွန်တော်ပိုင်တာတွေလေ..ဘယ်လိုလုပ် အလုပ်သင်ဆင်းလို့ရမလဲ…

Vol. 13 Ch. 172

“ဘယ်လို ဘယ်လို လာဒီးနစ်မိသားစုက ဖန့်မိသားစုသခင်လေးကို ဖမ်းဖို့ကြိုးစားတယ် ဟုတ်လား”

နောက်တစ်နေ့မနက်တွင် ဖန့်မိသားစုအတွက် အလုပ်လုပ်ပေးနေသော တရုတ်ပြည်မှ ကျွမ်းမိသားစု၊ ဂျပန်ဘက်မှ မိသားစု၊တောင်အမေရိကမှ မာရီယို မိသားစု၊ မြောက်အမေရိကမှ လောဖစ်မိသားစု၊

ပစိဖိတ်သမုဒ္ဓရာဘက်မှ ရီဟာတာမိသားစု၊ အာတိတ်သမုဒ္ဓရာဘက်မှ အစ်နွိုက် မိသားစုများထံ ထိုသတင်းများ ပျံ့နှံ့သွားသည်။

လူတွေက လောဘဖုံးလွှမ်းပြီး အမှန်ကိုမမြင်ကြတော့တာဖြစ်သည်။တကယ်တော့ လာဒီးနစ်မိသားစုများနှင့် အတွေးတူသောလူများလည်း ကျန်မိသားစုတွင်ရှိသည်။ သူတို့က အခွင့်သာမည့်ရက်ကိုစောင့်နေရသဖြင့် ခံစားချက်များကို ဖုံးကွယ်ထားခြင်းဖြစ်သည်။

သို့သော် ဤဖြစ်ရပ်ကြောင့် သူတို့ရင်ထဲမှာရှိသော သစ္စာဖောက်မည့်အတွေးများ တစစီကျိုးပဲ့ကုန်ကြသည်။ တခြားအပြင်လူများက လာဒီးနစ်မိသားစု၏ဖြစ်ရပ်ကို မသိကြသော်လည်း ကျန်မိသားစု(၆)ခုကတော့ အကြောင်းအရာအားလုံးကို ဂဃနဏသိခွင့်ရသည်။

ဖန့်မိသားစုသခင်လေးက လျှို့ဝှက်စွမ်းအားရှင် သောင်းနှင့် ချီပြီး ဆင့်ခေါ်ခဲ့သည်။ သူတို့ မိသားစုခုနှစ်ခုကို ရှင်းပစ်ရန် လူခုနှစ်ဦးလောက်ပဲလိုလိမ့်မည်။

“အခုချိန်ကစပြီး မိသားစုထဲက မည်သူတစ်ဦးတစ်ယောက်ကမှ ဖန့်သခင်လေးကို အာဏာဖီဆန်လို့ မရတော့ဘူး။တစ်မိသားစုလုံး ဖန့်မိသားစုကိုသားစဉ်မြေးဆက် သစ္စာစောင့်သိပြီး အလုပ်အကျွေးပြုရမယ်။ဒီမိသားစုပိုင်ဆိုင်သမျှ အရာတိုင်းက ဖန့်မိသားစုအပိုင်ဖြစ်တယ်။ ဖန့်မိသားစုဆီကနေ ခွဲထွက်ပြီး သီးခြားရပ်တည်လိုသူတိုင်း မိသားစုကပေးတဲ့ပြစ်ဒဏ်ကို ခံကြရမယ်”

မိသားစုတစ်စုစီတိုင်း၏ ခေါင်းဆောင်များက ဘိုးဘွားများလက်ဆင့်ကမ်းသွားသော ညွှန်ကြားချက်များကို တစ်သွေမတိမ်းလိုက်နာကြတော့သည်။ လာဒီးနစ်မိသားစု၏ အဖြစ်အပျက်ကို အကောင်းဆုံးနမူနာယူကြရမည်။

ကျွမ်းရီက လာဒီးနစ်မိသားစု၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် နေရစ်ခဲ့သည်။ ဖန့်ကြွယ်ယွီက လာဒီးနစ်မိသားစု စီစဉ်ပေးသော လေယာဉ်ဖြင့် ဆိုင်းလုခ်နိုင်ငံကို ချက်ချင်းပြန်လာခဲ့သည်။ သူက ZZအသင်း၏ အောင်ပွဲခံညစာစာပွဲကို ဝမ်ချုံးနှင့် အတူတူတက်သည်။ ထို့နောက် ရှောင်းရီဆီကရသော ဖိုင်နယ်ပွဲစဉ်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်အသင်းသားများ၏အချက်အလက်များကို ပေးပြီးနောက် တရုတ်ပြည်ကို ပြန်လာခဲ့သည်။

“ဟူးးး..တရုတ်ပြည်က လေကအကောင်းဆုံးပါပဲလား”

ဥရောပခရီးစဉ်သည် ခံစားချက်အပြည့်ဖြစ်သည်။ တချို့ခံစားချက်များက ထိတ်လန့်ဖွယ်ဖြစ်ပြီး တချို့ကျ စိတ်ကျေနပ်ဖွယ်အတိဖြစ်သည်။

“ဖန့်ကြွယ်ယွီ ဟိုမှာပဲ” လေဆိပ်မှ ထွက်ထွက်ခြင်း အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော ကောင်မလေးတစ်ဦးက လူအုပ်ကြားထဲမှ သူ့ကို လက်လှမ်းပြနေသည်ကို တွေ့လိုက်ရသည်။

ကောရှင်းယွီက သူဒီနေ့ပြန်လာမည်ဆိုတာကိုသိပြီး လာစောင့်နေသည်။

“သခင်လေးကို အနှောင့်အယှက်မပေးတော့ပါဘူး”ကူးရီက သူ့ကိုပြုံးပြပြီးနောက် လှစ်ခနဲနေပြီး ပျောက်သွားသည်။

“ဟဲဟဲ” ဖန့်ကြွယ်ယွီက ရှင်းယွီကို ဖက်လိုက်သည်။

“ကိုယ် အချစ်ကလေးနဲ့ ဝေးနေတာကြာပြီ။ ကိုယ့်ကို သတိရောရရဲ့လား”

“အင်းအင်း” ကောရှင်းယွီက ချစ်စဖွယ်ဟန်ပန်လေးဖြင့် ခေါင်းညိမ့်ပြသည်။

“ပြောစမ်းပါဦး..ဥရောပမှာပျော်လွန်းလို့ ဒီကိုပြန်လာဖို့ မေ့နေတာမလား ဟွန့်”

“မဟုတ်ရပါဘူးကွာ” ဖန့်ကြွယ်ယွီက အသံထွက်အောင် ရယ်မိသည်။

“ဒီတစ်ခေါက်လေ အင်္ဂလန်တော်ဝင်မင်းသမီးကိုရော၊ ဂျပန်မလေးကိုရောနောက်ပြီး စကားလက်ကိုရော ဟောဒီက ရှင်းယွီလေးရှိတယ်ဆိုတဲ့စိတ်နဲ့ လက်ဖျားနဲ့တောင် မတို့ခဲ့ရပါဘူးကွာ။ လူကြီးလူကောင်းဆိုတဲ့ ဥပမာကို ဘယ်မှာမှ မရှာနဲ့။ မင်းရဲ့ ချစ်သူက အကောင်းဆုံးဥပမာပဲ”

“ကြည့်ပါဦး စကားတွေ တအားတတ်နေတယ်ပေါ့လေ ဟုတ်လား”

“မညာပါဘူး အတည်ပြောတာ။ မင်းဆိုတဲ့ သစ်ပင်လေးကြောင့် တောအုပ်တစ်ခုလုံးကို စွန့်လွှတ်ခဲ့တဲ့သူပါကွာ”

ထို့နောက် သူတို့နှစ်ဦးအတူတူ လာကြိုသော ကားပေါ်တက်ခဲ့ကြသည်။

ခုရက်အပိုင်းအခြားတွင် တခြားကိစ္စများဖြင့် အလုပ်ရှုပ်နေသောကြောင့် သူ့ကိုယ်သူ ကျောင်းသားဆိုတာ မေ့လျော့နေခဲ့သည်။

နောက်ဆုံးနှစ်တွင် စာတမ်းပြုစုခြင်းကအဓိကမို့ အတန်းတက်စရာ သိပ်မလိုပေ။ သို့သော် လိုအပ်သော ခရက်ဒစ် (credit)ပြည့်ရန် နွေရာသီကာလတွင် အလုပ်သင်ဆင်းဖို့လိုအပ်သည်။

သို့သော် နွေရာသီကာလမှာ သူသည် သာမန်လူတန်းစားဘဝမှ ဘီလီယံနာအမွေဆက်ခံသူအဖြစ် နေ့ချင်းညချင်းကူးပြောင်းခဲ့တာမို့ အလုပ်သင်မဆင်းခဲ့ရပေ။

သိပ်မကြာခင်မှာ အလုပ်သင်ဆင်းပြီးကြောင့်ရီပို့ (report) တင်ရတော့မည်။ တက္ကသိုလ်ရှိကျောင်းသားတိုင်းက အလုပ်သင်ရီပို့ကို မဖြစ်မနေတင်ရသည်။ ထို့ကြောင့်ကုမ္ပဏီများဘက်က အလုပ်သင်ဆင်းပြီးကြောင်း ထောက်ခံချက်ရေးပေးရသည်။ ဖန့်ကြွယ်ယွီက ဘာမှမတင်ရသေးပေ။

ကျောင်းက သူ၏ အတန်းခေါင်းဆောင်ကို ဖန့်ကြွယ်ယွီအား အစီရင်ခံစာတင်ရန် အမြဲပြောခိုင်းသည်။ သို့သော် သူတို့အနေဖြင့် တစ်ခါမှ ဆက်သွယ်မရပေ။

စိတ်ဆိုးဒေါသထွက်ကုန်သော တက္ကသိုလ်မှတာဝန်ရှိသူများက ထိုကိစ္စကိုအရေးယူရန် တိုင်ပင်ကြသည်။

ကွန်ပျူတာသိပ္ပံဌာန၏ ဌာနမှူးက ဖန့်ကြွယ်ယွီအား တိုက်ရိုက်ဆက်သွယ်လာသည်။

“သေစမ်း” ဖန့်ကြွယ်ယွီက ဌာနမှူး၏ ဖုန်းနံပါတ်ကို သိနေသည်။ ဥရောပတစ်ခွင် ပြဲပြဲစင်အောင် လွှမ်းမိုးခြယ်လှယ်ခဲ့သော ဖန့်ကြွယ်ယွီသည် တရုတ်ပြည်မှာတော့ ခြင်လေးတစ်ကောင်ဖြစ်သွားသည်။ ဆရာက ဖုန်းခေါ်တာကို ကျောင်းသားတိုင်းကစိုးထိတ်ကြသည် မဟုတ်ပါလော။ ဖန့်ကြွယ်ယွီလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

“ကျော..ပရော်ဖက်ဆာကျော…”

“ဖန့်ကြွယ်ယွီ မင်းပါမောက္ခကိုတော့ သိသေးတယ်ပေါ့လေ။ မင်းကို ငါသာဖုန်းမဆက်ဘူးဆိုရင် ဘွဲ့ယူဖို့ မကြိုးစားတော့ဘူးလား။မင်းရဲ့ အလုပ်သင်ဆင်းပြီးကြောင်းလက်မှတ်နဲ့ အစီရင်ခံစာဘယ်မှာလဲ”

“ကျွန်တော်..ကျွန်တော် အလုပ်သင်မဆင်းရသေးဘူး”

“ဘာ အလုပ်သင်မဆင်းရသေးဘူး။ မင်းမိသားစုချမ်းသာတယ်ဆိုတိုင်း လုပ်ချင်တာလုပ်လို့ရမယ်ထင်နေလား။ မင်းဘွဲ့မရလည်း အဆင်ပြေတယ်ေပေါ့ ဟုတ်လား။ ငါ တစ်ခါတည်းပြောမယ်။ သေချာနားထောင်။ မင်းဘက်က အစီရင်ခံစာမတင်နိုင်ရင် ဘွဲ့ရဖို့ မစဉ်းစားနဲ့။ ဒီကိစ္စကို မင်းမိဘတွေနဲ့လည်း ပြောရမယ်”

ဖန့်ကြွယ်ယွီကိုယ်တိုင်တောင်မှ သူ့မိဘတွေဘယ်ရောက်နေမှန်းမသိပေ။

“မလုပ်ပါနဲ့ ဆရာ မလုပ်ပါနဲ့”

ပရော်ဖက်ဆာကျောက သူ့မိဘတွေကို ဆက်သွယ်လို့မရတာကို သိသွားခဲ့လျှင် ပြသနာပိုကြီးလာတော့မည်။

“မင်း ဒါကျကြောက်သကိုး”ပရော်ဖက်ဆာကျောက အားပါးတရရယ်သည်။

အမှန်က သူက ဖန့်ကြွယ်ယွီကြောက်ရန် ခြောက်လှန့်ခြင်းဖြစ်သည်။

“ဒီလိုလုပ်..မင်း အလုပ်သင်ဆင်းလို့ရအောင် ကုမ္ပဏီတစ်ခုရှာပေးမယ်။ နောက်နှစ်မှ စာတမ်းစရေးလိုက်တော့။ ခု လာမဲ့ နှစ်လအတွင်း အရင်ဆုံး အလုပ်သင်ကိစ္စကို ဖြတ်ရမယ်”

ကွန်ပျူတာသိပ္ပံဌာနမှူးဖြစ်တာမို့ ပရော်ဖက်ဆာ ကျောသည် ကုမ္ပဏီအတော်များများနှင့်သိသည်။ကျန်းနန် တက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံကျောင်းဆင်းများသည် ကျောင်းပြီးပြီးချင်း နှစ်နှစ် သုံးနှစ်အတွင်းနည်းပညာနှင့် စီမံခန့်ခွဲရေးအတွက် အားကိုးရသော လူငယ်များဖြစ်လာကြသည်။

“ပန်တီယန် ကုမ္ပဏီဆိုရင်ရော ဘယ်လိုလဲ။ငါ မင်းအတွက် ထောက်ခံစာရေးပေးမယ်။ နည်းပညာဌာနမှူးကို မင်းကိုယ်တိုင် တိုက်ရိုက်သွားတွေ့မယ်ဆို မင်းအတွက် အလုပ်သင်တစ်နေရာ စီစဉ်ပေးလိမ့်မယ်။ ဘယ်လိုလဲ”

“ဒါက…ဆရာ နောက်ထပ်ကုမ္ပဏီများ ရနိုင်ဦးမလား”

“ဘာလဲ မင်းက ဒီကုမ္ပဏီကိုမကြိုက်ပြန်ဘူးလား။ ဟုတ်ပြီလေ။အဲ့တာဆို…ကျီလီယမ် ကုမ္ပဏီလည်းရှိ သေးတယ်။ အဲ့က သတင်းအချက်အလက်လုံခြုံရေးဌနာကအကြီးအကဲက ငါတို့ကျောင်းသားပဲ”

“ဆရာ..နောက်ထပ်ရောရှိသေးလား”

“မင်းဘာလို့ တအားချေးများနေတာလဲ။ ဒါဆိုရင် မိုးကြိုးကုမ္ပဏီလည်း မဆိုးဘူး။ အဲ့ကုမ္ပဏီက ငါတို့ရဲ့ ကျောင်းသားဟောင်းပိုင်တာလို့ပြောတယ်။ အဲ့ကုမ္ပဏီရဲ့ ပိုင်ရှင်ကို မင်းသိချင်တောင်သိမှာ “

“ဒါလည်း အဆင်မပြေဘူး ဆရာ”

“ဖန့်ကြွယ်ယွီ” ပရော်ဖက်ဆာကျောက ဒေါသထွက်လာသည်။ သူက ဖန့်ကြွယ်ယွီအတွက် စဉ်းစားပြီး အလုပ်သင်ဆင်းနိုင်ရင် ကူညီပေးသော်လည်း ဖန့်ကြွယ်ယွီက ချေးများလွန်းလှသည်။

“မင်း အလုပ်သင်မဆင်းချင်ဘူးလား ပြော”

“ဆရာ..ကျွန်တော်တောင်းပန်ပါတယ်။ ဒီကုမ္ပဏီအားလုံးကို ကျွန်တော်ပိုင်တာပါ။ ကျွန်တော့်ကုမ္ပဏီမှ ကျွန်တော်က ဘယ်လိုလုပ်ပြီး အလုပ်သင်ဆင်းဖို့ဖြစ်နိုင်မလဲဗျာ”

All Chapters