← Chapters

ကျွန်တော်အကြိုက်ဆုံးကတော့ ပိုက်ဆံဖြုန်းရတာပဲ

Vol. 13 Ch. 173

ကျွန်တော်အကြိုက်ဆုံးကတော့ ပိုက်ဆံဖြုန်းရတာပဲ

Vol. 13 Ch. 173

ပါမောက္ခကျောလည်း မယုံကြည်နိုင်အောင်ဖြစ်နေရသည်။ သူပြောသမျှ ကုမ္ပဏီတိုင်းက ဖန့်ကြွယ်ယွီ၏ အပိုင်ဖြစ်နေသည်။ ပိုင်ရှင်ဖြစ်သူက သူပိုင်သော ကုမ္ပဏီတွင် အလုပ်သင်ဆင်းဖို့က အဓိပ္ပါယ်မရှိနေပေ။

“ဒီလိုဆိုရင်ရော..မာထန့်ရဲ့ ten cent ကုမ္ပဏီမှာ အလုပ်သင်ဆင်းရင်ရော ဘယ်လိုသဘောရလဲ။ ဒါက မင်းပိုင်တဲ့ ကုမ္ပဏီတော့ မဟုတ်ဘူးမလား”

သို့သော် tencent ကုမ္ပဏီ၏ ရှယ်ယာ ၆၂% ကို သူပိုင်ကြောင်း ရှောင်းရီက သတင်းလှမ်းပေးသည်။

ထိုပမာဏသည် ပေါ့သေးသေးပမာဏတစ်ခုတော့မဟုတ်နေပေ။

“ဟုတ် အဆင်ပြေပါတယ်”

“ကောင်းပြီ။ ဒါဆို မင်းအတွက်ပြောမယ်မယ်။ နောက်လာမဲ့ နှစ်လမှာ အဲ့ကုမ္ပဏီမှာ သေချာစည်းကမ်းတကျ အလုပ်ဆင်းရမယ်။သူတို့က ဂိမ်းဌာနအတွက် အလုပ်သင်တွေထပ်ဖြည့်နေတယ်လို့ကြားတယ်။မင်းကိုလည်း ဂိမ်းဌာနကိုပဲ ချထားပေးမယ်။ဘယ်လိုလဲ အဆင်ပြေလား”

“ဆရာကကောင်းသလိုစီစဉ်တဲ့အပေါ်လိုက်နာပါ့မယ်ခင်ဗျာ”

ဖန့်ကြွယ်ယွီက ချွေးများကိုသုတ်ရင်း ဖုန်းချလိုက်သည်။ သူ၏ စိတ်ဓာတ်သည် ထင်သလောက် မမာကျောနေပေ။ အရိုးစွဲအောင်သင်ကြားခံခဲ့ရသော ပညာရေးစနစ်ကြောင့် ဆရာနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် ကြောက်ဒူးတုန်စမြဲဖြစ်သည်။

ကျောရှန်ခဲ့က အဆက်အသွယ်ကောင်းသည်။ကွန်ပျူတာသိပ္ပံဌာန၏ ဌာနမှူးဖြစ်တာမို့ သူ၏ ကျောင်းသားများက တကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကုမ္ပဏီများတွင်နေရာအနှံ့ရှိနေကြသည်။

သူ့ကို tencent ကုမ္ပဏီ၏ ဂိမ်းဌာနမှာ နေရာချထားခဲ့သည်။ သူတို့တက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံကျောင်းဆင်း ဝူကျန်း ဆိုသူက ဌာနမှူးဖြစ်နေသည်။

ရှစ်နာရီခွဲအတိမှာ ဖန့်ကြွယ်ယွီသည် ဝူကျန်း၏ ရုံးကို ရောက်ချလာသည်။

သိပ်မကြာခင်ရက်ပိုင်းအတွင်းက သူ၏ဘဝက တစ်ဆစ်ချိုးပြောင်းလဲခဲ့သည့် အပေါ် နေသားကျရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဖန့်ကြွယ်ယွီအတွက် ပိုက်ဆံက ကိန်းဂဏန်းဆိုတာထက်ပိုသည်။ အိမ်များစွာပိုင်သော ပိုင်ရှင်များက အိတ်အကြီးကြီးများသယ်ဆောင်ပြီး ဟိုဟိုဒီဒီလျောက်သွားသည်ဟုတွေးခင်ခဲ့မိသည်။ ယခုမှ သိလိုက်ရသည်မှာ ပိုက်ဆံရှိရံဖြင့် ဘဝကြီးက ပျော်ဖို့ မကောင်းနေပေ။

“ဟဲလို စီနီယာ..ကျွန်တော်ဖန့်ကြွယ်ယွီပါ။ အလုပ်သင်အနေနဲ့ အလုပ်လာဆင်းတာပါခင်ဗျာ”

“ဖန့်ကြွယ်ယွီ…ဟားး ဥက္ကဌဖန့်”

ဝူကျန်းသည် လုပ်လက်စအလုပ်ကို ပစ်ထားပြီး သူ့ဆီအပြေးလာသည်။

“ဝိုး ဝိုး စီနီယာ ဖြည်းဖြည်း”

ဖန့်ကြွယ်ယွီ၏ ခြေလှမ်းများက အနောက်ကို မသိမသာဆုတ်သွားသည်။

“ဆောရီးပါကွာ..ငါ ငါ နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ။ တကယ်တော့ ငါက မင်းရဲ့ ပရိတ်သက်ပါ။ ပါမောက္ခကျောက ဒီအကြောင်းကိုလှမ်းပြောတုန်းက နာမည်တူတယ်ထင်ခဲ့တာ။မင်းလို့ ဘယ်သူထင်ကြမှာလဲ”

“စီနီယာ..ကျွန်တော့်ကို ဖန့်ကြွယ်ယွီလို့ပဲခေါ်ပါ။ ဒီကုမ္ပဏီမှာ အလုပ်သင်ဆင်းဖို့လာခဲ့တာပါ။ သာမန်ကျောင်းသားတစ်ဦးလိုပဲကျွန်တော့်ကို ဆက်ဆံပါ” သူတို့၏ ဌာနမှူးက အလွန်စည်းကမ်းကြီးသည်။ အကယ်၍ သူက နာမည်ကြီးမှုအပေါ် အသုံးချပြီး အလုပ်မလုပ်ဘူးဟု မှတ်ချက်ပြုပါက သူတော့ ဒုက္ခရောက်ပေလိမ့်မည်။

“ငါ အမှတ်မမှားဘူးဆို မင်းက မိုးကြိုးကုမ္ပဏီပိုင်ရှင်တစ်ဦးမဟုတ်လား။မင်းက အရမ်းချမ်းသာနေတာကို ဘာလို့ ဒီမှာ အလုပ်သင်လာဆင်းတာလဲ”

“အလုပ်သင်ဆင်းပြီးကြောင်းလက်မှတ်မရရင် ကျောင်းကဘွဲ့မပေးဘူးဆိုလို့ပါ”

“သူတို့ကဘွဲ့မပေးဘူးပေါ့။ မင်း ဘာလို့ ကျန်းနန်တက္ကသိုလ်ကို မဝယ်တာလဲ”

“ဝယ်ချင်တာပေါ့ဗျာ”

ကျန်းနန်တက္ကသိုလ်မှာ နိုင်ငံအဆင့်ပရောဂျက်များစွာနှင့် နာမည်ကြီးပညာရှင်များစွာရှိတာမို့ သူက ဝယ်ဖို့ တတ်နိုင်လျှင်တောင် အစိုးရက ရောင်းလိမ့်မည်မဟုတ်ပေ။

“စီနီယာ..ကျွန်တော်လုပ်ဖို့အလုပ်လေးဘာလေးပေးပါဦး”

“ကောင်းပြီ..မင်းကို အရင်ဆုံး ငါတို့ဌာနကို ပြမယ်လေ”

ဝူကျန်းက သူ့ကို ကုမ္ပဏီတစ်ပတ်ပတ်ပြသည်။ ဂိမ်းဌာနက အလွန်ရှုပ်ထွေးသည်။ ဂိမ်းဌာနသည်ဇာတ်လမ်းဇာတ်ကွက်အစုံနှင့် ဒေတာအချက်အလက်များကို ပြင်ဆင်ရသည်။ဒါ့အပြင် ကစားသမားများကိုလည်း လူထုအကြိုက်ပြင်ဆင်ရသည်။ တစ်ချိန်လုံး ဂိမ်းအကြောင်းကို ဦးနှောက်ထဲမှာ စဉ်ဆက်မပြတ်တွေးဖို့လိုနေသော ဌာနဖြစ်သည်။

ဖန့်ကြွယ်ယွီက ဂိမ်းဒီဇိုင်းဆွဲရတာကို ဝါသနာပါသည်။မကြာသေးခင်က tencent ကုမ္ပဏီသည် “Fatal operation”ဟု ခေါ်သော ဂိမ်းကို တီထွင်ဖန်တီးခဲ့သည်။ ထိုဂိမ်းသည် ဂိမ်းဝါသနာရှင်များ၏ အကြိုက်နှင့် ထပ်တူတွေ့သဖြင့် နာမည်ကြီးလာသည်။

သူ့ကို ထိုဂိမ်း၏ ဒီဇိုင်းရေးဆွဲရေးဌာနမှာ တာဝန်ချထားလိုက်တော့သည်။

ထိုတာဝန်က သူ့ကို ဒီတိုင်းပေးတာလား သို့ ဝူကျန်းက အထူးအခွင့်အရေးတစ်ရပ်အနေနှင့် ပေးတာလားဆိုတာ မသဲကွဲပေ။

ပထမဆုံးအပတ်တွင် ထိုဂိမ်းနှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ရန် သူ့ကို တာဝန်ပေးသည်။ထိုတာဝန်ကို ဂိမ်းဆော့ရင်းနှင့် လုပ်ဆောင်မည်ဟု တွေးထားသည်။

ဂိမ်းက အလွန်စိတ်ဝင်စားဖွယ်ကောင်းသောကြောင့် နေ့လည်ခင်းတစ်လျှောက်လုံး

သူ၏ လက်ကမလွှတ်နိုင်ပေ။

ကွန်ပျူတာများက ထိပ်တန်းကွန်ပျူတာများဖြစ်ကြသော်လည်း သူ့အိမ်ရှိ စူပါကွန်ပျူတာများကို မမှီပေ။

“ရှောင်းရီ မင်းတို့ကမ္ဘာကလူတွေကရော ဘယ်လိုနည်းနဲ့ အပန်းဖြေကြလဲ”

“အများကြီးပဲလေ။ဒီစကြာဝဠာကြီးထက်ကြီးမားတဲ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကိုလည်း ဖန်တီးနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ဦးနှောက်ပိုင်းဆိုင်ရာဆက်သွယ်ချိတ်ဆက်မှုတွေနဲ့ဆို ဒီကနေ့ခေတ်လူသားလောကရဲ့ ပုံရိပ်ယောင်ကမ္ဘာထက်တောင် အဆင်မြင့်တယ်”

“ဝိုး ဟုတ်လား။ ဒီဂိမ်းကို မင်းတို့လောကမှာရောက်နေသလိုမျိုး ကစားချင်လိုက်တာ”

“အရမ်းတော့မခက်ပါဘူး။ ကမ္ဘာကြီးရဲ့ ယခုလက်ရှိအနေအထားနဲ့ဆို ၈၀%လောက်တော့ ဖန်တီးလို့ရနိုင်ပါတယ်။ တကယ့်ပြသနာက နည်းပညာက ကောင်းကောင်းမွန်မွန်မဖွံ့ဖြိုးနေသေးလို့ပါ”

“တကယ်ကြီး”

“ဒါပေမဲ့ ပိုက်ဆံတော့တအားကုန်မှာ။ အဲ့နေရာကိုရောက်ဖို့ ပိုက်ဆံအများကြီး ရင်းနှီးမြှုပ်နှံရမှာ”

“ပိုက်ဆံသုံးရမယ် ဟုတ်လား” ဖန့်ကြွယ်ယွိ၏ မျက်လုံးအစုံက လက်ခနဲဖြစ်သွားသည်။

“ဘယ်လောက်ကုန်မလဲ။ ဘယ်လောက်သုံးရမလဲ။ ငါ အကျွမ်းကျင်ဆုံးက ပိုက်ဆံဖြုန်းရတာပဲ”

ယခုလက်ရှိ ဒေါ်လာဘီလီယံနှင့်ချီပြီး သူမသုံးရသေးပေ။

“အတိအကျပြောဖို့ခက်တယ်။ အဲ့နည်းပညာအတွက် အထူးသီးသန့်ဆာဗာနဲ့ စူပါကွန်ပျူတာလိုအပ်တယ်။ စူပါကွန်ပျူတာက ဒေါ်လာဆယ်ဘီလီယံနဲ့အထက်ကုန်ကျမယ်ဆို ဆာဗာက သူ့ထက် အဆ ၁၀၀ပိုကုန်မယ်”

“ဟားး…ဒါကလည်း ပိုက်ဆံမြန်မြန်ကုန်စေတဲ့ တစ်နည်းပါလား”

နည်းပညာပိုင်းမှာရင်းနှီးမြှုပ်နှံခြင်းက ပိုက်ဆံမြန်မြန်ကုန်စေသော လမ်းဆိုတာ ဖန့်ကြွယ်ယွီသိလိုက်ရသည်။

“ပိုင်ရှင် လိုအပ်မယ်ဆို ပရိုဂရမ်ရေးဆွဲတဲ့ပြသနာတွေ ငါရှင်းပေးနိုင်ပါတယ်။ပိုင်ရှင်က ပရိုဂရမ်ရေးဆွဲသူတွေကို ငှါးလိုက်ပါ။ဂိမ်းကတော့ ပိုင်ရှင်စိတ်ကြိုက်ရွေးပါ”

“မရွေးတော့ဘူးလေ။ ဒီဂိမ်းကိုပဲ ဆော့မယ်”

“အာ..ဒီလိုဂိမ်းမျိုးဖန်တီးနိုင်ဖို့ဆိုတာလည်းမလွယ်ပါ့လား။ ဒီအတိုင်းထုတ်ရင်လည်း မူပိုင်ခွင့်နဲ့ငြိဦးမယ်။ အဲ့အခါကျပိုပြီးစိတ်ရှုပ်ရပြန်ရော။ ဂိမ်းကို “Fatal operation” လို ပုံစံမျိုး မှီငြမ်းပြီး ထုတ်မယ်ဆိုရင်ရော”

“ဘာတွေစီစဉ်နေတာလဲ။ ပိုင်ရှင်..ဒါက သူများကုမ္ပဏီပိုင်တဲ့ ဂိမ်းပါ။ပိုင်ရှင်စိတ်ကြိုက်ပြောင်းချင်သလိုပြောင်းလို့မရဘူးလေ”

“ဟုတ်ပါတယ်။ အခုတော့ သူတို့ဟာပေါ့။ ငါ ဝယ်လိုက်မယ်ဆို ငါ့အပိုင်ဖြစ်သွားပြီလေ”

All Chapters