← Chapters

ဥက္ကဌကြံရင် ဘယ်အရာမဆိုဖြစ်ပါတယ်

Vol. 13 Ch. 174

ဥက္ကဌကြံရင် ဘယ်အရာမဆိုဖြစ်ပါတယ်

Vol. 13 Ch. 174

Tencent ရုံးချုပ်တွင် မာထန့်က လသာဆောင်တွင်ထိုင်ပြီး နေ့လည်စာကို သာသာယာယာသုံးဆောင်နေသည်။အသက်နှစ်ဆယ်အရွယ်ကတည်းက စီးပွါးရေးလောကထဲကို ဝင်လာခဲ့သူ မာထန့်က ယခုအခါမှာ အသက်ငါးဆယ်အရွယ်ရှိလာခဲ့ပြီဖြစ်သည်။ အင်တာနက်လုပ်ငန်းတခွင် ကြီးစိုးထားနိုင်သည့်အတွက် သူ့ကိုယ်သူ ဂုဏ်ယူမိသည်။

သူပိုင်သော tencentကုမ္ပဏီကို ကမ္ဘာ့အကြီးဆုံး အင်တာနက်ကုမ္ပဏီဖြစ်အောင် လုပ်ချင်သောဆန္ဒသည် သူ၏ အိမ်မက်ဖြစ်သည်။ သို့သော် Apple, Microsoftစသည့် ကုမ္ပဏီများနှင့် နိုင်ငံတကာ စျေးကွက်ကို မယှဉ်နိုင်သေးပေ။

တဖြည်းဖြည်းအသက်ကြီးလာသောအခါ ကုမ္ပဏီအလုပ်များကို ဒုဥက္ကဌများကို လွှဲထားပြီး သက်တောင့်သက်သာ နေထိုင်နေတော့သည်။

“မစ္စတာမာ” သူ၏ ကိုယ်ရေးအရာရှိက စာရွက်အထပ်လိုက်ကိုင်ပြီး ရောက်လာသည်။

“fatal operation ဆိုတဲ့ ဂိမ်းအခြေအနေကဘယ်လိုတုန်း”သူက ထိုဂိမ်းအတွက် အတော်အသင့် ရင်းနှီးမြှုပ်နှံထားတာမို့ ကုမ္ပဏီအတွက် ထိုက်သင့်လျောက်ပတ်သော အကျိုးအမြတ်ပြန်ရမည်ဆိုတာ သေချာပေါက်ပြောနိုင်သည်။

“သူဌေး ခန့်မှန်းထားသလိုပဲ အခြေအနေက အတော်လေး ခရီးရောက်ပါတယ်။ဒါက ဒီလအတွက် အစီရင်ခံစာပါ”

သုံးလအတွင်း Tencent ကုမ္ပဏီသည် ယွမ် ၂၀ဘီလီယံ အမြတ်ငွေရခဲ့သည်။ မိုဘိုင်းဂိမ်းနှင့် ကွန်ပျူတာဂိမ်းများမှ အမြတ်ငွေ ၁၅.၂ ဘီလီယံရသည်။ ထိုအထဲမှ Fatal operation ဆိုသော ဂိမ်းက အမြတ်ငွေ ၂.၇ဘီလီယံ ရှာပေးနိုင်ခဲ့သည်။

“မဆိုးပါဘူး မဆိုးပါဘူး”

ယခင်လများနှင့် ယှဉ်ပါက သုံးလအတွင်းအမြတ်ငွေများစွာရရှိခဲ့သည်။ တစ်လချင်းစီ ဝင်ငွေအနေဖြင့် ကြည့်ပါက ဒေါ်လာနှစ်ဘီလီယံဖြစ်တာမို့ များပြားသော ပမာဏဟု ယူဆနိုင်သည်။

မာထန့်က အစီရင်ခံစာကို ဆက်လက်ဖတ်ရှုနေသည်။

“Beautiful Ghost”ဟူသော ဂိမ်း၏အခြေအနေကလည်း မိုဘိုင်းနှင့် အွန်လိုင်းပလက်ဖောင်းများတွင် အတော်လေးနေရာယူထားနိုင်သည်။

“မစ္စတာမာကို တင်ပြရမဲ့ ကိစ္စရှိပါသေးတယ်” ထိုအကြောင်းကို ပြောသင့်မပြောသင့်ဆိုတာ တွေဝေတုံ့ဆိုင်းနေသည်။

“ဘာလဲ ပြောပါကွ။ ဘာတွေတွေးနေတာလဲ။ မင်းအရင်က အဲ့လိုမဟုတ်ပါဘူး”

“ဒီလိုပါ..လွန်ခဲ့တဲ့ သုံးရက်စပြီး စျေးကွက်ထဲမှာ ကုမ္ပဏီရှယ်ယာတွေကို တဖြည်းဖြည်းဝယ်ပြီးစုနေတဲ့ လူရှိလာပါတယ်”

“ဘယ်လောက်အချိုးရနေပြီလဲ”

မာထန့်က ကုမ္ပဏီ၏ ၆၂%သော ရှယ်ယာကိုပိုင်ဆိုင်တာမို့ ဘယ်လောက်ပဲ ရှယ်ယာများကို ဝယ်နေပါစေ သူ့ကို မကျော်လွန်နိုင်ပေ။သူက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတာမို့ လုံးဝစိတ်မပူပေ။

“မနေ့က စတော့ရှယ်ယာစျေးကွက်ပိတ်တဲ့အချိန်အထိဆို ၁၁.၂% ကို ဝယ်ပြီးပါပြီ”

“များလှချည်လား”

Tencentကုမ္ပဏီ၏ ရှယ်ယာပေါက်စျေးအရဆို ၁၁.၂% သည် ဒေါ်လာ ၃၀ ဘီလီယံနှင့်ညီမျှသည်။ ထိုပမာဏကို လူအများစုက မဝယ်နိုင်ပေ။ ဒေါ်လာ ၃၀ဘီလီယံနှင့်ဆို အချမ်းသာဆုံးလူဆယ်ဦးစာရင်းတွင် ဝင်နိုင်သည်။

“ဘယ်သူလဲ သိလား။ စုံစမ်းကြည့်ပြီးပြီလား”

သူက မစိုးရိမ်သော်လည်း ပြည်တွင်းမှာ ဒီလောက်ချမ်းသာသောလူရှိသည်ဆိုတာ မကြားဖူးတာမို့ သိချင်လှသည်။

“ရှယ်ယာတွေက ဆင့်ကဲဆင့်ကဲ လက်လွှဲယူနေတာမို့ နောက်ဆုံးလက်ဝယ်ပိုင်ဆိုင်သူကို ခြေရာခံဖို့ ခဲယဉ်းနေပါတယ်”

“ထူးဆန်းလိုက်တာ ဘာရည်ရွယ်ချက်နဲ့ ရှယ်ယာတွေဝယ်နေရတာပါလိမ့်”

Tencent ကုမ္ပဏီသည် အများပိုင်ကုမ္ပဏီဖြစ်လင့်ကစား ရှယ်ယာအများဆုံးပိုင်သော သူ့ထိန်းချုပ်မှုအောက်တွင် တည်ရှိနေသည်။

သူကရှယ်ယာများကို မရောင်းသရွေ့ ကုမ္ပဏီက သူ့လက်အောက်မှာပဲရှိမည်။

၃၀ ဘီလီယံပမာဏနှင့်ဆို တခြားကုမ္ပဏီများမှာလည်း ရင်းနှီးမြှုပ်နှံနိုင်သော်လည်း ဘာကြောင့် tencentကို ရွေးချယ်လိုက်သနည်း။

“ကလင် ကလင် ကလင်”

ထိုအချိန်မှာ မာထန့်၏ ရုံးဖုန်းက အသံမြည်လာသည်။

သူ၏ ကိုယ်ရေးအရာရှိကို ဖုန်းကိုင်ခိုင်းလိုက်သည်။

ထိုဖုန်းသည် ဂိမ်းဌာနကခေါ်ဆိုလာခြင်းဖြစ်သည်။ သို့သော်တစ်ဖက်လူသည် ဂိမ်းဌာန၏ ဒါရိုက်တာမဟုတ်ဘဲ လူငယ်တစ်ဦးဖြစ်နေသည်။

“ဂိမ်းရေးဆွဲရေးဌာနက အလုပ်သင်က သူဌေးနဲ့ ဖုန်းပြောချင်ပါတယ်တဲ့”

“အလုပ်သင်??”

အလုပ်သင်၏ အထက်မှာ ကြီးကြပ်သူများစွာရှိသော်လည်း သူ့ကိုဆက်သွယ်လာသည့်အပေါ် မာထန့်က အံ့အားသင့်မိသည်။

“လာနောက်နေတာလား။ တစ်နေ့တစ်နေ့ ငါ့ကိုတွေ့ချင်တဲ့သူမှ အများကြီးပဲ။ တချို့က ငါ့ကိုသတ်ချင်တာ။ တချို့ကကျ ဆုံဖူးချင်တာ ။ ငါတို့ ကုမ္ပဏီက ထုတ်တဲ့ ဂိမ်းတွေက နာမည်ကြီးနေတာကိုး”

“ဒါပေမဲ့ သူက ဆက်ပြောပါတယ်။ သူဌေးက သူ့ကို အတွေ့မခံဘူးဆို သူဌေးရဲ့ဂိမ်းတွေ ကမောက်ကမဖြစ်ကုန်မယ်တဲ့”

“ထားလိုက်စမ်းပါ။ အာရုံနောက်တယ်”

ကိုယ်ရေးအရာရှိလည်း အမိန့်အတိုင်း ဖုန်းကိုချက်ချင်းချလိုက်သည်။ သူတို့ကုမ္ပဏီ၏ ဂိမ်းများကို သာမန်အလုပ်သင်တစ်ဦးက ဘယ်လိုများ ကမောက်ကမလုပ်နိုင်မည်နည်း။

“ဘာ..မစ္စတာထန့် ခင်ဗျား ကျုပ်ဖုန်းကိုချပစ်တယ်”

ဖန့်ကြွယ်ယွီက နေ့လည်စာထမင်းစားချိန်တွင် ဒါရိုက်တာ၏ဖုန်းဖြင့် ခေါ်လိုက်ခြင်းဖြစ်သည်။

“ဘာလဲ ငါက မလုပ်နိုင်ဘူး ထင်နေတယ်ပေါ့”

ရှယ်ယာဝယ်ယူသူမှာ ဖန့်ကြွယ်ယွီဖြစ်သည်။သူက ၁၁.၂%ရှယ်ယာကို ပိုင်ထားသော်လည်း မာထန့်ကို မကျော်လွန်နိုင်ပေ။

ဖန့်ကြွယ်ယွီ၏ ဂိမ်းအစီအစဉ်သည် ကြီးမားသော ပရောဂျက်ဖြစ်သည်။မစ္စတာထန့်ကလည်း ထိုအကြံကို သဘောတူလိမ့်မည်မဟုတ်ပေ။ စူပါကွန်ပျူတာတစ်လုံးတည်းနှင့်ပင် ပိုက်ဆံအများကြီးကုန်ပေသည်။

ထိုအခါ သူလုပ်ပိုင်ခွင့်များများရရန် ရှယ်ယာများကို များများဝယ်ဖို့ပဲရှိတော့သည်။ သူ့အနေဖြင့် လှည့်ကွက်များကို ပါးပါးနပ်နပ်သုံးရပေလိမ့်မည်။

ဖန့်ကြွယ်ယွီက နာမည်ကြီးလာသည်နှင့် အမျှ ပရိတ်သက်များလာသည်။အပတ်စဉ်တိုင်း ကံစမ်းမဲဖောက်ပေးတေသောလူကို မည်သူကမေ့လိမ့်မည်နည်း။

အခုချိန်မှာ ဖန့်ကြွယ်ယွီသည် ငွေသားလက်ဆောင်များ ချီးမြှင့်ပေးရန် ပြင်ဆင်တော့သည်။

သူက အဖွဲ့တစ်ဖွဲ့ကိုဖွင့်လိုက်ပြီး စာအိတ်တစ်အိတ်စီမှာ ယွမ် ၂၀၀ထည့်ထားသော အနီရောင်စာအိတ်ပေါင်း ၁၀၀ကို ပို့လိုက်သည်။

အဖွဲ့ဝင် ၂၀၀၀ရှိသော ထိုအဖွဲ့သည် ချက်ချင်းအသက်ဝင်လှုပ်ရှားလာပြီး စာအိတ်များကို သူ့ထက်ငါအပြိုင်အဆိုင် ယူကြသည်။

“ဝိုး ဥက္ကဌ ..လျှို့ဝှက်နံပါတ်ကိုမှတ်မိသေးသားပဲ”

“ရေး တစ်အိတ်ရပြီ”

“ကျေးဇူးပါ ဥက္ကဌဖန့်”

“မိတ်ဆွေတို့ ငါ့ကိုကူညီကြပါဦး” ဟု ဖန့်ကြွယ်ယွီကရေးလိုက်သည်။

“ဥက္ကဌ. မင်းနဲ့ ဥက္ကဌမာ ထိပ်တိုက်ရင်ဆိုင်နေကြတာလား”

“ဥက္ကဌက Tencent ကုမ္ပဏီကို ဝယ်ဖို့ ကြံနေတာလား။ ဥက္ကဌဝယ်လိုက်ရင် ဂိမ်းတွေက ပိုပြီးကောင်းလာတော့မှာ”

“ဥက္ကဌကြံရင် ဘယ်အရာမဆိုဖြစ်ပါတယ်”

All Chapters