ဥက္ကဌမာကမတွေးမိဘူး
Vol. 13 Ch. 176
“ကလင် ကလင် ကလင်”
မာထန့်၏ ဖုန်းမြည်လာခဲ့သည်။ သူက ဖုန်းကိုချက်ချင်းမကိုင်သေးဘဲ ကိုင်သင့်မကိုင်သင့် တွေဝေနေသည်။
“ဟဲလို ..မာထန့်ပြောနေပါတယ်”
“မစ္စတာ မာ နောက်ဆုံးတော့ ဖုန်းကိုင်ပြီပဲ” တစ်ဖက်က လူငယ်အသံလေးထွက်လာသည်။
“ခင်ဗျား ငါ့ကို မတွေ့ဘူးဆို tencent ကုမ္ပဏီက ဒုက္ခရောက်မယ်လို့ ငါပြောခဲ့တယ်လေ။ဒါနဲ့မှ မလုံလောက်သေးဘူးဆို နောက်ထပ် game တစ်ခုကို မနက်ဖြန် ဒီပုံစံအတိုင်းလုပ်ပြမယ်လေ”
“မင်းဘာဖြစ်ချင်နေတာလဲ” မစ္စတာထန့်က ဒေါသထွက်လာသည်။
သူက ဂိမ်းအတွက် ပိုက်ဆံအမြောက်အမြား သုံးစွဲပြီး ဒုက္ခပေးရန် ကြံစည်နေသည်။ သူက ရိုးရိုးတမ်းတမ်း ဂိမ်းဆော့နေသည်ဟု ထင်မြင်နိုင်ဖွယ်ရှိသော်ငြား အမှန်က တခြားလူများထိုဂိမ်းကို မကစားစေရန် နည်းလမ်းပေါင်းစုံသုံးပြီးကြံစည်နေခြင်းဖြစ်သည်။
သူကသာ နောက်ထပ် ၁၀ရက် ၁၅ရက်လောက် ဒီပုံစံအတိုင်း နှောင့်ယှက်နေပါက ဒီဂိမ်းကို ဖျက်သိမ်း ရပေတော့မည်။
“အရင်ရက်တုန်းက ပြောခဲ့တယ်လေ။ စီးပွါးရေးကိစ္စလေးဆွေးနွေးချင်လို့ မစ္စတာမာနဲ့ တွေ့ချင်ပါတယ် လို့ပြောခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက အခွင့်အရေးမပေးနေတော့ ဒီနည်းလမ်းပဲ သုံးရတော့တာပေါ့”
“ပိုက်ဆံတွေဖြုန်းပစ်နေတာက မင်းနည်းလမ်းလား”
ဂိမ်းအကောင့် တစ်ထောင်ကျော်အတွက် ဘီလီယံနှင့်ချီပြီး အသုံးပြုခဲ့သော ဖန့်ကြွယ်ယွီအတွက် ပိုက်ဆံက အလွန်ပေါနေသလားဟု မေးခွန်းထုတ်စရာဖြစ်လာသည်။
“အင်း ခင်ဗျားပြောတာလည်းမှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံဆိုတာ ခင်ဗျားအတွက်တော့ ကိန်းဂဏန်းဆိုပေမဲ့ ငါ့အတွက်က ဘာမှမဟုတ်ဘူး။ ကဲ အဲ့တာတွေ အသာထားပါ။ စီးပွါးရေးအကြောင်းပြောကြစို့”
“ဟူး… ကောင်းပြီလေ”
မစ္စတာမာက မငြင်းဆန်နိုင်တော့ပေ။ “ငါက အခုရုံးခန်းထဲမှာရှိတယ်။ မင်း ဘယ်အချိန်ရောက်မှာလဲ”
“ငါက ဂိမ်းဌာနမှာ အလုပ်သင်ဆင်းနေတာပါ။ မစ္စတာမာ အဲ့မှာ ခဏစောင့်နေဦး။ ခဏနေ ချက်ချင်းရောက်မယ်”
ဖန့်ကြွယ်ယွီက ဖုန်းချပြီး လှေကားပေါ်ပြေးတက်သွားသည်။
“အလုပ်သင် ဟုတ်လား”
မစ္စတာမာ၏ စိတ်ထဲဒွိဟဖြစ်လာသည်။ မည်သည့် အလုပ်သင်က ဂိမ်းတစ်ခုကို ကမောက်ကမဖြစ်ရန် ဒေါ်လာနှစ်ဘီလီယံ သုံးလိမ့်မည်နည်း။ သူ့ကုမ္ပဏီမှာ ဘယ်အချိန်ကများ ဒီလိုလူပေါ်လာခဲ့တာလဲ။
ခဏအကြာမှာ “ဒေါက် ဒေါက် ဒေါက်”
ဖန့်ကြွယ်ယွီက မစ္စတာမာ၏ ရုံးခန်းတံခါးကိုခေါက်သည်။
“မစ္စတာမာ ကျွန်တော်အထဲဝင်လာလို့ရမလား”
“ဝင်ခဲ့ပါ”
ဒီလူငယ်လေးက သူ့ကို ဘာကြောင့်် သည်းကြီးမည်းကြီးရှာချင်လဲဆိုတာ သိချင်နေသည်။
“ကျေးဇူးပါဗျာ” ဖန့်ကြွယ်ယွီက တံခါးကိုဖွင့်ပြီး ဝင်လာခဲ့သည်။
မစ္စတာမာက စားပွဲခုံမှာ ထိုင်နေသည်။ ဖန့်ကြွယ်ယွီ၏ အသက်က သူထင်ထားသည်ထက် အများကြီးငယ်ရွယ်နေသဖြင့် အံ့အားသင့်ရသည်။ သေချာအနီးကပ်ကြည့်တော့မှ ဖန့်ကြွယ်ယွီ၏ မျက်နှာကို ရင်းရင်းနှီးနှီးတွေ့ဖူးနေသလို ခံစားမိသည်။
“မစ္စတာမာ နာမည်ကို ကြားဖူးနေတာကြာခဲ့ပါပြီ။ ငါ့ရဲ့ ကလေးဘဝတစ်လျှောက်လုံး tencentက ဂိမ်းတွေဆော့ပြီး ကြီးပြင်းလာခဲ့တာပါ။ ခုတော့ အပြင်မှာ လူချင်းတွေ့ဖူးပြီ။ ဪ ဒါနဲ့ ငါ့နာမည်က ဖန့်ကြွယ်ယွီလို့ခေါ်ပါတယ်။ ခင်ဗျား ငါ့ကိုကြားဖူးမှာပါ”
“ဪ မင်းကိုး”ကောင်လေးက အခုတလော ဝီဘိုမှာ နာမည်ကြီးနေသူမို့ သူ့စိတ်ထဲရင်းနှီးနေခြင်းဖြစ်သည်။ အခုတော့ သူက ဝမ်ချုံးနီးပါး နာမည်ကြီးသူဌေးသားတစ်ဦးဖြစ်လာခဲ့သည်။
တကယ်တော့ မစ္စတာမာသည် ဖန့်ကြွယ်ယွီအပေါ် အာရုံမရှိပေ။ ဝမ်ချုံးနှင့် ဖန့်ကြွယ်ယွီသည် မိဘအရှိန်အဝါကြောင့် ချမ်းသာပြီး နာမည်ကြီးသူများဖြစ်တာမို့ အထင်မကြီးပေ။ ဝမ်ချုံး၏ ဖခင် ဝမ်လင်းကိုသာ အထင်ကြီးသည်။
ဖန့်ကြွယ်ယွီက ဒေါ်လာ၃၀ဘီလီယံ ကိုလှူဒါန်းပြကတည်းက မစ္စတာမာ၏ အမြင်များ ပြောင်းလဲခဲ့သည်။ သူတောင်မှ ထိုပမာဏကို မလှူဒါန်းနိုင်ပေ
သူက ဖန့်ကြွယ်ယွီဟူသော လူငယ်လေးနှင့် ဆုံဖူးချင်သည်ဟု ဆန္ဒပြုခဲ့ဖူးသည်။ သို့သော် ယခုလို ပုံစံမျိုးနှင့် မတွေ့လိုပေ။
“မစ္စတာဖန့်လည်း နာမည်ကြီးတာပဲလေ”
“မစ္စတာ မာကို တွေ့ရဖို့ကလည်း တယ်ခက်သကိုး”
မစ္စတာမာ၏ စိတ်ထဲမှာ ဖန့်ကြွယ်ယွီကို ကျိန်ဆဲနေမိသည်။ ကိစ္စများက ကမောက်ကမ ဖြစ်လာမည်ကို သူသာ စောစောကြိုသိခဲ့လျှင် အမြန်ဆုံးတွေ့ဖို့ စီစဉ်နေလောက်သည်။
“ငါတို့ ကုမ္ပဏီရဲ့ရှယ်ယာ ၁၁.၂%ကိုဝယ်တာ မင်း မလား”
“ဟုတ်ပါတယ်။ကျွန်တော်ဝယ်တာပါ” ဟု မဆိုင်းမတွ ပြန်ဖြေသည်။
“ဒီရှယ်ယာတွေကို ဘာလို့ ဝယ်ရတာလဲ မစ္စတာဖန့်။ မင်း ရည်ရွယ်ချက်က ဘာများလဲ”
“မစ္စတာဖန့် မင်းက ဒေါ်လာသုံးဆယ်ဘီလီယံကို လှူတယ်။ နောက်ထပ်တစ်ခါ ဒီရှယ်ယာတွေကို ဒေါ်လာ ၃၀ ဘီလီယံနဲ့ ဝယ်ပြန်ရော။ မင်းပိုင်ဆိုင်မှုတွေက ငါတို့မှန်းထားတာထက် များမဲ့ပုံပါ။ ဒီလောက်များပြားသောပမာဏနှင့်ဆို သူ့ကိုယ်ပိုင်ကုမ္ပဏီတောင် ထောင်နိုင်သည်။
“ကုမ္ပဏီတစ်ခုထောင်တယ်ဆိုတာ လွယ်တာမှတ်လို့။ နေရာရှာရယ် လူငှါးရမယ် အကုန်လုံး ဒုက္ခများတာတွေချည်းပဲ”
“ဟုတ်ပါပြီ”
“ငါက Tencentရဲ့ ဂိမ်းဌာနမှာ အလုပ်သင်ဆင်းနေတာပါ။မင်းရဲ့ “Fatal rhythm” ဆိုတဲ့ ဂိမ်းက အရမ်းမိုက်ပေမဲ့ တစ်ခုခုလိုနေသလိုပဲ။ ဒါကြောင့်မို့ tencentကို ငါဝယ်နိုင်ခဲ့ရင် ဒီဂိမ်းက ငါ့အပိုင်ဖြစ်ပြီးတော့ စိတ်ကြိုက်ပြောင်းလို့ရမယ်”
“ဘာပြောတယ်။ မင်းက ဂိမ်းကို ဒီဇိုင်းပြန်ဆွဲချင်တာနဲ့ပဲ ငါ့ကုမ္ပဏီကို ဝယ်ဖို့ စိတ်ကူးတယ် ဟုတ်လား။ မင်းမှာ ပိုက်ဆံထားစရာနေရာမရှိတော့ဘူးလား”
မာထန့်၏ စိတ်ထဲမှာ ဖန့်ကြွယ်ယွီကို အကြိမ်ပေါင်းများစွာကျိန်ဆဲနေမိသည်။ ထိုကဲ့သို့ အတွေးမျိုး ဖန့်ကြွယ်ယွီမှာရှိလိမ့်မည်ဟု သူတစ်ခါမှမတွေးထားပေ။
ထိုမျှလောက် ပိုက်ဆံနှင့်ဆို Fatal rhythm နှင့်အလားသဏ္ဌာန်တူသော ဂိမ်းဆယ်မျိုးလောက် ထွင်နိုင်သည်။သို့သော် ဘာကြောင့်များ tencent၏ ရှယ်ယာများကို ဆက်တိုင်ဆိုသလို ဝယ်ယူနေရတာလဲ။
အင်တာနက်ပေါ်တွင် နာမည်ကြီးသွားသော ဖန့်ကြွယ်ယွီ၏ လုပ်ရပ်တချို့ဖြစ်သည့် ဟယ်လီကော်ပတာနှင့် ကားကို လေပေါ်ပျံဝဲသယ်ဆောင်ခြင်း၊ ကားကို မီးသတ်တူဖြင့် ထုရိုက်ခွဲချေခြင်း စသော အရာများကို ကြည့်ပါက သူမလုပ်နိုင်သည့်အရာမရှိသလောက်ဖြစ်သည်ဟု ထင်ရမည်။
“မစ္စတာဖန့်..မင်းငါတို့ ဂိမ်းကို စိတ်ဝင်စားမယ်ဆို ငါတို့နဲ့ အကျိုးတူပူးပေါင်းနိုင်ပါတယ်”
ဖန့်ကြွယ်ယွီ၏ ကြွယ်ဝချမ်းသာမှုကို လျှော့တွက်လို့မရပေ။
“မဟုတ်ဘူး မစ္စတာမာ ဒီဂိမ်းအတွက် ငါ့မျှော်မှန်းချက်က ပေါ့သေးသေးမဟုတ်ဘူး။ ငါသာ ကုမ္ပဏီကို အပြည့်အဝထိန်းချုပ်ခွင့်မရဘူးဆို ဒီအကြံအစည်ကို အကောင်အထည်ဖော်ဖို့ မလွယ်ဘူးလေ။ ခင်ဗျား ရှယ်ယာရဲ့ 25% ကို ငါရချင်တယ်။ မစ္စတာမာ ငါ့ကို ရောင်းပေးနိုင်မလား”
အကယ်၍သာ မာထန့်ဆီက ၂၅% ရှယ်ယာကို ဝယ်ယူနိုင်ပါက ဖန့်ကြွယ်ယွီသည် ရှယ်ယာအများဆုံးပိုင်ဆိုင်မည့်သူ ဖြစ်လာနိုင်သည်။
“ငါ..” မာထန့်က ဘာပြန်ပြောရမှန်းတောင်မသိတော့ပေ။ သူသည် နှစ်ပေါင်း ၃၀လောက် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့သည်။ကွန်ပျူတာအစိတ်အပိုင်းများ ရောင်းဝယ်ဖောက်ကားသည့်အလုပ်ကို စတင်လုပ်ခဲ့ပြီး ယခုအချိန်မှာတော့ ထိပ်သီးကုမ္ပဏီတစ်ခု၏ ဥက္ကဌဖြစ်လာခဲ့ပြီဖြစ်သည်။
တောက်လျှောက် သူတွေ့ကြုံခံစားလာခဲ့ရသော ပင်ပမ်းဆင်းရဲမှုများ အခက်အခဲများက ပြောမပြတတ်အောင် များပြားပေသည်။
ယခုအချိန်မှာ အသက်-၂၀အရွယ်ကောင်လေးတစ်ဦးက ဂိမ်းတီထွင်ချင်စိတ်ကြောင့် သူ၏ ရှယ်ယာ ၂၅%ကို လိုချင်နေသည်။ သူသည် နေ့ချင်းညချင်းဆိုသလို သူဌေးနေရာမှ ဒုတိယအများဆုံးရှယ်ယာရှင်ဘဝကို ရောက်သွားပေဦးမည်။
ဒီဘက်ခေတ်လူငယ်များ၏ တွေးခေါ်ပုံကို လိုက်မမီတော့ပေ။
Tencent ၏ ယခုလောလောလတ်လတ် စျေးကွက်အနေအထားအရဆို ရှယ်ယာ၂၅% ကို အနည်းဆုံး ဒေါ်လာ ၇၅ ဘီလီယံဖြင့် ဝယ်ယူနိုင်သည်။ ဖန့်ကြွယ်ယွီက ထိုစျေးအနေအထားကို မသိနေပုံရသည်။
သူသုံးစွဲပြီးသော ၆၀ဘီလီယံပေါင်းထည့်ပါက စုစုပေါင်း ၁၃၅ ဘီလီယံ ဖြစ်သွားတော့မည်။ သူမှတ်မိသလောက်ဆို ၁၃၅ ဘီလီယံဆိုသော ပမာဏသည် ဖောဘိစ်စာရင်းထဲပါသော ထိပ်သီးသူဌေးတစ်ဦး၏ ပိုင်ဆိုင်မှုလောက် ရှိနေသည်။
ထိုပမာဏကို တွေးမိပြီး မာထန့်အံ့အားသင့်မိသည်။
“ဒီ ဖန့်ကြွယ်ယွီဆိုတဲ့ ကောင်လေးက အရမ်းချမ်းသာတာပဲ”