ငါကပြသနာတိုင်းကို ငွေနဲ့ဖြေရှင်းနေကျဖြစ်တယ်
Vol. 13 Ch. 177
“ဆောရီးပါ မစ္စတာဖန့် ငါရဲ့ ရှယ်ယာတွေကိုရောင်းဖို့ အစီအစဉ်မရှိပါဘူး”
ယခင်တုန်းက ကုမ္ပဏီ၏ လိုအပ်ချက်နှင့် ငွေကြေးအခြေအနေအရ သူပိုင်ဆိုင်သော ရှယ်ယာတချို့ကို မာထန့်က ရောင်းထုတ်ပြီးဖြစ်သည်။
ယခုအခါမှာတော့ Tencent ကုမ္ပဏီသည် အောင်မြင်သောအနေအထားတစ်ခုထိရောက်နေတာမို့ ရင်းနှီးမြှုပ်နှံမှုများစွာရှိသလို ငွေကြေးလည်း တောင့်တင်းခိုင်မာနေသည်။ ဒီလိုအချိန်မှာ သူ့ကို ရှယ်ယာရောင်းချဖို့ တောင်းဆိုခြင်းက မဖြစ်နိုင်ပေ။
“မစ္စတာမာ ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ တစ်ခုခုက မဖြစ်နိုင်တဲ့ အနေအထားမှာရှိနေမယ်ဆိုတာက သေချာပေါက် သဘောမတူရသေးလို့ဖြစ်နိုင်ပါတယ်။ ခင်ဗျားဘယ်လိုသဘောရလဲ” ဖန့်ကြွယ်ယွီက ပြုံးပြီးပြောသည်။
“ခင်ဗျားဘာကိုဆိုလိုချင်တာလဲ မစ္စတာဖန့်”
ဖန့်ကြွယ်ယွီက ပြုံးပြီးပြောနေသည့်ပုံစံက သူ့ဘက်က အပိုင်ဟုတွက်ထားပုံရသည်။
“ခင်ဗျားရဲ့ ရှယ်ယာ ၂၅ % အတွက် ဒေါ်လာ ၁၀၀ ဘီလီယံပေးမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ” ဖန့်ကြွယ်ယွီအတွက် ဒေါ်လာ ၁၀၀ဘီလီယံဆိုသော ပမာဏသည် ဘာမှ မဟုတ်သလိုပင်ဖြစ်သည်။
“ဘယ်လို”
မစ္စတာမာက ၁၀၀ဘီလီယံဟူသော ပမာဏကို ကြားပြီး သောက်လက်စ ကော်ဖီတောင် ပြန်ထွေးထုတ်မတတ် ဖြစ်သွားသည်။ ယခုလက်ရှိပေါက်စျေးအရ ရှယ်ယာ၂၅% သည် ၇၅ ဘီလီယံ တန်ကြေးရှိသည်။ ဖန့်ကြွယ်ယွီပေးသော ပမာဏက ပေါက်စျေးထက် ၃၀% ပိုများနေသည်။ ဒါကို မည်သူကများ ငြင်းဆန်နိုင်မည်နည်း။
မာထန်၏ တွေဝေမိန်းမောသွားသော ပုံစံကိုကြည့်ပြီး ဖန့်ကြွယ်ယွီ ပြုံးမိသည်။
တကယ့်လက်တွေ့မှာ ဖန့်ကြွယ်ယွီသည် မာထန့်ကြောင့် ဇဝေဇဝါဖြစ်ရသည်။ Tencentကုမ္ပဏီက ထုတ်သော ဂိမ်းများကို ကစားတိုင်း သို့ ကံစမ်းမဲနှိုက်သည့်အခါတိုင်းမှာ ကံဆိုးနေကျဖြစ်သည်။ထိုအချိန်မျိုးမှာ ဖန့်ကြွယ်ယွီက ရှုံးမဲမဲပြီး မာထန့်ကိုဆဲနေကျဖြစ်သည်။
“မစ္စတာဖန့်..အချိန်မဖြုန်းပါနဲ့တော့။ ငါ့ရှယ်ယာတွေကိုရောင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဂိမ်းဘက်မှာ မင်း ဘယ်လောက်ပဲ အနှောင့်အယှက်ပေးပေး ငါ့ဘက်က ရှယ်ယာကို ရောင်းဖို့ စိတ်ကူးမရှိဘူး”
၁၀၀ဘီလီယံဆိုသော ပမာဏသည် ရေတိုအတွက် များပြားသောပမာဏဖြစ်လင့်ကစား မာထန့်အတွက် အနာဂတ်အပိုင်းက ပိုပြီးအရေးကြီးသည်။ သူက ရှယ်ယာကိုရောင်းပြီးသည့်တိုင်အောင် ရှယ်ယာအများဆုံးလူအဖြစ် ဆက်ပြီးရှိနေပါက ရောင်းဖို့ တွေးချင်တွေးလိမ့်မည်။
“မစ္စတာမာ..ဒီလောက်နဲ့ ယတိပြတ် မဆုံးဖြတ်လိုက်ပါနဲ့။ ဒါဆိုရင် ၂၅% ရှယ်ယာရောင်းချဖို့အတွက် ငါ့ဘက်က ၁၅၀ဘီလီယံ ပေးမယ်ဆိုရင်ရော”
ဖန့်ကြွယ်ယွီက ကာလပေါက်စျေးထက် နှစ်ဆပိုပေးခဲ့သည်။
ကော်ဖီခွက်ကိုကိုင်ထားသော မာထန့်၏လက်များက တုန်ရီလာသည်။ ဖန့်ကြွယ်ယွီက သူ့အား ပိုက်ဆံနှင့် အနိုင်ပိုင်းရန် ကြံစည်နေသည်။
ကမ္ဘာ့အချမ်းသာဆုံးလူအတွက်တောင်မှ ၁၅၀ဘီလီယံဆိုသော ပမာဏကို တစ်လုံးတစ်ခဲတည်းပေးချေဖို့ မလွယ်ကူပေ။
သူ့လက်ထဲမှာ ဘာကြောင့်များ ဒီလောက်ပမာဏရှိနေရတာလဲ။
“မစ္စတာမာ စဉ်းစားနေပြီထင်တယ်”
၁၅၀ ဘီလီယံဟူသော ပမာဏသည် မစ္စတာမာအား ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် နေ့တွင်းညချင်း ပြောင်းလဲပစ်နိုင်သည်။
“မစ္စတာဖန့်.. ဒါကြီးက များလွန်းတယ်” မာထန့်က မျက်ရည်များပင် ဝဲတက်လာသည်။ ဖန့်ကြွယ်ယွီပေးသော ပမာဏကို သူ၏ကျန်နေသည့် ဘဝတစ်လျှောက်လုံးကြိုးစားပမ်းစား ရှာလျှင်တောင်မဖြစ်နိုင်ပေ။
သို့သော် Tencent ကုမ္ပဏီဆိုတာ သူ့ဘဝတစ်လျှောက်လုံးသွေး ချွေးတို့ဖြင့် ပြုစုပျိုးထောင်ခဲ့သော ကုမ္ပဏီဖြစ်တာမို့ ထိုကုမ္ပဏီကိုလက်လွှတ်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ပေ။
“ကဲ ဒီလိုလုပ်ဗျာ.. အဆုံးသတ်ပိတ်စျေး ၂၀၀ဘီလီယံဆိုရင်ရော ရောင်းနိုင်မလား”
မာထန့်၏ စိတ်ထဲ ရောင်းချဖို့ဘက်ကို ယိမ်းယိုင်နေပြီဆိုတာ သိလိုက်ရသည်။ သူ့ဘက်က ပိုက်ဆံဘယ်လောက်များများသုံးရမည်ကိုစိတ်မဝင်စားသလို ဘယ်လောက် ပြန်မည်ကိုလည်း မသိချင်ပေ။ သူက ဒေါ်လာဘီလီယံ ၃၀၀ကိုကုန်အောင် သုံးချင်စိတ်ပဲရှိသည်။
“မစ္စတာဖန့်..ခင်ဗျားကို မေးမယ်။ အမှန်အတိုင်းဖြေပါ။ ငါ့ရှယ်ယာတွေကို ဘာလို့ အသည်းအသန် ဝယ်ချင်နေရတာလဲ။ ဒီဂိမ်းတစ်ခုကို ထွင်ချင်လို့ဆိုတဲ့ အကြောင်းပြချက်ကို မယုံဘူး။”
ဖန့်ကြွယ်ယွီက သူ့ကုမ္ပဏီ၏ အလားအလာကို မြင်နေသောကြောင့် ဝယ်ယူလိုခြင်း ဖြစ်မည်ဟု ထင်လာမိသည်။ သူ၏ ရှယ်ယာများကို ၂၀၀ဘီလီယံဖြင့် ဝယ်ယူရန် တန်ရဲ့လားဟု တွေးမိသည်။
“ငါ ခင်ဗျားကုမ္ပဏီကိုလည်း စိတ်မဝင်စားသလို အမြတ်ဘယ်လောက်ပြန်ရမလဲဆိုတာလည်း မသိချင်ဘူး။ ငါက ပိုက်ဆံကိုသုံးပစ်ပြီးတော့ ဂိမ်းဆော့ချင်တာပဲရှိတာ။ အဲ့ထက် ဘာမှမပိုဘူး”
သူက ဂိမ်းဆော့ချင်ရုံသပ်သပ်ဖြင့် ဒေါ်လာ၂၀၀ဘီလီယံကို အသုံးပြုချင်နေတာလား။
“လူချမ်းသာတွေကိုမုန်းလိုက်တာ” သူမငြင်းရက်နိုင်သော ပမာဏကို မက်လုံးပေးပြီး ဆွဲဆောင်နေခြင်းဖြစ်သည်။
ထိုပမာဏကို ငြင်းလိုက်ပါက ရက်ပေါင်းများစွာ စားမဝင် အိပ်မပျော်ဖြစ်ရတော့မည်။
“ငါ့ရှယ်ယာတွေကို မင်းကို ရောင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဆက်ပြီးညွှန်ကြားဖို့နဲ့ အရေးကြီးဆုံးဖြတ်ချက်တွေချနိုင်ဖို့ ငါပဲ ဆက်ပြီးတာဝန်ယူမယ် ရမလား” ဖန့်ကြွယ်ယွီ၏ ပြောစကားများအရဆို သူသည် ကုမ္ပဏီကိစ္စများ အပေါ် စိတ်ဝင်စားသည့် ပုံမပေါ်နေပေ။
“ရတယ်။ အဆင်ပြေတယ်။ “ သူ့အစား ကုမ္ပဏီကို စီမံအုပ်ချုပ်မည့်သူ ရှိနေခြင်းက ဖန့်ကြွယ်ယွီ၏ အကြိုက်ဖြစ်သည်။ သူ၏ အကြံအစည်မှာ ထိုဂိမ်းတစ်ခုသာဖြစ်သည်။
“ဒီကောင်တကယ် ဘာရည်မှန်းချက်မှမရှိတာလား” မာထန့်က တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
“ကဲ အောင်မြင်တဲ့အကျိုးတူပူးပေါင်းမှုကိုလုပ်ကြတာပေါ့” ဖန့်ကြွယ်ယွီက သူ၏ခွက်နှင့် မာထန့်၏ခွက်ကို တိုက်လိုက်သည်။
“ဒါဆို မစ္စတာဖန့်က Fatal Action ကို ဘယ်လိုမျိုးပြုပြင်မယ်စဉ်းစားထားလဲ”
မစ္စတာမာက သူ၏ အကြံအစည်ကို စိတ်ဝင်စားနေသည်။
“ဂိမ်းထဲမှာ ပါတဲ့ နည်းပညာက အဆင်မပြေတာလား။ ဒါမှမဟုတ် ဂိမ်းထဲမှာ ဘာပြသနာများရှိနေလို့လဲ”
“တစ်ခုမှ မဟုတ်ပါဘူး။ ဒီဂိမ်းကို ပြင်ပကမ္ဘာနဲ့ ၈၀% လောက်တူညီတဲ့ အနေအထားထိရောက်အောင် ပြင်မလို့။ အရုပ်ရော၊ အသံရော၊အထိအတွေ့၊ နာကျင်မှု၊ ပင်ပန်းမှုရောအားလုံးပေါ့”
“မဖြစ်နိုင်ဘူးထင်တယ်”
စျေးကွက်ထဲမှာ VR ဂိမ်းများရှိနေသော်လည်း အရုပ်နှင့် အသံပိုင်းဆိုင်ရာ အာရုံခံစားမှုများပါသည်။ နာကျင်မှု၊ အထိအတွေ့များပါ ပြင်ပနှင့် ထပ်တူညီအောင် လုပ်ဖို့ဆိုတာ ယခုလက်ရှိနည်းပညာနှင့် မဖြစ်နိုင်ပေ။
“တခြားလူတွေ မလုပ်နိုင်ဘူးဆိုတိုင်း ငါမလုပ်နိုင်တာမှ မဟုတ်နေတာ။ ပြောရမယ်ဆို ငါ့မှာ အဆင့်မြင့်နည်းပညာတွေများစွာရှိတာမို့ ငါပြောတဲ့အကြံအစည်ကို အသာလေးထွင်နိုင်တယ်။ နည်းပညာအထောက်အပံ့နဲ့ဆို လူတစ်ဦးရဲ့ ခံစားမှု ၈၀%လောက်ကို ဂိမ်းထဲမှာဝင်အောင် လုပ်နိုင်တယ်”
“အာ့ အမှန်ပဲလား”
ဖန့်ကြွယ်ယွီက မလုပ်နိုင်ဘဲ ပြောလိမ့်မည်မဟုတ်ဘူးဆိုတာ မစ္စတာမာသိနေသည်။
ဖန့်ကြွယ်ယွီပြောသည့်အတိုင်း ဂိမ်းကို တီထွင်နိုင်ပါက တကမ္ဘာလုံးအနှံ့နာမည်ကြီးပြီး အမြတ်အစွန်းပေါင်းများစွာရလာလိမ့်မည်။ထိုအချိန်တွင် Tencentကုမ္ပဏီသည် ဂိမ်းလောကတွင် နံပါတ်တစ်ဖြစ်လာတော့မည်။
“ဒါပေါ့ မဟုတ်ရင် ငါက မစ္စတာမာကို လာတွေ့ပါ့မလား”
“ဒါပေမဲ့ မင်းမှာနည်းပညာရှိမယ်ဆို ဂိမ်းကုမ္ပဏီ သီးသန့်ထောင်နိုင်တယ်။ မင်းပြောတဲ့ ဂိမ်းထွက်လာလျှင် စျေးကွက်မှာ နေရာယူနိုင်ပြီး ငါတို့ Tencentကုမ္ပဏီတောင် အထိနာနေမှာ”
“မစ္စတာမာ ငါပြောဖူးတယ်မလား။ ငါက ပြသနာတွေကို မုန်းတယ်။ ပြသနာတစ်ခုခုနဲ့ ကြုံလာတိုင်း ပိုက်ဆံလမ်းခင်းပြီး ရှင်းပစ်လိုက်တာပဲ”