မင်းက အချမ်းသာဆုံးလူပဲ
Vol. 13 Ch. 179
“မစ္စတာဖန့် ဒီနည်းပညာကို နိုင်ငံအတွက် ပိုပြီး အထောက်အကူဖြစ်စေမဲ့ တစ်နေရာရာမှာအသုံးပြုမယ်လို့ တွေးဖူးလား။ ဥပမာ စစ်တပ်လေ့ကျင့်ရေးအတွက်ဆိုကုန်ကျစရိတ်သက်သက်သာသာနဲ့ ရလဒ်ကောင်းထွက်နိုင်မယ်”
ဖန့်ကြွယ်ယွီက ဂိမ်းတီထွင်ဖို့သာတွေးမိပြီး မာထန့်ပြောသည့်အပိုင်းကို မတွေးဖူးပေ။ မာထန့်ပြောမှသာ သူ့မျက်စိထဲမြင်ယောင်လာမိသည်။
“ဟုတ်သားပဲ” ဖန့်ကြွယ်ယွီက သူ့နဖူးကို ဖြောင်းခနဲ အသံမြည်အောင်ရိုက်လိုက်သည်။ သူတို့နိုင်ငံက နှစ်စဉ်နှစ်တိုင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်သောအခါ ကုန်ကျစရိတ်များသည့်အပြင် ထိခိုက်ဒဏ်ရာရသူများ အပါအဝင် အသေအပျောက်ပါများသည်။ ဤစနစ်နှင့်ဆို ကုန်ကျစရိတ်မရှိနိုင်တော့ပေ။
ဆာဗာများနှင့် စူပါကွန်ပျူတာတပ်ဆင်ဖို့အတွက်သာ ကုန်ကျစရိတ်ရှိနိုင်သည်။တခြားကုန်ကျစရိတ်က လူတစ်ဦးစီဦးထုပ်တစ်လုံးဆောင်းဖို့ကုန်ကျစရိတ်ပဲရှိမည်။ နိုင်ငံကြီးများအတွက် စစ်ရေးအသုံးပြုမှုစရိတ်သည် အဆမတန်များပြားသည်။
ဖန့်ကြွယ်ယွီက ဒီနည်းပညာကို နိုင်ငံတိုးတက်ဖို့ မျှဝေပေးနိုင်သည်။ သူက ပိုက်ဆံအများကြီး ရင်းနှီးမြှုပ်နှံရုံသာမက နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်သည်။
ထိုအချက်ကိုစဉ်းစားမိမှ နည်းပညာကို နိုင်ငံကောင်းကျိုးအတွက် လှူဒါန်းလိုက်ခြင်းက ပထမအဆင့်ပြီးမြောက်ဖို့ ပိုမိုမြန်ဆန်လိမ့်မည်။
“ဟားး မစ္စတာမာ..ခင်ဗျားကျွန်တော့်ကိုကူညီလိုက်တာပဲ။ လာ ခင်ဗျားကို ကောင်းကောင်းဧည့်ခံမယ်။ ကျုပ်အိမ်က စားဖိုမှူးက ရှယ်စားဖိုမှူးဗျ”
“ဟမ်” သူပေးသော အကြံဥာဏ်က ဘာတွေများ အသုံးဝင်သွားလဲဆိုတာ မာထန့်မတွေးတတ်အောင်ဖြစ်ရသည်။
ဖန့်ကြွယ်ယွီ၏ စာဖိုးမှူး ချက်ပြုတ်ပြင်ဆင်ပေးသော ဟင်းလျာများကို မစ္စတာမာက အထူးကြိုက်နှစ်သက်သည်။
စားသောက်ပြီးနောက် မာထန့်၏ ဝန်ထမ်းက ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ် ကိုယူလာခဲ့သည်။လက်မှတ်ရေးထိုးပြီးနောက် ဖန့်ကြွယ်ယွီသည် Tencent ကုမ္ပဏီ၏ရှယ်ယာအများ ဆုံးလူတစ်ဦးဖြစ်လာခဲ့သည်။
“ဟူး” သူ့ဘဝတစ်လျှောက်လုံးအမြတ်တနိုး ပြုစုပျိုးထောင်ခဲ့သော ကုမ္ပဏီကို အခြားတစ်ဦးထံလွှဲပြောင်းပေးအပ်ရသည်မှာ မလွယ်ကူပေ။ ခုချိန်ကစပြီး Tencentကုမ္ပဏီ၏လုပ်ငန်းများကို ဖန့်ကြွယ်ယွီ၏ နာမည်ဖြင့် ဆက်လက်လုပ်ကိုင်တော့မည်။
“မစ္စတာမာ ဘာမှ စိတ်မပျက်ပါနဲ့။ ခင်ဗျား ငါ့ကိုရောင်းတဲ့ရှယ်ယာတွေကနေတစ်ဆင့် ပိုက်ဆံအများကြီး ပြန်ရမှာပါ။ခင်ဗျားလက်ထဲမှာရှိနေတဲ့ ၃၇%က ခင်ဗျားကို အံ့အားသင့်စေမှာပါ”
“ယုံပါတယ်ဗျာ”
ဖန့်ကြွယ်ယွီ၏ နည်းပညာကို မည်သည့်ကုမ္ပဏီကမှ မလိုက်မီပေ။ထို့ကြောင့် Tencent ကုမ္ပဏီသည် ဂိမ်းလောကမှာ ဆရာတစ်ဆူဖြစ်လာတော့မည်။
ဒီဂိမ်းကို အခြားသောဂိမ်းအမျိုးအစားများအတွက်ပါ အသုံးပြုနိုင်သည်။အင်တာနက်ကုမ္ပဏီအများစု၏ အမြတ်ငွေက ဂိမ်းမှရသည်။ ဂိမ်းလောကကို လွှမ်းမိုးထားနိုင်ပါက အင်တာနက်လောကတစ်ခုလုံး၏ ထိပ်တန်းပထမနေရာကို ရယူနိုင်သည်။
“မစ္စတာမာ ကုမ္ပဏီကိစ္စကိုတော့ ခင်ဗျားပဲဆက်ပြီးတာဝန်ယူပေးပါ။ အရေးကြီးဆုံးဖြတ်စရာရှိလာမှသာ ငါ့ကိုဆက်သွယ်ပါ”
ဖန့်ကြွယ်ယွီက ကုမ္ပဏီကိစ္စများကို ဝင်မပါသည့်အတွက် မစ္စတာမာစိတ်အေးရသည်။ သို့မဟုတ်ပါက သူတို့နှစ်ဦး သဘောထားချင်းကွဲလွဲနိုင်သည်။
“ဆာဗာတပ်ဖို့ ငါလူရှာပေးမယ်။ မစ္စတာမာ..ဒီထဲမှာနည်းပညာလျှို့ဝှက်ချက်ပါနေတာမို့ လူတွေကို သိပ်မသိစေလိုဘူး။ဆာဗာတွေကို နေ့စဉ်ထိန်းသိမ်းပြုပြင်ဖို့အတွက် အရည်အချင်းရှိတဲ့ လူတစ်စုပဲလိုတာ။ စူပါကွန်ပျူတာအတွက်လည်းငါ့တာဝန်ထားပါ”
ဖန့်ကြွယ်ယွီက ဒီနည်းပညာကို မည်သူ့ကိုမှ မသိလိုပေ
“ကောင်းပြီ။ ခုချိန်ကစပြီး ပြင်ကြတာပေါ့လေ”
“ကဲ အဲ့တာဆို ဘာမှ မရှိတော့ဘူး။ တစ်ခုခုလိုအပ်တာရှိရင် ငါ့လက်ထောက်ကို ဆက်သွယ်ပါ။ ပိုက်ဆံဘီလီယံနဲ့ ချီပြီး လိုလာပြီ ဆိုလျှင်လည်း ချက်ချင်းလှမ်းပြောပေးပါ”
လွန်ခဲ့သောရက်များကတည်းက ဖန့်ကြွယ်ယွီ၏ ကြွယ်ဝချမ်းသာမှုကြောင့် အမြဲလိုလို အံ့အားသင့်ခဲ့ရသည်။သူ့အနေဖြင့် ဘာမှ ပြန်မချေပနိုင်ပေ။ လူချမ်းသာများနှင့် ဆက်ဆံရသည်က စိန်ခေါ်မှုများနှင့် အမြဲလိုလိုပြည့်နှက်နေသည်။
ကျွမ်းရီနှင့် နှုတ်ဆက်ပြီးနောက် မာထန့်၏ လက်ဝယ်ရှိနေသောရှယ်ယာ ၂၅% သည် ဖန့်ကြွယ်ယွီ၏ လက်ထဲကိုရောက်လာသည်။ မာထန့်၏ အသားတင်ပိုင်ဆိုင်မှုများသည်၂၀၀ ဘီလီယံ ကျော်လွန်သွားပြီး ဖောဘီစ်မဂ္ဂဇင်းဝင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ထက် သာလွန်သွားသည်။
“ဟား မစ္စတာမာ ဂုဏ်ယူပါတယ်။ ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားပြီ”
ဖန့်ကြွယ်ယွီက သူ့ဆီကရှယ်ယာဝယ်ယူတာအပြင် ဆာဗာတပ်ဆင်ခြင်းအတွက် ဒေါ်လာဘီလီယံနှင့် ချီပြီး ကုန်ကျလိမ့်မည်။ သူ၏ ချမ်းသာကြွယ်ဝမှုကို တွက်ကြည့်ပါက ဒေါ်လာ ဘီလီယံ ၄၀၀ကျော်ရှိလိမ့်မည်ဟု မှန်းဆကြသည်။
“မစ္စတာဖန့်က နောက်နေပြန်ပါပြီ။ ခင်ဗျားရဲ့ပိုင်ဆိုင်မှုနဲ့ယှဉ်ရင် ၂၀၀ဘီလီယံဆိုတာ အနည်းအကျဉ်းပါ။ ဟုတ်တယ်မဟုတ်လား”
“ဟား ခင်ဗျားသိနေတာပဲဟာ။ ငါ့ဘက်က အတည်ပြုပေးဖို့မှ မလိုတော့ဘူးလေ”
“ဟမ်”သူမှန်းဆထားသည့်အတိုင်း အမှန်တကယ်ဖြစ်နေသည်။ ထို့ကြောင့် ဖန့်ကြွယ်ယွီ၏ ကြွယ်ဝချမ်းသာမှုကို မတွက်ချက်နိုင်ပေ။
မာထန့်၏ ကိုယ်ရေးအရာရှိလည်း သူတို့နှစ်ဦးအချင်းချင်းအပြန်အလှန်ပြောဆိုနေသည့် စကားများကိုကြားပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူဌေးနှစ်ဦးက ဘီလီယံနှင့် ချီသောပမာဏအကြောင်း အပြန်အလှန် ဆွေးနွေးနေကြသည်။ သူတို့ဘေးနားမှာ သာမန်လူတစ်ဦးရပ်နေသည်ကို သိကြသေးရဲ့လားဟု ထင်မြင်ယူဆမိသည်။
စာရွက်စာတမ်းပေါင်းများစွာ လက်မှတ်ရေးထိုးပြီးနောက် မာထန့်နှင့် အဖွဲ့ထွက်သွားကြသည်။ ဖန့်ကြွယ်ယွီလည်း ဆာဗာနှင့် စူပါကွန်ပျူတာများ တည်ဆောက်ရန် ပြင်ဆင်တော့သည်။လိုအပ်သော အရင်းအမြစ်ကုတ်ဒ်များကို ရှောင်းရီ၏ ဒေတာဘေ့စ်ထဲမှာ သိမ်းဆည်းထားတာမို့ သူလုပ်ဆောင်သမျှ အရာအားလုံး ပြီးမြောက်စေရန် ကူညီပေးသည်။
“အာ..နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေနဲ့ ငါဘယ်လိုဆက်သွယ်ရမလဲ”
သူက နိုင်ငံ့ခေါင်းဆောင်နှင့်တစ်ကြိမ်တွေ့ဖူးသော်လည်း ဆက်သွယ်ရမည့်နံပါတ်ကို မတောင်းထားမိပေ။
“တင်း” ထိုအချိန်မှာ သူ၏ဖုန်းက မြည်လာပြန်သည်။ ဝမ်ချုံးက စာပို့လိုက်တာဖြစ်သည်။
“ဟေ့ရောင် မင်း Tencentကုမ္ပဏီကို ဝယ်လိုက်ပြန်ပြီပေါ့”
“ဟမ်” ခုမှ ဒီကိစ္စပြီးခဲ့တာကို သူကဘယ်လိုလုပ်ပြီး သိနေတာပါလိမ့်!!
ဖန့်ကြွယ်ယွီက ဝက်ဘ်ဆိုဒ်ကို ဖွင့်ကြည့်လိုက်သောအခါ Tencent၏ ရှယ်ယာပိုင်ဆိုင်မှုအပြောင်းအလဲကို မာထန့်က တင်ထားသည်ကို တွေ့ရသည်။ ဖန့်ကြွယ်ယွီသည် ၃၈.၁% ပိုင်ဆိုင်မှုဖြင့် ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ဖြစ်လာခဲ့သည်။
“ဟာ သူက ပြသနာရှာလိုက်ပြန်ပြီ။ ငါပြောပြီးသား ဂိမ်းဆော့ချင်လို့ ဝယ်တာပါဆို။ အဲ့တာကို ဒီလိုတွေလုပ်ပစ်လိုက်တယ်”
ဖန့်ကြွယ်ယွီက ဝီဘိုကို ဝင်မစစ်ခင်မှာ ဌာနမှူးဆီက ဖုန်းဝင်လာသည်။
“ဟဲလို ပါမောက္ခကျော”
“ဪ မင်းက ငါ့ကို ပါမောက္ခလို့တော့ မှတ်မိသေးတယ်ပေါ့”
“ကောင်စုတ်လေး.မင်းဘွဲ့ရဖို့ Tencentမှာ ငါက အလုပ်သင်ဆင်းခိုင်းခဲ့တာ။ မင်းက ငါ့ကို မကူညီတဲ့အပြင် Tencentက ရှယ်ယာတွေကိုပါဝယ်လိုက်သေးတယ်။ မင်းဘွဲ့မယူချင်တော့ဘူးလား”
“ကျွန်တော်ရှင်းပြပါရစေ ပါမောက္ခ အဲ့လိုမဟုတ်”
“ဘာမှ လာမရှင်းပြနဲ့။ မနက်ဖြန် NetEaseမှာ အလုပ်သွားဆင်း။မင်းNetEaseကိုပါထပ်ဝယ်ရင်
ဘွဲ့ယူဖို့ မစဉ်းစားနဲ့တော့ ငါပြောတာကြားလား”
“ဟက်ချိုး”ထိုအချိန်မှာ NetEaseပိုင်ရှင် တင်းလဲ့သည် ရုတ်တရက်နှာချေလာသည်။
“ဟမ် ငါ့အကြောင်းတစ်ယောက်ယောက်များ ပြောနေကြတာလား”