ဒီနည်းပညာကို နိုင်ငံတော်ကို ပေးချင်တယ်
Vol. 13 Ch. 180
လွန်ခဲ့သောလများမှာ ချီတုံနှင့် ကျန်းနန်တက္ကသိုလ်ရှိ ပါမောက္ခများ၏ ပူးပေါင်းဆောင်ရွက် မှုကြောင့်အပင်မျိုးရိုးဗီဇ ပြင်ဆင်ရေးလုပ်ငန်းစဉ်များသည် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး နာမည်ကြီး နိုင်ငံတကာဂျာနယ်တစ်စောင်ဖြစ်သော Natureတွင်လည်း ဖြန့်ဝေနိုင်ခဲ့သည်။
ထိုသုတေသနကို စာပေလောကရှိပညာရှင် အားလုံးလိုလို သဘောတွေ့ကျပြီး ဇီဝဗေဒဆိုင်ရာ နိုဘယ်ဆုပေးရန် ပြင်ဆင်နေကြသည်။ ထိုအရာသည် ကျန်းနန်တက္ကသိုလ်၏ အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့သည်။
ချီတုံက အနားယူဖို့ ပြင်နေချိန်တွင် ဖန့်ကြွယ်ယွီထံမှ ဖုန်းဝင်လာသည်။
ဖန့်ကြွယ်ယွီက အကြောင်းရင်းမရှိဘဲ ခေါ်မည့်သူမဟုတ်ပေ။ အခုတလော သူ၏ ဌာနမှူးနှင့် မသင့်မြတ်ဘူးဆိုသော သတင်းခပ်သဲ့သဲ့ကြားမိသည်။ သူက အကူအညီတောင်းချင်လို့များလား။
“ဟဲလို ဖန့်..မင်းပြသနာတက်လာပြန်ပြီလား”
ဖန့်ကြွယ်ယွီက သူ၏ ဂျူနီယာတစ်ဦးလိုဖြစ်နေသည်။ ဖန့်ကြွယ်ယွီက သုတေသနအတွက် ငွေကြေးအပါအဝင် အစစအရာရာ ပံ့ပိုးကူညီပေးခဲ့သည်။
“မဟုတ်ပါဘူး။ တစ်ခုခုဆို ကျွန်တော်ကပြသနာရှာလာပြန်ပြီလို့ ထင်နေတာမလား”
“ဟား..ချစ်ဖို့ကောင်းအောင် ပြောမနေပါနဲ့တော့ကွာ”
“မင်းရဲ့ဌာနမှူးက အလုပ်သင်ဆင်းဖို့ Tencent လွှတ်လိုက်တာ မင်းက ရှယ်ယာတွေဝယ်ပစ်တာဆို။ သူနောက်ထပ် ထပ်လွှတ်တဲ့ NetEaseကိုရော ဝယ်ဦးမှာလား”
“ဟား ဆရာချီက သိနေတာလား”
“ခုလောလောဆယ်တော့ NetEaseကိုဝယ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မပြောတတ်ဘူး။ မူပိုင်ခွင့်ကိစ္စတွေကြောင့် သီချင်းတွေကိုစိတ်ကြိုက်နားထောင်လို့မရဘူး။ ကျွန်တော်သာ NetEaseကို ဝယ်ပြီးပြီဆို မူပိုင်ခွင့်တွေ အရင်ဦးဆုံးလိုက်ဝယ်မှာ”
“တော်ပါတော့ ဒီလောက်နဲ့ရပ်ထားပါဦး” Tencent၏ ရှယ်ယာများကို ဝယ်ထားသော ဖန့်ကြွယ်ယွီအနေနှင့် NetEaseကို ဝယ်ဖို့ဆိုတာ အလွယ်လေးဖြစ်သည်။
“မင်းကို အလုပ်သင်အနေနဲ့ လက်ခံတဲ့ကုမ္ပဏီတွေက ကံဆိုးတာပဲ။ ကဲပါ ဖုန်းဆက်ရတဲ့အကြောင်းကို ပြောပါဦး။ ခုလေးတင်မှ နိုဘယ်ဆုကိစ္စတွေပြီးစီးခဲ့တာမို့ အနားယူဖို့ ပြင်နေတာ”
“ခေါင်းဆောင်နဲ့ ဆက်သွယ်နိုင်ဖို့ ဆရာကူညီပေးနိုင်မလား”
“ဘာလို့ဆက်သွယ်ချင်တာလဲ”
“မကြာသေးခင်က ကျွန်တော့်ရဲ့ သုတေသနအဖွဲ့က အသစ်ရှာဖွေတွေ့ရှိထားတဲ့ အရာက နိုင်ငံရဲ့ စစ်တပ်အတွက် အသုံးတည့်မယ်ထင်လို့ပါ။ ဒါကြောင့်မို့ ဒီနည်းပညာကို နိုင်ငံတော်ကို ဝေမျှပေးချင်လို့ပါ”
“စစ်တပ်” ချီတုံက အံ့အားသင့်နေသည်။
“ခုလေးတင် ဇီဝဗေဒအတွက် တွေ့ရှိမှုအသစ်တစ်ခုဖော်ထုတ်ထားတာမလား။ အခုကျ စစ်တပ်နဲ့ ဘယ်လိုမျာဆက်စပ်သွားတာလဲ”
ဒီတစ်ကြိမ်မှာတော့ ချီတုံလည်း မတွေးတတ်တော့ပေ။
“အင်း ကျွန်တော့်ရဲ့ သုတေသနဌာနက နယ်ပယ်ပေါင်းစုံစမ်းသက်ကြလို့ပါ”
နောက်တစ်ကြိမ်ကျ စွမ်းအင်တို့ သတ္ထုတို့နဲ့ သက်ဆိုင်တဲ့ သုတေသနလာချင်လာမှာပေါ့”
“မင်းမှာ ပိုက်ဆံတွေဘယ်လောက်တောင်ရှိနေလို့လဲ”
သုတေသနတစ်ခုလုပ်ရသည်မှာ မလွယ်ကူပေ။ စက်ပစ္စည်းကိရိယာဝယ်ယူဖို့တစ်ခုတည်းနှင့်ပင် ဘီလီယံနှင့် ချီပြီးကုန်ကျနိုင်သည်။ ဖန့်ကြွယ်ယွီ၏ ပြောစကားအရဆို သူသည် နယ်ပယ်ပေါင်းစုံကို သုတေသနလုပ်နိုင်စွမ်းရှိပုံရသည်။
သုတေသနက အလွန်ကုန်ကျစရိတ်များသောလုပ်ငန်းတစ်ခုဖြစ်လင့်ကစား ဥာဏ်ပညာ၊ ဗဟုသုတပေါင်း များစွာပိုင်ဆိုင်ထားသော ရှောင်းရီ၏အကူအညီရှိသဖြင့် သုတေသနလုပ်စရာပင် မလိုနေပေ။
ပြောရမည်ဆို သူက သုတေသနအတွက် ငွေတစ်ပြားတစ်ချပ်မှကုန်ကျခဲ့ခြင်းမရှိပေ။ သုတေသနကို လက်တွေ့အကောင်အထည်ဖော်မှသာ ငွေကြေးသုံးစွဲရသည်။
“ဒီတစ်ကြိမ်မှာရော ဘာတွေတီထွင်ထားလဲဆိုတာပြောပြပါဦး”
“ပုံရိပ်ယောင်ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ခံစားချက်တွေကိုလက်တွေ့ကမ္ဘာမှာ ခံစားနေရသယောင်ပြုလုပ်ပေးမဲ့ VR စနစ်ပါ။”
“ဘာ ဘယ်လို”
သူသည် ဇီဝဗေဒဆိုင်ရာပညာရှင်တစ်ဦးဖြစ်သော်လည်း မည်သည့်နိုင်ငံမှာမှ ထိုကဲ့သို့ နည်းပညာ မပေါ်သေးဘူးဆိုတာ ချီတုံသိနေသည်။
ထိုနည်းပညာကိုသာ ဖန့်ကြွယ်ယွီ ဖန်တီးနိုင်ပါက ပုံရိပ်ယောင်ကမ္ဘာအတွက် ဖန်တီးမှုအသစ်တစ်ခုဖြစ်သည်။ ယခုမှသာ ဖန့်ကြွယ်ယွီက စစ်တပ်အတွက် အသုံးဝင်နိုင်သော နည်းပညာဟု ဘာကြောင့်ပြောဆိုရလဲဆိုတာ ချီတုံသဘောပေါက်နားလည်တော့သည်။
ဖန့်ကြွယ်ယွီ၏ နည်းပညာဖြင့် စစ်သားများသည် ပုံရိပ်ယောင်ကမ္ဘာ၏ စစ်ပွဲများမှာ သွားရောက်ဆင်နွှဲနိုင်ပြီး လက်တွေ့ကမ္ဘာမှာ စစ်တိုက်နေသလိုမျိုး ၁၀၀% နီးပါး တွေ့ကြုံခံစားစေမည်။
အကယ်၍ မတော်တဆဖြစ်လာခဲ့လျှင်လည်း ပြင်ပလောကမှာ ဖြစ်ပျက်တာမျိုးမဟုတ်ဘဲ ပုံရိပ်ယောင်လောကတွင် တွေ့ကြုံခံစားခြင်းဖြစ်သည်။
ထိုသို့လေ့ကျင့်သင်ကြားပေးပါက စစ်သည်တော်များ၏ တိုက်ခိုက်စွမ်းရည်များလည်း မှန်းဆမရနိုင်လောက်အောင် တိုးတက်လာလိမ့်မည်။ ထိုနည်းပညာကို တခြားသော ကဏ္ဍများဖြစ်သော ဆေးပညာ၊ ပညာရေးစသည်တို့တွင် လက်တွေ့အသုံးပြုနိုင်ပါက ရလဒ်က အံ့မခန်းဖြစ်ပေလိမ့်မည်။
“မင်းပြောတာ အမှန်တွေပဲလား”
“ဟုတ်ပါတယ်။ အမှန်တွေပါ။ ကျွန်တော်က မစ္စတာမာရဲ့ရှယ်ယာတွေကို ဘာလို့ ဝယ်လဲဆိုတာ သိလား”
“ဘာလို့လဲ”
“မစ္စတာမာ ဖန်တီးတီထွင်ထားတဲ့ ဂိမ်းကို လက်တွေ့လောကမှာ တွေ့ကြုံခံစားစေမဲ့ ဂိမ်းတစ်ခုအဖြစ်ပြောင်းလဲပြင်ဆင်ချင်လို့”
“မင်းကတော့ တတ်လည်းတတ်နိုင်ပါပေတယ် ဖန့်ကြွယ်ယွီ”
ဖန့်ကြွယ်ယွီသာ သူ့ရှေ့မှာ ရှိနေမည်ဆိုပါက ကြိမ်လုံးနှင့် ခပ်နာနာရိုက်ပစ်မှာဖြစ်သည်။ထိုကဲ့သို့ အဖိုးတန်လှသည့် နည်းပညာကို သူက အခြေအမြစ်မရှိသော ဂိမ်းအတွက် အသုံးပြုချင်နေသည်။
“မင်းက ဒီအတွက် ရှယ်ယာတွေ အများကြီးဝယ်ပစ်တာလား။ မင်းမှာ ပိုက်ဆံအများကြီးရှိ တယ်ဆိုအဲ့လိုဝယ်မဲ့အစား ငါတို့ ဓာတ်ခွဲခန်းကို လှူပေးပါတော့လားကွာ။ ငါတို့က လိုအပ်နေတာ”
“မင်းကိုတော့ ငါ ခပ်နာနာလေး ရိုက်ပစ်ချင်နေပြီ”
“ဆရာ ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့။ ခေါင်းဆောင်ကို ဆက်သွယ်နိုင်ဖို့ကူညီပေးပါလား”
“ဟုတ်ပါပြီ ကူညီပါ့မယ်”
နိုင်ငံတစ်နိုင်ငံအတွက် နည်းပညာ၏ အရေးပါမှုကို သူနားလည်တာမို့ ကူညီပေးမှရမည်။
ဒါဆို ခေါင်းဆောင်က ကျန်းနန်တက္ကသိုလ်ကို နောက်တစ်ခေါက်လာလည်ဦးမှာလား။
“ဟဲဟဲ ကျေးဇူးပါ ဆရာ။ အကယ်၍ နိုင်ငံက ဒီနည်းပညာကိုသုံးဖို့ ဆာဗာတည်ဆောက်ဖို့လိုအပ်လာပြီဆို ကျွန်တော်ကူညီပေးပါ့မယ်လို့ ခေါင်းဆောင်ကိုပြောပေးပါ”
“အရင် ပရောဂျက်လည်း လုပ်နေတုန်းမလား။ ရန်ပုံငွေအတွက် ဒေါ်လာ ၃၀၀ဘီလီယံပြင်ထားပါတယ်။ လိုအပ်မည်ဆို ပိုက်ဆံချက်ချင်းထုတ်ပြီး သုံးစွဲနိုင်ပါတယ်”
“ဒေါ်လာ ဘီလီယံ ၃၀၀”
သူ၏ သုတေသနအတွက် တစ်နှစ်မှာ ဒေါ်လာသန်းနှင့် ချီပြီး ရန်ပုံငွေရရန် မနည်းကြိုးစားရုန်းကန်ရသည်။ ဖန့်ကြွယ်ယွီကတော့ ဒေါ်လာ ၃၀၀ဘီလီယံကို ပေါ့ပေါ့သေးသေးသဘောဖြင့် ပြောနေသည်။
“မင်းဒီပိုက်ဆံတွေကိုဘယ်ကရလဲ။ငါ့ကို ပြောစမ်းပါဦး”
“ဟဲဟဲ ကျွန်တော့်မိဘတွေပဲ သိမှာပေါ့။ ဆရာသိချင်ရင် သူတို့ကိုမေးကြည့်တာပိုကောင်းမယ်။ တစ်ခုရှိတာက ဆရာ့ရဲ့ သုတေသနပရောဂျက်အတွက် ဒေါ်လာသန်း ၅၀၀လှူဒါန်းပါ့မယ် ဆရာ..အားမနာပါနဲ့ ဆရာလိုအပ်ရင် ပြောပါ”
“မင်းကိုဘယ်သူက အားနာနေလို့လဲ”
ယခုအချိန်မှ သူပင်စင်ယူသည့်အချိန်အထိ သုတေသနပရောဂျက်အတွင် ငွေကြေးအထောက် အပံ့နှင့်ပတ်သက် ပြီး စိတ်ပူစရာမလိုတော့ပေ။
စာစဉ်ပြီး၏