← Chapters

မင်းက ဒီဂိမ်းကိုဆော့ချင်လို့ နည်းပညာထွင်ခဲ့တာလား

Vol. 13 Ch. 178

မင်းက ဒီဂိမ်းကိုဆော့ချင်လို့ နည်းပညာထွင်ခဲ့တာလား

Vol. 13 Ch. 178

“မစ္စတာဖန့် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ခုလက်ရှိနည်းပညာအရဆို ခင်ဗျားပြောတဲ့ အကြံအစည်အကောင်အထည်ဖော်ဖို့ အနည်းဆုံးဆယ်နှစ်ကြာလိမ့်မယ်။ သက်သေပြနိုင်မဲ့ အထောက်အထားမရှိနေဘူးဆို ယုံဖို့ ခဲယဉ်းလိမ့်မယ်”

မာထန့်သည် လက်တွေ့ကျကျ ဆုံးဖြတ်တွေးခေါ်တတ်သူတစ်ဦးဖြစ်သည်။

“အဲ့တာတွေအတွက်လည်း ငါတွေးထားတာမို့ သေချာပြင်ဆင်ထားပါတယ် မစ္စတာမာ”

ဖန့်ကြွယ်ယွီက မာထန့်တွေးသမျှကို စဉ်းစားပြီးဖြစ်သည်။ ထိုအတွက်လည်း ရှောင်းရီက ပစ္စည်းတစ်ခုကို စမ်းသပ်ဖော်ထုတ်ထားပြီးဖြစ်သည်။ ရှောင်းရီက ဂိမ်းတစ်ခုနှင့်အတူ အထူးသီးသန့်ဦးထုပ်တစ်လုံးကို ထုတ်လုပ်ထားသည်။

သို့သော် နည်းပညာနှင့် အချိန်ကန့်သတ်ချက်အရ ရှောင်းရီသည် မူလတီထွင်မှုနှင့် ၇၀% ကျော်တူသော ဦးထုပ်တစ်လုံးကို သုံးရက်အတွင်းထုတ်ထားခဲ့ပြီးဖြစ်သည်။

“အို ဟုတ်လား”မာထန့်က စိတ်ဝင်စားသွားသည်။

“ခင်ဗျားကိုယ်တိုင် စမ်းသပ်နိုင်ဖို့ ပြင်ထားတာရှိတယ်။ ခင်ဗျားအချိန်ရမယ်ဆို ငါနဲ့ ခဏလိုက်ခဲ့ပါလား”

“ကောင်းတာပေါ့” မစ္စတာမာက ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်လိုစိတ်ပြင်းပြနေသည်။ သူ့ကို တော်ရုံဂိမ်းမျိုးက မဆွဲဆောင်နိုင်ပေ။

“မင်းက အလုပ်သင်လာဆင်းတာ ဒီကားစီးပြီး လာတာလား”

ဖန့်ကြွယ်ယွီ၏ Sun God ကားကိုကြည့်ပြီး မစ္စတာမာက အံ့အားသင့်မိသည်။ ထိုကားမျိုးကို ဂိမ်းဌာန တစ်ခုလုံးက ပေါင်းပြီးတောင် မစီးနိုင်ပေ။

“ဒီကားက ငါမောင်းဖို့ အဆင်ပြေဆုံးမို့လို့ပါ”

ဖန့်ကြွယ်ယွီ၏ ကားကို အသံဖြင့် အမိန့်ပေးခိုင်းစေသည်။ ကာတံခါးဖွင့်ခြင်းမှစပြီး အင်ဂျင်နှိုးသည်အထိ အသံဖြင့် အမိန့်ပေးစေခိုင်းနိုင်တာမို့ သိပ္ပံဆန်းကြယ်ဇာတ်ကားတစ်ကားအသွင်ဖြစ်သည်။ မည်သည့်နိုင်ငံကမှ သူ့ပြိုင်ကားလိုမျိုး မထုတ်နိုင်သေးပေ။

ဖန့်ကြွယ်ယွီက ပြင်ပကမ္ဘာမှာဖြစ်ပျက်နေသလို ခံစားရမည့် ဂိမ်းတီထွင်မည်ဆိုသော အကြံကို ယုံချင်သလိုလိုဖြစ်လာသည်။

ကောရှင်းယွီသည် အသံဖမ်းစတူဒီယိုတွင် အသံသွင်းနေသည်။ ကျွမ်းရီက လာဒီးနစ်မိသားစုကိစ္စများကို ဖြေရှင်းပေးနေသည်။ သန့်ရှင်းရေးလုပ်သည့်လူများမှလွဲပြီး သူ့အိမ်မှာ မည်သူမှ မရှိနေပေ

“မင်းက တကယ့်ကို အနုပညာအမြင်ရှိတာပဲ”

ဖန့်ကြွယ်ယွီ စုဆောင်းသိမ်းဆည်းထားသော အနုပညာလက်ရာများကိုကြည့်ပြီး မာထန့်က ကောက်ချက်ချမိသည်။

“သိပ်မများပါဘူး။ အနည်းအကျဉ်းလောက်ပါပဲဗျာ”

“မဟုတ်ပါဘူး တန်ကြေးများတဲ့ ပစ္စည်းတွေပါနေတာကိုဗျာ”

သို့သော် ဖန့်ကြွယ်ယွီ၏ အိမ်တွင် ဗင်းဂို့၏ ပန်းချီကားများချိတ်ဆွဲထားသည်ကို မြင်ရသောအခါ အတုအယောင်များဖြစ်နေမလားဟု သံသယဝင်မိသည်။ ထိုပစ္စည်းများဆိုတာ ဒေါ်လာသန်းနှင့် ချီပြီးပိုက်ဆံရှိလျှင်တောင် ဝယ်မရနိုင်ပေ။

ဖန့်ကြွယ်ယွီအတွက်ကတော့ ၅၀၀ဘီလီယံလောက်တန်ကြေးမရှိသော ပစ္စည်းများကို တန်ဖိုးကြီးသည်ဟု မမြင်မိပေ။

“ကဲ ရောက်ပါပြီဗျာ”

ဖန့်ကြွယ်ယွီ၏ အိမ်မှာ ဂိမ်းဆော့မည့်အခန်းဆိုပြီး သပ်သပ်ရှိသည်။ ရှောင်းရီပြင်ထားပေးသော ပစ္စည်းများက မနေ့ကတည်းက ရောက်နေပြီးဖြစ်သည်။ ဖန့်ကြွယ်ယွီစမ်းသပ်ကြည့်သောအခါ အိမ်မက်မက်နေသည့်အလား ခံစားမိသည်။

“ဝိုး”

ဂိမ်းဆော့သည့်အခန်းထဲဝင်သည်နှင့် ဖန့်ကြွယ်ယွီ အံ့အားသင့်မိသည်။ထိုနေရာက ဂိမ်းဆော့ဖို့ သပ်သပ်မဟုတ်ဘဲ ဓာတ်ခွဲခန်းတစ်ခုနှင့် တူနေသည်။

“မင်းပြောတာဒါလား”

မာထန့်က ဒေတာကြိုးများနှင့် ချိတ်ဆက်ထားသော ငွေရောင်ဦးထုပ်ကိုတွေ့လိုက်သည်။

“ဟုတ်တယ်” ဟု ဖန့်ကြွယ်ယွီက ရှင်းပြသည်။

“ဒီဦးထုပ်က ကိုယ့်အတွေးတွေကို ကွန်ပျူတာထဲမှာပေါ်လာဖို့ သုံးတဲ့ ကြားခံပစ္စည်းပေါ့။ စူပါကွန်ပျူတာ၏ မြင့်မားသော တွက်ချက်မှုနှင့်ဆို တုံ့ပြန်မှုကို ဒေတာနှင့် ဦးနှောက် လှုံ့ဆော်ချက်အသွင် ကူးပြောင်းပြီး လူ့ဦးနှောက်ရဲ့ အာရုံခံစားမှုအပိုင်းတွေဆီပို့ပေးတာ။ တကယ့်လက်တွေ့လောကနဲ့ ၇၀% လောက်တူညီတယ်”

“ခုပဲ စမ်းကြည့်လို့ရမလား” မာထန့်က မအောင့်နိုင်ဘဲမေးမိသည်။

“သိပ်ရတာပေါ့” ဖန့်ကြွယ်ယွီက ကွန်ပျူတာကို ဖွင့်ပြီး ဦးထုပ်နှင့် ချိတ်ဆက်ပေးလိုက်သည်။

“မစ္စတာမာ ထိုင်ပါ”

မစ္စတာမာက ကွန်ပျူတာရှေ့ရှိဂိမ်းထိုင်ခုံမှာ ထိုင်လိုက်သည်။

“အစပိုင်းတော့ နေရထိုင်ရခက်နေလိမ့်မယ်။ နောက်ပိုင်းကျ အဆင်ပြေသွားမှာပါ”

ဖန့်ကြွယ်ယွီကမစ္စတာမာအား ဦးထုပ်ဆောင်းပေးလိုက်သည်။

သူ၏စိတ်ထဲမှ ပြောမပြတ်တတ်သော ခံစားချက်ကို ခံစားလာမိသည်။ရုတ်တရက်ဆိုသလို သူ့ရှေ့မှာ တလက်လက်တောက်ပနေသောအလင်းတန်းရောက်လာသည်။ ခဏလေးအတွင်းမှာ သူသည် ပင်လယ်ပြင်ထဲမှာ ရွက်လွှင့်နေသော လှေပေါ်ရောက်နေသလိုလို ခံစားလာမိသည်။

“ဝေါ”

လှေကိုကြမ်းတမ်းသောလှိုင်းလုံးက ရိုက်ခတ်သွားသည်။ မာထန့်လည်း ဟန်ချက်မထိန်းနိုင်ဘဲ မြေပြင်ပေါ်ကျကာ သူ့ခြေထောက်က နာကျင်သောခံစားမှုကို သိလိုက်ရသည်။

“မစ္စတာမာ..နာကျင်မှုကို သိမြင်နိုင်စွမ်း ၁၀% ပဲ မြှင့်ရသေးတာ။ဘယ်လိုခံစားရလဲဆိုတာ သိစေချင်လို့”

“မိုက်လှချည်လား”

မစ္စတာမာက သူ၏ အကျီကို ကိုင်ကြည့်မိသည်။ စိုထိုင်းထိုင်းဖြစ်နေသော အကျီအဝတ်အစားကို စမ်းမိပြီး အပြင်မှာလက်တွေ့ဖြစ်နေသလို ခံစားမိသည်။

“ဒါက ဘာကြီးလဲ”

ရုတ်တရက်ဆိုသလို ရှေ့ဘက်ကပင်လယ်ဆီမှ ကြီးမားသော ခြေချောင်းလက်ချောင်းကြီးများပေါ်လာသည်။ ထိုအရာသည် ဆယ်မီတာလောက်ရှည်လျားသည်။

“ဂျွတ်”

လှေက ကွဲအက်သွားပြီး မာထန့်လည်း ပြင်းထန်သော အားကြောင့် လေပေါ်မြောက်တက်သွားသည်။ ငန်ကျိကျိဖြစ်နေသော ဆားငံရေနှင့် နစ်မွန်းသောခံစားချက်က သူ့ကိုလွှမ်းခြုံထားသဖြင့် သူက နေမထိထိုင်မသာ ဖြစ်လာသည်။ ထိုအချိန်မှာပင် သူခံစားသမျှ အရာအားလုံးက ချက်ချင်းဆိုသလို လွင့်ပျယ်သွားသည်။

မစ္စတာမာက ဦးထုပ်ကိုချွတ်လိုက်သောအခါ သူ့ကိုပြုံးပြီးကြည့်နေသော ဖန့်ကြွယ်ယွီကို မြင်လိုက်ရသည်။

“ဘယ်လိုလဲ မစ္စတာမာ”

“အရမ်းမိုက်တယ်”

သူ့ကိုယ်ပေါ်မှာ ဒဏ်ရာရှိမရှိ သေချာဆန်းစစ်မိသည်။အားလုံးက အိမ်မက်မက်နေသလိုဖြစ်သည်။

“ဒါကို မင်းတီထွင်ခဲ့တာလား”

“ဟုတ်တယ်”

“ဒီနည်းပညာကို ဂိမ်းအတွက်ပဲသုံးတာ နှမြောစရာမကောင်းနေဘူးလား”

ဖန့်ကြွယ်ယွီထက် အမြင်ကျယ်သော မာထန့်က ထိုနည်းပညာကို စစ်တပ်မှာသာအသုံးပြုပါက နိုင်ငံတော်ကာကွယ်ရေးအစွမ်းကို အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်နိုင်မည်ဆိုတာ သဘောပေါက်နားလည်သည်။

ဤနည်းပညာသည် နိုင်ငံတော်အဆင့်လျှို့ဝှက်ထိပ်တန်းနည်းပညာတစ်ခုဖြစ်သင့်သည်။ သို့သော် ဖန့်ကြွယ်ယွီက ဂိမ်းဆော့ဖို့အတွက်သာ အသုံးပြုခဲ့သည်။

“နှမြောစရာကြီးဟုတ်လား” ဖန့်ကြွယ်ယွီက ကွန်ပျူတာနောက်မှာရှိနေသော ဒေတာကြိုးကို ညွှန်ပြပြီး

“ တွေ့လား ငါ့အိမ်မှာဂိမ်းဆော့ဖို့အတွက် စူပါကွန်ပျူတာကိုသုံးတာ”

“ဟာ” မာထန့်၏ စိတ်ထဲမှာ အလွန်အမင်းအံ့အားသင့်ရသည်။ထိုကဲ့သို့ အစွမ်းထက်နည်းပညာကို ဂိမ်းဆော့ဖို့အတွက် မဟုတ်ဘဲ တခြားအသုံးတည့်မည့်နေရာများအတွက် အသုံးချသင့်သည်။

ပိုက်ဆံရှိသောသူများက ဘာလုပ်လုပ် အဆင်ပြေနေတာလား။

သူလည်းပဲ သူဌေးတစ်ဦးဖြစ်သော်ငြား ဂိမ်းဆော့ဖို့အတွက် သီးသန့်ဟုဆိုကာ စူပါကွန်ပျူတာကို မသုံးပေ။

“မင်းက ဒီဂိမ်းနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဖို့ စီစဉ်ထားတာလဲ”

“တစ်ဦးတည်းကစားတဲ့လူအတွက်တော့ ဘာမှသိပ်မလိုအပ်ဘူး။ ဒါပေမဲ့ အဆင့်မြင့်အွန်လိုင်းဂိမ်းတစ်ခုကို ဖန်တီးတော့မယ်ဆိုလျှင်တော့ အထူးစီမံထားတဲ့ ဆာဗာတွေနဲ့ စူပါကွန်ပျူတာတွေလိုလာပြီ”

“ကုန်ကျစရိတ်က ဘယ်လောက်လောက်ရှိမလဲ”

“ဦးထုပ်ကတော့ စျေးသိပ်မရှိပါဘူး။ ယွမ်၄၀၀၀လောက်ပါပဲ။ စူပါကွန်ပျူတာက ဒေါ်လာ ၁.၅ ဘီလီယံလောက် တန်ကြေးရှိမယ်။ အဲ့တာကလည်း ငါ့မှာ အချိတ်အဆက်တွေရှိတယ်ဆိုတော့ စိတ်ပူစရာမလိုဘူး။ အထူးစီမံထားတဲ့ ဆာဗာတွေကသာ စျေးကြီးမှာ”

“၁၀ဘီလီယံလောက်ရှိမလား”

“လူပေါင်း ၅၀၀,၀၀၀လောက်ကစားမယ်ဆို ဒေါ်လာ ၁၅၀ ဘီလီယံလောက်လိုလိမ့်မယ်”

“ဟူး” မာထန့်က သက်ပြင်းချမိသည်။ အဆင့်မြင့်နည်းပညာတစ်ခုအတွက် ကုန်ကျစရိတ်က မှန်းဆလို့မရအောင် များပြားပေသည်။

“စိတ်မပူပါနဲ့။ အဲ့အတွက် ကုန်ကျစရိတ်ကို ငါ့တာဝန်သာထားပါ။ မစ္စတာ.. ဆာဗာတပ်ဆင်တာတွေ ပြုပြင်ထိန်းသိမ်းတာတွေအတွက် လူအင်အားတအားလိုအပ်တယ်။ အဲ့အတွက် မစ္စတာမာက တာဝန်ယူပေးပါ။”

“မင်းအများကြီးရှုံးလိမ့်မယ်”ဟု မာထန့်က မှတ်ချက်ပြုသည်။

“များများရှုံးပါစေလို့ ဆုတောင်းနေတာ။ ဒါဆို ခင်ဗျားက သဘောတူမှာလား မတူဘူးလား”

မာထန့်အတွက် ဒီအခွင့်အရေးက အလွန်ရှားပါးလှသည်။ ထိုဂိမ်းသာအောင်မြင်ပါက ကုမ္ပဏီရှယ်ယာစျေးလည်း တဟုန်ထိုးမြင့်သွားမည်။ လုပ်ငန်းအတူလက်တွဲလုပ်ဆောင်သည့် ပါတနာဖန့်ကြွယ်ယွီသည် ပိုက်ဆံကို

ပဓာနမထားဘဲ ပျော်ရွှင်မှုကိုသာ ရှေ့တန်းတင်သူတစ်ဦးဖြစ်သည်။

“ငါသဘောတူတယ်”

မာထန့်အတွက် ဒီအခွင့်အရေးက အရှုံးမရှိပေ။

All Chapters