← Chapters

ထိတ်လန့်မှု

Vol. 135 Ch. 1877

ထိတ်လန့်မှု

Vol. 135 Ch. 1877

ရှီမာယူယူသည် ငေးငိုင်နေရာမှ သတိပြန်ဝင်လာသည်။ သူမ ဝိညာဉ် လေး၏ အသံကိုကြားသောအခါ အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည် “မင်းက ဘာသောက်နေတာလဲ”

“ရေလေ ဖူး…” ဝိညာဉ်လေးသည် ပြောရင်းနှင့်် အန်ထွက်လေသည်။

“ရေဟုတ်လား ဘာရေကိုသောက်နေတာလဲ” ရှီမာယူယူသည် သူမ ရှိနေ သည့်နေရာကို သတိမရသေးပေ။

“ဒီမှာ စမ်းချောင်းကရေတစ်ခုပဲရှိတာလေ.. ကစဥ့်ကလျားချီထွက်နေတဲ့ ရေသောက်တာပေါ့… ငါ့ သောက်နိုင်တဲ့အတိုင်းအတာ ပြည့်သွားပြီ” ဝိညာဉ် လး၏ အသံသည် မြူးထူးနေသည်။ သူသာ အဖြူရောင်မြူခိုးများကို စုပ်ယူရ လျှင် မည်မျှကြာအောင် စုပ်ယူရမည်ကို မသိနိုင်ပေ။ အခု သူ ဗိုက်ပြည့်သည် အထိ သောက်လိုက်ရသဖြင့် ပြဿနာများအားလုံးကို ဖြေရှင်းပြီးဖြစ်လေသည်။

ရှီမာယူယူသည် ဝိညာဉ်စေတီထဲသို့ ဝင်လိုက်ရာ ဆေးခင်းဘေးတွင် ဝိညာဉ်လေး ပြုလုပ်ထားသော စမ်းချောင်းလေးကို တွေ့လိုက်ရသည်။ ထို စမ်းချောင်း၏ အစနှင့်အဆုံးနေရာကို သူမမသိပေ။ ထိုအရာကို သိသည်မှာ ဝိညာဉ်လေးတစ်ယောက်သာ ဖြစ်လိမ့်မည်။

“မင်း ဒီက စမ်းချောင်းတစ်ခုလုံးကို ရွှေ့လိုက်တာတော့ မဟုတ်ပါဘူး နော်… ရွှေ့လိုက်တာလား” သူမသည် ဆွံ့အသွားသည်။ ကစဥ့်ကလျားချီထွက် နေသော စမ်းချောင်းမှာ ဆေးခင်းဆီသို့ စီးဝင်သွားပြီး ဆေးပင်များ စိုစွတ်နေ သည်ကို သူမ မြင်နေရသည်။ သို့သော် ဝိညာဉ်လေး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် အလွန်အကျွံမဖြစ်ပေ။ ထိုနေရာမှာ ဝင်လာစက ကစဥ့်ကလျား ကမ္ဘာကဲ့သို့ ဖြစ်မနေပေ။

ထိုရှည်လျားသော စမ်းချောင်းမှာ အပြင်ကမြင်ဖူးသည့် စမ်းချောင်းများ နှင့် အလွန်တူသည်။ သူ စမ်းချောင်းတစ်ခုလုံးကို ရွှေ့ပြောင်းနိုင်သည်ကို သူမ အံ့ဩမိသည်။

ဝိညာဉ်လေးသည် သူမဘေးတွင် ပေါ်လာပြီး သူမ၏လက်ကို ကိုင်ပြီး ပျော်ရွှင်စွာ ကခုန်လေသည် “ဒီစမ်းချောင်းက ဘယ်လောက်ကြီးလဲတော့ မသိ ဘူး.. လုံးဝကိုအဆုံးမရှိဘူး၊ ငါ ဘယ်လောက်ပဲ သောက်သောက် လုံးဝကို ခမ်း မသွားဘူး”

ထိုသေးငယ်လှသော စမ်းချောင်းသည် ဤမျှကြီးမားလိမ့်မည်ဟု ရှီမာယူယူထင်မထားပေ။ သို့သော် သူမ၏ ဝိညာဉ်စေတီအတွင်းမှ စမ်းချောင်း နှင့်ဆိုလျှင် နဂါးမျက်လုံးကို ပေးရန်လုံလောက်သည်။

“ယူယူ ငါပြောဦးမယ်… ဒါနဲ့ဆိုရင် ကစဥ့်ကလျားချီကို ယူလာလို့ရတယ်.. ဒါက သာမန်အံ့ဖွယ်ရှေးပစ္စည်းတွေထက်စာရင် အများကြီးအားကောင်းတယ်” ဝိညာဉ်လေးသည် သူမကို ဖက်တွယ်ထားလေသည်။ သူ ပျော်ရွှင်သည်မှာ ရှားပါးလှသည်။

ယခုအချိန်မှာ သူသည် အဆင့်နှစ်ဆင့် တက်နေပြီဖြစ်သည်။ ထိုအရာမှာ အခွင့်သာ၍ရခြင်းဖြစ်ကာ ရှာမရနိုင်ပေ။ အထူးသဖြင့် ကိုယ့်ဘာသာ မွေးဖွား လာခြင်းသည် အလွန်ရှုပ်ထွေးလှသည်။

“ဒါလည်း မဆိုးဘူးပဲ” ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်လိုက်သည် “ငါတို့ တွေ ရေရပြီဆိုတော့ ပြန်ဖို့ပြင်ကြတာပေါ့”

သူမသည် ဝိညာဉ်စေတီထဲမှထွက်လာပြီးနောက် သူမ၏နယ်မြေသို့ မည်သို့ဝင်လာခဲ့သည်ကို စဉ်းစားနေမိသည်။ သူမသည် နယ်မြေကို မသိမ်းရ သေးပေ။ ထို့ကြောင့် သူမ ထွက်လိုက်သည်နှင့် မည်သည့်နေရာတွင် ရောက်နေ မည်ကို မသိနိုင်ပေ။

သူမသည် နယ်မြေကိုသိမ်းလိုက်ရာ ရေနက်ထဲရောက်နေသည်ကို သိ လိုက်ရသည်။ မျက်နှာပြင်တွင် တောက်ပသော အလင်းတန်းများထွက်နေ သည်။

သူမ ကူးခတ်သွားပြီး ရေထဲမှထွက်လိုက်သည်နှင့် ရှောင်ချီ၏ ပူပန်နေ သော မျက်နှာကိုမြင်လိုက်ရသည်။

သူတို့သည် သူမကို မြင်လိုက်ရသောအခါ ရှောင်ချီနှင့် ဟိန်းသံလေးတို့ သည် စိတ်အေးသွားပြီး ပြောလိုက်သည် “ယူယူ မြန်မြန်တက်လာခဲ့”

သည်တစ်ကြိမ်တွင် သူတို့ လက်ဆန့်လိုက်သည်နှင့် ရှီမာယူယူကို ဆုပ်ကိုင်မိလေသည်။ ထိုရေများသည် သူမကိုဆွဲချနေသည်ကို ရှီမာယူယူ ခံစားမိပြီး ရှောင်ချီနှင့် ဟိန်းသံလေးတို့၏ အကူအညီပါမှသာ တက်နိုင်သည်ကို သိလိုက်ရသည်။

“ယူယူ အဆင်ပြေရဲ့လား ရှောင်ချီတို့တော့ လန့်လို့သေတော့မယ်” ရှောင်ချီသည် သူမကို စိုးရိမ်တကြီး ကြည့်လေသည်။

“ငါ အဆင်ပြေပါတယ်” အနည်းငယ် နာကျင်မှုကို ခံစားရသည်မှလွဲပြီး ရှီမာယူယူသည် သက်တောင့်သက်သာမဖြစ်ပေ။ “ငါ ရေအောက်မှာ ဘယ်လောက်ကြာသွားတာလဲ”

“၁၀ ရက်လောက်” ရှောင်ချီ ပြန်ဖြေလေသည် “ရှောင်ချီတို့လည်း ဆင်း ပြီးရှာချင်တာ.. ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ ရေထဲကိုဝင်လို့မရဘူး.. ဘာလို့ ဒီလောက်ထူးဆန်းနေလဲ မသိတော့ဘူး… နောက်ဆုံး ယူယူ ပေါ်လာ လို့တော်သေးတယ် မဟုတ်ရင် ဟိန်းသံလေးနဲ့ ရှောင်ချီတော့…”

“၁၀ ရက်တည်း…” ရှီမာယူယူသည် တိုးညင်းစွာ ပြောလိုက်သည်။ သူမ သည် ကမ္ဘာကြီးပြောင်းလဲမှုတစ်ခုလုံးကို မြင်လိုက်ရသည်။ သို့သော် ၁၀ ရက် သာ ကြာသွားသည်။

“ဘာဖြစ်လို့လဲ”

ရှီမာယူယူသည် သူမ မြင်ခဲ့သည်များကို ပြောပြာရာ ရှောင်ချီသည် ကြား ပြီးနောက် အံ့ဩသွားသည်။

“အဲတော့ ကမ္ဘာပေါ်က သက်ရှိတွေက ဒီနေရာက စတာပဲ.. ဒီစမ်းချောင်း ကို ကိုယ်တိုင် မြင်ရတာပဲ”

“ဒီနေရာက သက်ရှိတွေ နေလို့မသင့်တော်တာတော့ နှမြောစရာပဲ ကမ္ဘာ ပေါ်ကလူတွေကတော့… ဒီနေရာက မူလအရင်းအမြစ်ဆိုတာကို ဘယ်သူ သိ ထားမှာလဲ”

ဟိန်းသံလေးနှင့် ရှောင်ချီတို့ နှစ်ယောက်လုံး အလွန်ရင်ထဲထိသွားကြ သည်။

“တကယ်ပဲ သက်ပြင်းချလောက်စရာပဲ” ရှီမာယူယူသည်လည်း စိတ် လှုပ်ရှားမိသည်။ “ဒါပေမဲ့ အဲအချိန်အတွင်းမှာ ဝိညာဉ်လေးက စမ်းချောင်းကို ရွှေ့လိုက်နိုင်တယ်… ပြန်ရောက်မှ နည်းလမ်းရှာကြတာပေါ့”

“ငါတို့တွေ ဘယ်လိုပြန်ကြမလဲ” ဟိန်းသံလေး မေးလိုက်သည်။

ထိုပြဿနာမှာ အားလုံး၏ စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။ ဟုတ်တယ်.. သူတို့ ဘယ်လိုပြန်ကြမလဲ။

ပြီးခဲ့သည့်တစ်ခေါက်က သူမကို မိုရှားထုတ်ပေးခဲ့သည်။ သည်တစ်ခါတွင် ဟိုလူကြီးမှာ သူမကို ဘာမှမပြောဘဲ ပစ်ထည့်ခဲ့သည်။ သူမ ဘယ်လိုလုပ် ပြန်ရ မလဲ။

ထိုအချိန်တွင် သူမ၏ ပခုံးမှ ပူလောင်သော နာကျင်မှုကို ခံစားမိလိုက် သည်။ သူမ၏ ပခုံးမှ အလင်းတန်းအမည်းများ တောက်ပလာပြီး ထူထဲသော မြူခိုးများကို ဖြတ်ဝင်သွားကာ မိုးပေါ်တွင် ဝင်ပေါက်ပွင့်သွားပြီး သူမမှာ ထို အထဲသို့ လွှင့်ဝင်သွားသည်။

“ယူယူ” ရှောင်ချီနှင့် ဟိန်းသံလေးတို့သည် ထိုအဖြစ်ကြောင့် ထိတ်လန့် သွားကြသည်။ ရှီမာယူယူသည် သူတို့၏ စာချုပ်စွမ်းအားကိုသုံးပြီး စာချုပ်နေရာ တွင် ထည့်လိုက်နိုင်၍သာ တော်သေးသည်။ ထိုအခါမှပင် သူတို့ကို ချောချော မွေ့မွေ့ ခေါ်ထုတ်လာနိုင်သည်။

ရှီမာယူယူ မေ့ပျောက်ခြင်းမြစ်ဘေးသို့ ရောက်သည့်တိုင်အောင် ကြောက် ရွံ့မှုများကျန်နေသေးသည်။

အစောက အလွန်ပင် အန္တရာယ်များသည်။ သူမ အမြန်မတုံ့ပြန်လိုက်ပါက ရှောင်ချီနှင့် ဟိန်းသံလေးတို့သည် ကစဥ့်ကလျားကမ္ဘာတွင် ကျန်ခဲ့မည်ဖြစ် သည်။

ထို့ကြောင့်ပင် သူမအား စဉ်းလဲစွာကြည့်နေသော လူတစ်ယောက်ကို မြင် လိုက်ချိန်တွင် သူမ စောဒကတက်လေသည် “ကျွန်မကို အရင်သတိပေးသင့် တယ်မဟုတ်ဘူးလား”

“ဘာကိုသတိပေးရမှာလဲ… ငါသာ သတိပေးလိုက်ရင် ဒီလိုပျာယာခတ် နေတဲ့ အခြေအနေကို ဘယ်မြင်ရတော့မှာလဲ” ဟေးဒီးစ်သည် အလွန် ကျေနပ် နေသည့်ဟန်နှင့် နှုတ်ခမ်းတွန့်သွားလေသည်။

သူမသည် အလွန်ပင် ပျာယာခတ်သွားသည်။ သူမနှင့် နှစ်ပေါင်းများစွာ အတူကုန်ဆုံးပြီးနောက်တွင် သူမ ပျာယာခတ်သည်ကို သူ မမြင်ဖူးခဲ့ပေ။ ဝူလင်းယူနှင့် ပတ်သက်မှပင် သူမသည် စိုးရိမ်ပြီး ပူပန်တတ်သည်။ ယခု သူမ ပျာယာခတ်သည်ကို မြင်ရသည်မှာ အချိန်တစ်ခဏမျှသာဖြစ်သော်ငြား သူ ကျေနပ်သည်။

ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။ ဒီလူကြီးရဲ့ ကောက်ကျစ်တဲ့ နောက်ပြောင်မှုတွေကို ဘယ်တော့မှရပ်မှာလဲ။

ဟေးဒီးစ်သည် သူမ မျက်လုံးလှိမ့်လိုက်သည်ကို လျစ်လျူရှုကာ စကား လမ်းကြောင်းပြောင်းသည် “အခုတော့ ဒီအကြောင်းရပ်လိုက်ရအောင်… မင်း အဲဒီမှာ ဘာမြင်ခဲ့လဲ… ကစဥ့်ကလျားချီကိစ္စကို ဘယ်လိုရှင်းခဲ့လဲ”

ရှီမာယူယူသည် ထိုဘက်တွင် ဖြစ်ပျက်ခဲ့သမျှကို ပြောပြာလိုက်သည်။ အချိန်မှာ မတိုသော်လည်း အတွေ့အကြုံမများခဲ့ပေ။ ထို့အပြင် သူမသည် နှစ် တစ်ဝက်မျှကို လမ်းလျှောက်ရင်းသာ ကုန်ဆုံးခဲ့သည်။ နောက်ဆုံးမြင်ကွင်းက သာ သူတို့ကို ထိတ်လန့်သွားစေသည်။

“မင်း အဲဒါကိုမြင်ရလိမ့်မယ်လို့ ငါ တကယ်ထင်မထားဘူး” ဟေးဒီးစ် သည် တစ်စုံတစ်ရာကို ပြောတော့မည်အလုပ်တွင် ရပ်သွားလေသည်။

သူ့ကို ထိုပုံစံအတိုင်းရှီမာယူယူ မြင်ရချိန်တွင် သူ တစ်ခုခုသထားသည်ကို သိလိုက်ရသည်။ သို့သော် သူ၏ အပြုအမူကိုကြည့်လိုက်ရာ သူမကို ပြောပြရန် အစီအစဉ်မရှိသည့်ပုံပင်။ သူ ကစဥ့်ကလျားကမ္ဘာသို့ သွားခဲ့ပြီး ဘာကြောင့် သွားရန် တားမြစ်ခံရသည်ကို ပြောပြရန် အစီအစဉ်မရှိသလိုပင်။

“ကျွန်မ ကစဥ့်ကလျားချီကို နည်းနည်းရခဲ့တယ် အဲတော့ နဂါးမျက်လုံး ဆီသွားကြတာပေါ့” ရှီမာယူယူသည် ဝူလင်းယူ၏ ကိစ္စကို အမြန်ရှင်းပစ်ချင်နေ သည်။

သို့သော် ဟေးဒီးစ်နှင့် တခြားသူများသည် စိတ်မချပေ။ သူမ၏ အရင် ဒဏ်ရာအရ ကစဥ့်ကလျားချီ အနည်းငယ်နှင့် မလုံလောက်ပေ။ သူမက နည်းနည်းပဲရခဲ့တယ်ဆိုရင် ထပ်ပြီးထိခိုက်ရင် ဘယ်လိုလုပ်ရမလဲ။

သို့သော် သူမ၏ ဝိညာဉ်စေတီအတွင်းမှ စမ်းချောင်းကိုမြင်ရသောအခါ သူတို့လေးယောက်မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ ထိုစမ်းချောင်း နှင့်ဆိုလျှင် နဂါးမျက်လုံးတစ်ခုလောက်အတွက်တော့ လုံလောက်သည်။

“ဒီကောင်မလေးတော့ တကယ် လောဘကြီးတာပဲ”

သူတို့သည် ထိုသို့ပြောသော်လည်း နဂါးမျက်လုံးဆီသို့ ခေါ်သွားပေးလိုက် ကြသည်။

နဂါးမျက်လုံးဆီသို့ သူမ ချဉ်းကပ်သွားသည်ကို ဝူလင်းယူမြင်သောအခါ စိုးရိမ်ဆဲပင်ဖြစ်သည်။ သူသည် သူမဘေးမှ ခြေတစ်လှမ်းမှမခွာကာ စိုးရိမ်နေ သော မျက်လုံးများနှင့် ကြည့်နေသည်။ သူမမှာ အဆင်မပြေသည့် အရိပ် အယောင်ရှိသည်နှင့် ချက်ချင်းပင် ရှေ့တိုးပြီး သူမကို ဆွဲလိုက်မည်။

နဂါးမျက်လုံးပေါ်သို့ သူမ လက်တင်လိုက်သည်နှင့် အားလုံး၏ နှလုံးမှာ လည်ချောင်းအထိ တက်လာသလိုခံစားရလေသည်။

All Chapters