← Chapters

နှစ်ခုကွဲခြင်း

Vol. 135 Ch. 1878

နှစ်ခုကွဲခြင်း

Vol. 135 Ch. 1878

သူတို့သည် စိတ်ပူနေသည်ကို မြင်အောင်မပြပေ။ ရှီမာယူယူသည်လည်း ကသိကအောက်ဖြစ်ပုံ မပေါ်ပေ။

ကစဥ့်ကလျားချီသည် နဂါးမျက်လုံးထဲသို့ မှန်မှန်စီးဆင်းသွားသည်နှင့် ရေညှိများကို ထိုးဖောက်ပြီး အဖြူရောင်အလင်းတန်းသည် မြစ်ကြမ်းပြင်တစ်ခု လုံးကို လင်းသွားစေသည်။ ထိုတင်သာမကဘဲ ထိုအလင်းတန်း သူတို့အပေါ်သို့ ကျရောက်သည်နှင့် အလွန်ပင် သက်တောင့်သက်သာဖြစ်မှုကို ခံစားရသည်။ မေ့ပျောက်ခြင်းမြစ်သားရဲများပင်လျှင် နွေးထွေးမှုမှ ရစ်ပတ်သွားသလို ခံစားရ လေသည်။

နဂါးမျက်လုံးသည် ပိုတောက်ပလာပြီး စတင်ကြုံ့လာသည်ကို ရှီမာယူယူ ကြည့်ပြီး ပြုံးမိသည်။

တကယ်ပဲ အသုံးဝင်တာပဲ။

နဂါးမျက်လုံးထဲသို့ ကစဥ့်ကလျားချီ ထည့်လိုက်ရသည်မသိပေ၊ သို့‌သော် နဂါးမျက်လုံးသည် လူခေါင်းတစ်လုံးစာလောက်အထိ ကြုံ့သွားလေသည်။ နဂါး မျက်လုံးသည် သူမရှေ့ထိ ခုန်လာပြီး သူမဆီသို့ပြေးလာကာ ပွတ်သပ်ကာ ရင်းနှီးသလို ပြုမူလေသည်။

ရှီမာယူယူသည် လက်ဆန့်ထုတ်ပြီး ပွေ့လိုက်သည်။ နဂါးမျက်လုံးမှာ အရင်လိုမလေးတော့ဘဲ ကောက်ယူလိုက်ချိန်တွင် မည်သည့်ထူးခြားချက်ကိုမှ မခံစားမိပေ။

“သခင်မလေး ကျွန်တော် သယ်ကြည့်လို့ရမလား” အရိပ်မည်းသည် သူမ ဘေးတွင်ရပ်နေပြီး နဂါးမျက်လုံးပေါ်သို့ အကြည့်ရောက်နေသည်။ သူသည် အလိုလိုပင် နှုတ်ခမ်းသပ်မိလေသည်။

ဒါက နဂါးမျက်လုံးပဲ။ သူသာ သယ်နိုင်ရင် နောက်ဆိုရင် တခြားသူတွေကို ကြွားလို့ရတော့မှာပဲ။

ထိုမတိုင်ခင် သူတို့သည် ယိမ်းယိုင်အောင်ပင် မလုပ်နိုင်ခဲ့ပေ။ ယခု သူမ သည် ရင်ခွင်ထဲတွင်ပင် ပိုက်နိုင်သည်။ ဒါဆိုရင် ပြဿနာတော့မရှိလောက်ပါ ဘူး။

သူတို့ မ,ကြည့်ချင်လျှင် အဆင်ပြေနိုင်လောက်သည်ဟု ရှီမာယူယူ တွေး ထင်မိသဖြင့် လက်လွှဲပေးလိုက်သည်။ အရိပ်မည်းသည် ပျော်ပျော်ကြီး လက် ဆန့်ထုတ်ပြီး မ,ကြည့်သည်။ သို့သော် အလေးချိန်ကြောင့် သူ့လက်မှာ ကျိုး တော့မတတ်ဖြစ်သွားသည်။ သူသည် အလေးချိန်ကို ခံစားမိသည်နှင့် ချက်ချင်း လွှတ်လိုက်၍ ကံကောင်းသွားသည်။ မဟုတ်လျှင် သူ့လက်ပြုတ်သွားနိုင်သည်။

“သေစမ်း ဘာလို့ ဒီလောက်လေးရတာလဲ” သူသည် ခြေလှမ်းနှစ်လှမ်း ဆုတ်ပြီး ရင်ဘတ်ကို ကြောက်လန့်တကြား ပုတ်လိုက်သည်။

“အဲလောက် လေးလို့လား” ရှီမာယူယူသည် လက်တစ်ဖက်နှင့်ပင် မ,ပြ လေသည် “မလေးပါဘူး”

“မင်းရောင်ဝါပါနေတဲ့ ကစဥ့်ကလျားချီကို ထည့်လိုက်တာကြောင့် ဖြစ် မယ်… မင်းကို နဂါးမျက်လုံးက အသိအမှတ်ပြုသွားပြီ အဲဒါကြောင့် သယ်နိုင် တာပဲ” ဟေးဒီးစ် ရှင်းပြလေသည်။ ထို့နောက် သူသည် ဝူလင်းယူဘက်သို့ လှည့် လိုက်သည် “မင်း စမ်းကြည့်”

ဝူလင်းယူသည် လက်ဆန့်ထုတ်ပြီး နဂါးမျက်လုံးကို သယ်ကြည့်ရာ သူ့ကို နာနာခံခံနှင့် ခွင့်ပြုပေးလေသည်။

“အဲလောက်လည်း မလေးပါဘူး” သူသည် နဂါးမျက်လုံးကို အနီးကပ် စစ်ဆေးကြည့်လေသည်။ နဂါးမျက်လုံးသည် သာမန်ပစ္စည်းကဲ့သို့ပင်ဖြစ်သည်။

“သခင်မလေးတို့ နှစ်ယောက်ကို အသိအမှတ်ပြုတယ်နဲ့တူတယ်” အရိပ် မည်းသည် သူတို့ကို အလွန်ပင် အားကျနေသည်။

ဝူလင်းယူသည် နဂါးမျက်လုံးနှင့် ပေါင်းစပ်ထားရာ သူ လှုပ်ရှားအောင် လုပ်နိုင်သည်မှာ သဘာဝကျသည်။ သူ အသိအမှတ်ပြုထားသည့် ရောင်ဝါရှိ သည့်ရှီမာယူယူကို သူ၏ သခင်နှင့် အဆင့်အတန်းတစ်ခုတည်း ထားသည်။

ရှီမာယူယူ ဝမ်းသာသွားသည် “ဒါဆိုရင် နောက်ပိုင်း တိုက်ပွဲတွေမှာ မနိုင် တော့ဘူးဆိုရင် ဒီနဂါးမျက်လုံးကိုသုံးပြီး သူတို့ကို အမှုန့်ဖြစ်အောင် ချေပစ်မယ်”

ဝူလင်းယူ၏ လက်ထဲမှနဂါးမျက်လုံးသည် လှုပ်ယမ်းသွားသည်။ သူမ ပြောလိုက်သည့် စကားကို သဘောတူ၍လား မဟုတ်လျှင် စိတ်လှုပ်ရှား၍လား တော့မသိပေ။

“ဟုတ်ပြီ လင်းယူ ဒါကိုသိမ်းလိုက် အခု အခြေအနေကိုရှင်းပြီးပြီဆိုတော့ ပြန်ဖို့ပြင်ကြတာပေါ့” ရှီမာယူယူသည် ရှေ့တိုးပြီး သူ့လက်ကို ဖက်ကာ ပျော်ရွှင် စွာ ပြောလေသည်။

“အဲလောက် မလွယ်ဘူး” ဟေးဒီးစ်သည် သူမ၏ စိတ်ကူးကို ရေအေးနှင့် လောင်းချလိုက်သလို ပြောလသည် “ဒီအတိုင်းသာ သွားလိုက်ရင် မေ့ပျောက် ခြင်းမြစ်က အဆုံးသတ်သွားမှာ”

မေ့ပျောက်ခြင်းဖြစ်သည် နဂါးမျက်လုံးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ် သည်။ သူတို့သာ ယူသွားပါက မေ့ပျောက်ခြင်းမြစ် ခမ်းခြောက်မသွားနိုင်ပေဘူး လား။ ထိုသို့ဆိုလျှင် မြစ်ဘေးမှ အရာများအားလုံးကို သက်ရောက်သွားနိုင်၏။ မြစ်ထဲမှ သားရဲများမှာလည်း…

“ဒီအဆင့်ထိရောက်ပြီးမှ လက်လျော့ရမှာလား” ရှီမာယူယူ၏ မျက်နှာမှာ ချက်ချင်းပျက်သွားလေသည်။

သူမ ကစဥ့်ကလျားကမ္ဘာကို မသွားခင်ကသာဆိုလျှင် မြစ်သားရဲများကို ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် ကစဥ့်ကလျားကမ္ဘာ ပြောင်းလဲသွားသည်ကို မြင်ပြီးနောက် သူမသည် ထိုအပြစ်မဲ့သော သတ္တတါများကို မသိမသာဂရုစိုက်မိ သည်။

သို့သော် ရွေးချယ်စရာမရှိပါက သူမသည် ဝူလင်းယူကိုသာ ရွေးမည်ဖြစ် သည်။

“အရှင် အရှင့်မှာ အဖြေရှိလား” အရိပ်မည်းသည် ရှီမာယူယူ စိတ်ပျက် သွားသည်ကို မခံနိုင်ဘဲ ဟေးဒီးစ်ကို မျှော်လင့်ထားလေသည်။

“ငါ့မှာ ဘယ်လိုလုပ် အဖြေရှိမှာလဲ နောက်ထပ်နဂါးမျက်လုံး လုပ်ပြီး ဒီ နေရာမှာထားဖို့ ငါမှမတတ်နိုင်တာ” ဟေးဒီးစ်သည် ရှီမာယူယူ အခက်တွေ့နေ သည်ကိုကြည့်ပြီး သူမမှာ အရင်ကထက် ဒေါသကြီးလာသည်ဟု ခံစားမိသည်။

နဂါးမျက်လုံးသည် တစ်ခုသာရှိသည်။ နောက်တစ်ခုရှာပြီး အစားထိုးရန် မှာမဖြစ်နိုင်ပေ။ ထိုအခိုက်တွင် ရှီမာယူယူသည် အကျဉ်းအကြပ်ထဲရောက်သွား သည်။

ထိုအချိန်တွင် နဂါးမျက်လုံးမှ စူးရှသော အဖြူရောင်အလင်းတန်းထုတ် လိုက်ရာ အားလုံးမှာ လက်ကာပြီး မျက်လုံးမှိတ်မိသည်။

အလင်းတန်းများ ပျောက်သွားသည့်အချိန်တွင် အားလုံး မျက်လုံးဖွင့် လိုက်ရာ မြင်လိုက်ရသည့်အရာကြောင့် မှင်တက်သွားကြသည်။

“နဂါးမျက်လုံး နှစ်ခုလား” အရိပ်မည်းသည် နဂါးမျက်လုံး နောက်တစ်ခု ကို တအံ့တဩလက်ညှိုးထိုးပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။

ဟေးဒီးစ်လည်း မှင်တက်သွားသည်။ အစောပိုင်းက သူ နဂါးမျက်လုံး နောက်တစ်လုံးကို မလုပ်နိုင်ဟု ပြောခဲ့သည်။ ယခုနောက်တစ်ခုရှိလာပြီဖြစ် သည်။

“ဒီနှစ်ခုက မတူဘူး” ဝူလင်းယူ ပြောလိုက်သည် “ဒီတစ်ခုက ငါနဲ့ ဆက်သွယ်ချက်ရှိတယ်… နောက်တစ်ခုနဲ့က ဘာဆက်သွယ်ချက်မှ မခံစားမိ ဘူး”

“အဲတော့ ဒီနဂါးမျက်လုံးက မေ့ပျောက်ခြင်းမြစ်မှာ နေခဲ့လို့ရတယ်လို့ ပြောချင်တာလား” ရှီမာယူယူသည် လက်ဆန့်ထုတ်ပြီး အခုမှပေါ်လာသော နဂါးမျက်လုံးကို ထိကြည့်လိုက်သည်။ ထိုအရာသည် မူလနဂါးမျက်လုံးရှိခဲ့သည့် နေရာသို့ ပြန်သွားကာ အရင်က အရွယ်အစားပြန်ဖြစ်သွားလေသည်။

“အဲလိုထင်တယ်” ဤပြဿနာမှာ ယခုလိုမြန်မြန်ဖြေရှင်းနိုင်လိမ့်မည်ဟု ဟေးဒီးစ် ထင်မထားပေ‌။ “ဒါပေမဲ့ နောက်ဆုံးတော့ နဂါးမျက်လုံးရဲ့ တစ်ပိုင်း ဖြစ်သွားပြီပဲ… ဒီလောက်ရှုပ်ထွေးမယ်လို့ ဘယ်သူထင်ထားမှာလဲ.. ငါ့လူတွေ ကို ဒီနေရာကို စောင့်ကြည့်ခိုင်းထားလိုက်မယ်… မေ့ပျောက်ခြင်းမြစ် တစ်ခုခု ဖြစ်ရင် ငါ့လူတွေကို မင်းကိုလာရှာခိုင်းလိုက်မယ်”

မေ့ပျောက်ခြင်းမြစ်သည် မရဏာလောကတွင်ရှိကာ မြစ်ထဲမှ သားရဲများ သည် မရဏာလောကသားရဲများဖြစ်ကြသည်ကို ရှီမာယူယူသိသည်။ အကယ် ၍ သက်ရောက်မှုဖြစ်လာလျှင် မရဏာလောကသည်လည်း သေချာပေါက် သက်ရောက်မှုရှိမည်ဖြစ်သည်။ မရဏာလောက၏ ဧကရာဇ်တစ်ပါးအနေနှင့် သူသည် မရဏာလောကမှ သက်ရှိများကို တာဝန်ယူရမည်။

သို့သော် နဂါးမျက်လုံးမှာ နှစ်ကိုယ်ခွဲလိုက်သည်ကို ကြည့်လျှင် အသုံးဝင် ၍လုပ်ခြင်းဖြစ်မည်ဟု သူမ ခံစားရသည်။ ထို့ကြောင့် သူမသည် စိုးရိမ်ခြင်းမရှိ ပေ။

ထို့နောက်တွင် ဝူလင်းယူသည် နဂါးမျက်လုံးကို သိမ်းလိုက်သည်။ အခုမှ စပြီး သူသည် ဤနေရာတွင် ပိတ်မိတော့မည်မဟုတ်ပေ။ သူတို့သည် မြစ် ကမ်းပါးသို့ရောက်လာကြသည်။ သူတို့ လမ်းခွဲရမည်မှာ အနည်းငယ် လေးလံ နေသလိုပင်။

နောက်ဆုံးတွင် ဟေးဒီးစ် ပြောလသည် “ဘယ်တော့သွားကြမှာလဲ”

“အခုပဲ” ရှီမာယူယူသည် ဝူလင်းယူကို လက်တွဲလိုက်သည် “ကျွန်မ အင်ပါယာမြို့တော်ကိုသွားပြီး အမေ့ကို ဘယ်မှာချုပ်ထားလဲဆိုတာ မြန်မြန် သိချင်နေပြီ.. ပြီးရင် သူမကို သွားကယ်မယ်”

“မင်းရဲ့ လက်ရှိအားနဲ့က နည်းနည်းလိုသေးမှာစိုးတယ်” ဟေးဒီးစ်သည် သူမ၏ အားကိုအထင်သေးသည်။ ထိုစဉ်က သူသည် သူမကို မရဏာလောက တွင်ကျင့်ကြံစေလိုသော်လည်း ဤမိန်းကလေးသည် ဆန္ဒမရှိဘဲ နှစ်ပေါင်းများ စွာ ဖြုန်းတီးခဲ့သည်။

ထိုစဉ် သူမသာ မရဏာလောကတွင် ကျင့်ကြံပါက မရဏာလောကတွင် သာ နေရမည်ဟု သူပြောခဲ့သည့် စကားကိုတော့ မေ့သွားလေပြီ။

“အခု လင်းယူရှီနေပြီလေ.. ပြီးတော့ နှစ်တွေအများကြီး ပြင်ဆင်ထားတဲ့ အစ်ကိုဝမ်းကွဲလည်းရှိတယ်” ရှီမာယူယူသည် ယုံကြည်မှုအပြည့်ဖြင့် ဝူလင်းယူ ကို ပြုံးပြလိုက်သည်။ သူရှိလျှင် သေချာပေါက် ပြဿနာမရှိနိုင်ပေ။

ဟေးဒီးစ်သည် သူတို့မျက်လုံးထဲမှ အကြည့်များကို မြင်လိုက်ရသောအခါ စိတ်မရှည်စွာဖြင့် လက်ကိုယမ်းလိုက်သည် “သွားပါ သွားပါ မင်းတို့ကိုကြည့်ရ တာ ငါ့မျက်စိနာတယ်”

“အရှင် ကျွန်တော်တို့လည်း သူတို့နောက်ဆက်လိုက်ရမှာလား” ဟွမ် မေး လိုက်သည်။

“သေချာတာပေါ့.. သူမရဲ့ ပြဿနာရှာပုံမျိုးနဲ့ဆိုရင် ပြဿနာဖြစ်မှာ အနှေးနဲ့အမြန်ပဲ.. မင်းတို့ သူမနောက်လိုက်သွားရမယ်.. သူမကို ကာကွယ်ရင်းနဲ့ ဘာတွေဖြစ်နေလဲဆိုတာကို ငါ့ကိုသတင်းပို့ရမယ်” ဟေးဒီးစ် ပြောလိုက်သည် “မရဏာလောကက တစ္ဆေလောကနဲ့ သဘောတူထားတာရှိပေမဲ့ ကိစ္စတွေကို မစစ်ဆေးဘူးလို့ ဆိုလိုတာမဟုတ်ဘူး.. မင်းတို့နှစ်ယောက်က ပိုပြီး လိုက်လျော ညီထွေနေရမယ် ငါတို့မရဏာလောကကို မျက်နှာမပျက်စေနဲ့ ကြားလား”

ဟွမ်နှင့် အရိပ်မည်းတို့သည် ဘဝင်ကျသွားကြသည်။ သူတို့ အရှင်သည် သူတို့ကို လုပ်ပိုင်ခွင့်ပေးလိုက်သည်။ နောက်ဆိုလျှင် သူတို့သည် လုပ်ခဲ့သည့် ကိစ္စများအတွက် ကြောက်နေရန်မလိုပေ။

“ကျွန်တော်တို့ သခင်မလေးကို သေချာပေါက် ကောင်းကောင်း ကာကွယ် ပါ့မယ်” သူတို့သည် တညီတညာတည်း ပြန်ဖြေလေသည်။ တစ်စုံတစ်ယောက် မှာတော့ လုံးဝကို လျစ်လျူရှုခံထားရလေသည်။

All Chapters