← Chapters

ပြဿနာတွေရောက်လာပြီ

Vol. 135 Ch. 1879

ပြဿနာတွေရောက်လာပြီ

Vol. 135 Ch. 1879

ရှီမာယူယူနှင့် ဝူလင်းယူတို့ ထွက်သွားကြရာ ဟွမ်နှင့် အရိပ်မည်းတို့သည် သူတို့နှင့်အတူလိုက်သွားကြသည်။ ထိုနေရာတွင် ဟေးဒီးစ်တစ်ယောက်သာ ကျန်ခဲ့လေသည်။

ဟေးဒီးစ်သည် သူတို့ပျောက်သွားသည်အထိ စောင့်ကြည့်ပြီးနောက် မရဏာလောကကို တိုက်ရိုက်မပြန်ပေ။ ထိုအစား သူသည် နဂါးမျက်လုံးရှိ သည့်နေရာသို့ သွားသည်။ သူသည် နဂါးမျက်လုံးကို အတန်ကြာအောင် စိုက် ကြည့်ပြီးနောက် လက်ဆန့်ထုတ်ကာ ကိုင်ကြည့်လေသည်။

“ကျစ် ကျစ် ကျစ်”

နဂါးမျက်လုံးသည် ပိုင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ပျော်ရွှင်စွာ အသံပြုလေ သည်။

“နောက်ဆုံးတော့ မင်းနိုးလာပြီလား” ဟေးဒီးစ်သည် အသာပွတ်ပေးလေ သည်။ “သူမ သိမှာမဟုတ်ဘူး သိရင်လည်း စိတ်ဆိုးမှာမဟုတ်ဘူး…”

“ကျစ် ကျစ် ကျစ်”

နဂါးမျက်လုံးသည် သူ့လက်ကို ပွတ်သပ်လေသည်။

“တကယ်တော့ ငါတို့ သူမကို အမှန်အတိုင်းပြောလည်း ကစဥ့်ကလျား ကမ္ဘာကို သွားပေးမယ်လို့ထင်တယ်… ဒါပေမဲ့ အဲဒါကို အာမမခံနိုင်ဘူး” တုံ့ဆိုင်းပြီးနောက်တွင် သူ ဆက်ပြောလေသည် “ဒီနည်းလမ်းက ဝူလင်းယူ အတွက် မမျှတပေမဲ့ သူလည်း မင်းစွမ်းအားကို ရသွားတာအမှန်ပဲလေ”

“ကျစ် ကျစ် ကျစ်”

“ငါသိတယ် ဒါပေမဲ့ ငါ မင်းကို အလင်းမပေးရင် မေ့ပျောက်ခြင်းမြစ်က ပြဿနာဖြစ်မှာလေ… သူမက ငါ့ကို စိတ်မပျက်စေဘူးဆိုတာ ငါသိတယ်…”

မြစ်ထဲတွင် ဟေးဒီးစ်ပြောလိုက်သော စကားများသည် ရှီမာယူယူ လုံးဝ ထင်မထားသည့် စကားများဖြစ်ကြသည်။

ဟေးဒီးစ်သည် တခြားသူများကို ပေးသိရန် အစီအစဉ်မရှိပေ။ ထိုအရာမှာ သူ ရှီမာယူယူ့အပေါ်တွင်ရှိသည့် မေတ္တာတရားကို သက်ရောက်မှုမရှိသဖြင့် ပြောရန်မလိုပေ။ အထူးသဖြင့် ဝူလင်းယူသည် သူမအတွက် မည်မျှအရေးပါ သည်ကို မြင်လိုက်ရသဖြင့် ပြောရန်ပိုကြောက်ရွံ့မိသည်။

ရှီမာယူယူသည် ဟေးဒီးစ် သူမအပေါ် လှည့်စားခြင်းရှိမရှိကို အတွေး မရပ်နိုင်ပေ။ သို့သော် နဂါးမျက်လုံး နှစ်ခုကွဲသွားသည်ကိုတော့ အနည်းငယ် သံသယဖြစ်မိသည်။ နဂါးမျက်လုံးသည် အစကတည်းက နှစ်ခုကွဲရန် အစီအစဉ် ရှိထားသလိုပင်။

သို့သော် စဉ်းစားကြည့်ပြီးနောက် ထပ်မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက် သည်။ မည်သို့ဖြစ်သွားပြီး မည်သို့အဆုံးသတ်သည်က အရေးမကြီးပေ။ ရလဒ် မှာကောင်းနေလျှင်ပြီးသည်။

သူမသည် တိုင်းပြည်ပြိုင်ပွဲအတွက် အင်ပါယာမြို့တော်သို့ သွားပြီး ပြင်ဆင်ရမည်ဟု ထင်သည်။ ထို့ကြောင့်ပင် သူမသည် လျောင်ပြည်နယ်သို့ မပြန်တော့ဘဲ အင်ပါယာမြို့တော်သို့ တိုက်ရိုက်သွားလိုက်သည်။

သူတို့သည် အနီးဆုံးမြို့သို့သွားပြီး အင်ပါယာမြို့တော်သို့ ပို့ပေးမည့် ဖြတ်လမ်းဝင်္ကပါကို သွားရှာကြသည်။ သို့သော် ထိုနေရာသို့ရောက်သောအခါ ဖြတ်လမ်းဝင်္ကပါမှာ ပျက်နေပြီး အချိန်တစ်ခုထိ သုံးမရသည်ကို သိလိုက်ရ သည်။ သူတို့သည် နောက်မြို့တစ်ခုသို့သွားပြီး သုံးရမည်။

ရှီမာယူယူနှင့် တခြားသူများသည် အနည်းငယ် သံသယဝင်သွားသော် လည်း ဘာမှမပြောပေ။ မှောင်နေပြီဖြစ်သဖြင့် ဘဏ္ဍာထိန်းကို အနီးဆုံး တည်း ခိုဆောင်ကို  မေးပြီး တစ်ညတာနားပြီးမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ ထွက်သွားသည်နှင့် ဘဏ္ဍာထိန်းသည် တခြားသူများနှင့် တီးတိုး ပြောလေသည်။ သူတို့သည် ရှီမာယူယူတို့ ထွက်သွားသည့်ဘက်ကို ကြည့် ပြီးနောက် ဆန့်ကျင်ဘက်သို့ လှည့်လျှောက်ခဲ့လေသည်။

ခဏအကြာတွင် ခြံဝန်းထဲမှ အော်သံတစ်ခုထွက်လာသည် “အဲလူက ရှီမာယူယူလို့ ပြောလိုက်တာလား”

“ဟုတ်ပါတယ် သခင် ကျွန်တော်သေချာပါတယ်.. အဲဒီမိန်းကလေးက ရှီမာယူယူပါ” သခင်နှင့် မျက်နှာချင်းဆိုင်ရပ်နေသောလူ၊ ဖြတ်လမ်းဝင်္ကပါကို တာဝန်ယူထားသော ဘဏ္ဍာထိန်းမှ ပြောလိုက်သည်။

“မင်း မမှားပါဘူးနော်”

“သခင်… ရှီမာယူယူက တစ္ဆေလောကကို ရောက်နေတယ်လို့ တစ္ဆေ‌ လောကတခွင် သတင်းပျံ့နေတာ.. သူမက တကယ်ပဲ အမှောင်မင်းသမီးနဲ့ ဒီလောက်တူတာ… ဒီနေ့ အဲဒီမိန်းကလေးကို မြင်လိုက်တော့ တကယ်ပဲ အမှောင်မင်းသမီးနဲ့တူတယ်” ထိုဘဏ္ဍာထိန်းမှ ပြန်ဖြေလေသည်။

“အဲတုန်းက ဖြစ်ခဲ့တာက ငါတို့အတွက် ကံဆိုးတာပဲ… ငါတို့သာ သူမကို တွေ့ရင် သေချာပေါက် လွှတ်မပေးဘူး” သခင်သည် ခုံကိုရိုက်လိုက်ပြီး ထိုစဉ်က အဖြစ်အပျက်ကို ပြန်တွေးမိသည်။

ထိုစဉ်က လူသားလောကသို့ သွားသည့် ဝင်ပေါက်ဖောက်ပြီးသွားပြီဟု သူ သတင်းခရခဲ့သည်။ သူသည်လည်း အကျိုးအမြတ်ရချင်သဖြင့် အားစိုက်ထုတ်ခဲ့ သည်။ သို့သော် သူ လူသားလောကသို့ လွှတ်လိုက်သော လူများမှာ အစပျောက် သွားလိမ့်မည်ဟု ထင်မထားပေ။

အစက လူသားလောကမှ သတင်းကြိုရထားသဖြင့် တစ္ဆေလောကမှ လူများ ထိုနေရာသို့ ရောက်သည်နှင့် သေသွားကြသည်ဟု ထင်ထားကြသည်။ နောက်စုံစမ်းလိုက်မှပင် သူတို့သည် အဖြစ်အပျက်များအားလုံးကို သိလိုက်ကြ သည်။ ရှီမာယူယူတစ်ယောက်တည်းကသာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက် ခြင်းဖြစ်သည်။

ထိုသတင်းများ တစ္ဆေလောကသို့ ရောက်ချိန်တွင် ထိုကိစ္စကို ဒေါသထွက် နေသော လူအားလုံးသည် သူမကို စောင့်ကြည့်ခဲ့ကြသည်။ သူမ တစ္ဆေလောက သို့လာသည်နှင့် သူမကို ပြန်ပေးဆပ်ခိုင်းမည်ဖြစ်သည်။

အရင်က သူမသည် လူသားလောကတွင်ရှိနေသဖြင့် သူမကို ဘာမှလုပ် မရခဲ့ပေ။ သို့သော် အခုမှာ သူမသည် သူတို့ရှေ့သို့ ရောက်နေပြီဖြစ်သည်။ ဤ အခွင့်အရေးမှာ သူတို့တံခါးရှေ့ကို ရောက်လာသည့် လက်စားချေရမည့် အခွင့် အရေးပင်ဖြစ်သည်။

“သူမ အခုဘယ်မှာလဲဆိုတာ သိလား” သခင်သည် ဘဏ္ဍာထိန်းကိုမေးလေ သည်။

“သူတို့ကို နောက်ယောင်ခံလိုက်ဖို့ လူလွှတ်ထားပါတယ်” ဘဏ္ဍာထိန်း ပြန် ဖြေလေသည် “သခင် ကျွန်တော်တို့ လုပ်ရမှာ…”

“ဟင်း သူမက ရောက်နေပြီဆိုမှတော့ ဒီအခွင့်အရေးကို ဘယ်လက်လွှတ် ခံရမလဲ ဆယ်ယောက် မဟုတ်ဘူး အယောက်နှစ်ဆယ်လွှတ်လိုက်… သူမ လူသားလောကမှာလိုမျိုး ဆတ်ကော့လတ်ကော့လုပ်လို့ရမယ်လို့ မယုံဘူး”

ထိုအချိန်တွင် အိမ်ထဲမှ အကြီးအကဲများသည် ပါးစပ်ဟလာကြသည် “သခင် ဒီရှီမာယူယူက တစ္ဆေဘုရင်ရဲ့ မြေးဖြစ်နေတုန်းပါပဲ.. သူမကို ကျုပ်တို့ လုပ်လိုက်ရင် သူ့ကိုရန်စသလိုမဖြစ်ဘူးလား”

“တစ္ဆေဘုရင်က သူမကို မြေးမလို့မှ မသတ်မှတ်တာ ဟုတ်တယ်မလား သူက သူ့အချစ်ဆုံး အမှောင်မင်းသမီးကိုတောင်မှ ဖမ်းပြီးသတ်သေးတာပဲ သူမ လိုမျိုး လူသားသွေးစီးနေတဲ့လူဆိုရင်တော့ ပြောမနေနဲ့တော့” သခင်သည် နှာ မှုတ်ပြီး တစ္ဆေဘုရင်သည် အပြင်လောကမှ မြေးမဖြစ်သူကို ဂရုမစိုက်ဟု ခံစား ရသည်။

“သခင် အဲလိုဆိုရင်တောင် တစ္ဆေဘုရင်က တစ္ဆေလောကကို အုပ်စိုးနေ တဲ့ အရှင်တစ်ပါးပဲ… သူက အခုချိန်မှာ မြေးမကိုမကြိုက်ရင်တောင် သူမ သွေး ထဲမှာ တော်ဝင်သွေးစီးနေတာလေ… သူမကို လူလွှတ်ပြီးသတ်မိရင်းက တစ်နေ့ကျ ဒီကိစ္စကို ပြန်တွေးမိရင် ကျုပ်တို့ကို လာပြီးပြန်ပေးဆပ်ခိုင်းနိုင် တယ်” အကြီးအကဲများ အကြံပေးကြလေသည်။

“ခင်ဗျားတို့ စဉ်းစားသလိုဆိုရင် ကျုပ်တို့မလုပ်သင့်ဘူးလား” သခင်၏ မျက်နှာမှာ တင်းမာသွားသည်။ ပြီးခဲ့သည့်တစ်ခေါက်က သူတို့သည် ယူကျုံးမရ ဖြစ်ခဲ့သည်။ သူတို့၏ လူငယ်မျိုးဆက်ပါရမီရှင်များစွာ ဆုံးရှုံးခဲ့သည်။ ရှီမာယူယူ ဤနေရာသို့ ရောက်နေသည်ကို သိနေသည်သော်လည်း လက်စားမချေလျှင် သူတို့စိတ်ထဲမှ ဒေါသကို ဘယ်သောအခါမှ ရှင်းထုတ်နိုင်တော့မည်မဟုတ်ပေ။

“မဟုတ်ဘူး ကျုပ်တို့ သေချာပေါက် လက်စားချေရမှာပေါ့ ဒါပေမဲ့ ဒီမှာ လုပ်လို့မရဘူး” အကြီးအကဲ ပြောလေသည် “သူမက ကျုပ်တို့နယ်နိမိတ်က ထွက်သွားရင် ရန်သူတွေအများကြီးပဲ… အဲအချိန်ကျရင် သူမကို ဘယ်သူသတ် မလဲဆိုတာ ဘယ်သူသိမှာလဲ”

“ခင်ဗျားပြောတာက.. သတင်းဖြန့်ဖို့လား”

“ပြီးခဲ့တဲ့ ကိစ္စပြီးတော့ သူမကို သတ်ချင်တဲ့လူများမယ်လို့ ထင်တယ်… သူမ ရှိတဲ့နေရာကိုသာ သူတို့သိရင် တစ္ဆေလောကမှာ အေးအေးချမ်းချမ်း နေလို့ ရပါ့မလား” အကြီးအကဲသည် ရက်စက်သည်အပြုံးပြုံးလိုက်သည် “အဲအချိန် ကျရင် အခြေအနေကိုသုံးပြီး ကိုယ်ကျိုးထုတ်လို့ရတယ်… သူမ သေသွားရင် တောင် သူမကို ဘယ်သူသတ်လိုက်လဲဆိုတာ မသိနိုင်တော့ဘူး… တစ္ဆေဘုရင် က သူမကို သတိရပြီး တရားမျှတမှုရှာချင်ရင်တောင် တစ္ဆေလောကတစ်ခုလုံး ကို သတ်ပစ်မှာလား”

“သခင်… အကြီးအကဲကောပြောတာ မှန်တယ်.. သူတို့သာ ကျွန်တော်တို့ မြို့မှာသေသွားရင် ကျွန်တော်တို့ လုပ်ကြံတာကို အကုန်သိသွားကြမှာပဲ… သူမ သာ အပြင်မှာသေသွားရင် ကျွန်တော်တို့အတွက် ပိုလွယ်သွားမှာ” ဘဏ္ဍာထိန်း သည် အကြီးအကဲကောနှင့် သဘောတူသည်။

သခင်သည် အတန်ကြာစဉ်းစားပြီးနောက် ခေါင်းညိတ်လေသည် “အဲလိုပဲ လုပ်ကြတာပေါ့ ရှီမာယူယူ ဒီကိုရောက်နေတယ်ဆိုတာကို သတင်းလွှင့်လိုက် ဖြတ်လမ်းဝင်္ကပါတွေ အကုန်ပျက်မယ်ထင်တယ်”

သတင်းသာပျံ့သွားပါက သူတို့ မလှုပ်ရှားလျှင်တောင် ရှီမာယူယူ အသက် ရှင်နိုင်မည်မဟုတ်ပေ။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တည်းခိုဆောင်အတွင်း ရှိနေကြသည်။ သူတို့ သတင်းကြားရသည်နှင့် မတတ်သာစွာဖြင့် သက်ပြင်းချမိသည်။

အရှေ့မျှတခြင်းမြို့တော်မှ အဖြစ်အပျက်များသည် တစ္ဆေလောကတွင် သူမကို ပြဿနာများယူလာစေမည်ဟု သိပြီးသားပင်။ ယခုကိစ္စများသည် သူမ တွေးထားသည့်အတိုင်းပင်ဖြစ်သည်။

ဒါပေမဲ့ သူမ တစ္ဆေလောကကို ရောက်နေတာကို အဲလူတွေ ဘယ်လို သိ ကြတာလဲ။

All Chapters