← Chapters

စိုးရိမ်ခြင်း

Vol. 135 Ch. 1880

စိုးရိမ်ခြင်း

Vol. 135 Ch. 1880

 သူမ တစ္ဆေလောကသို့ရောက်နေသည့် သတင်းပျံ့သွားသည်မှာ ထင်မှတ် မထားသည့် ကိစ္စပင်ဖြစ်သည်။ အစပိုင်း သူမ လျောင်မြို့တော်မှာလုပ်ခဲ့သည့် အရာများသည် လျှို့ဝှက်သော်လည်း သံသယမရှိအောင် ထိန်းသိမ်းထားရန်မှာ မလွယ်ကူပေ။ တိစစ်ခုံပင် သူမကို သံသယဝင်သဖြင့် တခြားသူများလည်း သံသယရှိကြသည်မှာ မလွဲဧကန်ပင်။

အခုလက်ရှိတွင်တော့ ဤနေရာတွင် ပျံ့နေသည့် သတင်းများကို သူမ စိတ်အပူဆုံးဖြစ်သည်။ အပြင်ကလူတွေက သူမ ရှီမာယူယူဆိုတာကို သိလား မသိဘူးလား။

ရှီမာယူယူက မုရုန်ရှီဖြစ်ဆိုတာကို သိသွားကြပြီး မုရုန်ဟွေ့ကို ပြဿနာ ဖြစ်စေမှာလား။

“မင်းရဲ့ မွေးစားအဖေကို စိတ်ပူနေတာလား” ဝူလင်းယူ မေးလိုက်သည်။

“ဟုတ်တယ် ညီမက မုရုန်ရှီဆိုတာကို သိသွားကြရင် ညီမကို နှစ်တွေ အများကြီး ကာကွယ်ပေးတဲ့သူက မုရုန်ဟွေ့ဆိုတာကို သိသွားကြမှာပဲ… အဲလို ဆိုရင် သူ့ကိုပါ ဆွဲချသလိုဖြစ်မှာကို ကြောက်တယ်.. အဲနှစ်က နယ်ကျော်လာ တဲ့ တစ္ဆေမျိုးနွယ်ဝင်တွေကို လုံးဝပျောက်သွားအောင် ရှင်းထုတ်ခဲ့တာ.. အဲတုန်း က တစ္ဆေမျိုးနွယ်တွေက ညီမကို လက်စားချေချင်နေတယ်ဆိုတာကို ဝမ်းကွဲ အစ်ကိုတို့က လူလွှတ်ပြီး သတိပေးခဲ့ကြတယ်.. အဲဒီကိစ္စက တစ္ဆေလောကမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်လို့ အရိပ်မည်းလည်း ပြောတယ်.. အခု ညီမ ဒီကို ရောက်နေတာကို သူတို့ သိသွားကြတော့ ညီမကိုလာရှာရင် တော်သေးတယ်.. မွေးစားအဖေကို သွားရှာကြမှာ ကြောက်တာ” ရှီမာယူယူသည် စိုးရိမ်လျက်ရှိ သည်။

“ဒါက ရိုးရှင်းတယ်မဟုတ်ဘူးလား မင်းမှာ မီအာရှိတယ်လေ.. မင်းနဲ့ မုရုန်ရှီတို့ တစ်ချိန်တည်း ပေါ်လာရင် ဒီအခြေအနေက ရှင်းသွားမှာမဟုတ်ဘူး လား”

“ဒါပေမဲ့ သူတို့က အမည်းလေးနဲ့ မဟူရာကို မြင်ဖူးကြတယ်.. အဲအချိန်ကျ မဟူရာကို ညီမနဲ့အတူရှိတာကိုတွေ့တာနဲ့ ပေါ်သွားမှာပဲ” ရှီမာယူယူ သက်ပြင်း ချလိုက်သည် “ညီမက အမည်းလေးနဲ့ မဟူရာတို့ကို တစ်သက်လုံး မထုတ်ဘဲ နေလို့လည်း မရဘူးလေ ဟုတ်တယ်မလား”

“မင်းရဲ့မွေးစားအဖေကို ဘယ်သူမှ ရန်မစရဲအောင် သန်မာအောင် ဘာလို့ လုပ်မပေးတာလဲ သူက မင်းကို အရင်ကကူညီပေးခဲ့တာကို သူတို့သိရင်တောင် သူ့ကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး”

ရှီမာယူယူ သက်ပြင်းချလိုက်သည် “အဲဒါကပဲ အဖြေထင်ပါတယ်.. ဒါပေမဲ့ ဒါလည်း မသိနိုင်သေးဘူး မျက်စိရှေ့က ပြဿနာကို အရင်ရှင်းရဦးမယ်”

“သခင်မလေး သတင်းဖြန့်လိုက်တဲ့လူတွေကို ကျွန်တော်တို့ကို ဘာလို့ မသတ်ခိုင်းတာလဲ.. သတင်းသာပျံ့မသွားရင် သူများတွေလည်း သခင်မလေးကို သိကြမှာမဟုတ်ဘူး” အရိပ်မည်း အကြံပြုလေသည်။

“ဂိုဏ်းတစ်ခုလုံးကို သတ်လိုက်လည်း အသုံးမဝင်ဘူး” ရှီမာယူယူသည် သူတို့၏ အကြံကို ငြင်းဆန်လိုက်သည် “သတင်းဖြန့်တဲ့သူက တစ်ယောက်၊ အဲလိုနဲ့ လက်ဆင့်ကမ်းပြီး ဖြန့်ကြမှာပဲ.. ဒါပေမဲ့ ဘယ်သူကစဖြန့်လဲဆိုတာကို သိဖို့က နည်းလမ်းမရှိဘူး… သူတို့ တစ်ယောက်နှစ်ယောက်ကို သတ်လိုက် လည်း အသုံးမဝင်နိုင်ဘူး”

“ဒါဆို ဘာလုပ်ကြမလဲ သူတို့ သတင်းဖြန့်တာကို ခွင့်ပြုလိုက်ရမှာလား”

“သူတို့လာတာနဲ့ စာရင်းရှင်းရမှာပေါ့.. မျက်စိစုံမှိတ်ပြီး တိုးလာရဲတဲ့ ဘယ်သူကိုမဆို ပြန်လမ်းမရှိအောင် လုပ်ပေးရမှာပဲ” ရှီမာယူယူသည် အေးစက် စွာ နှာမှုတ်လိုက်သည်။

သူတို့ကများ သူမ အသက်ကိုယူချင်တာလား။ သူတို့မှာ အစွမ်းအစရှိလား မရှိလားကို လာကြည့်လိုက်လေသည်။

တစ်ညတာသည် ငြိမ်းချမ်းစွာပင် ကုန်ဆုံးသွားလေသည်။ သူတို့သည် နောက်နေ့မနက်တွင အခန်းအပ်လိုက်ကြသည်။ သူတို့ ထွက်မသွားခင်တွင် ဖြတ်လမ်းဝင်္ကပါရှိသော အနီးဆုံးမြို့ကို တည်းခိုဆောင်တာဝန်ခံကို မေးလိုက် သည်။

“ဒီနေရာက တကယ်ပဲ လူသွားလူလာနည်းတယ်” တည်းခိုဆောင် တာဝန်ခံမှ ပြောလေသည် “ဖြတ်လမ်းဝင်္ကပါသုံးချင်ရင်တော့ အနီးဆုံးမြို့ကို လတစ်ဝက်‌လောက် ခရီးသွားရဦးမယ်.. သားရဲပျံစီးသွားရင်တော့ အကောင်း ဆုံးပဲ.. ခရီးက အန္တရာယ်လည်းများတယ်.. သားရဲပျံသုံးရင် အန္တရာယ်ကိုတော့ ရှောင်နိုင်လိမ့်မယ်”

“ဒါဆိုရင် သားရဲပျံငှားလို့ရမယ့်နေရာရှိလား” ရှီမာယူယူ မေးလိုက်သည်။

“ဒီမှာတော့ မရှိဘူး ဒါပေမဲ့ မြို့အရှေ့တံခါးမှာတော့ များတယ်” တာဝန်ခံ ပြောလေသည်။

“သိပြီ ကျေးဇူးပါ တာဝန်ခံ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ သော့များကို ပြန်ပေးပြီးနောက် သူမ၏ စပေါ်ငွေကိုယူကာ ထွက်လာလိုက်သည်။

သူတို့သည် မြို့အရှေ့ပိုင်းသို့ လျှောက်လာရာ လျင်မြန်စွာပင် မြို့တံခါး ပေါက်သို့ရောက်လာသည်။ ထိုနေရာတွင် သားရဲပျံငှားသည့်ဆိုင်ကို မြင်ရလေ သည်။

“သခင်မလေး သားရဲပျံငှားချင်လို့လား” အရိပ်မည်း မေးလိုက်သည်။ ထို လူများသည် သူတို့ကို ရည်ရွယ်ချက်ရှိရှိ စောင့်ကြည့်နေသည်မှာ ထင်ရှားလွန်း သည်။ သူတို့၏ သားရဲပျံကို ငှားလိုက်ပါက ခရီးစဉ်မှာ အန္တရာယ်များနိုင်သည်။

ရှီမာယူယူ ပြုံးလိုက်သည် “ငါ သားရဲပျံငှားတာနဲ့ ဘယ်လိုလုပ် အဲလူတွေ အကုန်လုံးက ငါ့နေရာကို ခြေရာခံနိုင်မှာလဲ”

သူတို့သည် ဆိုင်ဆီသို့သွားကာ တခွေ့မြို့တော်သို့ သွားချင်သည်ဟု ပြော လိုက်သည်။ ဆိုင်တာဝန်ခံသည် သူတို့ကို သားရဲပျံကို ချက်ချင်းပင် အကြံပြုပေး သည်။ ရှီမာယူယူသည် ဈေးအသက်သာဆုံး သားရဲပျံကိုရွေးပြီး မြို့အပြင်သို့ ခေါ်ထုတ်ခဲ့လိုက်သည်။

“ဘဏ္ဍာထိန်း အဲလူတွေကို သတိထားမိသွားတာလား၊ မဟုတ်ရင် ဘာလို့ ဈေးအပေါ်ဆုံးသားရဲကို ရွေးသွားတာလဲ… အဲလိုသားရဲပျံတွေက တခွေ့မြို့ကို ရောက်ဖို့ တခြားသားရဲတွေထက်စာရင် အချိန်နှစ်ဆကြတယ်လေ” ဆိုင် တာဝန်ခံသည် သံသယဖြင့် ပြောလေသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ သူတို့ကို သတ်ချင်ပါက လမ်းပေါ်တွင် နေသည်က အန္တရာယ်ပိုများသည် မဟုတ်ပါလား။

“မင်း အတွေးလွန်နေပြီ… သူတို့ကို သတ်ချင်တဲ့လူရှိတယ်ဆိုတာကို သိ ကြရင်.. ခရီးသွားချိန်နည်းအောင်လို့ အကောင်းဆုံး သားရဲပျံကိုရွေးမှာပေါ့” ဘဏ္ဍာထိန်းသည် ယုတ်ကျစ်သော အပြုံးပြုံးလိုက်သည်။ သူတန်ဖိုးအထားဆုံး သားမှာ အရှေ့မျှတမှုမြို့တွင် အသတ်ခံလိုက်ရသည်။ ပြီးနောက် အခု လက်စား ချေခွင့်ရတော့မည်ဟု သိလိုက်သည်နှင့် သူမကို ကိုယ်တိုင်သတ်ရန် မစောင့်စား နိုင်တော့ပေ။

“သွား သတင်းဖြန့်လိုက်” သူသသည် ဆိုင်တာဝန်ခံကို ညွှန်ကြားပြီးသည် နှင့် လှည့်ထွက်ပြီး အတွင်းခြံသို့ သွားလိုက်သည်။ သို့သော် ဆိုင်တာဝန်ခံသည် သတင်းလွှင့်ပြီးနောက် ပြန်ဝင်လာချိန်တွင် သူ့ကို အရိပ်အယောင်ပင် မမြင်ရ ပေ။

ထိုသားရဲပျံသည် သာမန်နှေးရုံတင်မဟုတ်ပေ။ တစ်ရက်လုံးကြာအောင် ပျံသန်းပြီးနောက်တွင်လည်း သိပ်ဝေးဝေးမရောက်ပေ။ သူတို့သည် သားရဲ ရထားလုံးထဲတွင် ပျင်းနေအောင် စီးနေရပြီး လက်လုပ်မာကျောက်အစုံလိုက် ထုတ်ပြီး စတင်ကစားတော့သည်။ ညရောက်သောအခါ သားရဲပျံသည် နေရာ တစ်ခုရှာပြီး ရပ်လိုက်သည်။ ဆိုလိုသည်မှာ သူ အနားယူချင်နေသည်ဖြစ်သည်။

“ဒီသားရဲပျံက တကယ်ကို ဇိမ်ခံချင်တာပဲ ငါတို့ သဘောလည်းမတူရသေး ဘဲနဲ့ ရပ်လိုက်တယ်” ရှီမာယူယူသည် ရထားလုံးတံခါးကိုဖွင့်လိုက်သည်။ သူမ ရှေ့တွင် စိမ်းလန်းသောတောကို မြင်လိုက်ရာ သူမ ကျွတ်သပ်မိသည် “တကယ် ပဲ ချောင်းအတိုက်ခိုက်ခံရဖို့ ပြီးပြည့်စုံတဲ့နေရာပဲ”

ဟွမ်နှင့် တခြားသူများလည်း ရထားလုံးပေါ်မှ ဆင်းလိုက်ကြသည်။ သူမ ပြောလိုက်သည့် စကားကိုကြားသောအခါ သူတို့သည် ခေါင်းညိတ်ကာ သဘော တူသည် “တကယ်ပဲ ချောင်းမြောင်းတိုက်ဖို့ နေရာကောင်းပဲ”

“ဒီနေရာက ကျွန်တော်တို့လာခဲ့တဲ့နေရာနဲ့ သိပ်မဝေးဘူး.. အဲလူတွေ လှုပ်ရှားတော့မှာလား” အရိပ်မည်း၏ စဉ်းစားပုံမှာ ရိုးရှင်းသည်။ သူတို့ သံသယ စိတ်တွေကို ရှောင်ရှားချင်မှတော့ အဝေးရောက်တာနဲ့ သေချာပေါက် လာ တိုက်ခိုက်မှာပဲ။

“လှုပ်ရှားမယ့်သူက သူတို့လို့ မပြောဘူး.. ငါ့ကိုသတ်ချင်တဲ့လူတွေက တခြားသူတွေလည်းရှိတယ် ဘယ်လိုပဲဖြစ်ဖြစ် မျက်မြင်သက်သေလည်းမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “သူတို့က ငါတို့အတွက် ဒီနေရာကိုရွေးပေးမှတော့ သူတို့ရဲ့ ရည်ရွယ်ချက်ကောင်းလေးတွေကို ဖြုန်းတီးဖို့ မလိုတော့ဘူးပေါ့ ဒီမှာပဲ စခန်းချကြမယ်”

အမျိုးသားသုံးယောက်သည် တဲဆောက်နေချိန်တွင် သူမသည် ချက်ပြုတ် ရန်တာဝန်ယူသည်။ သူတို့သည် အမြန်ပင် မီးမွှေးပြီး စားသောက်ကြသည်။

သူတို့ စားသောက်ပြီးသည်အထိ ထိုလူများ ရောက်မလာကြပေ။ ထိုလူ များ ရောက်မလာတော့ဘူးဟု အရိပ်မည်း ပြောမည့်ဆဲဆဲတွင် လှုပ်ရှားမှုဖြစ် လာသည်။

“ဒီလောက် မြန်မြန်တွေ့ရမယ်လို့ ထင်မထားဘူး” ရှီမာယူယူသည် ပြောင် ရှင်းအောင် ကိုက်ထားသော ကြက်အရိုးကို စားပွဲပေါ်သို့ပစ်တင်ပြီး လက်ဖြင့် ပါးစပ်ကိုသုတ်ကာ တိုးညင်းစွာပြောလေသည်။

နောက်မှလိုက်လာသူများသည် ရှီမာယူယူကို အလွယ်တကူပင် တွေ့ရ လိမ့်မည်ဟု ထင်မထားပေ။ သူတို့သည် အံ့ဩသွားပြီး အပေါ်မှ ထွက်လာကြ သည်။ ထိုလူမှာ သားရဲပျံငှားသည့်ဆိုင်မှ ဘဏ္ဍာထိန်းဖြစ်သည်။

သူမ၏ မျက်နှာထားအပြောင်းအလဲမရှိသည်ကို ဘဏ္ဍာထိန်းမြင်သော အခါ အေးစက်စွာနှာမှုတ်လိုက်သည် “မင်းက မအံ့ဩဘူးပဲ”

“ဘာများ အံ့ဩစရာရှိလို့လဲ.. မင်းတို့က ငါတို့ကို နေ့တိုင်းစောင့်ကြည့် နေတာ… ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေပေမဲ့ မျက်လုံးတွေက မင်းတို့ကို သစ္စာ ဖောက်နေတယ်… မင်းတို့တွေ မတုံ့ဆိုင်းဘဲ ဒီလောက် မြန်မြန်ရောက်လာလိမ့် မယ်လို့ ထင်မထားဘူး” သူ၏ လူသတ်မည့်အကြည့်ကို မြင်သည့်တိုင်အောင် ရှီမာယူယူသည် တည်ငြိမ်နေသည်။ သူမသည် သူနှင့်သူ့အဖွဲ့ကို အထင်သေးနေ သည်။

“မင်းက ငါ့သားကိုသတ်ခဲ့တယ် မင်းကိုသတ်ချင်စိတ်ကို မစောင့်နိုင်တော့ ဘူး… မင်းကိုသတ်ပြီး သူ့အတွက် လက်စားချေရမယ်”

All Chapters