← Chapters

တစ်ခုခုဖြစ်နေပြီ

Vol. 135 Ch. 1881

တစ်ခုခုဖြစ်နေပြီ

Vol. 135 Ch. 1881

 သူသည် အလွန်ဒေါသထွက်နေပုံပေါက်ကာ ရှီမာယူယူအား အကန့် အသက်မဲ့သော အမုန်းတရားဖြင့် ကြည့်လေသည်။ သူမ၏ အသားကို နွှာပြီး သူမ၏ သွေးကိုသောက်ရန် သူ မစောင့်နိုင်တော့ပေ။ သို့သော် ရှီမာယူယူသည် သူ့ကို နည်းနည်းမှ အထင်မကြီးပေ။

“ရှင် ကျွန်မကို သတ်ချင်ရင် ဒီ့ထက်များများလေး ခေါ်လာသင့်တယ်” ရှီမာယူယူ ပြောလိုက်သည် “လူကနည်းနည်းလေးနဲ့ သွားကြားတောင်မညှပ် ဘူးရယ်”

“ယုံကြည်မှုရှိတာ ကောင်းပါတယ် ဒါပေမဲ့ လွန်ကဲသွားရင်တော့…”

“ဘုန်း ဘုန်း ဘုန်း”

“ဘန်း ဘန်း”

ဘဏ္ဍာထိန်း စကားမဆုံးခင်မှာပင် အရိပ်မည်းသည် သူ့ဆီသို့ လျှပ်တပြက်လာနေသည်ကို မြင်လိုက်ရသည်။ သူခေါ်လာသောလူများသည် လည်လှီးခံလိုက်ရပြီး သူ့အနောက်တွင် လဲကျသွားလေသည်။

“ဒီလောက် အားနည်းနည်းလေးနဲ့ ဒီကိုလာရဲသေးတယ်ပေါ့ ကျွတ် ကျွတ် မင်းက တကယ်သတ္တိရှိတာပဲ” ဟွမ်သည် သူ့ရှေ့သို့ လျှပ်တပြက်ရောက်လာပြီး သူ မတုံ့ပြန်ခင်မှာပင် လည်ပင်းမှ အေးစက်မှုကိုခံစားလိုက်ရပြီး သွေးများ ပန်း ထွက်လာသည်ကို ငေးငိုင်စွာမြင်လိုက်ရတော့သည်။

သူ့မျက်လုံးများသည် ပြူးကျယ်နေကာ သူ၏ လတ်ဆတ်သော ကိုယ်ပိုင် သွေးများကိုပင် မြင်လိုက်ရလိမ့်မည်ဟု မယုံကြည်ရဲပေ။ သူသည် လက်ဆန့် ထုတ်ပြီး စီးထွက်နေသော သွေးများကို ပိတ်ထားရန်ကြိုးစားသော်လည်း အချည်းအနှီးပင်။ သူ၏ သွေးများသည် လက်ချောင်းများကြားထဲမှ အဆက် မပြတ် စီးထွက်နေသည်။

နောက်ဆုံးတော့ သူ့ဘဝသည် ဘာမှမလုပ်ရသေးခင်မှာပင် အဆုံးသတ် သွားသည်ကို နားလည်သွားခဲ့သည်။ ထို့အပြင် ထိုမိန်းကလေးသည် လက်တစ် ချောင်းမှပင် မလှုပ်လိုက်ရပေ။

ဟွမ်သည် အားလုံးကို သတ်ပြီးနောက်တွင် အလောင်းများကို မီးရှို့လိုက် သည်။ ညစ်ပေနေ‌သော သွေးများပင် ပြောင်သွားလေသည်။ လူသေသွားသည့် အရိပ်အယောင် လုံးဝမကျန်ခဲ့ပေ။

ဘဏ္ဍာထိန်း သေသွားသည်ကို မြင်လိုက်ရသော သားရဲပျံသည် မြေပေါ် တွင်လဲလျောင်းပြီး အဆက်မပြတ်တုန်ယင်နေသည်။ အရိပ်တချို့ သူ့နားသို့ နီးကပ်လာသည်ကို အာရုံခံမိချိန်တွင် မြေကြီးနှင့်ခေါင်းကိုကပ်ထားပြီး ထမလာ ရဲပေ။

ကြောက်ဖို့ကောင်းလိုက်တာ ရွှတ် ရွှတ် ရွှတ်…

ရှီမာယူယူသည် သူ၏ အပြုအမူကိုမြင်သောအခါ နှုတ်ခမ်းတွန့်လိုက် သည်။ ဒီသားရဲပျံက စဖို့လွယ်နေတယ်လို့ ဘာလို့ ခံစားမိနေတာလဲ။

“စိတ်ချပါ ငါတို့ မင်းကို အခုမသတ်ဘူး.. ငါတို့ကို လိမ်လိမ်မာမာနဲ့ တခွေ့ မြို့ကိုခေါ်သွားပေးမယ်ဆိုရင် မင်းကို အရှင်ထားပြီးပြန်လွှတ်မယ် မဟုတ်ရင် ဘဏ္ဍာထိန်းနောက်ကို ပို့လိုက်မယ်”

ထိုငှက်မုတ်ကြီးသည် သူမ ပြောသည့်စကားကို ကြားလိုက်ချိန်တွင် ပျော်ရွှင်စွာ ခေါင်းထောင်လာသည်။ သူ၏ အမွေးထူသော ခေါင်းသည် ပေရေ နေတုန်းပင်…

“မင်းကိုယ်မင်း မသန့်ရှင်းဘူးဆိုရင် ငှက်ကင်လုပ်ပစ်မယ်” ရှီမာယူယူ ခြိမ်းခြောက်လိုက်သည်။

“အာ…”

သားရဲပျံသည် ချက်ချင်းပင် သူမရှေ့မှပျောက်သွားလေသည်။ ထိုနေ့တွင် အရင်နေ့က ပျံသန်းသည်ထက် မြန်ဆန်ခဲ့သည်။

နောက်ရက်များတွင် သားရဲပျံသည် လိမ္မာနေကာ သူတို့ကို ပြဿနာမရှာ တော့ပေ။ သားရဲပျံသည် ရှီမာယူယူ ညွှန်ကြားသမျှကို နာခံသည်။ ရှီမာယူယူ သည် သူ့ကို မူလအစီအစဉ်အတိုင်း ပျံသန်းခိုင်းသည်။

သူသာ မူလအစီအစဉ်အတိုင်း မပျံသန်းရင် အဲလူတွေက သူမ လမ်းကြောင်းကို မသိဘဲနေတော့မှာလေ။

ယနေ့တွင် သူမ အဝိုင်းခံရပြန်သည်။

“ဒီတစ်ခါ ငါ့တာဝန်ထား” အရိပ်မည်း ပြောလေသည်။ သူသည် ပြောပြီး နောက် တစ်စက္ကန့်မှ အချိန်မဖြုန်းတော့ဘဲ စတင်လှုပ်ရှားလေသည်။

ရှီမာယူယူ၏ ရှေ့တွင် ဟိတ်ဟန်ထုတ်ရန် ပြင်လာသူများသည် သူမ၏ ကြောက်ရွံ့မှုကြောင့် ပျော်ရွှင်နေကြည်။ သို့သော် သူတို့ ဘာမှမပြောလိုက်ရခင် မှာပင် အသတ်ခံလိုက်ရလေသည်။

သားရဲပျံသည် အလွန်အားကောင်းသော အရိပ်မည်းကို မြင်သောအခါ စိတ်ထဲမှ ပျော်သွားမိသည်။ သူတို့ကို အကုန်လုံးပြောပြလိုက်လို့ တော်သေး တယ်.. မဟုတ်ရင် သူလည်း အသတ်ခံလိုက်ရမှာပဲ။

“သခင်မလေး အဲလူတွေက မစွံဘူး.. သူတို့ထက် အားကောင်းတဲ့လူတွေ မလွှတ်နိုင်ဘူးလား” အရိပ်မည်းသည် ပြန်လာသည်နှင့် စောဒကတက်သည်။

“ဒါကအစပဲရှိသေးတာ.. သတင်းရတဲ့လူနည်းသေးတယ်.. ပြီးတော့  ငါတို့ ကအဝေးကိုရောက်နေပြီလေ.. နောက်ပိုင်းကျရင် မင်းစိတ်ကြိုက်လှုပ်ရှားရမှာ ပါ” ဤနည်းလမ်းအတိုင်း ဆက်သွားလိမ့်မည်ဟု ရှီမာယူယူ မထင်ပေ။ အချိန် ကြာလေလေ ပိုအားကောင်းသည့်လူများနှင့် တွေ့လေဖြစ်သည်။

ထိုသို့ဆိုလျှင် သူတို့ လူအနည်းငယ်နှင့် စီမံရန်လွယ်မည်မဟုတ်ပေ။ ထို့အပြင် သူတို့ လူများလာသည်နှင့် ဟွမ်နှင့် အရိပ်မည်းတို့သည် အလွယ်တကူ လှုပ်ရှားရန်မဖြစ်နိုင်ပေ။

“သခင်မလေး သခင်မလေးရဲ့ လုံခြုံရေးကို အသက်နဲ့ရင်းပြီး ဘေးကင်း အောင်လုပ်ဖို့ အရှင်က ကျွန်တော်တို့မသွားခင်ကို မှာလိုက်ပါတယ်” အရိပ် မည်းသည် ဟေးဒီးစ်ပြောလိုက်သည်များနှင့် ညွှန်ကြားလိုက်သည်များကို ပြော ပြလိုက်သည်။

ဟွမ်လည်း သဘောတူသည်ဆိုသည့် သဘောနှင့် ခေါင်းညိတ်ပြလေ သည်။ အရှင်က ဒီကိစ္စအတွက် သူတို့ကို ရှင်းရှင်းလင်းလင်းကို လုပ်ပိုင်ခွင့်ပေး လိုက်တာမလား။

“စိတ်ချပါ ငါလည်းရှိနေတာပဲ” ဝူလင်းယူသည် သူမပခုံးကိုဖက်ပြီး နူးညံ့ စွာပြောလိုက်သည်။

ဝူလင်းယူ ကိုယ်တိုင်လှုပ်ရှားသည်ကို ရှီမာယူယူ မမြင်ဖူးသဖြင့် သူ မည်မျှအားကောင်းသည်ကို သူမ မသိပေ။ သို့သော် သူမ သူ့ကိုယုံသည်။ သူ စိတ်ချပါဟု ပြောသဖြင့် သူမ စိတ်ပူရန်မလိုပေ။

သူတို့ တခွေ့မြို့သို့ရောက်သောအခါ ဖြတ်လမ်းဝင်္ကပါမှာ ပျက်နေသည် ဟု ထပ်မံကြားရမည်ဟု ထင်ထားသည်။ ဖြတ်လမ်းဝင်္ကပါမှာ ကောင်းကောင်း လည်ပတ်နေလိမ့်မည်ဟု ထင်မထားပေ။ ထိုဝင်္ကပါသည် နေရာအတော်အများ ကို မရောက်ရုံသာရှိသည်။

သူမ ထွက်လိုက်သည်နှင့် ဖြတ်လမ်းဝင်္ကပါမှာ ပျက်နေလျှင် ပိုကောင်း လိမ့်မည်ဟုပင် တွေးမိလိုက်သည်။

သူတို့ လေဟာပြင်မှထွက်လိုက်သည်နှင့် အမည်မသိသော အရိုင်းမြေသို့ ရောက်နေလေသည်။ ထို့အပြင် မရဏာသားရဲအများအပြား ရှိနေသည်။ တောင်များဆီမှ အော်သံဟိန်းသံများကြားရသည်မှာ မရဏာသားရဲတွင်းတစ်ခု ထဲသို့ ကျသွားသည့်အလားထင်ရသည်။

ထိုမရဏာသားရဲများ တိုက်ခိုက်မည်အလုပ်တွင် ဝူလင်းယူသည် လေဟာ ပြင် ဝင်ပေါက်ဖွင့်လိုက်ရာ သူတို့သည် မရဏာသားရဲများ၏ ရှေ့မှ ပျောက်သွား ကြလေသည်။

သူတို့ပြန်ပေါ်လာချိန်တွင် အနီးဆုံးမြို့သို့ရောက်နေပြီဖြစ်သည်။ သူတို့ သတင်းစုံစမ်းရန် မြို့ထဲသို့ ဝင်လိုက်ချိန်တွင် တော်ဝင်မြို့နှင့် နီးနေပြီ ဖြစ် ကြောင်းကို သိလိုက်ရသည်။ ထို့ကြောင့် တစ်ဖက်လူမှာ သူတို့ကို ဆန့်ကျင် ဘက်သို့ မပို့လိုက်ပေ။

မရဏာသားရဲများသည် အသုံးမကျဘဲ ဝူလင်းယူသည် အားလုံးကို ထို နေရာမှ ခေါ်ထုတ်လာနိုင်လိမ့်မည်ဟု ထင်မထားရုံသာဖြစ်သည်။

ဤမြို့သည် အင်ပါယာမြို့နှင့် အနီးဆုံးမြို့ဖြစ်သည်။ ရှီမာယူယူသည် အစက တိုက်ရိုက်ရောက်မည့် ဖြတ်လမ်းဝင်္ကပါကို သုံးချင်သည်။ သို့သော် ရှည်လျားစွာ စောင့်ဆိုင်းနေ‌သော လူတန်းကြီးကိုမြင်သောအခါ ဤနေရာမှ ထွက်ခွာရန် မဖြစ်နိုင်သလိုခံစားရသည်။

ထင်ထားသည့်အတိုင်းပင် သူမ မေးမြန်းရန်သွားချိန်တွင် ဖြတ်လမ်း ဝင်္ကပါတာဝန်ခံသည် သစ်သားပြားထုတ်ပေးပြီးပြောလေသည် “သုံးရက်နေမှ သုံးလို့ရမယ် ဒါယူထားပြီး တန်းစီပါ”

“သုံးရက်ဟုတ်လား အဲလောက်ကြာသလား”

တာဝန်ခံသည် ခေါင်းမော့လာပြီး သူတို့ကို ကြည့်လေသည်။ ထို့နောက် သူ၏ မုတ်ဆိတ်ကိုပွတ်ပြီး လူတန်းကို ညွှန်ပြကာ ပြောလေသည် “အဲလူတွေကို မြင်လား.. သူတို့က လွန်ခဲ့တဲ့ လေးရက်လောက်ကတည်းက တန်းစီနေကြတာ မင်းတို့ရှေ့မှာ သုံးရက်စာလူတွေရှိသေးတယ်”

အားလုံး နှုတ်ဆိတ်သွားကြသည်။ ဖြတ်လမ်းဝင်္ကပါကို သုံးချင်သူမှာ များပြားနေကာ လူတန်းမှာလည်း သုံးရက်စာလောက်ရှိသည်။

“ငါပြောတာက မင်းတို့ တန်းစီမှာလား မစီဘူးလား.. မစီရင်လည်း သွား ကြတော့.. မင်းတို့နောက်မှာ တန်းစီမယ့်လူတွေအများကြီးပဲ”

ရှီမာယူယူသည် အခကြေးငွေပေးပြီးနောက် သစ်သားပြားယူကာ ထွက် လာလိုက်သည်။ ဆိုင်တာဝန်ခံသည် သူ့ဘေးမှလူကို လက်ချောင်းကွေးပြလိုက် သည်နှင့် ထိုလူသည် သူ့ကိုခေါ်ပြီး ထွက်သွားလေသည်…

သုံးရက်ကြာစောင့်ရမည်ဖြစ်သဖြင့် သူတို့သည် နေထိုင်ရန် တည်းခို ဆောင်ရှာလိုက်ကြသည်။ သူတို့သည် မြို့ထဲသို့ပတ်သွားပြီး သတင်းစုံစမ်းရန် စီစဉ်ထားကြသည်။

သို့သော် သူတို့ ပျားများကိုမလွှတ်ခင်တွင် အသိအကျွမ်းများနှင့် တွေ့ လေသည်။

“သခင်မလေးမုရုန်” ယိုထျန်ရန်သည် ရှီမာယူယူကို မြင်သည်နှင့် အမြန် ပြေးလာလေသည်။

ရှီမာယူယူသည် မရဏာလောကတွင် အသိအကျွမ်းမများပေ။ ထို့ကြောင့် ထိုလူကို သူမ မှတ်မိသည်။ ယိုထျန်ရန်.. သူ သူမကို အရှုံးပေးစဉ်က ပွင့်ပွင့်လင်း လင်းပင် အရှုံးပေးခဲ့သည်။

သို့သော် သူမသည် သူ့ကို မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့သည်။ ထိုအစား သူမ မေးလိုက်သည်မှာ ‘ကျွန်မကို ခေါ်လိုက်တာလား’

“သခင်မလေးမုရုန် ကျွန်တော့်ကို မမှတ်မိဘူးလား ကျွန်တော်က ယိုထျန်ရန်လေ”

“တောင်းပန်ပါတယ် ကျွန်မတို့ တွေ့ဖူးကြမယ်မထင်ဘူး”

“မိန်းကလေးက မုရုန်ရှီမဟုတ်ဘူးလား” ယိုထျန်ရန်သည် သူမကို နား မလည်သလိုကြည့်လေသည်။ ရုပ်တူသည်မှာ သေချာသော်လည်း စိမ်းသက် သော ခံစားချက်သည် သူတို့ကို မတူညီသလိုခံစားရသည်။

“မုရုန်ရှီဟုတ်လား အဲဒါဘယ်သူလဲ”

“မိန်းကလေးကို ကျွန်တော်သိတဲ့လူလို့ထင်သွားပြီးတော့ လျောင်ပြည် နယ်ကလူက လိုက်ရှာနေတယ်လို့ ပြောချင်လို့ပါ… ကြည့်ရတာ လူမှားသွား တယ်ထင်တယ်.. တောင်းပန်ပါတယ် နှုတ်ဆက်ပါတယ်” ယိုထျန်ရန်သည် ပြောပြီးနောက် လှည့်ထွက်သွားလေသည်။

ရှီမာယူယူ၏ မျက်နှာထားမှာ အရင်အတိုင်းဖြစ်သော်လည်း ပို၍ လေးနက်သွားသည်။

လျောင်ပြည်နယ်ကလူတွေ တစ်ခုခုဖြစ်တာလား။

All Chapters