ဘယ်အချိန်က စလဲ
Vol. 52 Ch. 766
“ခဲ့ရှင်း မင်းအတွက် စာတစ်စောင် ရောက်နေတယ်.. အမေရိကန်က ပို့လိုက်တာ.. အဲ့မှာ မင်းဆွေမျိုးတွေ ရှိလို့လား..”
ခဲ့ရှင်း၏ အခန်းဖော် ဝမ်ရှန်ကျင်းမှ မေးလိုက်သည်။
“မရှိပါဘူး.. ကြည့်ပါရစေအုံး..”
ကျိုးခဲ့ရှင်း စာအိပ်ပေါ်ရှိ လက်ရေးကို မြင်လိုက်သည်နှင့် မည်သူပို့လိုက်သည် ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ကျိုးခဲ့ရှင်း စာကို ရင်ဘတ်တွင် ကပ်ထားကာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“အယ်.. ခဲ့ရှင်း.. နင့်ဆီ ဒီစာ ဘယ်သူပို့လိုက်တာလဲ.. နင့် ချစ်သူမို့လား..”
ဝမ်ရှန်ကျင်းသည် ကျိုးခဲ့ရှင်အား နာမည်တပ်ပေးပို့သူမျာ မည်သူဖြစ်ကြောင်း ကျိုးခဲ့ရှင်းသာ ပြောနိုင်ပေလိမ့်မည်။ ပေးပို့သူ အမည်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။ သို့ရာတွင် သူ့ကိုယ်သူ မည်သည့်အတွက် နံပတ်(၂)ဟု မည်သူ ခေါ်မည်နည်း။ မည်သည်ကို ဆိုလိုသနည်း။ ဒုတိယ ရုပ်ဆိုးကြီးလော။
“ရည်းစားစာတဲ့လား.. ဒါ ငါ့စာရေးဖော်ပါ..”
ကျိုးခဲ့ရှင်း ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။
“ဘယ်လို.. ဘာ စာရေးဖော်လဲ.. နင့်မှာ နိုင်ငံခြားကနေတောင် စာရေးဖော် ရှိတယ်နော်.. အမေရိကန်က စာရေးဖော် တစ်ယောက်လား.. ဟိုမှာ လူမည်းတွေပဲလို့ ငါကြားဖူးတယ်..”
ဝမ်ရှန်ကျင်း ပြန်အော်လိုက်သည်။
“သူက နိုင်ငံခြားသား မဟုတ်ဘူး.. တရုတ်လူမျိုးပဲ.. ပေကျင်း တက္ကသိုလ်က ဘွဲ့ရထားတာ..”
ကျိုးခဲ့ရှင်း ပြန်ပြောလိုက်သည်။ သူ့အတွက်မူ အမေရိကန် သို့တည်းမဟုတ် မည်သည့်နိုင်ငံသားဖြစ်စေ ဤ’ကမ္ဘာပေါ်ရှိ ဒုတိယ ရုပ်အချောဆုံးသူ’ နှင့် မနှိုင်းယှဉ်နိုင်ချေ။
“ပေကျင်းက ဘွဲ့ရတာလား.. နင့်မှာ စာရေးဖော် ရှိတယ်ပေါ့.. ဒီစာကို အမေရိကန်ကနေ ဘယ်လို ပို့လိုက်တာလဲ.. အခု နိုင်ငံခြားမှာ ကျောင်းတက်နေတာပေါ့နော်..”
ဝမ်ရှန်ကျင်း အံ့ဩသွားသည်။ ထိပ်တန်း ကျောင်းသားအများစုသည် ၎င်းတို့၏ ပညာရပ်များ ဆက်လက်သင်ယူ နိုင်ငရန် နိုင်ငံရပ်ခြားသို့ သွားရောက်၍ ဆက်လက် သင်ကြားရန် ရွေးချယ်ကြပေလိမ့်မည်။
ဝမ်ရှန်ကျင်း၏ မွေးရပ်မြေတွင်လည်း ထိုသို့သော လူတစ်ယောက်ရှိပေသည်။ နိုင်ငံခြားသို့ ပြောင်းရွှေ့သွား ပြီးနောက် ထိုလူသည် သူ့မိဘများကိုပါ သူနှင့်အတူ ခေါ်သွားပေသည်။ အခြားနိုင်ငံများတွင် ငွေရှာရ အလွန် လွယ်သည်ဟု ကြားလိုက်ရသည်။ မိမိသည်လည်း နိုင်ငံခြားသို့ သွားလိုသော်လည်း အခွင့်အရေး မရှိခဲ့ချေ။
“မဟုတ်ပါဘူးဟာ.. အလုပ်ကိစ္စနဲ့ အမေရိကန်သွားတာတဲ့.. နှစ်သစ်ကူးရင် ပြန်လာမှာ..”
ကျိုးခဲ့ရှင်း အနည်းငယ် စိတ်ပျက်သွားသည်။ ဖုန်းယွီထံသို့ စာပြန်ရန် အချိန်အတော်ကြာ စောင့်ရပေအုံးမည်။
“ဝိုး…. အမေရိကန်မှာ ငွေရှာဖို့ သွားတာလား.. အဲ့မှာ သူ့ယူနစ်က လစာ ဘယ်လောက် ရှိလဲ.. အဲ့မှာလဲ နှစ်ကူး အားလပ်ရက် ရှိတယ်ပေါ့..”
ဝမ်ရှန်ကျင်း အော်မိလိုက်သည်။
“ယူနစ်မဟုတ်ဘူး.. ကုမ္ပဏီလို့ခေါ်တယ်..”
“အဲ့လိုလား.. သူ့ လစာ ဘယ်လောက် ရှိလဲ..”
ဝမ်ရှန်ကျင်း ထပ်မေးပြန်သည်။ ယူနစ်ဖြစ်စေ ကုမ္ပဏီဖြစ်စေ မည်သို့ပင် အမည်တပ်စေကာမူ ဂရုမစိုက်ချေ။ ဝင်ငွေ ကောင်းသည် ဆိုသည်မှာ မည်သည်နည်း။
“ငါ ဘယ်လိုလုပ် သိမလဲ.. ငါတစ်ခါ မေးဖူးတယ်.. ထားလိုက်ပါတော့.. ငါ့အတွက် စာယူလာပေးလို့ ကျေးဇူးတင်ပါတယ်.. လီလင် အရုပ်ကြီးတစ်ရုပ် ဝယ်လာတယ် ကြားတယ်.. နင့်အိမ်ဘေးမှာပဲဆိုတော့ သူ့ဆီ လာလည် အုံးမှပါ..”
ဝမ်ရှန်ကျင်းသည် ကျိုးခဲ့ရှင်းအား တစ်ချက်ကြည့်ကာ..
“နင် ငါ့ကို နှင်ချင်နေပြီပေါ့လေ.. လီလင်နဲ့ အပေါက်အလမ်း မတည့်ပါဘူး.. အရုပ်လဲ မဝယ်ဘူး.. ငါ နင့်ကို အနှောက်ယှက်တော့ပါဘူးအေ.. နောက်မှပဲ နင်နဲ့ စကားပြောတော့မယ်..”
ကျိုးခဲ့ရှင်း ပြုံးနေရင်းဖြင့် စာအိတ်ကို ဂရုတစိုက် ဖွင့်လိုက်သည်။
“ငါ အခု အမေရိကန်၊ ဝါရှင်တန်ကို ရောက်နေတယ်.. အမေရိကန်ရဲ့ မြို့တော် ဆိုပါတော့.. ဒီမှာ ရှုခင်းတွေ အရမ်း ကောင်းပေမယ့်.. ဒီကလူတွေအားလုံး နိုင်ငံခြား ဘာသာစကားပဲ ပြောကြတာ.. ဒီက ယဉ်ကျေးမှုက တရုတ်နဲ့ အရမ်းကွာတယ်.. အားလုံးလဲ စိမ်းနေတာပေါ့..”
ကျိုးခဲ့ရှင်းသည် စဖတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ အမေရိကန်သည် မကောင်းဘူးထင်လျှက် မည်သည့်အတွက် သွားနေသေးသနည်း။ ပေကျင်း တက္ကသိုလ်မှ ဘွဲ့ရ တစ်ယောက်အနေဖြင့် တရုတ်နိုင်ငံတွင် အလွယ်တကူ အလုပ်ရနိုင်ပေသည်။
နိုင်ငံပိုင်လုပ်ငန်းများတွင် မလုပ်လိုလျှင်ပင် နိုင်ငံခြား ကုမ္ပဏီများ၌ အလုပ်လုပ်နိုင်ပေသည်။ ရှန်ဟိုင်းတွင်ပင် နိုင်ငံတကာ ကုမ္ပဏီ အများအပြားရှိပေသည်။ ၎င်းတို့၏ ဝန်ထမ်းများအား လစာ ကောင်းကောင်း ပေးထားပေသည်။
ကျိုးခဲ့ရှင်းသည် ရှန်ဟိုင်းတက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး သတင်းစာပညာရပ်ကို ‘ကမ္ဘာ့ ဒုတိယ အချောဆုံးလူ’ နှင့် မိဘများ အားပေးမှုဖြင့် ရွေးချယ်ခဲ့သည်။
ကျိုးခဲ့ရှင်းသည် သတင်းထောက်တစ်ဘောက် ဖြစ်ရန် မျှော်လင့်နေပေသည်။ တိုင်းပြည်အတွက် ထူးခြားသည့် ပံ့ပိုးကူညီသူများကို တွေ့ဆုံမေးမြန်းနိုင်ရန်အထိ မျှော်လင့်ထားပေသည်။
ကျိုးခဲ့ရှင်းအနေဖြင့် ဤ’ကမ္ဘာ့ ဒုတိယ အချောဆုံးလူ’ သည် မည်သည့်အတွက် အမေရိကန်သို့ အလုပ်သွားလုပ် သည်ကို နားမလည်တော့ချေ။ မိမိ အမိမြေအား အကျိုးမပြုလိုဘူးလော။
ငယ်စဉ်မှစ၍ ကျိုးခဲ့ရှင်းသည် ယခင်မျိုးဆက်များကဲ့သို့ အလှူငွေထည့်ခြင်းဖြင့် အမိမြေကို ကျေးဇူးဆပ်ရန် ပညာ သင်ကြားခဲ့ခြင်းဖြစ်သည်။ ယခုမူ ပြည်ပက ပိုကောင်းကြောင်း ဖြစ်သွားကြသည်လော။ ဝမ်ရှန်ကျင်းသည်လည်း ထိုအထဲမှ တစ်ဘောက်ဖြ့စ်သည်။ သူ့အိပ်မက်မှာ အမေရိကန်သို့ သွားနိုင်ရေးပင်။
အခြားနိုင်ငံသို့ ထွက်ခွာသွားကာ မည်သည့်အခါတွင်မှ ပြန်မလာသူများသည် ငယ်စဉ်ကတည်းက ပညာမသင် ခဲ့ကြရသည်လော။ ပြောင်းရွှေ့နေထိုင်ရေးကိုသာ စိတ်ကူးထားသူများသည် အယူဝါဒများကို ယခင်က မလေ့လာခဲ့ကြသည်လော။
ဤဖြစ်စဉ်အားလုံးမှာ တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေ ကြောင့်ပင်။ လူများသည် အချိန်ကြာမြင့်စွာ ခံစားခဲ့ရပြီး သူတို့ ပိုင်ဆိုင်သမျှ မျှဝေခံစားကြရမည် ဖြစ်သည်။ အရည်အချင်းရှိသော လူတော်တော်များများ ထိုအတိုင်း ဆက်သွားသင့်သည်လော။ ပိုမိုကောင်းမွန်သည့် နေရာသို့ ပြောင်းရွှေ့သွားကြမည်လော။
ကျိုးခဲ့ရှင်းသည် ဖုန်းယွီ၏ စာကို ရရှိသည့်အခါ တရုတ်ပြည်ကနေ မည်သည့်အခါတွင်တွင် ထွက်မသွားရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်သည်သာ အကောင်းဆုံး ဖြစ်နေဆဲပင်။ ‘ကမ္ဘာ့ ဒုတိယ အချောဆုံးလူ’ ပင်လျှင် နိုင်ငံခြားတွင် နေထိုင်နိုင်မည် မဟုတ်ချေ။
ဤစာတွင် စာမျက်နှာ (၃)မျက်နှာရှိပြီး ကျိုးခဲ့ရှင်းအနေဖြင့် အလွန်တိုသည်ဟု ခံစားနေရပေသည်။ စာကို ပိုရှည်စေ ချင်နေမိသည်။ ထို့နောက် စာရွက်ထုတ်၍ ပြန်စာ စရေးတော့သည်။
ကျိုးခဲ့ရှင်းသည် စာရေးပြီးနောက် နှစ်ကြိမ် ပြန်စစ်လိုက်သည်။ သူ တွေ့ကြုံခံစား လုပ်ဆောင်ချက်များအနက် မည်သူ့ကိုမှ မပြောဖူးသည့် လျှို့ဝှက်ချက်များကို စာထဲတွင် ရေးသားလိုက်တော့သည်။
စာကို အကြိမ်ကြိမ် ပြန်စစ်ပြီးမှ အချောပြန်ရေးရန် စာရွက်အသစ်တစ်ရွက် ထပ်ထုတ်လိုက်ပြန်သည်။ စာအဟောင်း ထဲတွင် မကြိုက်သည့် အရေးအသားများ ပြန်ဖျက်ခဲ့ရပေသည်။ ဖျက်ရာ ခြစ်ရာများပါသည့် စာတစ်စောင်ကိုတော့ မပို့လိုပေ။
“ခဲ့ရှင်း.. နင်ဘာတွေ ရေးနေတာလဲ..”
အခန်းဖော် နောက်တစ်ယောက် ဝင်လာပြန်သည်။
ကျိုးခဲ့ရှင်းသည် သူ့စာကို အမြန်ဖုံးလိုက်ပြီး..
“ပြန်လာပြီလား.. ဘာမှ မဟုတ်ပါဘူးဟာ..”
“ဘာမှ မရေးဘူးပေါ့.. ဒါဆို ဘာလို့ ဖွက်နေရတာလဲ.. ဘာတွေ ဖွက်ထားတယ်ဆိုတာ ကြည့်အုံးမယ်.. နင့် မိဘတွေဆီတော့ စာရေးမှာမဟုတ်ပါဘူး.. ရည်းစားစာပဲ ဖြစ်ရမယ်.. သူက နင်နဲ့အတူ ကျောင်းတက်ဖော်လား.. ဘယ်တက္ကသိုလ်ကလဲ.."
ဝမ်လိန် မေးလိုက်သည်။
“မဟုတ်ပါဘူးဟာ.. ရေးရေးဖော် သက်သက်ပါ..”
“စာရေးဖော်…. နင်ဘာလို့ အရမ်း စိတ်လှုပ်ရှားနေတာလဲ.. စာရေးဖော် သက်သက်ဆို နင့်ဘာတွေ ရေးထားလဲ ငါကြည့်မယ်လေ..”
ဝမ်လိန်သည် ကျိုးခဲ့ရှင်းရှေ့သို့ လက်ဖြန့်ပြလိုက်သည်။
“မဖြစ်ဘူး.. မဖြစ်ဘူး.. ဒါက လျှို့ဝှက်ချက်ပဲ..”
ကျိုးခဲ့ရှင်း စားပွဲပေါ် ပြားနေအောင် မှောက်ချကာ စာကို ဖုံးထားလိုက်သည်။
“တကယ်ရော စာရေးဖော် ဟုတ်ရဲ့လား..”
“ဒါပေါ့.. စာရေးဖော်မှ စာရေးဖော်ပဲ..”
ကျိုးခဲ့ရှင်း ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
“ငါ့ကို လာမလိမ်နဲ့နော်.. နင်တို့နှစ်ယောက် စာရေးဖော်အဖြစ် စခဲ့တယ်ဆိုရင်တောင် အခု မတူတော့ဘူး.. နင့်ကိုယ်နင် ကြည့်လိုက်အုံး.. မျက်နှာမှာ နီရဲနေတာပဲ.. နင် သူ့ကို ကြိုက်နေတယ်မို့လား..”
“နင်.. လူဆိုး…”
ကျိုးခဲ့ရှင်း မျက်နှာပူနေသလို ခံစားလိုက်ရသည်။ သူ့နှလုံးသားလည်း ခုန်နေပေသည်။ မည်သည့် အချိန်က စခဲ့မှန်း မသိသော်လည်း ထို’ကမ္ဘာ့ ဒုတိယ အချောဆုံးလူ’ ကို ချစ်မိသွားပုံပင်။
ထိုလူ ပျော်ပါက သူသည်လည်း ပျော်မိပေလိမ့်မည်။ ထိုလူ စိတ်မကောင်း ဖြစ်ပါက သူသည်လည်း စိတ်ထိခိုက် နေမိမည်ပင်။
ဘယ်.. ဘယ်… ဘယ်အချိန်က စတာလဲ။
--------**$$^$$**--------