ဂျက်ဖ်
Vol. 52 Ch. 772
သူ့လက်အတွင်းရှိ အချက်အလက်များကို ကြည့်ရင်း ရီလ်ဖာ မျက်မှောင်ကြုတ်သွားသည်။ ဖုန်းယွီသည် အင်နာတက် စာအုပ်များရောင်းချသည့် ထိုကုမ္ပဏီငယ်လေး၏ အချက်အလက်များကို မည်သည့်အတွက် လိုချင် နေရသနည်း။ ဤကုမ္ပဏီသည် စာအုပ်များ ရောင်းရန် အင်တာနက် အသုံးချထားသဖြင့် နည်းပညာကုမ္ပဏီဟုပင် မယူဆနိုင်ချေ။ ထိုကုမ္ပဏီတွင် မည်သို့သော အလားအလာ ရှိနိုင်မည်နည်း။
မည်သို့ပင်ဆိုစေ အထက်လူကြီး၏ ညွှန်ကြားချက်များသည် ရီလ်ဖာအတွက် အကြောင်းပြချက်ကို နားမလည်သော်လည်း ဖုန်းယွီအတွက် အချက်အလက်များ ဆက်လက် စုဆောင်ကာ စီစဉ်နေပေသည်။
ဖုန်းယွီသည် အချက်အလက်များက ကြည့်လိုက်သည်။ အမေဇုံသည် လွန်ခဲ့သည့် နှစ်က ဝါရှင်တန်တွင် မှတ်ပုံတင်ခဲ့သည်။ ယခုနှစ် ဇူလိုင်လ၌ ယခုအမည်ကို ပြောင်းလဲခဲ့ပြီး အွန်လိုင်း စာအုပ်ဆိုင် ဖြစ်လာသည်။
ထိုကုမ္ပဏီ၏ အတိုင်းအတာသည် သိသိသာသာကြီးမဟုတ်ချေ။ ယမန်နှစ်က စတင်တည်ထောင်ကတည်းမှစ၍ အမြတ်အစွန်း မရှိသေးချေ။
ဖုန်းယွီ အလွန်ဝမ်းသာသွားသည်။ အမြတ်မရှိသေးဘူးလော။ ထို့အပြင် ထိုကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန် သို့တည်းမဟုတ် အစုရှယ်ယာရှင်များထံမှ အစုရှယ်ယာများ ပြန်လည် ဝယ်ယူခြင်းသည် ပြဿနာမရှိလောက်ချေ။
အမေဇုံ၏ အသွင်အပြင်သည် ရိုးရှင်ပေသည်။ သို့ရာတွင် ဤသည်မှာ ကုမ္ပဏီအတွက် အနိမ့်ဆုံး အချက်ဖြစ်သည်။ များယွင်းသည့် လုပ်ဆောင်ချက်သည် Dot.Com ဖောင်းပွမှုအတါင် ကုမ္ပဏီ ပြိုကွဲစေလိမ့်မည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် နည်းပညာကုမ္ပဏီများသည် (၂၀၀၀)ခုနှစ် နောက်ပိုင်းတွင် ဒေဝါလီ ခံလာရသည်။ ရာဟူးကဲ့သို့သော ထိပ်တန်းကုမ္ပဏီကြီး တစ်ခုပင်လျှင် (၉၀)ရာခိုင်နှုန်းကျော် ကျဆင်းသွားပေသည်။
“ရီလ်ဖာ.. မစ္စတာ ဂျက်ဖ်နဲ့ ချိန်းဖို့ ပြင်ပေး.. ကျုပ် သူနဲ့တွေ့ချင်တယ်..”
ဖုန်းယွီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရီလ်ဖာအနေဖြင့် ပဟေဠိ ဖြစ်နေသော်လည်း စီစဉ်မှုများ ပြုလုပ်ပေးနေသည်။ ဤကိစ္စအတွက် ဂျက်ဖ် ဘီဇိုစ် အား စုံစမ်း စစ်ဆေးခဲ့ပါသည်။ ယခင်က ဘဏ်လုပ်ငန်းတွင် လုပ်ခဲ့ဖူးသည်။ ဖုန်းယွီသည် ထိုလူကို စည်းရုံးချင်နေ သည်လော။
သို့ရာတွင် ဖုန်းယွီသည် အနှီအွန်လိုင်း စာအုပ်ဆိုင်ကို ပို၍ စိတ်ဝင်စားပုံပေါ်ပေသည်။ ထိုကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံ လိုသည်လော။ အင်တာနက်မှ စာအုပ်များကို မည်သူဝယ်မည်နည်း။ လူများသည် စာအုပ်ဆိုင်တွင် ဝယ်၍ ရပေသည်။ ရီလ်ဖာသည် ထိုကုမ္ပဏီမျာ မည်သို့ငွေရှာမည်ကို မမြင်နိုင်ချေ။
**********
ဂျက်ဖ်ဘီဇိုစ် သည် ရင်းနှီးမြုပ်နှံသူ တစ်ယောက်နှင့် အငြင်းပွားနေပေသည်။ ထိုရင်းနှီးမြုပ်နှံသူသည် ဂျက်ဖ်အား ရှေးရိုးဆန်လွန်းကာ ကုမ္ပဏီအတွက် ငွေရှာမပေးနိုင်ဟု ခံစားနေရသည်။ သူတို့သည် အင်တာနက်နှင့် ပတ်သက်၍ လက်ရှိ ရူးသွပ်မှုများကို အသုံးချကာ ကုမ္ပဏီ စာရင်းဝင်ရန် ကြိုးစားသင့်သည်ဟု ယူဆထားသည်။ ကုမ္ပဏီ၏ ရှယ်ယာများ တက်လာပြီးနောက် ကုမ္ပဏီကို ရောင်းချမည် ဖြစ်သည်။
သို့ရာတွင် ဂျက်ဖ်မှ ငြင်းဆန်နေပေသည်။ ဤသည်က သူတည်ထောင်ထားသည့် ကုမ္ပဏီ ဖြစ်သည်။ ဤကုမ္ပဏီကို သူ့အနေဖြင့် မည်သို့ ရောင်းပစ်နိုင်မည်နည်း။ ထို့အပြင် ဤကုမ္ပဏီကို ဖွံ့ဖြိုးတိုးတက်စေချင်ပေသည်။ ဤကုမ္ပဏီအတွက် ရှေးရိုးဆန်ကာ ဘေးကင်လုံခြုံသည့် ဖွံ့ဖြိုးရေး အစီအစဉ်ရှိထားသည်မှာ မည်သို့ မှားနေသနည်း။
လက်ရှိ အင်တာနက်အပေါ် ရူးသွပ်မှုသည် ထိုကုမ္ပဏီများ၏ ယာယီတန်ဖိုး တိုးမြင့်လာစေမည် ဖြစ်သော်လည်း အစွန်းအထင်း တစ်ခုသာဖြစ်ပေသည်။ ထိုကုမ္ပဏီများ၏ ရှယ်ယာများသည် များမကြာမီ ကျဆင်းသွားမည် ဖြစ်သည်။ ဂျက်ဖ်သည် စွန်းစားရမှု နည်းပါးကာ တဖြည်းဖြည်းချင်း တိုးတက်မျုကို နှစ်သက်ပေသည်။ ဤသည်က သူ့အတွက် ရေရှည်ဗျူဟာပင် ဖြစ်သည်။
ထို မကောင်းသည့် ရင်းနှီးမြုပ်နှံသူများသည် ငွေသာ လိုချင်နေကြသည်။ အိပ်မက်များအကြောင်း နားမလည်နိုင်ကြ ချေ။ ၎င်းတို့သည် ငွေပုံခုထိုင်ထားလျှင်ပင် ရေတိုအမြတ်အစွန်းကို မကြည့်သင့်ချေ။ ရှေရှည်အမြင်များ မရှိကြတော့ပြီလော။
မည်သည့်အတွက် ထိုလူများကို ရင်းနှီးမြုပ်နှံ စေမိပါသနည်း။ ထိုလူများသည် အင်တာနက်နှင့် စီမံခန့်ခွဲမှုအကြောင်း ဘာမှမသိသော်လည်း ကုမ္ပဏီ၏ လုပ်ငန်းများကို အနှောက်အယှက် ပေးချင်နေကြသည်။ ရင်းနှီးမြုပ်နှံမှုတွင် ၎င်းတို့သည် မိမိထက် ပိုသာသည် ထင်နေကြသည်လော။ မိမိသည်လည်း ငွေကြေးနယ်ပယ်မှ လူတစ်ယောက် ဖြစ်သည်။
“မစ္စတာဂျက်ဖ်.. ခင်ဗျားအတွက် ဖုန်းပါ.. မိုက္ခရိုဆော့ဖ်က ဒါရိုက်တာရဲ့ အတွင်းရေးမှူလို့ ပြောပါတယ်..”
ဂျက်ဖ်၏ အတွင်းရေးမှူး ရုံးခန်းအတွင်း ဝင်လာကာ သတင်းပို့လိုက်သည်။
မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာ တစ်ယောက်၏ အတွင်းရေးမှူးမှ ဖုန်းခေါ်လာသည်လော။ ဂျက်ဖ် အလွန်ပျော်သွားသည်။ မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာကို သူ့ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန် စည်းရုံးနိုင်ပါက အနှီရင်းနှီး မြုပ်နှံသူကို မောင်းထုတ်ပစ်မည်ဖြစ်သည်။
ချက်ချင်းပင် ဂျက်ဖ် ဖုန်းကောက်ကိုင်လိုက်သည်။
“ဟယ်လို.. ကျုပ် ဂျက်ဖ်ဘီဇိုစ်ပါ.. ဘယ်သူဖုန်းခေါ်တယ်ဆိုတာ သိလို့ရမလား..”
“ကျုပ်က မိုက္ခရိုဆော့ ဒါရိုက်တာ မစ္စတာဖုန်းရဲ့ အတွင်းရေးမှူးပါ.. ကျုပ်ဆရာက ခင်ဗျားနဲ့ တွေ့ချင်လို့ပါ..”
“ရပါတယ်ဗျာ.. မစ္စတာဖုန်း ဘယ်အချိန်အားမလဲမသိဘူး.. ကျုပ်က အချိန်မရွေး တွေ့လို့ရပါတယ်..”
“အဲ့လိုမဟုတ်ဘူး.. ကျုပ်ဆရာက ခင်ဗျားဆီ လာလည်ချင်တာ.. တစ်ချိန်တည်းမှာပဲ ခင်ဗျားကုမ္ပဏီကို ကြည့်ချင်နေတယ်.. ကျုပ် ဆိုလိုတာကို သဘောပေါက်တယ်မို့လား..”
ဂျက်ဖ် အလွန်ပျော်သွားသည်။ ရီလ်ဖာ စကားများကို သူနားလည်ပေသည်။ မိုက္ခရိုဆော့ဖ်မှ မစ္စတာဖုန်းသည် သူ့ကုမ္ပဏီကို စိတ်ဝင်စားနေပေသည်။
“ကျုပ်ကုမ္ပဏီကို လာလည်ဖို့ မစ္စတာဖုန်းကို ကြိုဆိုပါတယ်.. အချိန်မရွေး လာလို့ရပါတယ်ဗျာ..”
“မနက်ဖြန်ဆိုရင် ဘယ်လိုလဲ..”
“ဖြစ်ပါတယ်… မနက်ဖြန် ကုမ္ပဏီမှာ မစ္စတာဖုန်းကို စောင့်နေပါမယ်..”
ဂျက်ဖ် ဖုန်းချကာ သူနှင့် အငြင်းအခုံဖြစ်နေသည့် ရှယ်ယာရှင်ကို ကြည့်လိုက်သည်။
“ခင်ဗျားရှယ်ယာတွေ ပြန်ရောင်းချင်လား… ကောင်းပြီလေ.. ကျုပ် ခင်ဗျားရှယ်ယာတွေ ဝယ်လိုက်မယ်..”
မိုက္ခရိုဆော့ဖ် ဒါရိုက်တာတစ်ယောက် ဤကုမ္ပဏီတွင် ရင်းနှီးမြုုပ်နှံမည် ဆိုပါက ဤကုမ္ပဏီသည် နောင်တွင် တောက်ပလာမည်မှာ သေချာပေသည်။ ဂျက်ဖ်ဘီဇိုစ်သည် အမေဇုံတွင် ရင်းနှီးမြုပ်နှံရန်အတွက် သူ့အိမ်နှင့် ရှယ်ယာများကိုပင် ရောင်းပစ်နိုင်ပေသည်။ အမေဇုံသည် နောင်တွင် ထိပ်တန်း ကုမ္ပဏီ တစ်ခု ဖြစ်လာမည်ဟု ယုံကြည်ထားပေသည်။
အနှီရှယ်ယာရှင်မှာ အံ့ဩသွားတော့သည်။ မိုက္ခရိုဆော့ဖ် ဒါရိုက်တာ တစ်ယောက်ထံမှ ဖုန်းခေါ်ဆိုမှုကို ဂျက်ဖ် အမှန်တကယ် ရခဲ့သည်လော။ မိုက္ခရိုဆော့သည် အမေဇုံတွင် ရင်းနှီးမြုပ်နှံတော့မည်လော။ သို့မဟုတ်ပါက ဂျက်ဖ်သည် သူ့ရှယ်ယာများကို ဝယ်ရန်ပင် ကမ်းလှမ်းလာလိမ့်မည်လော။ သို့ရာတွင် မိုက္ခရိုဆော့ဖ် ဒါရိုက်တာ တစ်ယောက် ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံတော့မည်ဖြစ်၍ မိမိရှယ်ယာများကို မည်သည့်အတွက် ရောင်းထုတ်ပစ်ရမည်နည်း။
**********
“ဆရာ.. ကျုပ်သူနဲ့ ဆက်သွယ်ပြီးပါပြီ.. ဂျက်ဖ်က မနက်ဖြန် အမေဇုံမှာ စောင့်နေပါလိမ့်မယ်..”
“ကောင်းပြီလေ.. မနက်ကျ သွားကြည့်ကြတာပေါ့.. အဲ့ကုမ္ပဏီရဲ့ အချက်အလက်တွေ မင်းမြင်ထားပြီးသားပဲ.. ရင်းနှီးမြုပ်နှံဖို့ ထိုက်တန်တယ်ထင်လား..”
ဖုန်းယွီ မေးလိုက်သည်။
“ဆရာ.. အဲ့ကုမ္ပဏီမှာ ဘာတွေ ထူးခြားနေလဲဆိုတာ ကျုပ်မပြောနိုင်သေးဘူး.. အွန်လိုင်း စာအုပ်ဆိုင် တစ်ခု၌ြလေ.. စာအုပ်ဆိုင်တွေ လမ်းပေါ်က ဘယ်နေရာမှာမဆို ရှာလို့ရပါတယ်… စာအုပ်တွေ ဝယ်မဝယ် ဆုံးဖြတ်ချက် မချသေးခင် လှန်ပြီးဖတ်လို့တောင် ရသေးတယ်.. ဝယ်သူတွေက ဒီအွန်လိုင်း စာအုပ်ဆိုင်မှာ မျက်နှာဖုံးလေးပဲမြင်နိုင်တယ်.. ဒီကုမ္ပဏီမှာ အလားအလာ သိပ်မရှိဘူးလို့ ကျုပ်ထင်တယ်.. ပြီးတော့ ကုမ္ပဏီရဲ့ သိုလှောင်နိုင်မှုကလဲ တစ်ပတ်လောက်ကြာရင် စာအုပ်တွေဝယ်ဖို့ စရိတ်စကကြီးတယ်.. တစ်ပတ်လောက် စောင့်ကြည့်အုံးမလား..
ဟုတ်သားပဲ.. တကယ်လို့ ဆရာသာ အဲ့ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံပြီး အကောင့်တွေ ပြင်ဆင်ထားမယ်ဆိုရင် Nasdaq မှာ စာရင်းသွင်းဖို့ ပြဿနာမရှိလောက်ဘူး.. နည်းပညာရှယ်ယာတွေအပေါ်မှာ လက်ရှိ စိတ်အားထက်သန် နေကြတော့ ဆရာ့မှာ အကျိုးအမြတ် မြင့်မြင့်မားမား ရနိုင်မှာ.. ဒါပေမယ့် အချိန်တော့ တော်တော်ကြာမှာပေါ့.. စာရင်းသွင်းပြီးသား နည်းပညာကုမ္ပဏီတစ်ခု ဝယ်လိုက်လို့လဲရတာပဲ.. ပြဿနာတွေတော့ရှိတယ်.. ဒါက ကျုပ်အမြင် သက်သက်ပဲ..”
ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။
“မဟုတ်ဘူး.. မင်းပြောတာ မှန်တယ်.. အားနည်းချက်တွေ ရှိနေတယ်.. အဲ့ကုမ္ပဏီ ရေတိုမှာ အမြတ်ရနိုင်မှာ မဟုတ်ဘူး.. ဒါပေမယ့် အဲ့ကုမ္ပဏီရဲ့ အားသာချက်တွေ မင်းမြင်နိုင်လား..”
“အားသာချက်တွေလား.. အွန်လိုင်း ကုမ္ပဏီဆိုတာကလွဲရင် ကျုပ်မြင်တာ တစ်ခုကတော့ အွန်လိုင်း စာအုပ်ဆိုင် ဆိုတာပဲ.. သူတို့က လက်လီစာအုပ်ဆိုင်တွေထက် စာအုပ်မျိုးစုံ ရောင်းနိုင်မယ်.. ဒါပေမယ့် ဈေးကွက်ရှာဖွေရေး ပွဲစားတွေ မရှိရင် ခေါင်းစဉ်အမျိုးမျိုးနဲ့ ရှာဖို့ ခက်လိမ့်မယ်..”
ရီလ်ဖာ သူ့အတွေးအနည်းငယ်ဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်.. သူတို့မှာ ရှာဖွေရေး ဝန်ဆောင်မှု ကောင်းကောင်းရှိရင် ဖောက်သည်တွေ သူတို့လိုချင်တဲ့ စာအုပ် ရှာနိုင်မယ်.. ဖောက်သည်တွေက စာရေးဆရာရဲ့ နာမည်၊ နိုင်ငံ၊ ထုတ်ဝေသူ၊ စာအုပ်ခေါင်းစဉ် တွေနဲ့ ရှာလို့ရရင် သူတို့လိုချင်တဲ့ စာအုပ်တွေ ရှာလို့ရမယ်.. ထုတ်ဝေတဲ့ ခုနှစ်နဲ့တောင် ရှာလို့ရမယ်.. အဲ့ဒါ ရှာဖွေရေး ဝန်ဆောင်မှု စံသတ်မှတ်ချက်တွေထဲက တစ်ခုပေါ့.. အဲ့ဒါ အွန်လိုင်း စာအုပ်ဆိုင်ရဲ့ အားသာချက်ပဲ.. စာအုပ်တွေကို အချိန်တိုတိုနဲ့ ဖောက်သည်ဆီပေးနိုင်မှာ မဟုတ်ဘူး။ ဖွံ့ဖြိုးဆဲ ဆိုပေမယ့် ဖွံ့ဖြိုးပြီးသွားတာနဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်သွားလိမ့်မယ်..”
ဖုန်းယွီ ရှင်းပြလိုက်သည်။
“အဲ့ဒါကြောင့် ဒီကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံချင်တာလား..”
“ဟုတ်တယ်.. ဖြစ်နိုင်ရင် အဲ့ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်ချင်တယ်..”
ဖုန်းယွီသည် အမေဇုံ၏ ရှယ်ယာများကို ချုပ်ကိုင်ထားနိုင်ပါက ပိုကောင်းပေလိမ့်မည်။ သို့ရာတွင် မနက်ဖြန် တွေ့ဆုံပွဲအထိ စောင့်ရပေအုံးမည်။
ဂျက်ဖ်ဘီဇိုစ်။
--------**$$^$$**--------