စိတ်သဘောထား ပြောင်းလဲခြင်း
Vol. 52 Ch. 774
“……… ဒါကြောင့် မစ္စတာဖုန်းက အမေဇုံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားနေတာ.. ခင်ဗျားတို့မှာ အကြုံပြုစရာများ ရှိလား..”
ဂျက်ဖ်သည် အခြားဒါရိုက်တာများကို ကြည့်လိုက်သည်။
အစုရှယ်ယာရှင်များသည် ကုမ္ပဏီတစ်ခုတွင် အာဏာအရှိဆုံး ဖြစ်သော်လည်း ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ဤဒါရိုက်တာများသည် ကုမ္ပဏီ၏ ရှယ်ယာ (၇၅)ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားပေသည်။ ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုကို သဘောတူပါက အစုရှယ်ယာရှင် အများစု သဘောတူကြောင်း ဆိုလိုပေသည်။
“ဂျက်ဖ်.. မစ္စတာဖုန်းက ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံပြီး သူက အစုရှယ်ယာ ဘယ်လောက် ရမယ်ဆိုတာ မပြောသေးဘူး.. ပြီးတော့ ဒါက ရင်းနှီးမြုပ်နှံမှုသက်သက်လား.. ပုံမှန် ရင်းနှီးမြုပ်နှံမှုလား..”
ရင်းနှီးမြုပ်နှံမှုနှင့် ပုံမှန်ရင်းနှီးမြုပ်နှံမှုမှာ ကွာခြားပေသည်။ အကျိုးတူ ရင်းနှီးမြုပ်နှံမှုသည် ပုံမှန်အားဖြင့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အနှောက်အယှက်မပေးဘဲ အစုရှယ်ယာ အများစုမှာ မဲပေးပိုင်ခွင့် မရှိချေ။ ဤရင်းနှီးမြုပ်နှံမှု အမျိုးအစားသည် ပြန်အိမ်းငွေ ရရှိရန် ကုမ္ပဏီအား စာရင်းသွင်းရန် စောင့်နေကြခြင်း ဖြစ်သည်။ အမြတ်ဝေစု အပေါ်တွင်လည်း ဦးစားပေး ပေသည်။
သာမာန်ရင်းနှီးမြုပ်နှံမှုမှာ ဖုန်းယွီသည် ရှယ်ယာများကို အပြီးကိုင်ထားပြီး ကုမ္ပဏီ၏ စီမံခန့်ခွဲမျုကို ဝင်စွက်ဖက် ချင်ပေလိမ့်မည်။ အခြားသော အစုရှယ်ယာရှင်များကဲ့သို့ လုပ်ပိုင်ခွင့် ရှိပေသည်။
“မစ္စတာဖုန်းက သူ့မှာ ရင်းနှီးမြုပ်နှံမှု ပမာဏနဲ့ပတ်သက်ပြီး ပြဿနာမရှိဘူးတဲ့.. သူက အကျိုးတူ ရင်းနှီးမြုပ်နှံမှု လုပ်မှာမဟုတ်ဘူး.. ကုမ္ပဏီမှာ လုပ်ပိုင်ခွင့် ရချင်နေတယ်..”
ဂျက်ဖ် ရှင်းပြလိုက်သည်။
“သူ့မှာ ပမာဏနဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူး ဟုတ်လား.. ငါ နားမလည်ဘူး.. သူ့ကို သန်း(၁၀၀)ရင်းနှီးမြုပ်နှံခွင့်ပေးပြီး ငါတို့ ရှယ်ယာတွေကို (၉၀)ရာခိုင်နှုန်းအောက် ကျဖို့ သဘောတူရမှာလား..”
ဒါရိုက်တာ တစ်ယောက်မှ မေးလိုက်သည်။
“အဲ့ဒါကြောင့် ဒီအစည်းအဝေးကို ခေါ်တာပေါ့.. မစ္စတာဖုန်း ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံနိုင်မယ်.. အစုရှယ်ယာ အချိုးအစားနဲ့ ပတ်သက်ပြီး အားလုံးနဲ့ ဆွေးနွေးချင်တာလေ.. ဒီကိစ္စ အမြတ်ဆုံး ဖြေရှင်းရမယ်.. စောစော ဖြေရှင်းနိုင်လေ.. စောစော ငွေရနိုင်လေပဲ.. အမေဇုံလဲ စောစော ကြီးထွားလာလိမ့်မယ်..”
ဂျက်ဖ်သည် အနှီရှယ်ယာရှင်ကို တစ်ချက်ကြည့်လိုက်သည်။ ဒုက္ခေ၌းရန် ကြိုးစားနေသည်လော။
ဂျက်ဖ် မေးခွန်းထုတ်ပြီးနောက် ဒါရိုက်တာအားလုံး ဘာသံမှ ထွက်မလာချေ။ မည်သူမှ ကိုယ်ပိုင် အမြင်ကို အရင်ဆုံး ထုတ်မပြောချင်ကြချေ။
“ရောဘတ်.. ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့တုန်းက ပြောသလိုမျိုး မင်းရှယ်ယာတွေ မရောင်းချင်တော့ဘူးလား.. ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံမယ့် တစ်ယောက်တိုးလို့ စိတ်ပြောင်းသွားပြီလား..”
ဂျက်ဖ်သည် ဒါရိုက်တာ တစ်ယောက်ကို မေးလိုက်သည်။
“ကျုပ်ရင်းနှီးမြုပ်နှံတယ်ဆိုတာ အမြတ်အစွန်းအတွက် မဟုတ်ဘူးလေ.. မင်းအိပ်မက်တွေ အတွက်ပဲ.. အရင်ကလဲ အမြတ်အစွန်းရဖို့ အတွေးခဲ့ပါဘူး.. အခုလိုမျိုး တွေ့လိုက်ရတော့ ငါ့ရှယ်ယာတွေ ရောင်းလို့ မရတော့ဘူးလေ..”
ရောဘတ် အသာပင် ပြန်ဖြေလိုက်သည်။
ယခုအချိန် အိပ်မက်များအကြောင်း ထုတ်မပြောပါက အရူးဖြစ်ပေလိမ့်မည်။ မိမိ ရင်းနှီးမြုပ်နှံမှုသည် ငွေအတွက် ဖြစ်သည်။ ဤကုမ္ပဏီကို စာရင်းသွင်းရန် သဘောမတူသော်လည်း ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံသူ တစ်ယောက်အနေဖြင့် ကုမ္ပဏီသည် ပိုမိုကြီးထွားလာမည့် အလားအလာနှင့် အကျိုးအမြတ်များ ရရှိပေလိမ့်မည်။
ကုမ္ပဏီသည် အမြတ်ငွေရလာပါက ရှယ်ယာဈေးများ တက်သွားပေမည်။ ထိုအချိန်တွင်မှ မိမိရှယ်ယာများ ရောင်းချခြင်းသည် အကျိုးအမြတ် ပိုများပေလိမ့်မည်။ ယခု ရှယ်ယာများ ဝယ်ထားနိုင်လျှင်ပင် ပိုကောင်းပေသည်။ မိမိရှယ်ယာများကို အာမခံဈေးနှင့် ဝယ်ရပေမည်။ သင့်တွင် ငွေရှိမည်လော။
“ရောဘတ်.. မင်း ဖုန်းယွီကို ရင်းနှီးမြုပ်နှံဖို့ ဘယ်လောက် ခွင့်ပေးနိုင်မလဲဆိုတာတော့ အနည်းဆုံး ပြောသင့်တယ်.. မင်းလဲ ဒါရိုက်တာ တစ်ယောက်ပဲလေ.. မင်းအမြင်တွေ ပြောအုံးမှပေါ့.. မင်းမှာ တွေးထားတာ မရှိရင်တော့ ဒါရိုက်တာ ဘုတ်အဖွဲ့က ဒါရိုက်တာ နည်းနည်းနဲ့လဲ လုပ်လို့ရတယ်လေ..”
ဂျက်ဖ်သည် ရောဘတ်အား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားလိုက်ခြင်း ဖြစ်သည်။ ရောဘတ်သည့် သူ့အမြင်ကို စတင် ဖော်ထုတ်ပြီး အခြားရှယ်ယာရှင် အများစု လက်မခံနိုင်သည့် ရှယ်ယာ အချိုးအစား ဖြစ်ပါက အခြား အစုရှယ်ယာ ရှင်များသည် သူ့ကို ဘုတ်အဖွဲ့မှ ထုတ်ပယ်သွားပေလိမ့်မည်။ ရောဘတ် သူ့အမြင်ကို မပြောပါက ဘုတ်အဖွဲ့မှ ထုတ်ပစ်ရန် အကြောင်းပြချက် တစ်ခုအနေဖြင့် အသုံးချ၍ ရနိုင်ပေသည်။
ရောဘတ်သည် ဂျက်ဖ်ကို ဒေါသတကြီး စိုက်ကြည့်နေပေသည်။ မိမိအား စွတ်ပြောခိုင်းနေသည် မဟုတ်ပေလော။
“ကုမ္ပဏီကြီးထွားဆိုဆိုရင် အနည်းဆုံး သန်းဆယ်ချီ လိုတယ်.. ဒါပေမယ့် လူတစ်ယောက်ကို ကုမ္ပဏီမှာ အများကြီးတော့ ရင်းနှီးမြုပ်နှံခွင့် မပေးသင့်ဘူးလို့ ငါထင်တယ်.. လူတစ်ယောက်ကို အများကြီး ရင်းနှီး မြုပ်နှံခွင့် ပေးလိုက်ရင် ကုမ္ပဏီရဲ့ ရှယ်ယာ (၅၀)ရာခိုင်နှုန်းကျော် ကိုင်သွားရင် ငါတို့အပေါ် ဩဇာကြီးလာလိမ့်မယ်.. ဒါ့ကြောင့် သူ့ရင်းနှီးမြုပ်နှံမှုဟာ (၁၀)သန်းကျော်နိုင်ပေမယ့် သန်း(၃၀)ထက် အပိုသင့်ဘူးလို့ အကြံပေးချင်တယ်..”
ရောဘတ်မှာ သူ့အတွက် ပြဿနာမရှိနိုင်သည့် အဖြေတစ်ခု ပေးလိုက်သည်။ သို့ရာတွင် သူသည် ဤကုမ္ပဏီကို စာရင်းသွင်းချင်နေသည့် ရည်ရွယ်ချက် ထုတ်ဖော်ခဲ့သည်။
ကျန်ဒါရိုက်တာများလည်း ခေါင်းညိတ်ပေသည်။ ရောဘတ်နှင့် တစ်သဘောတည်း ရှိကြခြင်းပင်။ စာရင်းသွင်းခြင်းမှာ သူတို့ ပြန်ရနိုင်မည့် အမြန်ဆုံးနည်းလမ်း ဖြစ်သည်။ သူတို့ အကြံပြုထားသော အချိုးအစားကိုလည်း သဘောတူပေသည်။ ဖုန်းယွီ ထုတ်ပယ်ခြင်းမှ ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည့် ပြင်ပလူတစ်ယောက်ကို အကြီးဆုံးရှယ်ယာရှင်အဖြစ် မလိုလားကြချေ။
ဂျက်ဖ် မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းယွီ ဤကုမ္ပဏီသို့ လာခွင့်ပေးလိုက်ခြင်းအပေါ် နောင်တရမိသည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာဖြစ်ပြီး အမေဇုံတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားခဲ့သည်။ အစုရှယ်ယာ အသေးစားများမှ ထိုသတင်းကြားသည့်အခါ သူတို့ရှယ်ယာများကို မရောင်းတော့ရန် ဆုံးဖြတ်လိုက်ကြသည်။ ပြီးခဲ့သည့် ရက်ပိုင်းကပင် ၎င်းတို့အားလုံး ငြင်းခုံနေကြကာ ကုမ္ပဏီမှ နုတ်ထွက်ချင်နေကြပေသည်။
ဂျက်ဖ်သည် မစ္စတာဖုန်းအား အမေဇုံ၏ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာရန် ခွင့်မပြုချင်ပေ။ ဤကုမ္ပဏီမှာ သူတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု များလာသဖြင့် ကုမ္ပဏီတွင် ဆုံးရှုံးမှုများ ရှိလာပါက လက်ရှိ အနေအထားအတိုင်း ရှိနေနိုင်ပေသေးသည်။
“ကျန်တဲ့သူတွေကရော.. ကိန်းဂဏန်းတစ်တော့ အပြီးသတ် သတ်မှတ်ဖို့လိုတယ်.. ဆုံးဖြတ်ချက် တစ်ခု အမြန်ဆုံး ချနိုင်လေ ရန်ပုံငွေ စောစော ရလာလေလေပဲ.. ဒါမှ ဒီကုမ္ပဏီ ပိုမြန်သွားမှာ.. ကျုပ်တို့ ဝဘ်ဆိုဒ်က ဖောက်သည်တွေ.. အရင်းအမြစ် ပေးသွင်းသူတွေ တိုးပွားရေး အဲ့ဒါတွေအားလုံးအတွက် ငွေလိုတယ်..”
ဂျက်ဖ် ထပ်ပြောလိုက်သည်။
“ဂျက်ဖ်.. ငါတို့ကုမ္ပဏီကို အရင်းအနှီး သန်း(၃၀)နဲ့ မှတ်ပုံတင်ထားပေမယ့် ဖွံ့ဖြိုးပြီးဖြစ်တာနဲ့အညီ ကုမ္ပဏီတန်ဖိုး တိုးသင့်တယ်.. (၂၅)သန်း ရင်းနှီးမြုပ်နှံပြီး သူ့ကို ရှယ်ယာ (၃၅)ရာခိုင်နှုန်း ပေးမယ်လို့ ဂျက်ဖ်အနေနဲ့ ပြောသင့်တယ်..”
ဒါရိုက်တာ တစ်ယောက်မှ အကြံပြုလာသည်။
ဂျက်ဖ် ထိုဒါရိုက်တာကို ကြည့်ကာ..
“သူ့နေရာမှာ မင်းဆိုရင်ရော လက်ခံမှာလား..”
ဂျက်ဖ်သည် အမေဇုံကို တန်ဖိုးမြှင့်တင်လိုပေသည်။ သို့ရာတွင် ဤကုမ္ပဏီမှာ ငွေများ ဆုံးရှုံးနေပေသည်။
“မင်းကြိုးစားမကြည့်ရင် သူသဘောတူမတူ ဘယ်လိုလုပ် သိနိုင်မလဲ.. မင်းတို့နှစ် ရင်းနှီးတယ်လို့ ငါကြားထားတယ်.. ဒီအကြံပြုချက်ကို သူလက်ခံမှာပါ.. အဲ့ဒါသာ သဘောတူလိုက်ရင် ငါတို့ရှယ်ယာတွေ အားလုံး တန်ဖိုးတက်လာလိမ့်မယ်.. မင်းလဲ အမြတ်ရဖို့ ရပ်တည်နေတာပဲလေ..”
ရောဘတ်မှ ချက်ချင်းပင်..
“ငါသဘောတူတယ်..”
“ငါလဲ သဘောတူတယ်…”
ဒါရိုက်တာများအားလုံး သဘောတူကာ ဂျက်ဖ်ကို ကြည့်လိုက်ကြသည်။ ကျန်ဒါရိုက်တာများအားလုံး သဘောတူနေကြသဖြင့် ဂျက်ဖ်အနေဖြင့် အခြားရွေးချယ်စရာ မရှိတော့ချေ။
“မင်းတို့အားလုံး သဘောတူကြတယ်ဆို မင်းတို့တွေ မစ္စတာဖုန်းနဲ့ စကားပြောလို့ရတယ်.. မင်းတို့တွေ ငါ့ထက် ပိုပြီး ယုံကြည်မှု ရှိနေကြတာပဲ..”
ဂျက်ဖ် ဒေါသတကြီးနှင့် ပြောလိုက်သည်။
ကုမ္ပဏီသည် အမြတ်အစွန်းမရှိဘဲ အရှုံးပေါ်နေပေသည်။ သို့ရာတွင် ၎င်းတို့အားလုံးသည် ကုမ္ပဏီ၏ တန်ဖိုး တိုးလာနေသည်ဟု အခိုင်အမာ ပြောနေကြပေသည်။ ကုမ္ပဏီ၏ တန်ဖိုးကိုလည်း တိုးစေချင်နေကြသည်။ သို့ရာတွင် အခြားလူများကို လူမိုက်များဟု ထင်နေကြသည်လော။ အကယ်၍ ကုမ္ပဏီ၏ တန်ဖိုး မြင့်တက်လာပါ ၎င်းတို့အားလုံး ပြီးခဲ့သည့် ရက်ပိုင်းက ၎င်းတို့ရှယ်ယာများ မည်သည့်အတွက် ရောင်းချင်နေကြသနည်း။
၎င်းတို့အားလုံး မိမိကိုယ်မိမိ အထင်ကြီးလွန်းနေကြသဖြင့် ၎င်းတို့သည်သာ ဖုန်းယွီနှင့် စကားသွားပြော သင့်ပေသည်။
“ဂျက်ဖ်.. မင်းက ဘုတ်အဖွဲ့ ဥက္ကဋ္ဌလေ.. ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ပဲ.. မင်းပဲ သူနဲ့ ညှိနှိုင်းပေးသူ ဖြစ်သင့်တယ်.. ငါတို့က ရှယ်ယာရှင်တွေ အကျိုးစီးပွားကို တွေးပေးယုံပဲ.. အဲ့ဒါ ပြဿနာ မဖြစ်သင့်ဘူးမို့လား.. မင်း ကြိုးစားမကြည့်ဘဲ သဘောတူမတူ ဘယ်လိုလုပ် သိမလဲ..”
ရောဘတ် ဆေးပြင်လိပ် ထုတ်ကိုင်ရင်း ပြောလိုက်သည်။
“ရောဘတ်ပြောတာ အမှန်တွေပဲ.. ဂျက်ဖ်… မင်းက ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံတုန်းက ငါတို့ အကျိုးစီးပွားကို ထိပ်တန်း ဦးစားပေးအဖြစ် ထားမယ်လို့ ကတိပေးထားတယ်လေ.. အခု ငါတို့ ပြောတဲ့အတိုင်း လုပ်သင့်တယ်..”
နောက်ဒါရိုက်တာ တစ်ယောက်မှ ပြောလိုက်ခြင်းပင်။
ကျန်ဒါရိုက်တာများသည်လည်း ခေါင်းညိတ်ကြသည်။ ဂျက်ဖ်မှာ ဒေါသထွက်နေသော်လည်း အခြားရွယ်စရာ မရှိတော့ချေ။
“ကောင်းပြီလေ.. ငါ မစ္စတာဖုန်းနဲ့ စကားပြောမယ်.. ညှိနှိုင်းမှု မအောင်မြင်ရင် ကုမ္ပဏီက ဒီရင်းနှီးမြုပ်နှံမှု မရရင် ငါ့ကို အပြစ်မတင်နဲ့.. မင်းတို့တွေအတူတူ ဆုံးရှုံးမျု ခံရလိမ့်မယ်..”
ဂျက်ဖ် ပြောပြီးသည်နှင့် အစည်းအဝေးခန်းအတွင်းမှ ထွက်သွားတော့သည်။
********
“မစ္စတာရီလ်ဖာ.. ကျုပ် ဂျက်ဖ်ဘီဇိုစ်ပါ.. မစ္စတာဖုန်းနဲ့ တွေ့ချင်လို့ပါ.. သူနဲ့ ဆွေးနွေးစရာလေး ရှိနေလို့ပါ..”
ရီလ်ဖာသည် ဖုန်းမိုက်ခွက်ကို လက်ဖြင့်အုပ်ကာ ဂျက်ဖ် ဖုန်းခေါ်နေကြောင်း ဖုန်းယွီအား သတင်းပို့လိုက်သည်။ ဖုန်းယွီ သူ့လက်အတွင်းမှ ဖုန်းကို လှမ်းယူ၍..
“ဂျက်ဖ်.. ကျုပ်အတွက် သတင်းကောင်း ရှိနေပြီလား..”
“မစ္စတာဖုန်း.. ကျုပ်မင်းနဲ့ တွေ့ချင်တယ်.. ကျုပ်တို့ ထင်ထားသလို ဖြစ်မလာဘူး..”
ဖုန်းယွီ မျက်မှောင်ကြုတ်ကာ..
“ကောင်းပြီလေ.. ဒီနေ့ညနေ ကျုပ်အိမ် လာခဲ့လိုက်.. ကျုပ် မင်းကို တရုတ်ညစာ ကျွေးမယ်.. လာရမယ့် လိပ်စာက ……”
--------**$$^$$**--------