ဂျက်ဖ်၏ ဆုံးဖြတ်ချက်
Vol. 52 Ch. 775
ဖုန်းယွီ၏ အိမ်သည် ဂျက်ဖ် စိတ်ကူးထားသကဲ့သို့ ဇိမ်ခံအိမ် မဟုတ်ချေ။ ချမ်းသာသော လူအများစုသည် စည်ကားသည့် မြို့၌ နေချင်ကြသော်လည်း မြို့အစွန်အဖျားရှိ အိမ်ကွက်ကြီးများ ပိုင်ဆိုင်ထားတတ်ပေသည်။
ဆီးယက်တဲလ်၏ ရာသီဥတုသည် နေထိုင်ရန် သင့်တော်ကာ ချစ်စရာကောင်းသည့် ပတ်ဝန်းကျင်ရှိသော်လည်း ဘီလ်ဂိတ်မှလွဲ၍ အခြားနာမည်ကြီး သူဌေးကြီးများ မရှိချေ။
မစ္စတာဖုန်းသည် မိုက္ခရိုဆော့ဖ် ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ကောလာဟလများ မှန်ကန်ပါက မိုက္ခရိုဆော့ဖ်၏ ရှယ်ယာ (၁၀)ရာခိုင်နှုန်းကျော် ကိုင်ထားလောက်ပေသည်။ သူ၏ အသားတင် ပိုင်ဆိုင်မှုသည် အနည်းဆုံး ဘီလီယံနှင့် ချိရှိလောက်ပေသည်။ ဘီလ်ဂိတ်သည် အမေရိကန်၏ ပထမဆုံးသော စမတ်အိမ်ယာ တည်ဆောက်ရန် အချိန် (၅)နှစ်ကြာခဲ့ပြီး ဆောက်လုပ်နေဆဲ ဖြစ်ပေသည်။ ယခုကဲ့သို့ အိမ်မျိုးမှာ နေထိုင်ရန် မစ္စတာဖုန်းသည် အလွန်နှိမ့်ချနေပေသည်။
“မင်္ဂလာပါ မစ္စတာဖုန်း….”
ဂျက်ဖ် လှည့်ပတ် ကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင်တွင် မိန်းမများ မရှိချေ။ မစ္စတာဖုန်းသည် အလွန်ငယ် သေးပေသည်။ အသက်(၄၀)ကျော် ထမင်းချက်မှလွဲ၍ ပတ်ဝန်းကျင်တွင် မည်သည့်အတွက် မိန်းမလှများ မရှိရသနည်း။
“ထိုင်ပါအုံး မကြာခင် ညစာ စားကြတာပေါ့.. တူနဲ့ စားနည်း သိရဲ့လား..”
ဂျက်ဖ် ရှက်ကိုးရှက်ကန်းဖြင့်..
“ကျုပ် ကြိုးစားကြည့်မယ်လေ..”
ဖုန်းယွီသည် မီးဖိုချောင်ဘက်သို့ လှည့်ကာ..
“အစ်မကြီး ကျောက်ရေ.. အနောက်တိုင်း ပုံစံ ပြင်ပေးဗျာ..”
“ကျေးဇူးတင်ပါတယ်..”
ဂျက်ဖ် အနည်းငယ် ဦးညွှတ်ကာ ဖုန်းယွီကို ကျေးဇူးတင်လိုက်တော့သည်။
ညစာ အသင့်ဖြစ်သည့်အခါ ဖုန်းယွီသည် ပင်မထိုင်ခုံတွင် ထိုင်ပြီး ဂျက်ဖ်သည် ဘယ်ဘက်တွင် ထိုင်နိုင်ရန် နေရာချ ပေးလိုက်သည်။ သူ့ညာဘက်တွင် ရီလ်ဖာနှင့် ဝီလ်စင်တို့ ရှိနေပေသည်။
အစ်မကြီး ကျောက်သည် ရိုးရှင်းသည့် ဟင်းလျာများ ချက်ပြုတ်ထားပြီး ပန်းကန်များကို နေရာတကျ ချပေးလိုက်သည်။ ထို့နောက် သူ့ခင်ပွန်းဖြစ်သူအား ကူညီပေးရန် ဥယျာဉ်ဘက်သို့ ထွက်သါားသည်။ ဤနေရာတွင် အရေးကြီးသည့် ဆွေးနွေးစရာ ရှိနေသဖြင့် ဆက်ရှိနေရန် မသင့်တော်ကြောင်း သိနေပေသည်။
အမေရိကန်ရှိ လူများသည် ၎င်းတို့၏ စားစရာများကို အပိုင်းလိုက် ခွဲထားလေ့ရှိသည်။ ဖုန်းယွီသည် သူတို့ ယဉ်ကျေးမှုူကို လေးစားပေသည်။ သို့ရာတွင် ဟင်းချိုမှလွဲ၍ တရုတ်ပြည်၏ ကလေးငယ်များ စားသကဲ့သို့ စားမည်ကို အမှန်တကယ် ပြသချင်ပေသည်။
အာလူးတစ်ဇွန်း ပါးစပ်အတွင်း ထည့်ပြီးနောက် ဂျက်ဖ်သည် စိတ်လှုပ်ရှားစွာဖြင့်..
“မစ္စတာဖုန်း.. ဒါ တော်တော်လေး အရသာရှိတာပဲ.. အမဲသားနဲ့ အာလူး အရမ်းလိုက်ဖက်တယ်ဆိုတာ ငါတကယ် မသိခဲ့ဘူး..”
“မင်း အကြိုက်တွေ့လို့ ဝမ်းသာပါတယ်.. နောက်လဲ မကြာမကြာ လာပါ.. အစ်မကြီးကျောက်က ပြည်နယ် တော်တော် များများရဲ့ ချက်နည်းပြုတ်နည်းတွေ သိတယ်လေ..”
ဖုန်းယွီ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ ဧည့်သည်သည် အစားအသောက် ကြိုက်မှန်း သိရသည်မှာ အလွန်ကောင်း ပေသည်။
“ဟုတ်သားပဲ.. မစ္စတာဖုန်းရေ.. ကျုပ်ပြောစရာ တစ်ခုရှိတယ်ဗျ.. ကုမ္ပဏီ ဒါရိုက်တာတွေက ခင်ဗျားကို ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံခွင့် မပေးချင်ကြဘူး..”
ဂျက်ဖ်ပြောပြီး ဒါရိုက်တာများအား (၃)ရက်အတွင် စည်းရုံးနိုင်မည်ဟု အခိုင်အမာ ပြောထားသည်ကို ရှက်နေပေသည်။
“တကယ်လား.. သူတို့ ဘယ်လိုပြောလို့လဲ..”
ဖုန်းယွီ ရယ်မောရင်း ပြန်မေးလိုက်သည်။
“သူတို့က မင်းကို ရှယ်ယာ (၃၅)ရာခိုင်အတွက် (၂၅)သန်းနဲ့ ပေးချင်နေကြတယ်လေ..”
ဒါရိုက်တာ လက်တစ်ဆုပ်စာသည်သာ ဂျက်ဖ်ကို ထောက်ခံခဲ့သည်။ သို့ရာတွင် ကျန်ဒါရိုက်တာများကို လွှမ်းမိုးရန် မလုံလောက်ချေ။
ဖုန်းယွီ ပြန်မဖြေမီ ရီလ်ဖာမှ..
“မစ္စတာဂျက်ဖ်.. မင်းကုမ္ပဏီ မှတ်ပုံတင်တဲ့ အရင်းအနှီးက သန်း(၃၀)ပဲ ရှိတယ်ဆိုတာ ကျုပ်မှတ်မိနေသေးတယ်.. ကျုပ်ဆရာက (၂၅)သန်းတောင် ရင်းနှီးမြုပ်နှံရမယ်ဆို ကုမ္ပဏီ တန်ဘိုးက (၅၅)သန်းဖြစ်သွားမယ်.. သူ့အတွက် ရှယ်ယာ (၄၅.၅) ရာခိုင်နှုန်း ရရမှာလေ.. (၃၅)ရာခိုင်နှုန်းဆိုတော့ ဘယ်လိုများ တွက်လိုက်ကြတာလဲ..”
ဖုန်းယွီမှာ ပြုံးသာနေပြီ ဘာမှ ထုတ်မပြောချေ။ ဂျက်ဖ်၏ ဖြေရှင်းချက်ကို ကြားချင်သေးသည်။ အမေဇုံသည် ယခုအချိန်တွင် အရှုံးပေါ်နေပြီး ကုမ္ပဏီတန်ဖိုးသည် မည်မျှ တိုးနိုင်မည်နည်း။
ဂျက်ဖ်မှ သူ့ကို ကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင် မဖြစ်စေလိုသည်လော။
ဂျက်ဖ်သည် ခက်ရင်းနှင့် ဇွန်းကို ချကာ..
“မစ္စတာဖုန်း.. မစ္စတာရီလ်ဖာ.. အဲ့ဒါ ကုမ္ပဏီရှယ်ယာရှင်တွေကို အာမခံဈေးနဲ့ ရောင်းချင်နေကြတာ ကျုပ်သိတယ်.. ကျုပ်က ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင်ဆိုပေမယ့် ကျုပ်မှာ ထိန်းချုပ်ထားတဲ့ အစုရှယ်ယာမရှိဘူး.. သူတို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ကျော်လုပ်လို့မရဘူး..”
ဂျက်ဖ်သည် အမေဇုံ ရှယ်ယာစုစုပေါင်း၏ (၃)ပုံ (၁)ပုံသာ ပိုင်ဆိုင်ထားသည်။ ဤသည်က သူအတတ်နိုင်ဆုံး ဖြစ်သည်။ သူ့တွင် အခြားကုမ္ပဏီများ၏ စတော့ရှယ်ယာ အနည်းငယ် ပိုင်ဆိုင်ထားသော်လည်း စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ (၅)သန်းလောက်သာ ရှိပေသည်။ သူ့တွင် ငွေများများ မရှိချေ။
ရီလ်ဖာ တစ်ခုခု ပြောချင်နေသေးသော်လည်း ဖုန်းယွီမှ လက်ပြတားကာ..
“ရှယ်ယာတွေအတွက် ဈေးပိုပေးရတာ စိတ်ထဲမထားပါဘူး.. ဒါပေမယ့် ဈေးနှုန်းက ရယ်စရာ ဖြစ်နေတယ်.. ကုမ္ပဏီရဲ့ အမြတ်အစွန်း မမြင့်သေးဘူးလို့ ပြေဖူးတယ်လေ.. ရှယ်ယာ (၄၀)ရာခိုင်နှုန်းကို ကန်ဒေါ်လာ (၂၅)သန်းနဲ့ လိုချင်တယ်.. မင်းရဲ့ ဒါရိုက်တာတွေကို ပြန်ပြောလိုက်.. သူတို့ သဘောတူရင် စာချုပ် ချုပ်ကြမယ်.. အဲ့နေ့ ငွေတမ်းလွှဲမယ်.. သဘောမတူရင်တော့ အခြားရင်းနှီးမြုပ်နှံသူတွေ ရှာခိုင်းလိုက်ပေါ့.. ကျုပ်ကတော့ နိုးပဲ..”
ရီလ်ဖာ နှုတ်ဆိတ်နေလိုက်သည်။ ဖုန်းယွီသည် အမေဇုံတွင် ရင်းနှီးမြုပ်နှံရန် ဖိအားပေးနေမှန်း သိနေပေသည်။ စည်းရုံးရန် ကြိုးစားမည်မဟုတ်ချေ။ နောင်တွင် သူသည် ဖုန်းယွီ ကိုယ်စား အမေဇုံရှယ်ယာများ ကိုင်တွယ်ရမည် ဖြစ်သည်။ ဖုန်းယွီတွင် အတွင်းရေးမှူး တစ်ယောက်သာရှိပြီး အလုပ်လည်း မလုပ်ချင်ချေ။
ဂျက်ဖ် အလွန် ပျော်သွားသည်။
“စိတ်ချ မစ္စတာဖုန်း.. ကျန်တဲ့ အစုရှယ်ယာရှင်တွေကို ဒီကမ်းလှမ်းချက်နဲ့ မစည်းရုံးနိုင်ရင် မင်းကိုတောင် ထပ်ပြီး မျက်နှာပြရမှာ ရှက်နေရတော့မှာ..”
ဖုန်းယွီ စားလက်စကို မျိုချကာ..
“ကျန်တဲ့ ဒါရိုက်တာတွေနဲ့ မင်းဆက်ဆံရတာ မကောင်းဘူးလား..”
“သူတို့တွေ ငါ့ကုမ္ပဏီက အင်တာနက် ကုမ္ပဏီဆိုတော့ ကုမ္ပဏီ စာရင်းဝင်သွားရင် ငွေရှာကြလိမ့်မယ်.. ဒါပေမယ့် ငါ့ကုမ္ပဏီက အဲ့ အင်တာနက်တွေ နည်းပညာကုမ္ပဏီတွေနဲ့ မတူဘူး.. အမေဇုံက စာအုပ်တွေ ရောင်းတဲ့ ဝဘ်ဆိုဒ် တစ်ခုပဲလေ.. စမ်းသပ်မှု တစ်ခုဆိုလဲ မှန်တယ်.. မစ္စတာဖုန်း ပြောသလိုပါပဲ.. အွန်လိုင်း စတိုးဆိုင်တစ်ခုအနေနဲ့ စာအုပ်ရောင်းရင် အမြတ်ရနိုင်သလို.. တခြားထုတ်ကုန်တွေ ဆိုလဲ အမြတ်ရလောက်တယ်..”
“အဲ့ရှယ်ယာရှင်တွေက သူတို့ပိုင်တဲ့ အမေဇုံရှယ်ယာတွေ ရောင်းဖို့ အခွင့်အရေးရမယ်ဆိုရင် ပြန်ရောင်းမယ်လို့ ပြောလို့ရမလား..”
ဖုန်းယွီ မေးလိုက်သည်။
ဂျက်ဖ် အံ့အားသင့်သွားတော့သည်။
“မစ္စတာဖုန်း.. သူတို့ဆီက ရှယ်ယာတွေပါ ဝယ်ဖို့ စိတ်ကူးနေတာလား..”
အကယ်၍ မစ္စတာဖုန်းသည် ထိုရှယ်ယာရှင်များထံမှ အစုရှယ်ယာများကိုပါ ဝယ်ယူပါက ကုမ္ပဏီ၏ (၅၀)ရာခိုင်နှုန်း ကျော်ပိုင်ဆိုင်သွားပေလိမ့်မည်။
“ဘာဖြစ်လို့လဲ.. ဒီကုမ္ပဏီက ခင်ဗျားအိပ်မက်လေ.. ကျုပ်လဲ စိတ်ဝင်စားတာပဲ.. ရှယ်ယာရှင်တွေက အင်တာနက် ကုမ္ပဏီမို့ ငွေရှာချင်နေကြတာ.. အမေဇုံရဲ့ ရှယ်ယာတွေ ကိုင်ထားဖို့ မသင့်တော်ဘူး.. အဲ့ဒါရိုက်တာတွေထဲက ဘယ်ဒါရိုက်တာတွေ သူတို့ရှယ်ယာ ရောင်းချင်နေလဲ.. ရီလ်ဖာကို သူတို့နဲ့ စကားပြောခိုင်းပြီး ရှယ်ယာတွေ အကုန် ဝယ်ခိုင်းလိုက်မယ်.. အဲ့လူတွေ ငရဲပဲ သွားသင့်တာ..”
ဤသည်မျာ အမေဇုံ၏ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာရန် အကောင်းဆုံး အခွင့်အရေး တစ်ခုဖြစ်သည်။ ဖုန်းယွီသည် ဂျက်ဖ်ဘီဇိုစ်အား သူ့ဘေးနားတွင် ဆက်၍ ထားနိုင်ပေသည်။ ဖုန်းယွီ ဤအခွင့်အရေးကို မည်သည့် နည်းဖြင့် လက်လွှတ်ခံနိုင်မည်နည်း။
ဂျက်ဖ် တိတ်ဆိတ်သွားသည်။ ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုနှင့်အတူ သူ၏ အမေဇုံ ရှယ်ယာများ လျော့သွားပေလိမ့်မည်။ အကယ်၍ ဖုန်းယွီသည် အခြားရှယ်ယာရှင်များထံမှ အစုရှယ်ယာများ ရယူခဲ့ပါက ဖုန်းယွီသည် ကုမ္ပဏီ၏ ရှယ်ယာများကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ဆိုလိုသည်မှာ ဖုန်းယွီသည် ကုမ္ပဏီ၏ အဆုံးသတ် ဆုံးဖြတ်ချက် ချနိုင်မည့်သူ ဖြစ်ပေလိမ့်မည်။
ဖုန်းယွီသည် ဂျက်ဖ်၏ စိုးရိမ်မှုကို ခံစားမိကာ..
“မင်းက ကုမ္ပဏီရဲ့ အလုံးစုံ တာဝန်ယူရမယ့်လူပါ.. ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ငါဝင်ပါမှာမဟုတ်ဘူး.. ဒါရိုက်တာ ဘုတ်အဖွဲ့ ထူထောင်ရမယ့်သူကလဲ မင်းပဲ ဖြစ်လိမ့်မယ်.. ရီလ်ဖာက ကုမ္ပဏီကို စောင့်ကြည့်ဖို့ အကူအညီ ပေးလိမ့်မယ်.. နောက်နောင် ကုမ္ပဏီစာရင်းသွင်းတဲ့အချိန် ထိပ်တန်း စီမံခန့်ခွဲသူတွေ ရှယ်ယာတစ်ချို့ကို ဆုကြေးအဖြစ် ရကြလိမ့်မယ်..”
ဖုန်းယွီစကား ကြားလိုက်မှသာ ဂျက်ဖ် ပြုံးလိုက်သည်။
“မစ္စတာဖုန်း ဒီလိုပြောလာပြီဆိုတော့ ကျုပ်စိုးရိမ်စရာ မလိုတော့ဘူး.. အမေဇုံကို ကောင်းကောင်း စီမံခန့်ခွဲပြီး မင်းရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရလ၍်အကောင်းဆုံး ရစေရမယ်…”
ဖုန်းယွီ သူ့ဖန်ခွက်မြှောက်လိုက်ကာ..
“ကျုပ်တို့ အောင်မြင်မှုအတွက် .. ချီးယားစ်……”
အမေဇုံကို ကြီးကြပ်ရန် ဖုန်းယွီ၏ ကိုယ်စားလှယ်ဖြစ်လာမည့် ရီလ်ဖာသည်လည်း သူ့ဖန်ခွက်ကို စိတ်လှုပ်ရှားစွာ ကိုင်မြှောက်ကာ..
“အမေဇုံအတွက် အကောင်းဆုံး ဖြစ်ပါစေ…”
--------**$$^$$**--------