← Chapters

အခွင့်အရေး အစည်းအဝေး  

Vol. 52 Ch. 776

အခွင့်အရေး အစည်းအဝေး  

Vol. 52 Ch. 776

ဆူဇန် မီချယ်လ်သည် ဖုန်းယွီနှင့် တစ်ရပ်ကွက်တည်း နေထိုင်သူဖြစ်သည်။ သို့ရာတွင် သူတို့အကြား ကွာခြားချက်မှာ ဖုန်းယွီသည် အကြီးဆုံး အိမ်ကို ဝယ်ထားပြီး မီချယ်လ်မှာ အသေးဆုံးအိမ်တွင် နေထိုင်ပေသည်။ သူနေသည့် အိမ်တွင် အိမ်ဖော်များ ငှားထားပေသည်။

ဆူဇန်၏ အကြီးဆုံး အိပ်မက်မှာ နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်ရေးပင်။ သို့ရာတွင် သရုပ်ဆောင်ပညာ မသင်ယူဖူးပေ။ အနုပညာသင်တန်းကျောင်းတွင်သာ မှတ်ပုံတင်ထားပြီး ဖြတ်လျှောက်အဖြစ် (၂)ကြိမ်သာ သရုပ်ဆောင်ဖူးပေသည်။

အိပ်မက်များကို စွန့်လွှတ်ကာ စီမံခန့်ခွဲရေး အလုပ်ရှာရန် ဇာတိမြို့သို့ ပြန်လာခြင်းဖြစ်သည်။ သို့ရာတွင် ဘတ်စကက်ဘော ကြယ်ပွင့်နှင့် အရှုပ်တော်ပုံကြောင့် မင်းသမီးတစ်ယောက်သည် ဟိုးလေးတကျော် ဖြစ်နေကြောင်း သူကြားလိုက်ရသည်။ နေ့ချင်းညချင်း နာမည်ကြီးလာကာ ရုပ်ရှင်လောကထဲသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် သန်းကြွယ်သူဌေး တစ်ယောက် ဖြစ်လာတော့သည်။

ဆူဇန်သည်လည်း ထိုသို့ ဖြစ်ချင်နေပေသည်။ သို့အတွက် ဤရပ်ကွက်သို့ ပြောင်းလာခြင်းပင်။ ဆီးယက်တဲလ် စူပါဆိုးနစ်မှ NBA ကြယ်ပွင့် (၂)ယောက် ဖြစ်သော ဂရေး ဖေတွန်နှင့် စွမ်ကမ့် တို့သည် ဤနေရာ၌ နေထိုင်ကြပေသည်။

အကယ်၍ ဆူဇန်သည် ထိုကြယ်ပွင့် (၂)ယောက်နှင့် အရှုပ်တော်ပုံ ဖန်တီးနိုင်ပါက အထက်ပါ မင်းသမီးကဲ့သို့ အောင်မြင်မှု အခွင့်အခမ်း ပုံဖော်နိုင်ပေလိမ့်မည်။ စွမ်ကမ့်သည် မိန်းမတစ်ယောက်နှင့် အိမ်ယာ (၂)ကြိမ် ဝင်လေ့မရှိ ဟူသည့် အလေ့အထကို သိရလိမ့်မည်ဟု မည်သည့်အခါတွင်မှ မျှော်လင့်မထားချေ။

ဆူဇန်သည် သူလိုချင်တာ မရဘဲ လမ်းပျောက်နေသူဟု ပြော၍ ရပေသည်။ ထိုကဲ့သို့ လူတစ်ယောက်နှင့် တွန်ဘိုင်းများ တွဲ၍ ဖော်ပြခြင်းခံရမှုသည် အပျက်သဘောဆောင်သည့် သတင်းဖြစ်မည်ကို သူဘောပေါက်ထားပြီး သူ့အနေဖြင့် ကျော်ကြားလာနိုင်မည် မဟုတ်ချေ။

သို့အတွက် ဆူဇန်သည် ဂရေးဖေတွန်ကို သွေးဆောင်ရန် သွားလိုက်သည်။ သို့ရာတွင် ဖေတွန်သည် သူနှင့် ကမ့် အကြောင်း သိထားပြီးဖြစ်၍ ချက်ချင်း ခွာလိုက်သည်။ ဆူဇန်အနေဖြင့် အားကစား ကြယ်ပွင့်များနှင့် တွဲရန် အခွင့်အရေး မရှိတော့ကြောင်း သိလိုက်ရသည်။

ဆူဇန်သည် သူ့အိပ်များကို စွန့်ပစ်လိုက်ရသလို ခံစားလာရစဉ် သူဌေးကြီးတစ်ယောက် ရပ်ကွက်အတွင်း ပြောင်းရွှေ့လာကြောင်း ကြားလိုက်ရသည်။ ထိုသူဌေးကြီးသည် မိုက္ခရိုဆော့ဖ်၏ ရှယ်ယာရှင် ဒါရိုက်တာဖြစ်သည်။ အလွန်ငယ်ပေသည်။

ဖုန်းယွီကဲ့သို့သော သူဌေးကြီးတစ်ဘောက်နှင့် ပတ်သက်ရပါက သူ့အတွက် အလွန်မြင့်မားသည့် အတွေ့အကြုံများ ရနိုင်လိမ့်မည်ဟု ဆူဇန် ခံစားလိုက်ရသည်။ ထို့အပြင် သူ့အတွက်လည်း အပျက်သဘောဆောင်မည့် အကျိုးသက် ရောက်မှုများ ရှိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ထိုသူဌေးကြီး၏ ချစ်သူဖြစ်လာပါက ထိုသူဌေးကြီးသည်လည်း အချိန်မရွေး ကျော်ကြားလာနိုင်ပေသည်။

အိမ်ထောင်ပြုနိုင်ခြင်း၊ ထိုသူဌေးကြီးနှင့် ကလေးယူနိုင်ပါက မည်သို့ မင်းသမီး ဖြစ်ချင်အုံးမည်နည်း။ သူ့ တစ်သက်တာအတွက် ငွေများ သုံး၍ပင် ကုန်နိုင်မည် မဟုတ်ချေ။

ဆူဇန် မီချဲလ်သည် ထိုသူဌေးကြီးအား ရက်အတော်ကြာအောင် တိတ်တဆိတ် စောင့်ကြည့်ကာ စကားစမြည် ပြောနိုင်ရေးအတွက် အခွင့်အရေး ရှာနေပေသည်။ နောက်ဆုံး၌ သူ့အတွက် ပြီးပြည့်စုံသည့် အခွင့်အရေးတစ်ခု ရလိုက်သည်။ ထိုသူဌေးကြီးသည် မနက်တိုင်း သူ့ခွေးလေးနှင့် အပြေးလေ့ကျင့်ခန်း လုပ်လေ့ရှိသည်။ ခွေးတစ်ကောင် ဝယ်ရန် ချက်ချင်းသွားလိုက်သည်။ ခွေးနှစ်ကောင် မိတ်ဆွေဖြစ်ပါက သူနဲ့ စကားစမြည် ပြော၍ ရနိုင်ပေလိမ့်မည်။

********

နံနက်ခင်းပိုင်း ဖုန်းယွီသည် ထူဟောင်နှင့်အတူ အပြေးထွက်လာသည်။ သက်တော်စောင့် နှစ်ယောက်သည်လည်း သူနှင့် အနီးကပ် လိုက်လာပေသည်။ ဤပတ်ဝန်းကျင်တစ်ဝိုက်၌ ဖုန်းယွီသည် မနက်တိုင်း အပြေး လေ့ကျင့်ရန်အတွက် ကိုယ်ရံတော်များ ခေါ်လာတတ်သော တစ်ယောက်တည်းသော လူဖြစ်သည်။

“အာ…”

အမျိုးတစ်မီးတစ်ယောက် ဖုန်းယွီနှင့် မနီးမဝေးတွင် လဲကျသွားသည်။ ခြေကျင်းဝတ်များကို နာကျင်စွာ ဆုပ်ကိုင်ထားပြီး ဖုန်းယွီအား အသနားခံသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

သက်တော်စောင့်များသည်လည်း ဖုန်းယွီ၏ အရိပ်အကဲကြည့်နေပေသည်။ ဖုန်းယွီကမူ ဘာမှ မမြင်ဟန်ဆောင်က ထူဟောင်နှင့်အတူ ဆက်ပြေးသွားသည်။ သက်တော်စောင့်များပင် ခေတ္တရပ်မိကာ ဖုန်းယွီနောက် အမြန်လိုက်သွားရတော့သည်။

ဆီးယက်တဲလ်သည် ကမ်းရိုးတန်းနှင့် နီးသော်လည်း ရာသီဥတု အေးပေသည်။ ဖုန်းယွီသည်ပင် အပြေးလေ့ကျင့်ရန် လက်ရှည်နှင့် ဘောင်ဘီရှည် ဝတ်ထားရသည်။ ထိုအမျိုးသမီးမှာ ခပ်ဟော့ဟော့ ဝတ်ထားကာ ခြေအိပ်ရှည်နှင့် ဒေါက်မြင့် ဖိနပ်များပင် ဝတ်ထားသေးသည်။ နံနက်စောစော လမ်းလျှောက်ရန် ဤသို့သော ဝတ်စုံမျိုး မည်သူ ဝတ်ဆင်မည်နည်း။ ထို့အပြင် လမ်းသည် အလွန်ညီညာလွန်းနေကာ တစ်ယောက်ယောက် ခလုပ်တိုက်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။

ဆူဇန်သည် အနားတွင် စောင့်နေပေသည်။ ထိုသူဌေးကြီးနှင့် မနီးမဝေးတွင် ထိုအမျိုးသမီး လဲကျသွားသည်ကို မြင်လိုက်ရပြီး အံ့ဩသွားမိသည်။ အခြားတစ်ယောက်သည်လည်း သူကဲ့သို့ အကြံအစည် ရှိနေပေသည်။

သို့ရာတွင် ထိုသူဌေးကြီးသည် အနှီအမျိုးသမီးကို လျစ်လျူရှုသွားသည်ကို မြင်လိုက်ရသည့်အခါ ဆူဇန် စိတ်ထဲ၌ ရယ်မောလိုက်မိသည်။ မိမိကိုယ်ကို မှန်ထဲ အရင်ကြည့်စေချင်သည်။ သူ့ရုပ်ရည်နှင့် ထိုသို့သော မိုက္ခရိုဆော့ဖ် ရှယ်ယာရှင်ကို ဆွဲဆောင်ရဲသည်လော။ မိမိကဲ့သို့ ငယ်ရွယ် ချောမောသူ တစ်ယောက်ကိုသာ ကြည့်ပေလိမ့်မည်။

နောက်နောင် တွေ့ဆုံလာပါက မည်သို့ ပြောရမည်နည်း။ ‘မင်္ဂလာပါ.. ငါ့နာမည် ဆူဇန်မီချယ်လ်ပါ..တွေရတာ ဝမ်းသာပါတယ်..’

ဤသည်မှာ အလွန်အရောဝင်ရာ ရောက်ပေလိမ့်မည်။ သူဌေးကြီးနှင့် သူနှင့် စီးပွားရေး စကားပြောမည်ဟု ထင်ကောင်း ထင်သွားပေလိမ့်မည်။

‘ဟိုင်း.. တနေရာရာမှာ တွေ့ဖူးလားလို့..’

မဟုတ်သေးချေ။ မိုက်မဲလွန်းပေသည်။ မိမိတို့အားလုံး တစ်ရပ်ကွက်တည်း နေထိုင်သဖြင့် ယခင်က မြင်ဖူး၍ ဘာထူးသွားမည်နည်း။

ဆူဇန်မီချယ်လ် အဖွင့်စကားပြောရန် စဉ်းစားနေစဉ် သူ့နောက်မှ ဟောင်သံ တစ်ခုကြားလိုက်ရသည်။ အသက်အရွယ်တူ အမျိုးသမီးတစ်ယောက် ခွေးတစ်ကောင်ဆွဲလာပေသည်။

ဆူဇန် အံ့ဩသွားတော့သည်။ ထိုခွေ ဘယ်ကရောက်လာသနည်း။

ဆူဇန် မတုံ့ပြန်နိုင်မီမှာပင် ထိုခွေး ပြေးလာကာ သူ့ခွေးကို ကျောမှ ကိုက်လိုက်သဖြင့် ချက်ချင်းပင် ထိတ်ကနဲ ရင်ခုန်သွားတော့သည်။

ခွေးများသည် အထိမခံနိုင်သည့် နှာထိပ်များရှိပြီး ဆန့်ကျင်ဘက် လိင်၏ အနံ့ကို ခံနိုင်ပေသည်။ လိင်စိတ် လှုပ်ရှား လာပေလိမ့်မည်။ မိန်းကလေးများသည် အရွယ်ရောက်ပြီး ရွှေရောင်ခွေးနှစ်ကောင်အား ပြန်လည်ဆွဲခွာရန် ခွန်အားမရှိချေ။

ထိုခွေ မည်သည့်နေရာမှ ရောက်လာသနည်း။ ထိုမိန်းကလေး မည်သူနည်း။ ဒုက္ခပေးရန် ရောက်လာသည်လော။

“ဟေ့ ဟေ့.. နင့်ခွေး ဝေးဝေးမှာ ထားစမ်း..”

ဆူဇန် ကြိမ်းမောင်းလိုက်သည်။

ထိုအမျိုးသမီးမှာလည်း အံ့ဩသွားမိသည်။ မည်သည့်အတွက် ဤသို့ဖြစ်သွားမှန်း သူပင် မသိလိုက်ချေ။ ထိုခွေးလေးနှင့် ယနေ့နံနက် အပြေးထွက်ရန် စိတ်ကူးထားခြင်းသာဖြစ်ပြီး မိတ်လိုက်ရန် ခေါ်လာခြင်း မဟုတ်ချေ။ သူသည် သူဌေးကြီးနှင့်သာ ပြေးချင်ပြီး ဆက်ဆံရေး တိုးတက်နိုင်မည်လား စမ်းကြည့်ချင်ပေသည်။

ယခုမူ ထိုမိန်းမကြောင့် အကြံအစည်များ ပျက်သွားချေပြီ။

“အဲ့စကား ငါကပြောရမှာလေ.. နင့်ခွေးမ ဒီလောက် ကပ်နေတာ ဘယ်လို ခွာရမှာလဲ.. အဲ့ခွေးကို မျိုးစပ်ချင်ရင် တိရစ္ဆာန်ဂေဟာကို ခေါ်သွားရမှာလေ.. ဘာလို့ ဒီကို ခေါ်လာရတာလဲ..”

အမျိုးသမီး(၂)ယောက် စကားများနေချေပြီ။ ခွေးနှစ်ကောင် တွေ့ကာ ချက်ချင်း မိတ်လိုက်သည်ကလည်း ထူးဆန်း နေပေသည်။ ဖုန်းယွီသည်် ရန်ဖြစ်နေသည့် အမျိုးသမီး နှစ်ယောက်နှင့် မိတ်လိုက်နေသည့် ခွေးစုံတွဲကို မြင်ရသည့်အခါ အံ့အားသင့်သွားသည်။

မျိုးရိုးမတူသည့် ခွေးနှစ်ကောင် မိတ်လိုက်ခြင်းနှင့် အနီးအနားရှိ အမျိုးသမီး (၂)ယောက် ရန်ဖြစ်နေသည်ကို တွေ့ရခဲ ပေသည်။

ဖုန်းယွီခေါင်းခါကာ ထူဟောင်နှင့်အတူ ထွက်သွားရန် ပြင်လိုက်သည်။ သို့ရာတွင် ထိုအမျိုးသမီး (၂)ယောက်သည် သူ့ကိုမြင်လိုက်သည်နှင့် သူတို့ခွေးများနှင့်အတူ ချက်ချင်း အပြေးထွက်လာကြတော့သည်။

သို့ရာတွင် ဖုန်းယွီအနားသို့ မရောက်မီ ကိုယ်ရံတော်များ ရှေ့မှ တားဆီးလိုက်တော့သည်။

“ဟေ့.. အမျိုးသမီးတို့.. ငါ့သူဌေး မင်းတို့နဲ့ မရင်းနှီးလို့ .. ကျေးဇူးပြုပြီး အနားမကပ်ကြပါနဲ့..”

ဆူဇန်နှင့် အမျိုးသမီးတို့သည် ချက်ချင်း တစ်ပြိုင်တည်းပင်..

“ဟယ်.. နင် ခွေးနဲ့ အပြေးလေ့ကျင့်တာလား..”

ဖုန်းယွီ ပြောစရာ စကားမဲ့သွားသည်။ ဖုန်းယွီအနေဖြင့် ထိုမိန်းမ (၂)ယောက်ကို စိတ်မဝင်စားချေ။ တိုက်ရိုက် ပြောတတ်သည့် အမျိုးသမီးများကို သူမကြိုက်ချေ။

“ငါ ခွေးလေးနဲ့ လမ်းလျှောက်တာပါ.. မင်းတို့ခွေးတွေအတွက် အချိန်လိုမယ်ထင်တယ်.. ငါသွားနှင့်တော့မယ်.. နှုတ်ဆက် ခဲ့ပါတယ်..”

“ဆရာ.. ဆရာ..”

ဆူဇန် အော်နေသော်လည်း သက်တော်စောင့်များ တားဆီးထားသဖြင့် ဖုန်းယွီမှာ သူ့ခွေးနှင့်အတူ ထွက်သွားပေပြီ။

“ငါ့သူဌေးကို နှောက်ယှက်တာ ရပ်လိုက်ပါ.. အဲ့လိုမှမဟုတ်ရင် ရဲတွေ ခေါ်ရပါလိမ့်မယ်.. မင်းနားလည်တယ် မို့လား..”

သက်တော်စောင့်မှ ခြိမ်းခြောက်လိုက်သည်။

ဆူဇန် ငိုချင်လာတော့သည်။ ထိုမိန်းမနှင့် ခွေးကြောင့်ပင်။ သို့မဟုတ်ပါက အရာအားလုံး သူစီစဉ်ထားသည့်အတိုင်း ဖြစ်သွားမည်သည်။

ထိုသို့ဖြင့် ခွေး(၂)ကောင် မိတ်လိုက်နေစဉ်အတွင်း အမျိုးသမီး(၂)ယောက် ရန်ဖြစ်နေကြတော့သည်။

--------**$$^$$**--------

All Chapters