← Chapters

ညီနောင်ကီ အမေရိကသို့ ရောက်လာသည်  

Vol. 52 Ch. 777

ညီနောင်ကီ အမေရိကသို့ ရောက်လာသည်  

Vol. 52 Ch. 777

ဖုန်းယွီသည် ထူဟောင်ကို သူ့လှောင်အိမ်အတွင်း လွှတ်ပေးလိုက်သည်။ ပတ်ဝန်းကျင်ရှိ အမျိုးသမီးများ၏ ပစ်မှတ်ဖြစ်လာကြောင်း ခံစားမိလိုက်သည်။ အကြိမ်ပေါင်းများစွာ ချဉ်းကပ်လာကြသည် မဟုတ်ပါလော။

ဖုန်းယွီသည် လူပျိုတစ်ယောက် မဟုတ်ကြောင်း လူအများကို အသိပေးရတော့မည်ဟု ခံစားမိလာသည်။ အရိုးရှင်းဆုံး နည်းလမ်းမှာ အမျိုးသမီးတစ်ယောက်နှင့် အတူနေထိုင်ရန်ပင်။

လီနာမှာ ကျောင်းတက်နေဆဲဖြစ်၍ အမေရိကန်သို့ လာရန်အတွက် ကျောင်းအပျက်ခံမည် မဟုတ်ချေ။

ဖုန်းယွီသည် ကီရီလန်ကိုထံမှ ဖုန်းဆက်လာသည့်အခါ အဖြေတစ်ခု တွေးလိုက်မိသည်။

“ဘာလဲ.. မင်း အမေရိကကို လာမှာလား..”

ဖုန်းယွီ အံ့ဩသွားသည်။ ရုရှားများအတွက် အမေရိကန်ဆိုသည်မှာ ဆိုဗီယက် ယူနီယံ ပြိုကွဲစေသည့် အဓိက တရားခံ ဖြစ်ပြီး အမေရိကန်များကို မုန်းတီးကြသည်။ တောင်ကိုရီးယားမှ ဂျပန်များကို မုန်းတီးခြင်းနှင့် အတူတူသာပင်။

ကီရီလန်ကိုသည် ဖုန်းယွီရှေ့တွင်ပင် အမေရိကန်အား အကြိမ်ကြိမ် ကြိမ်ဆဲဖူးပေသည်။ မည်သည့်အတွက် အမေရိကန်သို့ ရောက်လာရသနည်း။

“ဟုတ်တယ်.. မနက်ဖြန် နယူးယောက်ကို ရောက်မယ်.. အမေရိကရောက်မှ မင်းနဲ့ လာတွေ့မယ်.. ငါတို့ မသောက်ရတာ ကြာပြီ..”

“မင်း ဘာလာလုပ်တာလဲ.. နိုင်ငံရေးကိစ္စလား ကိုယ်ရေးကိုယ်တာလား..”

ကီရီလန်ကိုသည် ရုရှား၏ နိုင်ငံခြားရေးတွင် ပါဝင်နေပြီး နိုင်ငံရေး အကြောင်းပြချက် တစ်ချို့ကြောင့် ဖြစ်နိုင်သည်လော။ သို့ရာတွင် ရုရှားနှင့် အမေရိကန်အကြား ဆက်ဆံရေးမှာ သိပ်မကောင်းချေ။

“ငါ့ ကိုယ်ရေးကိုယ်တာ ခရီးစဉ်ကွ.. ငါ ဒီမှာ စီးပွားရေးလုပ်မလို့.. ငွေရှာမလို့ ဆိုပါတော့..”

“ဘာလုပ်ငန်းလဲ.. အမြတ်အစွန်းကရော..”

ဖုန်းယွီ အံ့ဩသွားသည်။ ညီနောင်ကီ အမေရိကန်တွင် စီးပွားရေး အခွင့်အလမ်းများ အကြောင်း သိနေသည်လော။ ရုရှား၌ အမေရိကန်နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများ ရှိနေသည်လော။

“မသေချာဘူးကွ.. အဲ့ဒါကြောင့် မင်းနဲ့တွေ့ဖို့လာတာ..”

“ငင်…. ဘာမှမသိဘဲ ငါဒီမှာရောက်နေလို့ လာတယ်ပေါ့..”

“အာ.. အယ်လီနာ ရက်နည်းနည်း ကျန်နေတယ်.. မင်းနဲ့တွေ့ဖို့ သူ့ကိုပါ ခေါ်လာတယ်ကွ..”

ကီရီလန်ကို ရယ်လိုက်သည်။

မိမိသည် မိန်းမနှင့်တွေ့လျှင် အရည်ပျော်တတ်သူလော။

“ကောင်းပြီလေ.. ငါမင်းကို ဆီးယက်တဲလ်မှာ စောင့်နေမယ်..”

“ကောင်းပြီ.. ငါ နယူးယောက်ကို ရောက်ရင် ဖုန်းဆက်လိုက်မယ်.. ငွေတွေလဲ အများကြီး ယူလာတယ်..”

ကီရီလန်ကိုသည် ဖုန်းယွီ၏ အချက်အလက်များအတိုင်း အစောပိုင်းတွင် ဂျပန်ကုမ္ပဏီများထံမှ ငွေအနည်းငယ် ရခဲ့သည်။ သူ၏ မိုင်းတွင်းများသည် တူးဖော်မျု မစနိုင်သေးဘဲ ရုရှားနှင့် တရုတ်အကြား ကုန်သွယ်မှုမှာ တိုးတက်မှု သိပ်မရှိသေးချေ။ ရုရှားတွင် ရင်းနှီးမြုပ်နှံရန် ထိုက်တန်သည့်နေရာလည်း မတွေ့နိုင်ချေ။

အမေရိကန် ကုမ္ပဏီ အနည်းငယ်သည် ရုရှားသို့ ဝင်ရောက်လာသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲစဉ် ထိုကုမ္ပဏီ များသည် ရုရှားနိုင်ငံရှိ စက်ရုံများနှင့် သတ္ထုတွင်းများကို ဝယ်ယူကာ ငွေအများအပြား ရလိုက်ကြသည်။

ဤသည်ကို ကီရီလန်ကို သိလိုက်ရစဉ် စိတ်တိုသွားသည်။ ထိုအမေရိကန်များသည် မည်သည့်အတွက် ရုရှားတွင် ငွေရှာနိုင်သနည်း။ ကလဲ့စားချေရန်အတွက် အမေရိကန်မှ ငွေရှာရန် ဆုံးဖြတ်လိုက်သည်။

ကီရီလန်ကိုသည် ယခု ဖုန်းယွီ အမေရိကန်တွင် ရောက်နေကြောင်း သတိရလိုက်သည်။ ဖုန်းယွီသည် မည်သည့်အတွက် အမေရိကန်သို့ သွားရသနည်း။ ငွေအတွက်သာ ဖြစ်ရပေမည်။ မိမိတို့သည် သူငယ်ချင်း ကောင်းများ ဖြစ်ကာ ဖုန်းယွီထံတွင် အလွန်ကောင်းသည့် စွန့်စားမှုများ ရှိပါက ကီရီလန်ကိုအား မျှဝေခံစားမည်သာ ဖြစ်သည်။

ထိုသို့ဖြင့် ကီရီလန်ကိုသည် ဖုန်းယွီအား ချက်ချင်း ဖုန်းခေါ်ကာ အမေရိကန်သို့ သွားရန် လုပ်တော့သည်။

အယ်လီနာလည်း လာနေပြီလော။ ဖုန်းယွီသည် ပတ်ဝန်းကျင်ရှိ အမျိုးသမီးများ သူ့ထံချဉ်းကပ်မှုများအား တားဆီးရန် ဖြေရှင်းချက် တစ်ခု ဖြစ်လာမည်ဟု ခံစားလိုက်ရသည်။ အမေရိကန်တွင် အယ်လီနာအား မည်သူမှ မသိကြချေ။ အယ်လီနာကို သူစိတ်ရှိသည့် အချိန်တိုင်း ပွဲထုတ်နိုင်ပေသည်။

ဖုန်းယွီသည် အယ်လီနာကို ခေါ်လာခြင်းအတွက် ကီရီလန်ကိုအား မတားခဲ့ချေ။

အဓိကအချက်မှာ ဖုန်းယွီသည် အယ်လီနာ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်လေးကို လက်လွှတ်မခံလိုခြင်းပင်။

*********

ကိုယ်ပိုင်လေယာဉ်များသည် နယူးယောက်တွင်သာ ဆင်းသက်နိုင်ပေသည်။ ဆီးယက်တဲလ်သို့ ဆက်လက် ပျံသန်းရန် လေယာဉ်ပြောင်းစီးရပေလိမ့်မည်။ ကီရီလန်ကို ဒေါသထွက်သွားတော့သည်။

ကီရီလန်ကို ရုရှားတွင် ရှိနေစဉ် ယခင်ဆိုဗီယက် ယူနီယံနိုင်ငံများမှ မည်သည့်နေရာသို့မဆို သွားရောက် နိုင်ပေသည်။ လေဆိပ် မရှိလျှင်ပင် သူသွားလိုရာ မြို့တိုင်းသို့ ပျံသန်းသွားလာနိုင်ပေသည်။

အမေရိကန်တွင်မူ ထိုသို့ မလုပ်နိုင်သည့်အတွက် ဒေါသထွက်နေရပေသည်။

ကိုယ်ပိုင် ဂျက်လေယာဉ်များ ပျံသန်းခွင့် မပြုဘူးလော။ မိမိ လေယာဉ်ကို ဤနေရာတွင် ရပ်ထားကာ ဆီးယက်တဲလ်သို့ လေယာဉ် စင်းလုံးငှားပစ်ရမည်။ အမေရိကန် လူမိုက်များနှင့် အတူမစီးနိုင်ချေ။

ကီရီလန်ကိုကို ပို၍ ဒေါသဖြစ်စေသည်မှာ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများပင်။ အချိန်အလွန်ကြာမြင့်ကာ သူနှင့် သူ့ဝန်ထမ်းများအား လူဝင်မှု ကြီးကြပ်ရေး အရာရှိများ စစ်ဆေးမေးမြန်းနေပေသည်။ ရာဇဝတ်မှု ကျူးလွန်ရန် အမေရိကန်သို့ ရောက်ရှိလာသည်ဟု သံသယရှိသူ တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

မှန်ပေသည်။ မကောင်းမှုူများလုပ်ရန် မိမိရောက်နေခြင်းပင်။ အမေရိကန်တွင် ရနိုင်သမျှ ငွေရှာပေမည်။ အမေရိကန် များ ရုရှားသို့လာ၍ ငွေရှာရန် သတ္တိရှိအုံးမည်လော ကြည့်ချင်သေးသည်။

လေယာဉ် စင်းလုံးငှားခြင်းသည် မည်သည့်အတွက် ဤမျှ ခက်ခဲနေရသနည်း။ မိမိတွင် ငွေရှိသည်မဟုတ်ပေလော။ ငွေလျှော့ပေးနေသည်လည်း မဟုတ်ပေ။ မည်သည့်အတွက် စာရွက်စာတမ်း ဤမျှ များနေရသနည်း။

အမေရိကန်များသည် မိမိတို့ ရုရှားလူမျိုးများကို ခွဲခြားဆက်ဆံခြင်း ဖြစ်ရပေမည်။

နောက်ဆုံး၌ ကီရီလန်ကိုသည် ဆီးယက်တဲလ် လေဆိပ်သို့ ဆင်းသက်ကာ ဂိတ်ပေါက်မှ ထွက်လာသည့်အခါ ဖုန်းယွီနှင့် သူ့ဝန်ထမ်းများ စောင့်နေသည်ကို တွေ့လိုက်ရသည်။

ထုံးစံအတိုင်း ကီရီလန်ကိုသည် ဖုန်းယွီအား ဝက်ဝံကြီးကဲ့သို့ ပွေ့ဖက်လိုက်ပြီး ကျောပြင်ကိုပင် အနည်းငယ် ပုတ်လိုက်သေးသည်။

“ဖုန်း.. မတွေ့ရတာတောင် အရမ်းကြာသွားပြီ.. မင်းဘာလို့ အရပ်ထွက်မလာသေးတာလဲ..”

“ငါ့အရပ်က (၁.၇၈)မီတာဆိုပေမယ့် ဖိနပ်နဲ့ဆို (၁.၈)မီတာလေ.. အဲ့ အရပ်က ပုတယ်လို့ ဘယ်လိုပြောရမှာလဲ.. ပြီးတော့ ငါ အခုမှ အသက်(၂၀)လေ.. ဘယ်လိုလုပ် အရပ်ထွက်နိုင်မှာလဲ..”

စကားလုံးလှလှများကို မည်သို့ရွေးရမည်ကို မသိ၍လော။ သို့တိုင်အောင် ဖုန်းယွီသည် ကီရီလန်ကို အကြောင်း ကောင်းကောင်းသိနေသဖြင့် စိတ်ခုခြင်းမရှိချေ။

“ဖုန်း.. မင်းဘာလို့ ဒီမြို့ကို ရွေးလိုက်တာလဲ.. သိပ်လဲ မချမ်းသာပါဘူးဟ..”

ကီရီလန်ကို စိတ်ဝင်တစား မေးလိုက်သည်။ ဤမြို့သည် ချစ်စရာကောင်းသည့် ပတ်ဝန်းကျင်နှင့် ရာသီဥတု ရှိသော်လည်း ဖုန်းယွီသည် ရင်းနှီးမြုပ်နှံကာ ငွေရှာရန်အတွက် အမေရိကန်သို့ လာခဲ့ခြင်း မဟုတ်ပေလော။

အမေရိကန်၏ အရှေ့ဘက် ကမ်းရိုးတန်းသည် ပို၍ သာယာပေသည်။ ဖုန်းယွီသည် အနောက်ဘက် ကမ်းခြေ၌ နေထိုင်ရန် မည်သည့်အတွက် ရွေးခဲ့သနည်း။

“ဒီမြို့ သိပ်မချမ်းသာပေမယ့် မဆိုးပါဘူးလေ.. ဘိုးရင်း၊ မိုက္ခရိုဆော့ဖ်၊ AT&T၊ Starbucks က ရုံးချုပ်တွေ ဒီမြို့မှာ ရှိတယ်..”

ဖုန်းယွီပြောခဲ့သည့် နောက်ဆုံးကုမ္ပဏီ (၂)ခုသည် ကြီးမားသော်လည်း ကီရီလန်ကိုအနေဖြင့် မည်သည့် အခါတွင်မှ ဂရုမစိုက်ခဲ့ချေ။ သို့ရာတွင် ဘိုးရင်းနှင့် မိုက္ခရိုဆော့ဖ် ရုံးချုပ် ဤနေရာတွင် ရှိနေသဖြင့် အံ့ဩသွားရသည်။

ဖုန်းယွီသည် ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ငွေပိုများဖြင့် ဝယ်ခဲ့ကြောင်း ကီရီလန်ကို သတိရ လိုက်သည်။ ထိုကုမ္ပဏီမှာ မိုက္ခရိုဆော့ဖ် ဖြစ်နိုင်သည်လော။

“တခြားကိစ္စတွေ ထားလိုက်တော့.. အရက် အဆင်သင့် ဖြစ်ပြီလား..”

ကီရီလန်ကိုသည် ဖုန်းယွီ၏ ပုခုံးကို ပုတ်ကာ ရယ်ရင်းပြောလိုက်သည်။

“လေယာဉ် စီးလာရတာ မပင်ပန်းဘူးလား.. အနားယူဖို့ မလိုတော့ဘူးလား..”

“သောက်ပြီးမှ အနားယူလဲ ရတာကို.. မင်းနဲ့ အတူတူသောက်ရတာ ကြိုက်တယ်ဟ..”

အနားယူရန် ဘာရှိမည်နည်း။ အရက်သောက်ခြင်းမှာ အနားယူခြင်း တစ်မျိုးဟု ယူဆ၍ ရပေသည်။

“ဟုတ်ပြီလေ.. ငါ့လူတွေကို ပြင်ခိုင်းထားပြီးသား.. ငါ ဒီမျာ အိမ်ဝယ်ထားတယ်.. ဒီည ငါ့အိမ်မှာ နေလို့ရတယ်.. မင်းဝန်ထမ်းတွေတော့ ဟိုတယ်မှာ တည်းကြပေါ့.. သူတို့အတါက် အခန်းကြိုပြင်ပေးထားတယ်..”

ဖုန်းယွီ၏ မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ပွင့် ပေါ်လာသည်။ မိမိနှင့် အရက်သောက်ရသည်ကို ကြိုက်သည်လော။ သူတောင်းဆိုနေခြင်းပင်။ အာ..ဟ။

--------**$$^$$**--------

All Chapters