အယ်လီနာနှင့် ထပ်မံ တွေ့ဆုံခြင်း
Vol. 52 Ch. 778
“ညီနောင်ကီ ဒီအရက် စမ်းကြည့်လိုက်အုံး.. ကျုပ် အရက်အမျိုးအစား (၁၀)မျိုးကျော် ဝယ်ထားပြီ.. အကုန်လုံး စမ်းကြည့်ပြီး ကြိုက်တာ တွယ်ကြတာပေါ့..”
ဖုန်းယွီသည် ကီရီလန်ကိုအတွက် အရွက်တစ်ခွက် ထည့်ပေးလိုက်သည်။ ဖုန်းယွီ ဝယ်ထားသည့် အရက်အားလုံး၌ အရက်ပါဝင်မှု မြင့်မားပေသည်။ ဤသည်က ကီရီလန်ကို အကြိုက်များပင်။
ကီရီလန်ကိုသည် ဖန်ခွက်ခဲမှ အရက်ကို တစ်ကျိုက်တည်း မော့သောက်ကာ..
“ဒီအရသာ သိပ်မကောင်းဘူး..”
“မကောင်းဘူးလား.. စိတ်ထဲမထားနဲ့.. နောက်ထပ် အများကြီး ရှိသေးတယ်.. ဒီဟာ စိမ်းကြည့်..”
“ကောင်းလား.. အဆင်မပြေဘူးလား.. ရတယ် အဲ့ပုလင်း လွှင့်ပစ်လိုက်မယ်.. ဒီဟာရော ဘယ့်နှယ့်လဲ..”
ဖန်ခွက် ခပ်သေးသေးဖြင့် အသုံးပြုနေသော်လည်း တစ်ခွက်ပြီးတစ်ခွက်နှင့် ကီလီလန်ကိုမှာ တစ်ပုခင်းနီးပါး ဗိုက်ထဲ ရောက်သွားချေပြီ။ ဖုန်းယွီသည် ထိုအရက်ကို ကီရီလန်ကိုဘေးနားတွင်သာ ကပ်ထားပေသည်။ ကီရီလန်ကိုသည် ထိုပုလင်းများအားလုံး ကုန်အောင် သောက်ပါစေဟုသာ ဆုတောင်းနေမိသည်။
“ဖုန်း.. မင်း အကောင်းဆုံးပဲ.. ငါ့အတွက် အထူးအရက်တွေ အများကြီး ဝယ်ထားတာပဲ.. မင်းက ငါ့အချစ်ဆုံး သူငယ်ချင်းပဲ..”
ကီရီလန်ကို ဖုန်းယွီအား လက်မထောင်ပြသည်။
“မင်း ကြိုက်သလောက်သာသောက်.. မနက်ဖြန် ထပ်ဝယ်ခိုင်းလိုက်မယ်..”
ဖုန်းယွီ ပြုံးနေပေသည်။
သောက်သောက်.. အကြိုက်သောက်.. မြန်မြန်မှောက်သွားလေ ကောင်းလေပင်။
ဖုန်းယွီသည် ကီရီလန်ကို၏ ဖန်ခွကပ်ထဲသို့ ထပ်ကာထပ်ကာ ထည့်ပေးနေသော်လည်း သူ့ဖန်ခွက်ကို ထိပင် မထိရသေးချေ။ ထိုပုလင်းများမှာ အရောင်အသွေးတူကာ အရက်ပါဝင်မှုနည်းသည့် အချက်အနည်းငယ် ပါနေပေသည်။ ထိုနည်းဖြင့် ကီရီလန်ကိုထက် ပိုသောက်နိုင်သေးသည်။
“လာ ညီနောင်ကီ.. မုန့်စားလိုက်ရအောင်..”
ဖုန်းယွီသည် ကီရီလန်ကိုနှင့် ဖန်ခွက်ချင်း တိုက်၍ အနည်းငယ် စုပ်သောက်လိုက်သော်လည်း ကီရီလန်ကိုမှာမူ တစ်ကျိုက်တည်း မော့လိုက်ပြန်သည်။ ဖုန်းယွီသည် ကီရီလန်ကို၏ ဖန်ခွက်ထဲသို့ အရက်ထပ်ဖြည့်ပေးလိုက် ပြန်သည်။
ဆက်သောက်ကြပြန်သည်။
အရင်းဆုံး မူးသွားသူမှာ ကီရီလန်ကိုသာပင်။ ဝိုင်းပြီးဆုံးသည်အထိ ဆိုပါက ဖုန်းယွီသည် ဖန်ခွက်(၂)ခွက်ပင် မကုန်ချေ။
နာရီဝက် မပြည့်မီ ကီရီလန်ကို ဖန်ခွက်ကိုပင် မကိုင်နိုင်တော့ချေ။
ဖုန်းယွီသည် ကီရီလန်ကို၏ ပုခုံးကို ပုတ်ကာ..
“ညီနောင်ကီ.. နောက်နေ့မှ ဆက်သောက်ရအောင်..”
“ကောင်းပြီလေ.. နောက်ဆုံးတစ်ခွက် …”
ကီရီလန်ကို၏ လျှာများ လိပ်နေပေပြီ။
ဖုန်းယွီသည် ကီရီလန်ကိုအား ဧည့်ခန်းအတွင်းမှ ခေါ်သွားရန် သူ့ကိုယ်ရံတော် နှစ်ယောက်ကို ခေါ်လိုက်သည်။ သယ်ထုတ်မသွားမီပင် ကီရီလန်ကိုမှာ ဟောက်နေပေပြီ။
ကံကောင်းသည်မှာ အိမ်ကို ပြန်လည်ပြင်ဆင်စဉ်က အခန်းအားလုံးကို အသံလုံအောင် လုပ်ထားမိခြင်းပင်။ သို့မဟုတ်ပါက ကီရီလန်ကို၏ ဟောက်သံကို တစ်အိမ်လုံး ခံစားရပေလိမ့်မည်။
အခန်းအားလုံး အသံလုံအောင် လုပ်ထားသည်မှာ ကီရီလန်ကိုကြောင့် မဟုတ်ချေ။ ဖုန်းယွီအနေဖြင့် သူလုပ်နေသည့် ကိစ္စရပ်အားလုံး တခြားသူများ မကြားစေချင်၍ ဖြစ်သည်။
သက်တော်စောင့်များ ထွက်သွားပြီးနောက် အိမ်ထဲတွင် လူ(၃)ယောက်သာ ကျန်တော့သည်။ တစ်ယောက်က အိပ်ပျော်နေပြီး၊ နောက်တစ်ယောက်မှာ ဖုန်းယွီအား သူ့အခန်းအတွင်းမှ စောင့်နေပေသည်။
************
အယ်လီနာသည် ဖုန်းယွီ၏ အခန်းထဲ၌ တိတ်ဆိတ်စွာ ထိုင်နေပေသည်။ သူသည် နေ့စဉ် မပျက်မကွက် အကလေ့ကျင့်ခဲ့သည်။ နာမကျန်း ဖြစ်နေစဉ်တွင်ပင် အကမပျက်ခဲ့ချေ။
အယ်လီနာ၏ မိခင်သည် မကျန်းမာသည့်အခါ အနားယူရန် ပြောသော်လည်း တားမရချေ။ သူသည် ကမ္ဘာတစ်ဝှမ်းလုံးအား အကောင်းဆုံးကပြချင်သည့်အပြင် ထိုလူကို အထူးသီးသန့် ကပြချင်နေသည်။
ထိုလူသည် သူ့အကကို ကြည့်ရသည်ကို သဘောကျပေသည်။
ထိုလူသည် သူ့နှလုံးသားကို ဖမ်းစားထားပေသည်။ ယောက်ျား တစ်ယောက်သည် သူ့အတွက် ကတိများ မည်သည့်အတွက် မပေးနိုင်သည်ကို မသိသော်လည်း သူကနေမိတိုင်း ထိုလူအကြောင်းသား တွေးနေမိနေသည်။ သူသည် ထိုလူကို အရမ်းလွမ်းနေပေသည်။
အယ်လီနာ၏ မိခင်သည် သူဘာတွေးနေသည်ကို အတတ်ပြောနိုင်သော်လည်း မည်သည့် မေးခွန်း တစ်ခုမှ မမေးခဲ့ချေ။ အယ်လီနာအနေဖြင့် မေးလာလျှင်လည်း ဘာမှ ပြန်လည် ဖြေကြားမည် မဟုတ်ကြောင်း သိနေပေသည်။
စစ်တပ် အရာရှိများအတါက် ကစားစရာ အရုပ်မျှသာဖြစ်သည့် သူ့သူငယ်ချင်းများနှင့် နှိုင်းယှဉ်ပါက အယ်လီနာသည် ထိုလူနှင့် ဆုံတွေ့ရသည်မျာ ကံကောင်းသည်ဟု ခံစားရပေသည်။ ထိုလူနှင့် တွေ့ပြီးနောက် သူ့မိသားစုနှင့် သူ့ဘဝ ပိုကောင်းလာပေသည်။
အယ်လီနာ၏ ဘဝမှာ ယခု မျှော်လင့်ချက်များနှင့် ပြည့်နေပေသည်။
ဖုန်းယွီနှင့် မတွေ့ရသည်မှာ ကြာပေပြီ။ အရမ်းလွမ်းနေသော်လည်း မခေါ်ရဲချေ။
အယ်လီနာ ဖုန်းဆက်လိုက်သဖြင့် စိတ်အနှောက်အယှက်ဖြစ်မည်ကို မလိုလားချေ။ သူသည် ထိုလူ ထားခဲ့မည်ကို စိုးရိမ်က မနှောက်ယှက်ရဲပေ။
သို့အတွက် အကကိုသာ အာရုံစိုက်ထားပေသည်။ ကမ္ဘာ့အကောင်းဆုံး ဘဲလေးကချေသည် ဖြစ်ချင်ပြီး သူ၏ အကောင်းဆုံး အကအလှများကို ပြသချင်ပေသည်။
အကလေ့ကျင့်နေစဉ် အယ်လီနာ၏ ဆုတောင်းသံကို ကြားရကာ ကီရီလန်ကိုသည် ဖုန်းယွီထံ လည်ပတ်ရန် အမေရိကန်သို့ သွားမည်ဖြစ်ကြောင်း ပြောလာပေသည်။ သူ့ကို လာခေါ်ပေလိမ့်မည်။
ထိုသတင်းကို အယ်လီနာ ကြားလိုက်ရသည့်အခါ ရေချိုးခန်းအတွင်းသို့ ချက်ချင်းပြေးဝင်ကာ မျက်ရည်များပင် ဝဲလာမိတော့သည်။
အမေရိကန်သို့ ရောက်ပြီးနောက် သူနှင့် တွေ့ခဲ့ရပေသည်။ ထူးခြားချက်မှာ သူ့အိပ်မက်များ မြင်လိုက်ရသည့်အတိုင်း ပင်ဖြစ်နေသည်။
အယ်လီနာသည် ထိုလူကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားစွာ တုန်ရီနေပေသည်။
ဖုန်းယွီ သူ့ကို ပြုံးပြသော်လည်း မည်သည့် စကားမှ မပြောသေးချေ။ အယ်လီနာသည် မစ္စတာ ကီရီလန်ကိုနှင့် ယှဉ်လိုက်ပါက အဆင့်အတန်း နိမ့်လွန်းကြောင်း သိနေပေသည်။
ဖုန်းယွီအိမ်သို့ ရောက်ပြီးနောက် ညစာစားပြီး တိတ်တဆိတ်ပင် အပေါ်ထပ်သို့ တက်သွားသည်။ ဖုန်းယွီသည် သူ့အတွက် အဓိကအခန်းအတွင်း နေနိုင်ရန် စီစဉ်ထားသည်ကို တွေ့ရသည့်အခါ အလွန်ပျော်သွားသည်။ ဤသည်က ဖုန်းယွီ၏ အခန်းဖြစ်တော့သည်။
အယ်လီနာသည် ဖုန်းယွီအား စိတ်ရှည်လက်ရှည် စောင့်နေပေသည်။ ဖုန်းယွီ အခန်းအတွင်း ဝင်လာပါက မူးနေပြီလော တွေးနေမိသည်။ အချိန်မည်မျှ ကြာနေပါစေ စောင့်မျှော်နေဆဲသာပင်။
အယ်လီနာမှာ လေယဉ်ခရီးစဉ်ကြောင့် ပင်ပန်းနေသော်လည်း ကိုယ့်ကိုကိုယ် သတိပေးရင်း စောင့်နေပေသည်။
အခန်းတံခါးပွင့်လာပြီး ထိုလူပေါ်လာပေသည်။ အယ်လီနာသည် ချက်ခြင်း ထရပ်ကာ သွားကူပေးချင်နေသည်။
“အယ်လီနာ.. ဘာလို့ မအိပ်သေးတာလဲ.. လေယာဉ် အကြာကြီး စီးလာရတာ နားလိုက်သင့်တယ်…”
အယ်လီနာ နိုးနေသည်ကို မြင်သဖြင့် ဖုန်းယွီ မေးလိုက်သည်။
“ငါ… နင့်ကို စောင့်နေတာ…”
အယ်လီနာ အသံတိုးတိုးဖြင့်..
“သောက်ထားတာ ခေါင်းကိုက်နေလား.. လက်ဖက်ရည် လုပ်ပေးရမလား..”
ဖုန်းယွီသည် အယ်လီနာ၏ လက်မောင်း ပိန်သွယ်သွယ်လေးကို လှမ်းဆွဲလိုက်ကာ..
“ငါ အဆင်ပြေပါတယ်.. အများကြီး သောက်မလာဘူး.. ရေချိုးလိုက်ရင် လန်းသွားလိမ့်မယ်..”
“နင့်အတွက် ရေဖြည့်ပေးမယ်..”
ဖုန်းယွီ ပြုံးရင်းဖြင့် အယ်လီနာ၏ လက်ကို လွှတ်ပေးလိုက်သည်။ အယ်လီနာသည် ရေချိုးကန်ကို ရေနွေးဖြည့်ရန် ဖွင့်လိုက်ကာ အခန်းအတွင် အပြေးပြန်ဝင်လာက..
“ပေး.. အဝတ်တွေ လျှော်လိုက်မယ်..”
ဖုန်းယွီ မတားခဲ့ပေ။ ထို အသေးအဖွဲ့ ကိစ္စလေးများကို ဖုန်းယွီအတွက် လုပ်ပေးနိုင်သည့်အတွက် အယ်လီနာ ဝမ်းသာနေပေသည်။
ဖုန်းယွီသည် အဝတ်အစားချွတ်ပြီးနောက် အယ်လီနာသည်လည်း သူ့ရေချိုးဝတ်စုံကို ချွတ်ကာ ရေချိုးခန်းအတွင်း လိုက်ဝင်သွားတော့သည်။
အယ်လီနာသည် ဖုန်းယွီ ရေချိုးကန်အတွင်း မဝင်မီ ရေအပူချိန်ကို လက်ဖြင့် စစ်ကြည့်လိုက်သေးသည်။ ထို့နောက် ဖုန်းယွီ၏ ပုခုံးများကို နှိပ်နယ်ပေးရန် ရေကန် ဘေးနားတွင် ဒူးထောက်ထိုင်လိုက်တော့သည်။
ရေနွေးနွေး စိမ်ရင်း အနှိပ်ခံပြီးနောက် ဖုန်းယွီသည် အယ်လီနာ၏ လက်ကို လှမ်းဆွဲက ရေချိုးကန်အတွင်း ဆွဲခေါ်လိုက်တော့သည်။
အယ်လီနာ အမှတ်တမဲ့ တစ်ချက် အော်မိလိုက်ကာ ဖုန်းယွီ၏ ရင်ဘတ်ပေါ်တွင် အသာလှဲချလိုက်သည်။ မျက်နှာမှာ နီရဲနေပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတော့သည်။
ဖုန်းယွီသည် အယ်လီနာအား ရင်ခွင့်ထဲတွင် ဤအတိုင်း မထားနိုင်ချေ။ နောက်ဆုံး၌ သူ၏ ပြင်းပြသည့် စိတ်အာသီသ တို့ကို လှစ်ဟာပြလိုက်တော့သည်။ အယ်လီနာကို ခပ်ကြမ်းကြမ်း ပွေ့ပိုက်ကာ ဟန်ချက် အနေအထား ပြင်လိုက်ပေတော့သည်။
--------**$$^$$**--------