ဂုဏ်ယူဖွယ် ကီရီလန်ကို
Vol. 52 Ch. 779
နောက်တစ်နေ့နံနက်တွင် ဖုန်းယွီသည် အယ်လီနာအား သူနှင့်အတူ အပြေးလေ့ကျင့်ရန် ခေါ်သွားတော့သည်။ အယ်လီနာ ဝမ်းသာသွားသည်။ ဖုန်းယွီ နှင့် နှစ်ယောက်တွဲ၍ အပြင်ထွက်ဖူးသည်မှာ ဤသည်က ပထမဆုံး အကြိမ် ဖြစ်တော့သည်။ အနီးပတ်ဝန်းကျင် တစ်ဝိုက် ပြေးရသည်ကိုပင် အလွန်ပျော်နေပေသည်။
ဆူဇန်နှင့် အမျိုးသမီးတို့သည် အနီးအနား၌ ပုန်းစောင့်နေကြသည်။ ဖုန်းယွီနှင့် နီးစပ်မည့် အခွင့်အရေး လိုချင်နေကြခြင်းပင်။ သို့ရာ၌ ယနေ့ ၎င်းတို့အားလုံး အံ့ဩသွားကြရပေသည်။
ထိုအမျိုးသမီး မည်သူနည်း။ ငယ်ရွယ်၊ နုပျို၊ ချောမောလှပကာ ပြီးပြည့်စုံသော ရုပ်ရည်ရှိပေသည်။ ထိုမိန်းမ ဘယ်က ရောက်လာသနည်း။
ဆူဇန်နှင့် အခြားသူများမှာ ၎င်းတို့ ရုပ်ရည်အတွက် ယုံကြည်မှုရှိကြသော်လည်း အယ်လီနာနှင့် နှိုင်းယှဉ်ပါက အလွန်ကွာခြားသွားတော့သည်။ ထိုသူဌေးကြီးသည် သူတို့ကို လျည့်ပင် မကြည့်သည်မှာ အံ့ဩစရာ မဟုတ် တော့ချေ။ ငယ်ရွယ်နုပျိုချောမောလှပလွန်းသည့် ရည်းစားတစ်ယောက် ရှိနေသည် မဟုတ်ပေလော။
ထိုအမျိုးသမီးများ လက်မလျှော့ကြသေးချေ။ သူတို့ထံ၌ ပိုမို ထွားကြိုင်းသည့် ရင်သားများရှိကြောင်း ခံစားနေရသည်။ သူဌေးကြီး သူတို့ကို သတိပြုမိပေလိမ့်မည်။
သို့တိုင်အောင် လျစ်လျူရှုခံရမြဲသာပင်။ ဖုန်းယွီနှင့် စကားပြောရန် အခွင့်အရေးအရေး မရကြသေးချေ။ ဖုန်းယွီ၏ ကိုယ်ရံတော်များမှ အနားမကပ်ရန် တားဆီး သတိပေးကြခြင်းကြောင့်ပင်။
အယ်လီနာသည် အလွန်ထက်မြက်ကာ အင်္ဂလိပ်လို မတတ်သော်လည်း ထိုအမျိုးသမီးများ အကြောင်းကို သေချာပြောနိုင်ပေသည်။ မစ္စတာဖုန်းသည် မိမိအား သူ့ရည်းစားဟု ၎င်းတို့ကို ပြောလိုက်သည်လော။
ဖုန်းယွီသည် ထိုအမျိုးသမီးများကို တားဆီးရန် ဒိုင်းတစ်ခုအဖြစ် သဘောထားကြောင်း အယ်လီနာ သိပေသည်။ သို့တိုင်အောင် ကြည်နူးနေမိသည်။ မစ္စတာဖုန်း၏ ယာယီ ချစ်သူ ဖြစ်ခွင့်နှင့်ပင် သူအလွန်ကျေနပ်ပေသည်။
“အယ်လီနာ ဒီမှာ ဘယ်လောက် ကြာကြာနေမလဲ..”
အယ်လီနာ ခေါင်းယမ်းကာ..
“ငါလဲမသိဘူး.. နင်နဲ့ ထပ်တွေ့ခွင့်ရလို့ အရမ်းကျေနပ်တယ်.. မနက်ဖြန် ပြန်ဆိုလဲ ပြန်လို့ရပြီ..”
ဖုန်းယွီသည် အယ်လီနာ၏ ခေါင်းကို ပွတ်သပ်ကာ..
“နင့်ကို မပြန်ခိုင်းပါဘူး.. နင်ဒီမှာ နေချင်သလောက် နေလို့ရတယ်.. နှစ်သစ်ကူးမှ ငါတရုတ်ကို ပြန်မှာ.. အဲ့တော့မှ မော်စကိုကို ပြန်ပေါ့.. နင့် စွမ်းဆောင်ရည်တွေတော့ ထိခိုက်လိမ့်မယ် ထင်တယ်.. ဘယ်လိုလဲ…”
အယ်လီနာ၏ မျက်လုံးများ အရောင်တောက်လာကာ ခေါင်းညိတ်ပြရင်း..
“ငါ .. မစ္စတာဖုန်းရဲ့ အစီအစဉ်ကို လိုက်နာမှာပါ..”
“ငါ့ကို ဖုန်း… အဲ့လိုမဟုတ်လဲ ဖုန်းယွီလို့ပဲခေါ်.. မစ္စတာဖုန်း ဆိုတာကြီးက အရမ်း သူစိမ်းဆန်နေသလိုပဲ..”
“အဆင်ပြေတယ်လား…”
အယ်လီနာ မျက်နှာတွင် ဝင်းပစွာ ပြုံးရွှင်လာတော့သည်။
“ဖုန်း… မင်း ငါ့ရှေ့ ရောက်နေပြီနော်..”
ကီရီလန်ကို ဖုန်းယွီနောက်မှ လှမ်းအော်လိုက်သည်။
အယ်လီနာ မတ်တပ်ရပ်ရန် ပြင်လိုက်စဉ် ဖုန်းယွီ သူ့ပုခုံးကို ဖိထားပေသည်။ ကီရီလန်ကိုမှာ စိတ်ထဲပင်မထားပဲ ဝင်ထိုင်လိုက်သည်။ တရုတ်မုန့်တီ တစ်ဇွန်းစားကြည့်လိုက်သည်။
“ဒါ တော်တော် အရသာရှိတာပဲ.. ခက်တာက နည်းလွန်းတယ်..”
ကီရီလန်ကို ပြောနေရင်း အံကြိတ်နေပေသည်။
ကီရီလန်ကိုမျာ ဤနေရာကို သူ့အိမ်ယာအဖြစ် သဘောထားလိုက်သည်။ သူသည် ဖုန်းယွီအား သူ့အချစ်ဆုံး သူငယ်ချင်းအဖြစ် အမှန်တကယ် ဆက်ဆံထားသဖြင့် ဖုန်းယွီသည်လည်း သက်တောင့်သက်သာပင် ရှိကြောင်း တွေ့ရသဖြင့် ဝမ်းသာနေပေသည်။ ကီရီလန်ကိုသည် အကြံဉာဏ်ပေးသူ မဟုတ်သော်လည်း ဖုန်းယွီမှာ သူနှင့်အတူ အေးအတူ ပူအမျှ ရှိနေသည်ဟု ခံစာနေရပေသည်။
“အစ်မကြီးကျောက်.. နောက်ထပ် မုန့်တစ်ပွဲ ပြင်ပေးလို့ရမလား.. ညီနောင်ကီ တော်တော် စားချင်နေပုံပဲဗျ..”
ဖုန်းယွီ မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်သည်။
“ရမယ်… သိပ်မကြာစေရဘူး..”
အစ်မကြီးကျောက်သည် စားပွဲပေါ်သို့ ကြက်ဥကြော်နှင့် ကြက်ဥပြုပ်များ ယူလာကာ တရုတ်မုန့်များ ထပ်ချပေးရန် မီးဖိုချောင်အတွင်း ပြန်ဝင်သွားသည်။
အယ်လီနာသည် ကြက်ဥပြုပ်ကို အခွံခွာကာ ဖုန်းယွီ၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ သူအတွက်မူ ခန္ဓာကိုယ် အချိုးအစား ထိန်းသိမ်းနိုင်ရန်အတွက် အစားစဉ်ချင်နေရပေသည်။
ကီရီလန်ကိုသည် ဖုန်းယွီနှင့် အယ်လီနာတို့ ပို၍ နီးစပ်လာသည်ကို တွေ့ရသည့်အခါ ဝမ်းသာမိပေသည်။ သူသည် တရုတ်ဒဏ္ဍာရီများအတွင်းမှ ဖိုးလမင်းကြီး ကဲ့သို့ ခံစားလိုက်ရသည်။
(ဘာသာပြန်ဆိုသူ မှတ်ချက်။ မြန်မာ မူကဲ့သို့ ပြောရမည်ဆိုလျှင် တွံတေးသိန်းတန်၏ အောင်သွယ်တော် ဖိုးရွှေလမင်းရယ်… ဟူသို့သာတည်း။)
“ဖုန်း.. မင်း မိုက္ခရိုဆော့ဖ်မှာ ရင်းနှီးမြုပ်နှံဖို့ အမေရိကန်ကို လာတာလား..”
စားရင်းသောက်ရင်း ကီရီလန်ကို မေးလိုက်သည်။
“အဓိက အကြောင်းအရင်းကတော့ မိုက္ခရိုဆော့ဖ်မှာ ရင်းနှီးမြုပ်နှံဖို့ပါပဲ.. ဒါပေမယ့် တခြား ကုမ္ပဏီ တစ်ခုခုမှာလဲ ရင်းနှီးမြုပ်နှံချင်နေတယ်.. ပုံမှန်အရဆို မိုက္ခရိုဆော့ဖ် ရှယ်ယာတွေကို ဘယ်သူမှ ရောင်းမှာ မဟုတ်ဘူး.. ရောင်းချင် စိတ်ရှိမယ်ဆိုရင်တောင် ပမာဏ နည်းလွန်းတယ်.. ဒါပေမယ့် တခြား ဆက်စပ်ကုမ္ပဏီ ရှယ်ယာတွေ မင်းရနိုင်သေးတယ်.. အဲ့လို ရှယ်ယာ အမျိုးအစားတွေက အလားအလာကောင်းတယ်..”
ကီရီလန်ကိုမှာ အထင်အမြင်သေးစွာဖြင့်…
“မိုက္ခရိုဆော့ဖ်က ဘာတွေ ထူးခြားနေလို့လဲ.. ဆော့ဖ်ဝဲကုမ္ပဏီ တစ်ခုပဲလေ.. ဒီအမေရိကန်တွေ သိပ်နားလည်တာ မဟုတ်ဘူး.. ငါတို့ ရုရှားဆော့ဖ်ဝဲက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ.. ငါတို့ဆီမှာ ကမ္ဘာ့ အကောင်းဆုံး သင်္ချာပညာရှင် တွေရော အင်ဂျင်နီယာတွေရော ရှိတယ်.. ငါ့ရဲ့ ဈေးကွက်လေ့လာသုံးသပ်သူတွေကတော့ အဲ့နယ်ပယ်မှာ အကောင်းဆုံးပဲ..”
ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ ယခင် ဆိုဗီယက် ယူနီယံသည် ကွန်ပျူတာနည်းပညာ လေ့လာခဲ့သည်။ ၎င်းတို့သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးများထဲမှ တစ်ဦးပင်။ ရုရှားသည် ယခင် ဆိုဗီယက် ယူနီယံ၏ ပိုင်ဆိုင်မှု အများစုကို သိမ်းယူကာ ရုရှားသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး နိုင်ငံတစ်ခုဟု ကီရီလန်ကို ပြောသည်မှာ မမှားချေ။ သို့ရာတွင် ထိုအရည်အချင်များမှာ အစိုးရနှင့် စစ်တပ်အတွက် လုပ်ဆောင်နေသည် မဟုတ်ပေလော။
ကီရီလန်ကိုသည် ထိုထိပ်တန်း သင်္ချာပညာရှင်များနှင့် အင်ဂျင်နီယာများကို အလုပ်ခန့်ထားကြောင့် မည်သည့်အတွက် ပြောလာသနည်း။ ထိုလူများသည် ယခုအချိန်တွင် ပုဂ္ဂလိက ကုမ္ပဏီများတွင် အလုပ် လုပ်၍ ရနေပြီလော။ ကီရီလန်ကိုသည် သူ့ဖခင် အဆက်အသွယ်ဖြင့် ငှားရမ်းနိုင်ခဲ့သည်လော။
“ညီနောင်ကီ.. မင်းခန့်ထားတဲ့ လေ့လာသုံးသပ်သူတွေက ဆော့ဖ်ဝဲ အင်ဂျင်နီယာတွေလား..”
“မဟုတ်ဘူး.. သူတို့က သင်္ချာပညာရှင်၊ အင်ဂျင်နီယာတွေလို့ သတ်မှတ်ရမှာ.. အရင်က စစ်တပ်မှာ လုပ်ခဲ့ဖူး တယ်လေ.. သူတို့အလုပ်က ဒုံးခွင်းဒုံးတွေရဲ့ လမ်းကြောင်း တွက်ချက်ပေးရတာ.. ပစ်မှတ်ကို တွက်ချက်ဖို့အတွက် ပရိုဂရမ် ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ သိထားရလိမ့်မယ်.. မင်းသိတဲ့အတိုင်း ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားတော့ ဒုံပျံ သုတေသနတွေ နှေးသွားစေတာပေါ့.. စစ်တပ်က လူအများကြီး မလိုတော့ဘူးတဲ့.. နာဆာကို ခွဲခြမ်း စိတ်ဖြာကြည့်တော့ ငါ့လူတွေက ဈေးကွက်ရဲ့ ဇယားတွေက ဒုံးကြည်လမ်းကြောင်းနဲ့ ဆင်တူတယ်လို့ သတိထားမိလိုက်တယ်လေ..”
ဖုန်းယွီ မေးရိုးပြုတ်ကျမတတ် ဖြစ်သွားသည်။ ထို ဒုံးပျံအင်ဂျင်နီယာနှင့် သင်္ချာပညာရှင်များသည် စတော့ရှယ်ယာ ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာရန် အသုံးချနိုင်ပေသည်။ ရုရှားနိုင်ငံ၏ ဆော့ဖ်ဝဲ အင်ဂျင်နီယာများသည် ယခင်က သင်္ချာပညာရှင်များနှင့် အင်ဂျင်နီယာများမှာ အစိုးရအတွက်သာ ဖြစ်သည်ဟု ယခင်ဘဝက ကောလာဟလများ ကြားရဖူးပေသည်။ ထိုလူများသည် ဒုံးကြည်များကို တရားဝင် သုတေသန ပြုလုပ်ကာ တီထွင်နေမှန်း မသိခဲ့ချေ။
ဒုံးကြည်များနှင့် စတော့ဈေးကွက်အကြား ဆက်စပ်မှု ရှိနေသည်လော။
“သူတို့ ဖန်တီးတဲ့ ဈေးကွက်လမ်းကြောင်းနဲ့ ဇယားတွေ ငါ့ကို ပြလို့ရမလား..”
ဖုန်းယွီ မေးလိုက်သည်။ ဤသည်မှာ ကီရီလန်ကို၏ သဘောသာ ဖြစ်ပြီး ကီရီလန်ကိုမှ ငြင်းလျှင်လည်း ဖုန်းယွီ ဘာမှ ပြောမည် မဟုတ်ချေ။
ကီရီလန်ကို မဆိုင်းမတွ သဘောတူကာ..
“ပြဿနာမရှိဘူး.. မင်းလိုချင်တဲ့ အချက်အလက်တွေ အီးမေးလ်နဲ့ ပို့ပေးဖို့ ငါဖုန်းဆက်လိုက်မယ်.. အဲ့လူတွေ ရောက်မလာသေးဘူးကွ.. သူတို့နဲ့ တွေ့ရင် မင်းလဲ သဘောကျသွားမှာ သေချာတယ်..”
ကီရီလန်ကိုသည် အမေရိကန်ခရီးစဉ်အတွက် အသင့်မဖြစ်သေးကြောင်း ဖုန်းယွီ သတိပြုမိလိုက်သည်။ ကီရီလန်ကိုသည် စတော့ဈေးကွက်ရှိ အင်ဂျင်နီယာများ၏ ခွဲခြမ်း စိတ်ဖြာမှုကို မြင်ကာ ဂွင်ရိုက်ရန် အမေရိကန်သို့ ရောက်လာခဲ့ခြင်းပင်။
“ညီနောင်ကီ.. မင်းလူတွေ တခြားဆော့ဖ်ဝဲရော လုပ်လို့ရလား..”
ဖုန်းယွီသည် ယခင်ဘဝက ရုရှားဆော့ဖ်ဝဲပေါ်တွင် စွဲလန်းခဲ့ဖူးသည်မျာ ကက်စပါစကိုင်း ဖြစ်သည်။ ဤသည်မျာ ကွန်ပျူတာကူးဆက်ပိုး နှိမ်နင်းရေး ဆော့ဖ်ဝဲ ဖြစ်ပေသည်။
ကက်စပါစကိုင်းသည် ဈေးကွက်ဝေစုကို မျှတစွာပိုင်ဆိုင်ထားပြီး တရုတ်နိုင်ငံတွင် ရေပန်းစားပေသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံရှိ ကွန်ပျူတာကူးဆက်ပိုး ဆော့ဖ်ဝဲအများစုသည် အခမဲ့ဖြစ်ပြီး ထိုဆော့ဖ်ဝဲမှ အမြတ်ရရန် ခက်ပေသည်။ ကက်စပါစကိုင်းသည် ဖြည်းဖြည်းချင်း ဦးတည်ချက်ပြောင်းကာ ဆိုက်ဘာလုံခြုံရေး အဖြစ် ပြောင်းလဲသွားတော့သည်။
“တခြားဆော့ဖ်ဝဲတွေဆိုတာ ဘာကိုပြောတာလဲ.. ရုံးသုံး ဆော့ဖ်ဝဲလား.. ကွန်ပျူတာ ကူးစက်ပိုး ဆော့ဖ်ဝဲလား.. တခြား အဆင့်မြင့် ဆော့ဖ်ဝဲတွေပဲဖြစ်ဖြစ်.. သူတို့ မလုပ်နိုင်တဲ့ ဆော့ဖ်ဝဲ မရှိဘူး..”
ကီရီလန်ကို ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။
ရုရှား ဆော့ဖ်ဝဲလုပ်ငန်းသည် ဤမျှလောက် အားကောင်းနေပြီလော။ ဖုန်းယွီ၏ ယခင်ဘဝတွင် ရုရှား အစိုးရသည် ၎င်းတို့အတွက် အထောက်အပံ့ မပေးသည်မှာ သနားစရာပင်။ သို့မဟုတ်ပါက ရုရှားသည် ကမ္ဘာ့ထိပ်တန်း ဆော့ဖ်ဝဲ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာနိုင်ပေသည်။ ဤသည်မျာ တရုတ်နိုင်ငံ ဆော့ဖ်ဝဲလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းကျိုးဖြစ်လာမည် မဟုတ်ချေ။
အမေရိကန်ကြောင့် ကနေဒါ၏ ဆော့ဖ်ဝဲမှာ ကောင်းကောင်း မဖွံ့ဖြိုးနိုင်သလို အမေရိကန်ရှိ ဆော့ဖ်ဝဲလုပ်ငန်းသည် အလွန်အားကောင်းကာ လွှမ်းမိုးထားပေသည်။
“သူတို့တွေ ထိန်းချုပ်လည်ပတ်မှုစနစ် တီထွင်နိုင်လား..”
--------**$$^$$**--------