အခန်း (၇၈၀)
Vol. 52 Ch. 780
ကီရီလန်ကို ခနရပ်ကာ..
“မင်းပြောတာ ကွန်ပျူတာ ထိန်းချုပ် လည်ပတ်မှုစနစ်လား.. ဘာလို့ မလုပ်နိုင်ရမှာလဲ.. ငါတို့နိုင်ငံက ကွန်ပျူတာ လည်ပတ်မှုစနစ်ကို ငါတို့ဟာငါတို့ တည်ဆောက်ထားတာကို..”
ဖုန်းယွီ ဤသည်ကို သိပေသည်။ သို့ရာတွင် ယခင်ဘဝက ရုရှား၏ ဆော့ဖ်ဝဲ လုပ်ငန်းကို နောက်ဆုံး၌ အမေရိကန် ကုမ္ပဏီများက သိမ်းပိုက်ခဲ့သည်။ ရုရှားကုမ္ပဏီများကိုလည်း လွှဲပြောင်းရယူခဲ့ပေသည်။
ဖုန်းယွီသည် ယနေ့ခေတ်၌ ရုရှားဆော့ဖ်ဝဲသည် အမေရိကန်နှင့် တန်းတူဖြစ်ကြောင်း မေ့နေခဲ့မိသည်။
ယခင် ဆိုဗီယက် ယူနီယံသည် အမေရိကန်နှင့် လက်နက်များ ယှဉ်ပြိုင်ခဲ့သည်။ ဆိုဗီယက်မှ တီထွင်ထားသည့် နည်းပညာများသည် ကွန်ပျူတာ၊ တယ်လီဖုန်း ဆက်သွယ်ရေးတို့နှင့် ဆက်စပ်နေပေသည်။ သို့အတွက် ဆိုဗီယက် ပိုင်ဆိုင်မှု အများစုကို အမွေဆက်ခံခဲ့သည့် ရုရှားသည် ယခုအချိန် အလွန် ဩဇာ ကြီးနေပေပြီ။
သင်္ချာနှင့် အင်ဂျင်နီယာ ပညာတို့သည် ဆော့ဖ်ဝဲ ဖွံ့ဖြိုးရေးတွင် မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းများ ဖြစ်ပေသည်။ ရုရှားသည် ထိုအစိတ်အပိုင်း (၂)ခု၏ စွမ်းရည်များကြောင့် ကျော်ကြားခဲ့သည်။ ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးဖြစ်ကာ တရုတ်နိုင်ငံထက် များစွာ အားကောင်းခဲ့သည်။
စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက် ရုရှား၏ ဆော့ဖ်ဝဲ အင်ဂျင်နီယာများသည် ၎င်းတို့အစိုးရအတွက် အလုပ်မလုပ် နိုင်တော့ချေ။ ထိပ်တန်း အင်ဂျင်နီယာအချို့ကို ကုမ္ပဏီကြီးများမှ ငှားရမ်းခဲ့ပြီး အချို့မှာ ဥရောပဘက်သို့ အလုပ်သွားခဲ့ကြသည်။ အချို့မှာမူ ကိုယ်ပိုင် ကုမ္ပဏီထောင်ကာ လုပ်ငန်းများ စတင်ခဲ့ကြသည်။
ကီရီလန်ကိုသည် ထိုလူအများအပြား ရှာဖွေနိုင်ခဲ့သည်။ ၎င်းတို့သည် ဒုံးကျည်များအတွက် အဆင့်အမြင့်ဆုံး ဆော့ဖ်ဝဲကို တီထွင်နိုင်ကာ ကွန်ပျူတာ လည်ပတ်မှုစနစ်ဆိုသည်မှာ ကိတ်မုန့်လှီးရသလောက်သာပင်။
“ဖုန်းဆော့ဖ်ဝဲတွေအတွက်ရော… မင်းလူတွေအတွက် ပြဿနာ မရှိလောက်ဘူးမို့လား..”
ဖုန်းယွီသည် သူ့အနေဖြင့် ဤကဲ့သို့သော ရွှေလိုအခွင့်အရေးကြီးကို လက်လွတ်လုနီးပါ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ဤသည်က အနောက်နိုင်ငံများကို ကျော်တက်နိုင်ရန်၊ တရုတ်နိုင်ငံ ဆော့ဖ်ဝဲနည်းပညာအတွက် အခွင့်အရေးဖြစ်သည်။
“အဲ့ဆော့ဖ်ဝဲတွေက ဘာပြဿနာရှိစရာလဲ.. လုပ်ငန်းသစ်တစ်ခုအတွက် စဉ်းစားနေတာလား..”
ကီရီလန်ကိုသည် ဖုန်းယွီ၏ အမူအရာကိုမြင်သည့်အခါ ငွေရှာနိုင်တော့မည်ဖြစ်ကြောင်း သိလိုက်သည်။
“ညီနောင်ကီ.. ငါတို့အတူတူ ဆော့ဖ်ဝဲကုမ္ပဏီတစ်ခု ထူထောင်ကြမလား.. တစ်ခုတော့ရှိတယ်.. ဒီလုပ်ငန်းကို ငါဦးဆောင်မှရမယ်.. ငါ့ဘက်က သုတေသနတွေ စလုပ်ထားတာ တိုးတက်မှုတွေလဲ ရှိပြီးသား..”
ဖုန်းယွီ မေးစေ့ပွတ်ရင်း မေးလိုက်သည်။
“ပြဿနာမရှိဘူး.. ဘာလုပ်ရမလဲပဲ ပြော..”
ဖုန်းယွီသည် သူ၏ သတ္ထုတွင်း လုပ်ငန်း အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာပြီး ကီရီလန်ကိုသည် ဤသို့သော ဆော့ဖ်ဝဲ ကုမ္ပဏီငယ်လေးလောက်ကို အာရုံမလာချေ။
“တရုတ်က လီနိုဗိုကုမ္ပဏီမှာ ရှယ်ယာတွေ ပိုင်ထားတယ်… လီနိုဗိုက တရုတ်နိုင်ငံရဲ့ ထိပ်တန်း ကွန်ပျူတာ ထုတ်လုပ်သူ ဖြစ်တဲ့အပြင် ဆော့ဖ်ဝဲ ဖွံ့ဖြိုးတိုးတက်ရေးမှာလဲ ရလဒ်ကောင်းတွေ ရထားပြီးသား.. သူတို့တွေ ဆော့ဖ်ဝဲကုမ္ပဏီကောင်းတစ်လဲ ပိုင်ထားသေးတော့ ဆော့ဖ်ဝဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနတွေ လုပ်နေပေမယ့် မလုံလောက်သေးဘူးလို့ ငါခံစားနေရတယ်.. ကမ္ဘာ့ နံပတ်(၁)ဖြစ်ချင်တယ်..”
ကီရီလန်ကိုမှာ စိတ်လှုပ်ရှားစွာဖြင့်..
“မှန်တယ်.. ငါတို့သာ လုပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်.. ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ငါတို့မှာ ရန်ပုံငွေတွေ၊ နည်းပညာတွေ၊ တီထွင်ဖန်တီးမှုတွေ အရန်သင့်ရှိတယ်.. ငါတို့ အကောင်းဆုံးဖြစ်မှာ သေချာတယ်..”
ဖုန်းယွီ ကီရီလန်ကို ကိုတစ်ချက်ကြည့်လိုက်သည်။ သူသည် မိမိထက်ပင် ပို၍ ယုံကြည်ချက် ရှိနေပေသည်။
ကီရီလန်ကို၏ ယုံကြည်မှုသည် သူ့နိုင်ငံသား အင်ဂျင်နီယာများကြောင့် မဟုတ်ချေ။ ဖုန်းယွီ အကြံပြုခြင်းကြောင့်ပင်။ ဖုန်းယွီ အကြံပြုသည့် လုပ်ငန်းများအားလုံး အမြတ်များပေသည်။
ကီရီလန်ကိုသည် ဖုန်းယွီနှင့် လုပ်ငန်းများစွာ၌ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး မည်သည့်အကြိမ်တွင်မှ ဆုံးရှုံးမှုမရှိချေ။
“မင်းတို့တွေ.. လီနိုဗိုတဲ့ရယ် ငါရယ်နဲ့ ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခု ထူထောင်မလို့ စဉ်းစားနေတာ.. ငါတို့ ကိုယ်ပိုင် လည်ပတ်မှုစနစ်၊ ဆော့ဖ်ဝဲတွေ၊ အပလီကေးရှင်းတွေနဲ့ ကွန်ပျူတာ ရောဂါ နှိမ်နင်းရေးတွေဘက်မှာ ငါတို့က ဆော့ဖ်ဝဲမှာပဲ အာရုံစိုက်မယ်..”
ဆော့ဖ်ဝဲကိုသာ အာရုံစိုက်ရုံဖြင့် အဆိုပါ ဆက်စပ်ပစ္စည်း ထုတ်လုပ်သူများ၏ သနားခံမှု ဖြစ်လာစေနိုင်သော်လည်း ဖုန်းယွီ၏ ယခင်ဘဝက မိုက္ခရိုဆော့ဖ်သည် နောက်ပိုင်း၌ လက်ဆွဲကွန်ပျူတာနှင့် ကွန်ပျူတာနယ်ပယ်သို့ ဝင်ရောက်လာပေသည်။ မည်သည့်အတွက်ဆိုသော် ၎င်းတို့၏ ကိုယ်ပိုင် ကွန်ပျူတာ အမှတ်တံဆိပ် မရှိပါက နံပတ်(၁)နေရာကို ဆုံးရှုံးနေရ၍ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယာယီအားဖြင့် ဆော့ဖ်ဝဲ တီထွင်ခြင်းကို အာရုံစိုက်ခြင်းသည် အကောင်းဆုံးဗျူဟာ ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ ဖုန်းယွီတွင် ကွန်ပျူတာ ထုတ်လုပ်သူ လီနိုဗို ရှိနေပေသည်။
ကီရီလန်ကို မျက်မှောင်ကြုတ်လိုက်သည်။
“ဘာဖြစ်လို့ လီနိုဗိုကို မဝယ်နိုင်ရတာလဲ.. ငါတို့(၂)ယောက်ပေါင်းရင် တတ်နိုင်တာထက်တောင် ပိုနေသေးတာကို..”
ဖုန်းယွီမှာ နဖူးမှပင် ချွေးများ ကျလာတော့သည်။ ဒင်းက ရည်မှန်းချက် ပိုကြီးနေပေသည်။ လီနိုဗိုသည် တရုတ်အစိုးရပိုင် ဖြစ်သည်။ ထိုကုမ္ပဏီ၏ ရှယ်ယာကို ရုရှားတစ်ယောက်အနေဖြင့် ပိုင်ဆိုင်ခွင့်နှင့် ချုပ်ကိုင်ထားသည့် ရှယ်ယာများကိုပင် ရနိုင်မည် မဟုတ်ချေ။
“ငွေနဲ့မဆိုင်ဘူး.. ကုမ္ပဏီကို အစိုးရက ချုပ်ကိုင်ထားတာ.. အစိုးရပိုင် ဆိုပါတော့.. နားလည်တယ်မို့လား..”
ကီရီလန်ကိုသည် ခနစဉ်းစားပြီးမှ ..
“အစိုရပိုင် ရင်းနှီးမြုပ်နှံမှုတွေဆိုတော့ ငါတို့က ဘယ်သူ့ကို လာဘ်ထိုးလို့ ရမလဲ..”
ဖုန်းယွီ ပြောစရာ စွံ့အသွားမိသည်။ မည်သူ့ကိုမှ လာဘ်ထိုး၍ ရမည်မဟုတ်ချေ။ ကုမ္ပဏီကိုသာ ကျော်ခွ၍ ဝယ်နိုင်ပေလိမ့်မည်။
“ဘယ်သူ့ကိုမှ သွားတွေ့လို့မရဘူး.. စဉ်းတောင် မစဉ်းစားနဲ့.. လီနိုဗိုရဲ့ လုပ်ငန်းခွဲ ဆော့ဖ်ဝဲကုမ္ပဏီကို မိခင် ကုမ္ပဏီကနေ ခွဲထုတ်ပြီး ဆော့ဖ်ဝဲကုမ္ပဏီအသစ်တစ်ခု တည်ထောင်ဖို့ပဲ ငါတို့ လုပ်လို့ရမယ်.. အဲ့ဒါ ငါလုပ်နိုင်တဲ့ အထဲကနေ အကောင်းဆုံးပဲ.. ပြီးတော့ ဈေးကွက်က အရေးကြီးတယ်.. တရုတ်ဈေးကွက်ကလဲ အမေရိကန် ဈေးကွက်လောက်ကို ကြီးတာ.. နားလည်တယ်မို့လား..”
ဖုန်းယွီသည် ဤကုမ္ပဏီကို တရုတ်နိုင်ငံတွင်သာ တည်ထောင်နိုင်ကြောင်း ကီရီလန်ကို နားလည်စေချင်ပေသည်။ သူသည် ကုမ္ပဏီကို ဦးဆောင်နိုင်သည် တစ်ဦးတည်းသော လူဖြစ်သည်။ ကီရီလန်ကိုမှ ထိုကုမ္ပဏီကို ရုရှားသို့ ရွှေ့မသွားစေလိုပေ။
“တရုတ်မှာ လူဦးရေ များတယ်ဆိုတာ ငါသိတယ်.. သဘောလဲတူတယ်.. ဒီအတိုင်းဆိုရင် ငါဘယ်လောက် ရမှာလဲ.. အစုရှယ်ယာ ဘယ်လောက်ရမလဲ..”
ကီရီလန်ကိုအနဖြင့် ဖုန်းယွီအပေါ် မျက်လုံးစုံမှီတ် ယုံကြည်ပေသည်။
“ဒါတော့ မင်းရှာနိုင်တဲ့ အင်ဂျင်နီယာ အရေအတွက်အပေါ်မှာ မူတည်လိမ့်မယ်.. မင်း အင်ဂျင်နီယာတွေက တရုတ်လို နားမလည်ဘူး.. ငါ့အင်ဂျင်နီယာတွေက ရုရှားလို မပြောတတ်ဘူး.. အချင်းချင်း ဆက်သွယ်ရေး ပြဿနာတော့ တော်တော်ရှိလိမ့်မယ်..”
ယခုအချိန်တွင် အသုံးပြုနေသည့် အဓိက ပရိုဂရမ် ဘာသာစကားမှ C နှင့် Java သာ ဖြစ်သော်လည်း အင်ဂျင်နီယာများ အချင်းချင်း ပြောဆိုညှိနှိုင်းရန် လိုအပ်နေသေးသည်။ ဖုန်းယွီမှ..
“ကောင်းပြီလေ.. ရင်းနှီးမြုပ်နှံမှုကိစ္စ နောက်မှ ဆွေးနွေးတော့မယ်.. တီထွင်မှု တန်ဖိုးတော့ ငါထည့်တွက်ရမယ်.. မင်း နားလည်တယ်မို့လား..”
“အင်ဂျင်နီယာ အရေအတွက်အတိုင်း ရင်းနှီးမြုပ်နှံပေးမယ်.. ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါ့ထက် ရှယ်ယာ (၁၀)ရာခိုင်နှုန်း ပိုရလိမ့်မယ်.. ဒါဆိုရင် မင်းအတွက် အဆင်ပြေတယ်မို့လား..”
ကီရီလန်ကို ပြန်ဖြေလိုက်သည်။
ဖုန်းယွီထံတွင် နောက်ထပ် တောင်းဆိုစရာများ မရှိတော့ချေ။ ကီရီလန်ကိုသည် တိုက်ရိုက်ဆန်ပေသည်။ အမှန်တကယ်တွင် စွမ်းဆောင်ရည်အရ ရုရှားဆော့ဖ်ဝဲ အင်ဂျင်နီယာများသည် တရုတ်များထက် အများကြီး သာလွန်ပေသည်။ ကီရီလန်ကိုသည် ဖုန်းယွီအား ပိုပေးထားခြင်းသာ ဖြစ်သည်။
“ညီနောင်ကီ.. မင်းအရမ်း ကြင်နာတာပဲ… စိတ်မပူနဲ့.. ဒီကုမ္ပဏီရဲ့ အမြတ်တွေ မင်းကို စိတ်မပျက်စေရဘူး..”
ဖုန်းယွီ သူ့ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
မိုက္ခရိုဆော့ဖ်၏ လည်ပတ်မျုစနစ်သည် Win95၊ 98၊ 2000မှ Xp သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ သို့ရာတွင် ဖုန်းယွီသည် ၎င်း၏ ဆော့ဖ်ဝဲကုမ္ပဏီမှ Win7 လည်ပတ်မှုစနစ်ကို ချက်ခြင်း စတင်ဖန်တီးချင်ပေသည်။ ယခုဈေးကွက်ရှိ လည်ပတ်မှုစနစ်များကို ဖြုတ်ချနိုင်မည် မဟုတ်သော်လည်း လည်ပတ်မှုစနစ် အလွန်ကွာခြားလွန်းပေသည်။
ဖုန်းယွီ၏ လည်ပတ်မှုစနစ် ဖွံ့ဖြိုုးတိုးတက်မှုသည် အချိန်ကြာမည် ဖြစ်သည်။ သို့ရာတွင် မိုက္ခရိုဆော့ဖ် မစမှိ (၁)နှစ် (၂)နှစ်ခန့်၌ သူ့ထိန်းချုပ် လည်ပတ်မှုစနစ် မိတ်ဆက်နိုင်လျှင်ပင် သူတို့အတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
ဖုန်းယွီသည် Android စနစ်ကိုလည်း တီထွင်ချင်သေးသည်။ ဤသည်က အလွန်အရေးကြီးပေသည်။ သူ့ အပလီကေးရှင်း ဆော့ဖ်ဝဲလ်နှင့် ဗိုင်းရပ် နှိမ်နင်းရေး ဆော့ဖ်ဝဲကို ဈေးကွက်အတွင်း စောစော ထုတ်နိုင်လေ သူတို့ ကုမ္ပဏီအတွက် အကျိုးအမြတ် များများရနိုင်လေလေဖြစ်သည်။
ကီရီလန်ကို ရယ်မောရင်းဖြင့်..
“ငါ မင်းကို ယုံတယ်လေ…”
--------**$$^$$**--------