ဘောလ်မာ၏ တောင်းဆိုချက်
Vol. 52 Ch. 771
ဖုန်းယွီသည် ကွန်ပျူတာကို လက်ညှိုးထိုးပြကာ..
“ရီလ်ဖာရေ ကျုပ် ဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ လိုချင်တယ်.. ဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စာရွက်ထုတ်ပေးပါအုံး..”
စက္ကူမဲ့ ကုမ္ပဏီ၏ အယူအဆဖြင့် ဒုက္ခခံရမည်လော။ မိမိ မျက်လုံးများက ပို၍ အရေးကြီးပေသည်။ ထိုမျက်နှာပြင်သည် သေးငယ်လွန်းပေသည်။ စာရွက်ပေါ်တွင် ဖတ်ရသည်က ပို၍ အဆင်ပြေပေသည်။
“တောင်းပန်ပါတယ်ဆရာ.. ကျုပ်မှတ်ထားပါမယ်.. ဒီကုမ္ပဏီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အခုပဲ စုစည်းလိုက် ပါ့မယ်..”
ရီလ်ဖာသည် ငယ်ရွယ်သော်လည်း အရည်အချင်းရှိပေသည်။ ယခင်က အခြားကုမ္ပဏီများတါင် အလယ်တန်း မန်နေဂျာအဖြစ် လုပ်ခဲ့ဖူးပြီး ဖုန်းယွီ၏ အတွင်းရေးမှူး အဖြစ် မည်သည့် ပြဿနာမှ မရှိချေ။ ဖုန်းယွီသည် သူ့စွမ်းဆောင်ရည်များကို ကျေနပ်နေပေသည်။
ရီလ်ဖာနှင့် ပတ်သက်၍ ဆိုးရွားသည့် အချက်တစ်ခုမှာ အမျိုးသမီးငယ် တစ်ယောက် မဟုတ်ခြင်းပင်။
ဖုန်းယွီ မဂ္ဂဇင်းတစ်စောင် ဖတ်နေစဉ် ဘောလ်မာ သူ့ရုံးခန်းအတွင်း ဝင်လာသည်။
“စတိဗ် ဘာကိစ္စနဲ့ ရောက်လာလဲ..”
“ဖုန်း… ကွန်ပျူတာ ကုမ္ပဏီတော်တော်များများ တရုတ်မှာ ငါတို့ဆော့ဖ်ဝဲတွေရဲ့ ရောင်းဈေး သိရအောင် ငါ့ကို ဖုန်းဆက် မေးနေကြတယ်..”
ဘောလ်မာသည် တိုရှီဘာ ဥက္ကဋ္ဌထံမှ ဖုန်းဆက်လာပေသည်။ သို့ရာတွင် ဘောလ်မာမှ ဖုန်းယွီ ဖြေရှင်းပေးလိမ့်မည် ဟုသာ ပြောလိုက်သည်။
“အို့…”
ဘောလ်မာ ရူးချင်ချင် ဖြစ်သွားသည်။ ‘အို့..’ ဆိုသည်မျာ အဘယ်နည်း။ အနည်းဆုံး မည်သို့ ဖြေရှင်းသင့်သည်ကို ပြောသင့်သည် မဟုတ်ပေလော။
“ဖုန်း.. ဒီကိစ္စ ဘယ်လိုဖြေရှင်းရမလဲ.. ဒါ မိုက္ခရိုဆော့ဖ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်လိမ့်မယ်.. တရုတ်မှာ ငါတို့ ထုတ်ကုန်တွေက ရောင်းဈေးထက် (၁၀)ဆ သက်သာတယ်ဆိုတာ သူတို့သိသွားရင် ရှုတ်ကုန်လိမ့်မယ်..”
“ဘယ်သူ သိမှာမို့လဲ.. ဈေးနှုန်းကွာချက်တွေက ကြီးမားမှာ မဟုတ်ဘူးလေ.. သူတို့တွေ ငါတို့ဆီက စာချုပ် ကြည့်နိုင်မှာမှ မဟုတ်တာ.. သံသယ ဖြစ်နေရင်တောင် ဘာလုပ်နိုင်မှာလဲ.. အရေးအကြီးဆုံးက မိုက္ခရိုဆော့ဖ်ရဲ့ ထုတ်ကုန်တွေ တရုတ်ဈေးကွက်မျာ လက်ဝါးကြီးအုပ်ဖို့ပဲ.. အဲ့ဒါက အနာဂတ်အတွက် အရေးကြီးတဲ့ ဈေးကွက်ကြီးတစ်ခုလေ..”
ဖုန်းယွီ ခပ်ပေါ့ပေါ့သာ ပြန်ဖြေလိုက်သည်။
တရုတ်တွင် မိုက္ခရိုဆော့ဖ်၏ အောင်မြင်မှုသည် နောက်ဆုံး၌ လီနိုဗိုမှ စတင်ပေလိမ့်မည်။ မိုက္ခရိုဆော့ဖ် ရုံးသုံးစနစ်၏ ပထမဆုံး ခြေလှမ်းဖြစ်ပေလိမ့်မည်။
ဘောလ်မာ ခေတ္တစဉ်းစားလိုက်ပြီး ဤသည်မှာ မှန်ကန်ကြောင်း ခံစားလိုက်ရသည်။ ထိုကုမ္ပဏီများသည် သူ့စကားကို မယုံကြည်လျှင်ပင် ဘာလုပ်နိုင်မည်နည်း။ မိုက္ခရိုဆော့ဖ်နှင့် လီနိုဗို၏ စာချုပ်ကို ၎င်းတို့ တွေ့မြင်နိုင်မည် မဟုတ်ချေ။ မိုက္ခရိုဆော့ဖ်သည် ကမ္ဘာ့ထိပ်တန်း ဆော့ဖ်ဝဲ ကုမ္ပဏီ ဖြစ်သည်။ ကွန်ပျူတာ ထုတ်လုပ်သူအားလုံး မိုက္ခရိုဆော့ဖ် မပါဘဲ ဘာမှ လုပ်၍မရနိုင်ချေ။
တစ်ခြားဘက်တွင် မိုက္ခရိုဆော့သည် ထိုကွန်ပျူတာ ထုတ်လုပ်သူတိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်လိုပါက အချိန်မရွေး ရပ်တန့်နိုင်ပေသည်။ ဤသည်မှာ လုပ်ငန်းကဏ္ဍတစ်ခု၌ ဦးဆောင်နေရခြင်း၏ အကျိုးရလဒ်ပင် ဖြစ်သည်။ ထိုကွန်ပျူတာ ကုမ္ပဏီများသည် မိမိတို့အား ဦးညွတ်ရုံသာ တတ်နိုင်ကြပေမည်။
ဤသည်မှာ ဆက်စပ်ပစ္စည်း ထုတ်လုပ်သူ Intel နှင့် AMD တို့ကဲ့သို့ပင်။ ကွန်ပျူတာ ကုမ္ပဏီများသည် သူတို့ အပြောကို နားထောင်ရပေမည်။
“လီနိုဗိုက တရုတ်မှာ ကွန်ပျူတာ ဈေးနှုန်းစစ်ပွဲ စလိုက်တယ်လို့ ငါကြားလာတယ်..”
ဘောလ်မာ မေးလိုက်သည်။
“ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ..”
ဖုန်းယွီ ပြန်မေးလိုက်သည်။
ဈေးနှုန်းစစ်ပွဲ စတင်ကနည်းက လီနိုဗိုအတွက် ရလဒ်ကောင်းများ ရခဲ့ပေသည်။ တစ်ပတ်ကျော်သာ ကြာပြီး လီနိုဗိုသည် တရုတ်ဈေးကွက် တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။ အခြား အမှတ်တံဆိပ်များသည် ယှဉ်ပြိုင်ရန် နည်းလမ်း မရှိချေ။
ဤသည်မှာ ကုမ္ပဏီများအကြား စစ်ပွဲဖြစ်ပြီး မိုက္ခရိုဆော့ဖ်နှင့် မည်သို့မှ မသက်ဆိုင်ချေ။
“မင်းမှာ လီနိုဗိုရဲ့ ရှယ်ယာတွေ ရှိတယ်မို့လား.. ဂုဏ်ယူပါတယ်.. လီနိုဗို ကွန်ပျူတာက တရုတ်ဈေးကွက်ကို သိမ်းပိုက်တော့မယ်.. လီနိုဗိုရဲ့ နောက်ထပ် ခြေလှမ်းကရော… တရုတ်နိုင်ငံကနေ စွန့်စားခန်း စမှာလား..”
ဘောလ်မာ ပြုံးရင်း မေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်.. လီနိုဗိုအတွက် နောက်လာမယ့် အစီအစဉ်တော့ ကျုပ်သေချာ မသိသေးဘူး.. တကယ်ဆို ကုမ္ပဏီ ဘာတွေလုပ်နေတယ်ဆိုတာ ကျုပ် သိပ်ဂရုစိုက်တာမဟုတ်ဘူး.. ငွေလေး နည်းနည်းပဲ ရင်းနှီးမြုပ်နှံ ထားတာလေ.. ကျုပ်မှာ လုပ်ငန်းတွေ တော်တော်များနေပြီဆိုတော့ ဒါတွေအားလုံး ကိုင်တွယ်ဖို့ စွမ်းအား မလုံလောက်နိုင်ဘူးဆိုတာ သိလောက်မှာပါ.. ကျုပ်အသက်အရွယ်နဲ့က ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေရမှာ..”
ဖုန်းယွီသည် အသုံးမဝင်သည့် မျိုးဆက်သစ် လူချမ်းသာ တစ်ယောက်၏ အမူအရာ လုပ်ပြလိုက်သည်။
ဘောလ်မာ စကားမပြန်နိုင်တော့ချေ။ ဖုန်းယွီသည် ငယ်ရွယ်လွန်းလှသည်။ သူကဲ့သို့ အခြားလူငယ်များ ခံနိုင်ရည် ရှိမည်မဟုတ်ချေ။ ဖုန်းယွီ ဘာမှ မလုပ်လျှင်ပင် သူသည် ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွင် အမြဲပါဝင်နေပေလိမ့်မည်။ ဤတစ်သက်တွင် သူ့ငွေများ ကုန်အောင် သုံးနိုင်မည် မဟုတ်တော့ချေ။ သူ မည်သည့်အတွက် ဤမျှ ကြိုးစားနေသနည်း။
ဖုန်းယွီ၏ အရွယ်ဖြင့် ဘဝကို ပျော်ပျော်နေသင့်ပေသည်။ ဘောလ်မာသည် ဤစကားဝိုင်းကို မည်သို့ ဆက်ရမည်မှန်း မသိတော့ချေ။
“ဖုန်း… ငါပြောချင်တာက လီနိုဗိုဟာ တရုတ်နိုင်ငံကနေ ဘယ်အချိန် စွန့်စားမှာလဲ.. မိုက္ခရိုဆော့ဖ်နဲ့ လီနိုဗိုရဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကဏ္ဍတွေကျန်သေးတယ်လို့ ငါထင်တယ်.. လီနိုဗိုဟာ အာရှရဲ့ ထိပ်တန်း ကွန်ပျူတာ ထုတ်လုပ်သူ ဖြစ်လာမယ့် အလားအလာရှိတယ်လို့ ငါထင်တယ်..”
“ဟား..ဟား.. ကျုပ်လဲ အဲ့လိုပဲ ထင်ထားတာ.. ခက်တာက လီနိုဗိုအနေနဲ့ ဒီနှစ်အတွင်း နိုင်ငံတကာ ဈေးကွက်ထဲ ဝင်အုံးမှာ မဟုတ်ဘူး.. အလွန်အကျွံ ဟောင်ကောင်နဲ့ ထိုင်ဝမ် ဈေးကွက်လောက်ပဲ ဝင်မယ်.. လီနိုဗိုသာ နိုင်ငံတကာ ဈေးကွက်ထဲဝင်မယ်ဆိုရင် မိုက္ခရိုဆော့ဖ်က သူ့တို့အတွက် အကောင်းဆုံး မိတ်ဖက် ဖြစ်လာမှာပဲလေ…”
ဖုန်းယွီ ရယ်မောရင်း ပြောလိုက်သည်။
ဘောလ်မာသည် လီနိုဗိုအနေဖြင့် နောင်အနာဂတ်အစီအစဉ်များ စဉ်းစားပြီးပြီလော။ မည်သည့်အတွက် လီနိုဗိုကို အလွန်ခံစားမိနေရသနည်း။ အာရှ၏ ထိပ်တန်း ကွန်ပျူတာ ထုတ်လုပ်သူများမျာ ဆိုနီ၊ တိုရှီဘာ၊ ပန်နက်စိုးနစ် စသည်တို့ ဖြစ်သည်။ ထိုကုမ္ပဏီများသည်လည်း ကမ္ဘာ့ ထိပ်တန်း ကွန်ပျူတာ အမှတ်တံဆိပ် (၁၀)ခုတွင် ပါဝင်နေပေသည်။ လီနိုဗိုအား အလွန်အမင်း အထင်ကြီးစရာ အကြောင်းမရှိချေ။ မည်သည့်အတွက်ဆိုသော် လီနိုဗိုသည် တရုတ်နိုင်ငံမှ ပြည်ပသို့ စတင်သည်နှင့် အနှီကွန်ပျူတာ အမှတ်တံဆိပ် အားလုံး၏ ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်ခြင်းကြောင့်ပင်။
“ဖုန်း… အဲ့ ဂျပန် အမှတ်တံဆိပ်တွေကို မင်းစိတ်ပူနေတာလား.. ဂျပန်ရဲ့ စီးပွားရေးက ဆုတ်ယုတ်နေတာ.. ဟုတ်သားပဲ.. သူတို့တွေ တရုတ်ဈေးကွက်ထဲ အသာလေး ဝင်လာနိုင်လောက်တယ်.. ဒါပေမယ့် မင်းမသိသေးတဲ့ အကြောင်းပြချက်တွေကြောင့် တရုတ်မှာ တစ်ချိန်က ဆုတ်ယုတ်မှု ကြီးကြီးမားမား ကြုံခဲ့ရသေးတယ်.. သူတို့ ကုမ္ပဏီရှယ်ယာတွေ ထိုးကျသွားတယ်.. ဒီနှစ် အစောပိုင်းကပဲ ဖြစ်သွားတာ.. တစ်ချို့လူတွေဆို အဲ့အခွင့်အရေးကို အသုံးချပြီး ငွေတောင် ရှာလိုက်ကြသေးတယ်.. အဲ့အဖြစ်အပျက် မင်းသိလား..”
ဘောလ်မာ စကားဆုံးသည်နှင့် ဖုန်းယွီ၏ မျက်လုံးများကို စိုက်ကြည့်နေတော့သည်။
“ကျုပ်သိပါတယ်.. အဲ့အဖြစ်အပျက်ကနေတောင် ငွေနည်းနည်း ရခဲ့သေးတယ်..”
ဖုန်းယွီ အရိုးသားဆုံး ဝန်ခံလိုက်သည်။ သို့ရာတွင် ငွေအနည်းနည်းဟုသာ ပြောကာ မည်မျှရခဲ့ကြောင်း မပြောချေ။ ထို့အပြင် ဤအဖြစ်အပျက်ကို ချုပ်ကိုင်သူမှာ သူဟု မပြောခဲ့ချေ။
“အဲ့ကာလအတွင်း မင်းရဲ့ မိုက္ခရိုဆော့ဖ် ရှယ်ယာနည်းနည်း ရောင်းလိုက်သေးတယ်.. အဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ဝယ်ဖို့ ငွေလိုလို့လား..”
“ဟုတ်တယ်ဗျ.. အမြတ်အစွန်းများတဲ့ ကုမ္ပဏီတွေမှာပဲ ရင်းနှီးမြုပ်နှံတာလေ.. အဲ့ကုမ္ပဏီတွေကြောင့်သာ မဟုတ်ရင် မိုက္ခရိုဆော့မှာ ကျုပ်ရဲ့ ရှယ်ယာတွေ တိုးနိုင်မှာ မဟုတ်ဘူး..”
ဖုန်းယွီ ပြုံးရင်း ပြန်ဖြေလိုက်သည်။
“ဖုန်း.. မင်းက ရင်းနှီးမြုပ်နှံမှုအပေါ် ယုံကြည်မှု လွန်ကဲပြီး လီနိုဗိုမှာ ရင်းနှီးမြုပ်နှံထားတာဆိုတော့ လီနိုဗိုမှာ အလားအလာကောင်းတွေ ရှိတယ်လို့ မင်းထင်လား.. နောက်ဆို လီနိုဗို ဘယ်အဆင့်ထိ ရောက်လောက်မလဲ..”
“ဘာလို့ အဲ့လိုမေးတာလဲ.. လီနိုဗိုကို ကြီးကြီးမားမား တိုးတက်စေချင်တယ်လေ.. လီနိုဗိုသာ တရုတ်နိုင်ငံမှာ ရှိနေသရွေ့ ငွေရှာနိုင်အုံးမျာပါ..”
ဖုန်းယွီသည် ဘောလ်မာ မည်သည့်အတွက် ထိုမေးခွန်းများ မေးနေသည်ကို အံ့ဩနေမိသည်။ ထိုအရာအားလုံး မိုက္ခရိုဆော့ဖ်အတွက် မေးနေသည်လော။ သို့တည်းမဟုတ် အခြားသော တစ်ခုခုကို စဉ်းစားနေသည်လော။
“ဒါဆို လီနိုဗိုကို အမေရိကန်မှာ စာရင်းသွင်းမှာလား.. NYSE ဒါမှမဟုတ် Nasdaq မှာလိုပေါ့..”
“ခင်ဗျား လီနိုဗိုက ရှယ်ယာတွေ ဝယ်ချင်လို့လား..”
ဖုန်းယွီသည် ဘောလ်မာ လိုချင်သည်ကို သဘောပေါက်သွာသည်။
“ဟုတ်တယ်.. အလားအလာကောင်းတဲ့ ကုမ္ပဏီ တစ်ခုလေ.. အဲ့လို ရှယ်ယာတွေ ဘယ်သူက မလိုချင်ဘဲ နေမလဲ.. လီနိုဗိုသာ အမေရိကန်မှာ စာရင်းသွင်းလိုက်မယ်ဆိုရင် လီနိုဗိုရဲ့ ရှယ်ယာနည်းနည်း ဝယ်နိုင်အောင် ကူညီပေးလို့ရမလား..”
ချမ်းသာသော လူများသည် ငွေရှာရလွယ်ကူကြောင်း အမြဲပြောတတ်ကြပေသည်။ အမှန်တကယ်တွင် ထိုလူချမ်းများသည် အခြားသူများထက် အရင်းအနှိးပိုရှိနေ၍ မဟုတ်ချေ။ အတွင်းသတင်းရယူရန် အဆက်အသွယ် များ၍သာ ဖြစ်ပေသည်။
ဥပမာအားဖြင့် လီနိုဗိုသည် စာရင်းသွင်းပါက ရှယ်ယာဈေးများ တက်လာမည်ကို ဘောလ်မာ သိနေပေသည်။ သို့ရာတွင် လီနိုဗို၏ ရှယ်ယာများ ဝယ်ယူနိုင်ရေးမှာ သူ့အတွက် မလွယ်ကူချေ။ ဖုန်းယွီ ကူညီနိုင်ပါက အတော်များများ စုဆောင်းနိုင်ပေလိမ့်မည်။
ဘောလ်မာသည် သူ့ငွေအားလုံးကို မိုက္ခရိုဆော့တွင် ရင်းနှီးမြုပ်နှံမထားချင်ပေ။ ခွဲ၍ ရင်းနှီးမြုပ်နှံထားချင်ပေသည်။
“လီနိုဗိုက နောက်(၂)နှစ်(၃)နှစ်အတွင်း စာရင်းသွင်းအုံးမှာ မဟုတ်ဘူး.. တကယ်လို့ စာရင်းသွင်းတော့မယ်ဆို ဟောင်ကောင် ဒါမှမဟုတ် တရုတ်စတော့အိတ်ချိန်းကို ရွေးလောက်တယ်.. သူတို့ရှယ်ယာတွေ ဝယ်ဖို့ စိတ်ဝင်စားမယ်ဆိုရင်တော့ လီနိုဗို ဥက္ကဋ္ဌနဲ့ မိတ်ဆက်ပေးမယ်လေ.. သူတို့ ရှယ်ယာ တစ်ချို့တစ်ဝက် ရောင်းပေးဖို့ စည်းရုံးနိုင်မယ် ထင်တာပဲ..”
ဤသည်မှာ နုတ်ကတိသာဖြစ်ပြီး ဖုန်းယွီအတွက် မည်သည့် ဆုံးရှုံးစရာမှ မရှိချေ။ ထို့အပြင် ဘောလ်မာနှင့် ဆက်ဆံရေး ပိုမိုနီးကပ်ချင်ပေသည်။
--------**$$^$$**--------