← Chapters

အံ့ဩစရာ

Vol. 52 Ch. 770

အံ့ဩစရာ

Vol. 52 Ch. 770

“မနေ့က ဖုန်းခေါ်ထားတာ ဘယ်လောက်ရှိလဲ.. ဘယ်ကုမ္ပဏီတွေ ခေါ်ထားလဲ.. ဒါရိုက်တာတို့ CEO တို့ သူအဆင့်အလိုက် ကုမ္ပဏီစာရင်း ပေး…”

ဖုန်းယွီ ထိုင်ခုံတွင် ကော်ဖီသောက်ရင်း ပြောလိုက်သည်။

“ဖုန်းခေါ်ဆိုမှုပေါင်း (၆၂)ကြိမ်ပါ.. သူတို့ ကုမ္ပဏီ အရွယ်အစားနဲ့ ကုမ္ပဏီရဲ့ ခေါ်ဆိုသူ တွေကို အခြေခံပြီး စာရင်း လုပ်ထားပါတယ်.. အားလုံး ကွန်ပျူတာထဲမှာပါ..”

ရီလ်ဖာ ပြန်ဖြေလိုက်သည်။

ဖုန်းယွီသည် ဇယားဖိုင်ကို ဖွင့်လိုက်သည်။ ယနေ့ခေတ်တွင် ဇယားသည် လုပ်ဆောင်ချက် များစွာ မရှိသော်လည်း ဈေးကွက်ရှိ ရုံးလုပ်ငန်း ဆော့ဖ်ဝဲ အများစုထက် ပို၍ အဆင့်မြင့်ပေသည်။ ဖုန်းယွီသည် ဤဆော့ဖ်ဝဲ၏ အခြေခံ လုပ်ဆောင်ချက်များ အားလုံးကို သိထားပေသည်။ ယခင်ဘဝက သူသုံးခဲ့သည်မှာ ပို၍ အဆင့်မြင့်ကာ ယခုမူ ထိုမျှထိ မဖွံ့ဖြိုးသေးချေ။

ဖုန်းယွီသည် လျိုချွမ်ကျစ်အား ပိုမိုအဆင့်မြင့်သည့် ဇယားစနစ် လုပ်ဆောင်ချက်များအကြောင်း ပြောပြကာ မိုက္ခရိုဆော့ဖ် ရုံးသုံးစနစ်၏ ကဏ္ဍခွဲ တစ်ခုအနေဖြင့် တီထွင်ရန် ပြောခဲ့သည်။ ဖုန်းယွီအနေဖြင့် ထိုသည်ကို မည်သို့ လုပ်ရမည်မှန်း မသိသော်လည်း ရလဒ်များကိုမူ သိနေပေသည်။

လျိုချွမ်ကျစ် အောင်မြင်ခဲ့ပါက ဖုန်းယွီသည် မိုက္ခရိုဆော့ဖ် ရုံးသုံးစနစ် ဈေးကွက်ကို ၎င်းတို့ထံမှ သိမ်းပိုက်နိုင်မည် ဖြစ်သည်။ အစပိုင်းတွင် တရုတ်ဈေးကွက်၌ ဖြစ်သော်လည်း ဈေးကွက်ဝေစုကို အခြားသော နိုင်ငံများအထိ ဖြည်းဖြည်းချင်း ချဲ့ထွင်နိုင်ပေသည်။ ထိုဆော့ဖ်ဝဲသည် ငွေရှာပေးမည့် နွားတစ်ကောင်ဖြစ်သည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် မိုက္ခရိုဆော့ဖ် ရုံးသုံးစနစ်သည် မိုက္ခရိုဆော့ဖ်အတွက် ငွေထုတ်စက် တစ်ခုဖြစ်နေပေသည်။ အမြတ်ငွေ ဘီလီယံများစွာ ရရှိစေသည်အထိ ကူညီပေးခဲ့သည်။

ဖုန်းယွီသည် လီနိုဗို၏ မူလစနစ်ကို ချိုးဖောက်ခွင့် မပြုချေ။ အခွင့်အရေးများကိုမူ အမြဲဝယ်ပေးနိုင်ပေသည်။ မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာအဖြစ် မြင့်မားသည့် ဈေးနှုန်းများဖြင့် မိုက္ခရိုဆော့၏ အခြေခံအကျဆုံး မူပိုင်ခွင့်များ ရရှိရန် သူ့အတွက် ပြဿနာ မရှိနိုင်။ အခြား ဆော့ဖ်ဝဲ ကုမ္ပဏီများတွင်လည်း အလားတူ လိုင်စင်များ ရှိကောင်း ရှိနိုင်ပေသည်။

စာရင်းတွင် ပထမဆုံးသော ကုမ္ပဏီမှာ ဖုန်းယွီအား အံ့အားသင့်စေပေသည်။ Dell ။ ထိုကုမ္ပဏီ၏ CEO မှာ ကိုယ်တိုင်ကိုယ်ကျ ဆင့်ခေါ်ထားပေသည်။ သူသည် တရုတ်ဈေးကွက်ကို အမှန်တကယ် လိုချင်နေသည့်ပုံပင်။

အောက်တွင် ဆက်လက် ဖော်ပြထားသည့် ကုမ္ပဏီများမှာ အမှတ်တံဆိပ်ကြီးများ ဖြစ်ပေသည်။ သို့ရာတွင် စာရင်း၏ အောက်ခြေရှိ ကုမ္ပဏီများမှာမူ ဖုန်းယွီ မရင်းနှီးချေ။ ဖုန်းယွီ အနေဖြင့် ယခင်ဘဝက သတိမထားမိခဲ့ခြင်း လည်း ဖြစ်နိုင်ပေသည်။

“ကျုပ်လိုချင်တဲ့ ဆီးယက်တဲလ်က အင်တာနက်နဲ့ ဆော့ဖ်ဝဲ ကုမ္ပဏီတွေရဲ့ စာရင်းကရော..”

ဖုန်းယွီ ဇယားဖိုင်ကို ပိတ်၍ မေးလိုက်သည်။

“ဆရာ… အဲ့လူတွေကို ဖုန်းပြန်မခေါ်ဘူးလား..”

ရီလ်ဖာ တုန်လှုပ်သွားရင်း မေးလိုက်သည်။

“ဘာကိစ္စ လိုက်ခေါ်နေရမှာလဲ.. သူတို့ အရေးအကြီးရင် သူတို့ ပြန်ခေါ်လာလိမ့်မယ်.. အဲ့လိုမှ မဟုတ်ရင် ဘာကို ဂရုစိုက်နေရမှာလဲ..”

ရီဖာ အံ့ဩသွားပြန်သည်။

“ဒါပေမယ့်… ဆရာ .. အဲ့ဒါ ကုမ္ပဏီကြီးတွေလေ.. သူတို့တွေအကုန်လုံး မိုက္ခရိုဆော့ဖ်ရဲ့ မိတ်ဖက်တွေပါ..”

“ရီလ်ဖာ.. မင်း သေချာ သိထားမယ့် အချက်တစ်ခု ရှိတယ်.. မင်းကို ငှားထားတာက ကျုပ်.. မိုက္ခရိုဆော့ဖ် မဟုတ်ဘူး.. မင်း အခု အလုပ်လုပ်နေတာက ငါဆိုတဲ့ မိုက္ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာ လက်အောက်မျာ.. ငါသာ ဒါရိုက်တာ မဟုတ်ရင် မင်းရဲ့ ကိုယ်ရေး ရာဇဝင်က မိုက္ခရိုဆော့ဖ်ကို ပို့မှာလား.. ငါနဲ့ ဆက်လက်တွဲမှာလား..”

ဖုန်းယွီ ရီလ်ဖာကို မျက်လုံး စိုက်ကြည့်လိုက်သည်။ ဤသည်ကို ရီလ်ဖာအား သေချာ ပြောထားရပေလိမ့်မည်။

ရီလ်ဖာ အံ့ဩသွားသည်။ ဖုန်းယွီအတွက် အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာ တစ်ယောက် ဖြစ်ခြင်းကြောင့်ပင်။ သို့ရာတွင် သူနားလည်မှု လွဲသွားပုံရပေသည်။ သူသည် ဖုန်းယွီ၏’ အတွင်းရေးမှူး တစ်ယောက်သာဖြစ်ပြီး လုပ်ငန်းခွင် တည်နေရာသည်သာ မိုက္ခရိုဆော့ဖ်၏ စည်းဝိုင်းအတွင်း ရောက်နေခြင်း ဖြစ်သည်။ ထိုလောက်သာပင်။

ရီလ်ဖာ ခေတ္တ စဉ်းစားလိုက်သည်။ ဖုန်းယွီ ထွက်သွားပါက မိုက္ခရိုဆော့ဖ်၏ စီမံခန့်ခွဲရေး အဆင့်ကို မည်သည့်အခါ တွင်မှ ရောက်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် သူသည် ဖုန်းယွီအမိန့်အတိုင်း လိုက်နာကာ ဖုန်းယွီ၏ သဘောထားအတိုင်း ဆောင်ရွက်ပါက သူ့အတွက် အားသာချက်များ သေချာပေါက် ရှိနေပေလိမ့်မည်။

“ဆရာ.. မင်းနဲ့ပဲ ဆက်ပြီး လက်တွဲသွားမှာပါ..”

ရီလ်ဖာ ရှေ့သို့ အနည်းငယ် ခေါင်းငုံ့သွားသည်။

ဖုန်းယွီသည်လည်း ရီလ်ဖာ၏ တုန့်ပြန်မှုကို သဘောကျပေသည်။

“အတွင်းရေးမှူး ကောင်းတစ်ယောက်အနေနဲ့ ဘယ်အချိန်မှာ ပြောသင့်တယ်.. ဘယ်အချိန်မှာ မေးသင့်တယ်ဆိုတာ သိထားရမယ်.. တစ်ခုခု လုပ်ခိုင်းလိုက်ရင် ကျုပ်တာဝန်အပြည့် ယူထားတာမို့ ဘယ်အလုပ်ပဲဖြစ်ဖြစ် မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဆိုတာ နားလည်တယ်မို့လား..”

“ဟုတ်ကဲ့ပါ.. ဆရာ.. လိုချင်တဲ့ အချက်အလက်တွေ စားပွဲပေါ်က ဖိုင်ထဲမှာပါ.. အားလုံး စီစဉ်ပေးထားပါပြီ..”

ရီလ်ဖာ ပြန်ဖြေလိုက်သည်။ ဖုန်းယွီသည် သူထက်ငယ်သော်လည်း ဖုန်းယွီ၏ အောင်မြင်မှုများကို လက်လှမ်းမမီချေ။

ဖုန်းယွီသည် ဖိုင်ကိုဖွင့်၍ စာရင်းကို စဖတ်လိုက်သည်။ အင်္ဂလိပ်လို နားလည်သော်လည်း အချို့သော နည်းပညာ ဆိုင်ရာ အသုံးအနှုန်းများသည် နားလည်ရန် ခက်ခဲလွန်းပေသည်။ ဖုန်းယွီမသိသော ကုမ္ပဏီ အများအပြား ရှိပေသည်။

သို့ရာတွင် ထိုကုမ္ပဏီများအား ရီလ်ဖာမှ မီးမောင်းထိုးပြထားမှု မရှိသလို၊ အချို့သော ကုမ္ပဏီကြီးများ၊ နာမည်ကြီး ထုတ်ကုန်များ ရှိလောက်ပေသည်။ ထိုကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံရန် အန္တရာယ် မြင့်မားလွန်းလှပေသည်။

ဖုန်းယွီသည် ကုမ္ပဏီစာရင်းကို ဖတ်ကာ သူသိထားသည့် ကုမ္ပဏီအချို့ ရှာတွေ့လိုက်သည်။ မကြာမီက မှတ်ပုံတင် ထားသည့် စတင်ဆဲ ကုမ္ပဏီများကိုသာ ရှာလိုပေသည်။ ထိုကုမ္ပဏီများထံမှ ရင်းနှီးမြုပ်နှံထားသည့် အရည်အသွေးများကို လုယူနိုင်ပါက ရလဒ်ကောင်း တစ်ခု ဖြစ်ပေလိပ်မည်။

“ကလင်… ကလင်.. ကလင်.. “

အသံမည်လာသည့် ဖုန်းကိုကြည့်ကာ ဖုန်းယွီ ရီလ်ဖာကို အချက်ပြလိုက်သည်။

“မင်္ဂလာပါ.. မိုက္ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာ မစ္စတာဖုန်း ရုံးခန်းကပါ..”

“မစ္စတာရီလ်ဖာလား.. ကျုပ် တိုရှိဘာက ဆာဘူရို ဟီရာတာနီပါ.. အရင်ကလဲ ခေါ်ဖူးတယ်လေ.. ဘာဖြစ်လို့ ဖုန်းပြန် မခေါ်တာလဲ..”

ဆာဘူရို ဟီရာတာနီ စိုးရိမ်တကြီး မေးလာတော့သည်။

ရီလ်ဖာသည် သူ့ဆရာမှ ဖုန်းဖြေရန် ဆန္ဒမရှိကြောင်း မြင်ရသည်နှင့် ချက်ချင်း ဆုံးဖြတ်ချက်ချကာ..

“ဆာဘူရို ဟီရာတာနီ… ကျုပ် ဆရာ အလုပ်ဝင်လာရင် ပြန်ခေါ်မယ် မခေါ်ဘူးဆိုတာ သူပဲ ဆုံးဖြတ်ပါလိမ့်မယ်.. တခြား ပြောစရာ မရှိတော့ဘူးဆိုရင် ဆက်ပြီး မနှောက်ယှက်စေချင်ပါဘူး.. ဖုန်းချလိုက်ပါတော့မယ်..”

“ဂွမ်း….”

ဖုန်းလိုင်း ပြတ်သွားပေပြီ။

ဆာဘူရို ဟီရာတာနီ အံ့ဩသွားရသည်။ မိုက္ခရိုဆော့ဖ်မှ ဒါရိုက်တာ၏ အတွင်းရေးမှူးတစ်ယောက်သည် သူ့ဖုန်းခေါ်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်လော။ ဤသည်က လွန်လွန်းလှပေသည်။

ဆာဘူရို ဟီရာတာနီသည် ချက်ချင်းပင် ဥက္ကဋ္ဌထံ သတင်းပို့လိုက်သည်။ ဤသည်မှာ ခံပြင်းလွန်းစရာပင်။

ဖုန်းယွီ ခေါင်းပင် မော့မကြည့်ဘဲ..

“နောက်ဆို ဒီလို ဘာမဟုတ်တာတွေကို လျစ်လျူရှုထားလိုက်..”

“ဟုတ်ကဲ့ပါ ဆရာ..”

ဆာဘူရို ဟီရာတာနီသည် ဖုန်းယွီမှ သူ့ကို ဘာမဟုတ်တာလေးဟု ပြောလိုက်သည်ကို ကြားရပါက သွေးပင် အံလောက်ပေသည်။ ကမ္ဘာ့အဆင့်မီ နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခု၏ ထိပ်တန်း စီမံခန့်ခွဲသူအား မည်သို့ ရှုံ့ချနိုင် မည်နည်း။

ရီလ်ဖာသည် သူ့အထက်အကြီးအကဲထံမှ နားလည်မှု အနည်းငယ် ရလာသည်။ ပထမ အချက်မှာ သူ့သူဌေးသည် ဂျပန်များကို မကြိုက်ချေ။ သူသည် တရုတ်လူမျိုးမို့ ဖြစ်နိုင်ပေသည်။ သူ့ဆရာသည် အပြင်ပန်း နှိမ်ချ ကျိုးနွံပုံ ပေါက်သော်လည်း အတွင်းပိုင်းတွင် အလွန် မာနကြီးပေသည်။ သူသည် ကုမ္ပဏီကြီးများ၏ ထိပ်တန်း စီမံခန့်ခွဲသူကိုပင် ရှုံ့ချရဲပေသည်။

ရီလ်ဖာအနေဖြင့် ဖုန်းယွီသည် ထိုထိပ်တန်း စီမံခန့်ခွဲသူများကို မည်သည့်အတွက် ရှုတ်ချကြောင်း နားလည်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် ဖုန်းယွီလောက် ချမ်းသာခြင်း၊ အောင်မြင်ခြင်း မရှိသေး၍ ဖြစ်သည်။ သူ့လောက် မအောင်မြင်ပါက ဖုန်းယွီ လှည့်ကြည့်မည် မဟုတ်ချေ။

အရေးအကြီးဆုံးမှာ ရီလ်ဖာသည် သူ့ဆရာသည် မည်သည့် စီမံခန့်ခွဲရသည်ကိုမှ မကြိုက်ကြောင်းပင်။ ဖုန်းယွီသည် ရီလ်ဖာအား မိုက္ခရိုဆော့ဖ်ရှိ သူ့အလုပ်များအားလုံးကို လုပ်ခိုင်ကာ အလုပ်ပြီးသွားပါက သူ့နာမည်နှင့် လက်မှတ် ရေးထိုးပေးမည်သာပင်။ ထိုနည်းအားဖြင့် ရီလ်ဖာသည် အခွင့်အာဏာ ပိုရှိလာသော်လည်း အလုပ်ပိုရပေသည်။

ရီလ်ဖာသည် သူ့ဆရာ အမိန့်ကို နားထောင်ကာ သူ့အတွက် ပေးထားသည့် အလုပ်များအားလုံး ပြီးအောင် လုပ်နိုင်သရွေ့ အကျိုးကျေးဇူး အများအပြား ရမည်ဟု နားလည်ထားပေသည်။ သူ့ဆရာသည် စိတ်ရင်း စေတနာ ကောင်းကာ သဘောထားလည်း ကြီးပေသည်။

ဒုတိယအကြိမ် ဖုန်းဝင်လာသည့်အခါ ရီလ်ဖာပင် ပြန်ဖြေလိုက်သည်။ ဖုန်းခေါ်သူသည် သူ့နာမည် ပြောပြီးသည်နှင့် ရီလ်ဖာသည် ဘာမဟုတ်တာလေးတွေ ဟူသည့် အမျိုးအစားထဲ ထည့်သွင်းလိုက်တော့သည်။

ဖုန်းယွီသည် သူ့စားပွဲခုံတွင် ကုမ္ပဏီများ၏ အမည်များကို ကြည့်ရှုနေဆဲ ဖြစ်သည်။ ရုတ်တရက် အလွန်ရင်းနီးသည့် နာမည်တစ်ခု တွေ့လိုက်ရသည်။ အမေဇုံ….။

ထိုကုမ္ပဏီကို ယမန်နှစ်က တည်ထောင်ခဲ့သည်လော။ ယခုအချိန် ၎င်းတို့ ငွေလိုနေပြီလော။ မိမိ သိနှင့်နေပေပြီ။ အံ့ဩစရာ တစ်ခု တွေ့ရလိမ့်မည်ဟု မိမိ သိနေပေသည်။

--------**$$^$$**--------

All Chapters