ထူဟောင် (သူဌေး)
Vol. 52 Ch. 769
“ဆရာ.. ကျုပ် တစ်ခုခုများ ကူညီပေးနိုင်တာ ရှိမလား..”
ဆိုင်အကူမှ နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။
“ကျုပ် ခွေးလေး တစ်ကောင်လောက် လိုချင်လို့ပါ.. ဝိုင်းပြပေးလို့ရမလား..”
“ရတာပေါ့ဗျာ.. လာ.. လာ ကျုပ်နဲ့လိုက်ခဲ့.. ဘယ်လိုအမျိုးအစား ရှာနေတာလဲ.. ခွေးအကြီး၊ အလတ်၊ သေးသေးလေး၊ အမွှေးရှေည်တာကြိုက်လား.. ဒါမှမဟုတ် ခင်ဗျားမှာ မျိုးစိတ် တစ်မျိုးမျိုး ရှိပြီးသားလား.. ခွေးထီး၊ ခွေးမ၊ ဘာလိုချင်လဲ.. ပြောဗျာ..”
“ဝူး.. ဝူး.. ဝုတ်.. ဝုတ်..”
ဖုန်းယွီသည် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ လှောင်အိမ်ထဲတွင် သိုးဖြူပုံစံ ခွေးတစ်ကောင် တွေ့လိုက်ရသည်။ မနီးမဝေးရှိ နောက်ထပ် လှောင်အိမ်ထဲတွင်မူ အမေရိကန် ပစ်ဘူး တစ်ကောင် ရှိနေပေသည်။
ထိုခွေး(၂)ကောင် ရန်ပွဲဖြစ်နေပေသည်။ ဤသို့ပုံစံမျိုးနှင့် အိမ်မွေးတိရိစ္ဆာန်အဖြစ် မည်သူထားချင်မည်နည်း။
“မစ္စတာဖုန်း.. ခင်ဗျား ခွေးကြီးကြီးတွေ ကြိုက်လား.. အိမ်မှာ ကလေးရှိလား.. ရှိရင်တော့ ဒီလို ခွေးလေးမျိုး မွေးဖို့ အကြံမပေးချင်ဘူး.. ကျုပ်တို့မှာ ခွေးမျိုးစိတ် သိပ်မရှိဘူးလေ.. ဒီမှာက လေ့ကျင့်ပေးဖို့ မလွယ်လို့..”
ဆိုင်အကူသည် ဖုန်းယွီမှာ ပစ်ဘူးကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ကောင်းပါတယ်.. မင်းတို့ ဆိုင်မှာ စမတ်ကျကျ၊ အမွေးနုနုနဲ့ အရွယ်ကြီးကြီး မျိုးကွဲ ရှိလား..”
“စမတ်ကျကျ ခွေးတစ်ကောင်း လိုချင်တာဆိုရင်တော့ စကောက်တိ ကိုလီရာ ကို အကြံပေးချင်တယ်.. အမွေးရှည်ပြီး တော်တော်လေးလဲ ထက်မြက်တယ်လေ.. ဆောင်းရာသီမှာလဲ အေးဆေးပဲ.. သူ့ထက် ပိုကြီးတာ ကြိုက်ရင်တော့ ရွှေရောင် ရီထရီဗာ ကိုရွေးတာ ပိုကောင်းလိမ့်မယ်.. ဒီကောင်ကြီးတွေက သင်ရလွယ်တဲ့အပြင် ရိုရိုး ရှင်းရှင်း လှည့်ကွက်တွေတောင် လုပ်နိင်သေးတယ်.. အဲ့ မျိုးကွဲ နှစ်ခု ပေါင်းထားတဲ့ ခွေးလေးတွေလဲ ရှိပါတယ်.. ခင်ဗျားခွေးတွေ လေ့ကျင့်ပေးချင်ရင်လဲ ခွေးလေ့ကျင့်ရေး ဆရာ အကြံပေးလို့ရပါသေးတယ်..”
လှောင်အိမ်ကြီး အတွင်း၌မူ ခွေးပေါက်လေးများ တွားသွားနေကြသည်။ အချို့မှာ လှောင်အိမ် နံရံပေါ်သို့ တက်ရန်ပင် ကြိုးစားနေကြသည်။ သို့သော် ခွေးလေးများသည် တောင်တက်သလို မည်သို့ တက်နိုင်မည်နည်း။ အလွန်ကျိုးစားသည့် ခွေးလေးတစ်ကောင်သည် ဖုန်းယွီ၏ အာရုံကို ဖမ်းစားသွားတော့သည်။
“ဒီခွေးလေး ဘယ်လောက်လဲ..”
“ဒေါ်လာ(၈၀)ပါ.. ဒီခွေးလေးတွေ အားလုံး ကာကွယ်ဆေး ထိုးပြီးသားပါ.. စာရွက်စာတန်း တွေအတွက်လဲ ကူညီပေးနိုင်ပါတယ်..”
ထိုခွေးလေးကိုပင် ဒေါ်လာ (၈၀)ပေးရပေသည်။ အမေရိကန်တွင် လူနေမှုအဆင့်အတန်း အလွန်မြင့်လှပေသည်။ လူမှုအဆင့်အတန်း အနိမ့်ဆုံးနေရာတွင် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်များ ရှိသော်လည်း ဆင်းရဲသားများအတွက် ရည်ရွယ်မထားချေ။ သို့အတွက် တရုတ်ပြည်တွင်ထက် ဈေးကြီးလွန်းလှပေသည်။
“ကျုပ်ကို အစာထုပ်တစ်ထုပ်၊ ခွေးစားခွက်၊ ခေါးလှောင်အိမ်၊ လည်ပတ်ကြိုးနဲ့ အရုပ်တွေပါ ပေးဗျာ..”
ဖုန်းယွီသည် ဒေါ်လာ(၁၀၀)တန် နည်းနည်းထုတ်၍ ဆိုင်အကူထံပေးလိုက်ရသည်။
“ကောင်းပါပြီဗျ.. ဒီလောက်ဆို လုံလောက်ပါတယ်.. ဒီခွေးလေးအတွက် အကြံပေးပါရစေ.. အိမ်နောက်ဖေးမှာ ထားလို့ရပါတယ်.. ခွေးစာတွေ၊ အရုပ်တွေနဲ့ ကျန်တာတွေ အသင့်ပြင်ပေးပါ့မယ်.. ခင်ဗျားခွေးလေး သဘောကျစေရမယ်လို့ အာမခံပအါတယ်.. အာ ခင်ဗျားခွေးလေးအတွက် နာမည် စဉ်းစားပေးပါအုံး.. စာရွက်စာတမ်းမှာ သူ့နာမည် ထည့်ပေးရအုံးမယ်..”
ဖုန်းယွီမှ ချက်ချင်းပင်..
“သူ့နာမည် ထူဟောင်(သူဌေး) ပါ..”
ရွှေရောင် အမွေးနှင့် ထူဟောင်။ မည်မျှ ကောင်းလိုက်သည့် နာမည်နည်း။
“ဘယ်လို.. သေချာပြီလား..”
ဆိုင်အကူမှ ပြန်မေးလိုက်သည်။ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကို မည်သို့သောသူက ထူဟောင်ဟု အမည်ပေးတတ် သနည်း။
“သေချာပါတယ်.. အဲ့ဒါ တရုတ်နာမည်ပါ.. တရုတ်စကားက ရှုတ်ထွေးတယ်လေ.. နားမလည်တာပဲ ကောင်းပါတယ်ဗျာ..”
ဖုန်းယွီသည် လက်နှစ်ဖက် နောက်ပစ်လျှက် ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီဆရာ.. ခင်ဗျားလိပ်စာနဲ့ ဆက်သွယ်ရမယ့် အသေးစိတ် အချက်အလက်လေး ပေးလို့ရမလား.. စာရွက် စာတမ်းတွေကို (၃)ရက်အတါင်း ခင်ဗျားအိမ်အရောက် ပို့ပေးပါ့မယ်.. ဒါက ယာယီပါမစ်ပါ.. လောလောဆယ် သိမ်းထားပေးပါ..”
ဖုန်းယွီသည် ကားပေါ်တွင်ထိုင်ကာ ထူဟောင်ကို ပွေ့ချီထားသည်။
“ထူဟောင်.. ထူဟောင်.. နောင်ဆို မင်းက ငါ့အတွက် အဖော်ကောင်း ဖြစ်လာလိမ့်မယ်..”
ထူဟောင် ညီးတွားရင်း ပြန်ဖြေကာ ဖုန်းယွီ၏ လက်ကို နမ်းနေပေသည်
**********
“မစ္စတာဖုန်း.. ခွေးတစ်ကောင် မွေးထားမလို့လား..”
အစ်မကြီးကျောက်သည် ခွေးလေးကို မြင်ကာ ချက်ချင်း ချစ်သွားသည်။
“ဟုတ်တယ်ဗျ.. အခုမှ ဝယ်လာတာ.. မဟုတ်ရင် အိမ်မှာ တစ်ခုခု လိုနေသလို ခံစားရလို့လေ..”
“သူ့နာမည် ဘယ်လိုပေးထားလဲ..”
“ထူဟောင်..”
“ထူဟောင် တဲ့လား..”
အစ်မကြီးကျောက် အံ့ဩသွားသည်။ မစ္စတာဖုန်းသည် ထိုခွေးလေးကို မည်သည့်အတွက် ထိုနာမည်ပေးကြောင်း နားမလည်နိုင်တော့ချေ။
ဖုန်းယွီသည် အစ်ကြီးကျောက်မျက်နှာတွင် ထူးဆန်းသည့် အမူအရာကို မြင်လိုက်သည့်အခါ စကားပင် မပြောနိုင်အောင် ခံစားလိုက်ရသည်။ တရုတ်များပင်လျှင် မိမိ ဟာသကို နားမလည်နိုင်သည်လော။ သူ့အနေဖြင့် အလွန်ရယ်စရာကောင်းသည့် ဟာသတစ်ခုကို အာပေါင်အာရင်းသန်သန်ပြောနေသော်လည်း မည်သူမှ မရယ်သကဲ့သို့ ခံစားလိုက်ရသည်။
“ဟုတ်တယ်လေ.. ထူဟောင်.. နာမည် တစ်ခုလေးပဲကို သိပ်စဉ်းစားမနေနဲ့.. အဘိုးကြီးထိုက်.. အဘိုးကြီးထိုက် ဒီခွေး လှောင်အိမ် နေရာချဖို့ ကူပေးအုံး..”
ဖုန်းယွီ အော်လိုက်တော့သည်။
အဘိုးကြီးထိုက် ခွေးလှောင်အိမ်ကို နေရာချနေချိန်အတွင်း ရီလ်ဖာသည် ဖုန်းယွီထံ ဖုန်းဆက်ကာ ခေါ်ဆိုလာသည့် ဖုန်းခေါ်ဆိုမှုများကို သူမထိန်းချုပ်နိုင်တော့ကြောင်း ပြောလာပေသည်။ သူသည် ဖုန်းယွီထံသို့ ကွန်ပျူတာ ထုတ်လုပ်သူများထံမှ ဖုန်းခေါ်ဆိုမှု (၃၀)ကျော် လက်ခံထားရပြီ မဟုတ်ပေလော။
ဖုန်းယွီသည် ထိုလူများကို ဆက်လက်၍ လျစ်လျူရှုထားပါက ဤကိစ္စကို ဒါရိုက်တာဘုတ်အဖွဲ့ထံ တင်ပြရတော့မည် ဖြစ်ပြီး ဖုန်းယွီအတွက် မကောင်းနိုင်ချေ။
ဖုန်းယွီ ပျင်းရိသည့် လေသံဖြင့်ပင်..
“ကောင်းပြီလေ.. ငါသိပြီ.. မနက်ဖြန် လာခဲ့မယ်.. မနက်ဖြန် ဖြေရှင်းပေးမယ်.. အော် ဒါနဲ့.. ငါတောင်းထားတဲ့ အချက်အလက်တွေ ရပြီလား..”
ဖုန်းယွီ၏ ယခင်ဘဝတါင် ဆီးယက်တဲလ်သည် ကမ္ဘာ့ထိပ်တန်း အင်တာနက် ကုမ္ပဏီများ၏ အိမ်ဖြစ်ပေသည်။ ဤနေရာတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီကြီးများနျင့် အရည်အချင်းရှိသူများ ပတ်ဝန်းကျင်တွင် များစွာ ရှိပေသည်။
ဖုန်းယွီသည် ထိုအရည်အချင်းရှိသူများထဲမှ အချို့ကို ငှားရမ်းခြင်း သို့တည်းမဟုတ် ရင်းနှီးမြုပ်နှံရန် အလားအလာ ရှိသည့် ကုမ္ပဏီများ ရှာဖွေလိုပေသည်။ သူသည် ဆော့ဖ်ဝဲဘဏ် အလီဘာဘာ၌ ရင်းနှီးမြုပ်နှံနိုင်လျှင် အမြင့်ဆုံး ထီပေါက်သည်နှင့် တူပေလိမ့်မည်။
ဖုန်းယွီသည် အမေရိကန်တွင် ရှိနေစဉ်အတွင်း သိသာထင်ရှားသည့် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ရွယ်မထားချေ။ စတော့ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြုပ်နှံပြီး နည်းပညာ ရှယ်ယာ အနည်းငယ် ရယူမည် ဖြစ်သည်။
ဖုန်းယွီ၏ လေနှင့်မိုး အတိုင်ပင်ခံသည် ယခုအချိန်တွင် ဖုန်းယွီ ညွှန်ကြားချက်အတိုင်း ၎င်းတို့၏ ငွေကြေးအားလုံးကို အမေရိကန်ရှိ နည်းပညာနယ်ပယ် ရှယ်ယာများတွင် မြုပ်နှံထားပေသည်။ ထိုရှယ်ယာများသည် နေ့စဉ်နှင့်အမျှ မြင်တက်လာနေသည်။ ဤသည်က အမေရိကန် ဈေးကွက် စတင်ခြင်း၏ အရိပ်အယောင် ဖြစ်သည်။
လေနှင့်မိုး အတိုင်ပင်ခံ၏ ဖောက်သည်များအတွက် ငွေရှာပေးနိုင်မှုမှာ ပျံ့နှံ့သွားခဲ့သည်။ လေနှင့်မိုး အတိုင်ပင်ခံ အကြံပေးအဖွဲ့အား ၎င်းတို့၏ ငွေများကို ကိုင်တွယ်ပေးစေလို လာကြသည်။
လေနှင့်မိုး အတိုင်ပင်ခံသည် ရန်ပုံငွေ ပိုမိုရရှိလာကာ ဖောက်သည်များကို ပိုမိုဆွဲဆောင်လာနိုင်ပေသည်။ ၎င်းတို့သည် မိမိတို့ ဖောက်သည်များအား မည်သည်တို့ကို ပြုလုပ်ထားကြောင်း ဖော်ပြရန်သာ လိုပေသည်။
လေနှင့်မိုး အတိုင်ပင်ခံ လုပ်ငန်းသည် အမြတ်အစွန်း ပိုများလာသည်ကို လူအများ တွေ့မြင်ရပြီး အားလုံးနီးပါ ကုန်သွယ်အကောင့်များ ဖွင့်ချင်လာကြတော့သည်။ ယခုအချိန်တွင် လေနှင့်မိုး အတိုင်ပင်ခံသည် ဟောင်ကောင်၏ ထိပ်တန်း စတော့ရှယ်ယာ ပွဲစား ဖြစ်လာပေပြီ။ ၎င်းတို့သည် ဖူရုံချီ၏ အတိုင်ပင်ခံ ကုမ္ပဏီကိုပင် လွှမ်းမိုးသွားတော့သည်။
လေနှင့်မိုး အတိုင်ပင်ခံသည် ၎င်းတို့၏ ရန်ပုံငွေအားလုံးကို စတော့ရှယ်ယာတစ်ခုတွင် ရင်းနှီးမြုပ်နှံ ထားသည်ဆိုပါက ထိုစတော့ရှယ်ယာ ဈေးနှုန်းကို ထိခိုက်စေမည် ဖြစ်သည်။ ဤသည်က ဖုန်းယွီ၏ ရည်ရွယ်ချက်ပင်။ သူသည် လေနှင့်မိုး အတိုင်ပင်ခံကို ကျော်ကြားစေလိုပြီး ရင်းနှီးမြုပ်နှံမှုအတွက် လူများ၏ ငွေများ စုပုံလာစေချင်ပေသည်။ ဤနည်းအားဖြင့် (၁၉၉၇)ခုနှစ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရန်ပုံငွေ အမြောက်အများ စုဆောင်းထားနိုင်မည် ဖြစ်သည်။
ဤသည်မှာ ဖုန်းယွီ၏ အရန်အစီအစဉ် ဖြစ်တော့သည်။
ဖုန်းယွီသည် လက်ထဲတွင် အရည်အတွက် များပြားသော ပိုင်ဆိုင်မှု မရှိသေးသော်လည်း ငွေသားလိုအပ်ပါက သူ၏ ကုမ္ပဏီများမှ ပမာဏထုတ်ယူနိုင်ပေသည်။ ချေးငွေရယူရန် သူ့ကုမ္ပဏီများ၏ အစုရှယ်ယာများကိုပင် အပေါင်အဖြစ် သုံးနိုင်သေးသည်။
“သူဌေး.. ကျုပ်မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ စာရင်း လုပ်ထားပါတယ်.. သူငယ်ချင်း တစ်ယောက်စီက ရထားတာ.. အဲ့စာရင်းနဲ့ အဆင်ပြေမလားတော့ မသိဘူး..”
“အဲ့ဒါတွေ စဉ်းစားမနေပါနဲ့.. အဲ့စားကို ကျုပ်စားပွဲပေါ်မှာသာ တင်ထားလိုက်.. မနက်ဖြန် ဖတ်လိုက်မယ်..”
ဖုန်းချပြီးနောက် ခွေးလှောင်အိမ်ကို အိမ်နောက်ဖေးတွင် နေရာချထားလိုက်သည်။ ဖုန်းယွီသည် ထူဟောင်လေးကို လှောင်အိမ်ထဲသို့ ထည့်ကာ ဘေးနားရှိ ပန်းကန်လုံးများထဲသို့ အစာနှင့် ရေထည့်ပေးလိုက်သည်။
“ထူဟောင်ရေ.. မင်း မြန်မြန်ကြီးရင် ထူဟောင်ကြီး ဖြစ်လာလိမ့်မယ်ကွ…..”
(ဘာသာပြန်ဆိုသူ မှတ်ချက်။ ထူဟောင် ဟူသည်မှာ သူဌေးဟု အဓိပ္ပါယ်ရသည်။)
--------**$$^$$**--------