← Chapters

ရာထူး၏ အကျိုးသက်ရောက်မှုများ

Vol. 52 Ch. 768

ရာထူး၏ အကျိုးသက်ရောက်မှုများ

Vol. 52 Ch. 768

လီနိုဗို၏ ဈေးနှုန်းစစ်ပွဲသည် အခြားသော ကွန်ပျူတာ အမှတ်တံဆိပ်အားလုံးကို အံ့အားသင့်စေခဲ့သည်။ သတိပေးချက် လုံးဝမရှိဘဲ လီနိုဗိုသည် ဈေးနှုန်းများ လျှော့ချလိုက်ခြင်းပင်။

လီနိုဗိုသည် ၎င်းတို့၏ ကွန်ပျူတာကို ယွမ် (၈၈၀၀)ဖြင့် ရောင်းချခဲ့သည်။ ဂျပန် ကွန်ပျူတာများမှာ ကုန်ကျစရိတ် တွင်ပင် ယွမ်(၁၀၀၀၀)ကျော်ပေသည်။

ထိုကွန်ပျူတာ ထုတ်လုပ်သူများသည် ယှဉ်ပြိုင်ရန်အတွက် အရှုံးမခံနိုင်ကြချေ။ အရှုံးကို ကြံ့ကြံ့ခံကာ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပါက တရုတ်အစိုးရမှ ဒဏ်ရိုက်ခံရမည် ဖြစ်သည်။ ထို့အပြင် လီနိုဗိုသည် ဈေးနှုန်းများကို ထပ်မံ လျှော့ချနိုင်မည် ဖြစ်သည်။ ၎င်းတို့ လိုချင်သည့် ရလဒ် မရမီ ဆုံးရှုံးမှုများ ကြုံရနိုင်ပေသည်။

အဆိုးဆုံးမှာ လက်ဆွဲ ကွန်ပျူတာများပင်။ အခြား ကွန်ပျူတာ အမှတ်တံဆိပ်များသည် ၎င်းတို့၏ လက်ဆွဲ ကွန်ပျူတာများအတွက် ယွမ် (၂၀၀၀၀)ကျော်ဖြင့် ရောင်းချခဲ့သည်။ သို့ရာတွင် လီနိုဗိုမှ ထပ်တူ၊ သို့တည်းမဟုတ် ပိုမိုကောင်းမွန်သည့် အစိတ်အပိုင်းများ ပါဝင်သည့် လက်ဆွဲ ကွန်ပျူတာ တစ်လုံးအတွက် ယွမ် (၁၄၀၀၀)ဖြင့် ရောင်းချခဲ့သည်။

လီနိုဗိုသည် ဤအခင်းအကျင်းမှ အရောင်းရဆုံး အချက်(၃)ချက် အသုံးပြုခဲ့သည်။ ပထမဦးစွာ ၎င်းတို့၏ ကွန်ပျူတာ များသည် တရုတ်နိုင်ငံတါင် ဈေးအသက်သာဆုံး ဖြစ်နေပေသည်။ ဒုတိယအနေဖြင့် အကောင်းဆုံး လည်ပတ်မျု စနစ်နှင့် ဆော့ဖ်ဝဲများ သုံးထားပေသည်။ တတိယအနေဖြင့် အဆင့်အမြင့်ဆုံး VCD ဖတ်စက် ပါရှိပေသည်။

ထိုအချက်(၃)ချက်အပြင် လီနိုဗို၏ ကွန်ပျူတာများသည် အခြားအမှတ်တံဆိပ်များထက် ပိုမို ကောင်းမွန်သည့် အစိတ်အပိုင်းများ ရှိသေးပေသည်။

အခြားအမှတ်တံဆိပ်များသည် လီနိုဗိုနှင့် ယှဉ်ပြိုင်ရန် နည်းလမ်းများ စတင်စဉ်းစားလာကြသည်။ အရိုးရှင်းဆုံး နည်းလမ်းမှာ လီနိုဗို၏ ဈေးနှုန်းများကို ပြန်လည်တိုးမြှင့်ရန် ပူးပေါင်း ဖိအားပေးရန် ဖြစ်သည်။ ထိုနည်းလမ်းဖြင့် ၎င်းတို့အားလုံးသည် တစ်လှေတည်း စီးမိကြပေပြီ။ ဤနည်းလမ်းဖြင့်သာ စမှတ်အတူသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။ ၎င်းတို့၏ ဈေးကွက်ဝေစုနှင့် အမြတ်ငွေများ ပြန်လည်ရရှိရေးအတွက် မိမိတို့ အမှတ်တံဆိပ်များကို အသုံးချနိုင်မည် ဖြစ်သည်။

မိုက္ခရိုဆော့ဖ်၏ Win95 ထုတ်ဖော် မိတ်ဆက်ပြီးနောက် တစ်ကမ္ဘာလုံး၏ ကွန်ပျူတာ ရောင်းအား တိုးလာ စေပေသည်။ ကွန်ပျူတာ ထုတ်လုပ်သူများသည် လည်ပတ်မှုစနစ်မှ ၎င်းတို့၏ ရောင်းအားကို လှုံ့ဆော်ပေးသည်ကို ဝန်ခံခဲ့ကြပေသည်။

သို့ရာတွင် တရုတ်နိုင်ငံ၌ ထိုကွန်ပျူတာ ထုတ်လုပ်သူများသည် လည်ပတ်မှုစနစ်ကို အသုံးချ၍ ယှဉ်ပြိုင်ရန် ခက်ခဲ ပေသည်။

အဘယ့်ကြောင့်ဟူမူ လီနိုဗို ကွန်ပျူတာသည် မိုက္ခရိုဆော့၏ တရုတ်ဘာသာ လည်ပတ်မှုစနစ်နှင့်အတူ အခမဲ့အဖြစ် ပါဝင်လာပေသည်။ ဤသည်မှာ ကွန်ပျူတာတါင် ကြိုတင် ထည့်သွင်းထားသည့် ဆော့ဖ်ဝဲများစွာလည်း ရှိသေးသည်။ ထိုကွန်ပျူတာ ထုတ်လုပ်သူများသည် စမ်းသပ်မှုများ ပြုလုပ်ကာ ကောင်းကောင်း တီထွင်ခဲ့ကြသည်။

ထိုကွန်ပျူတာ ထုတ်လုပ်သူများသည် ဆော့ဖ်ဝဲ သုံးဆွဲသူများအား အခမဲ့ ပေးခြင်းကို နားမလညနိုင်ချေ။ အနည်းဆုံး ယွမ်(၂၀၀၀)လောက် အခမဲ့ဖြစ်ကာ ယွမ်(၃၀၀၀)ပင် ရှိနိုင်သေးသည်။ ဆိုလိုသည်မှာ လီနိုဗို၏ ကုန်ကျစရိတ်သည် ယွမ် (၅၀၀၀)ပင် မရှိချေ။

ဤသည်က မဖြစ်နိုင်ချေ။

ထိုကွန်ပျူတာ ထုတ်လုပ်သူများတွင် ပိုမိုကောင်းမွန်သည့် ထုတ်လုပ်မှုလိုင်းများ၊ စွမ်းဆောင်ရည် မြင့်မားကာ အစိတ်အပိုင်းများ ထုတ်လုပ်ရန် ကုန်ကျစရိတ် သက်သာပေသည်။ ၎င်းတို့၏ ကုန်ကျစရိတ်ကို ယွမ်(၅၀၀၀)ဝန်းကျင်အထိ လျှော့ချနိုင်ခဲ့သည်။ လီနိုဗို၏ အတိုင်းအတာသည် ၎င်းတို့လောက် မကြီးမားသဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနိုင်ပေသည်။ အနည်းဆုံး ယွမ်(၆၀၀၀၀)လောက် ကုန်ကျနိုင်ပေသည်။

လီနိုဗိုသည် ၎င်းတို့၏ ဈေးကွက် ချဲ့ထွင်မှု၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ လက်လီ ရောင်းချမှု စသည့် ကုန်ကျစရိတ်များတွင် ထည့်သွင်း တွက်ချက်ရန် လိုနေသေးသည်။ ၎င်းတို့၏ ကွန်ပျူတာကို ယွမ်(၈၈၀၀)ဖြင့် ရောင်းချခဲ့သည်။ အမြတ် မည်မျှ ရနိုင်မည်နည်း။ အရှုံးမပေါ်လျှင်ပင် အံ့ဩစရာ ဖြစ်နေပေသည်။ လီနိုဗိုသည် ထိုသို့ မီးရှို့ရန် ငွေမည်မျှ ရှိနေသနည်း။ မည်မျှ ကြာကြာခံနိုင်မည်နည်း။

ဆော့ဖ်ဝဲ အလကားမရချေ။ မိုက်္ခရိုဆော့ဖ် ဆော့ဖ်ဝဲ တစ်ခုတည်းကပင် အများကြီး ကုန်ကျပေသည်။ မိုက္ခရိုဆော့ဖ်သည် သွေးစုပ်ကောင်ကဲ့သို့ပင်။ ကွန်ပျူတာ ထုတ်လုပ်သူများသည် မိုက္ခရိုဆော့ဖ် ထုတ်ကုန်များကို အစုလိုက် ဝယ်ယူကြသော်လည်း ဈေးကြီးနေဆဲပင်။

လီနိုဗိုသည် ထိုဆော့ဖ်ဝဲများကို ဈေးနှုန်းချိုသာစွာ ရယူနေခြင်း ဖြစ်နိုင်သည်လော။

လီနိုဗို၏ ကွန်ပျူတာတွင် ထည့်သွင်းထားသည့် ဆော့ဖ်ဝဲအချို့ကို ကိုယ်တိုင် ဖန်တီးထားပြီး အခမဲ့ ပေးနိုင်ကြောင်း ထိုကွန်ပျူတာ ထုတ်လုပ်သူများ သိထားပေသည်။ ဆော့ဖ်ဝဲဘုရင်ကိုလည်း လီနိုဗိုမှ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားပြီး လီနိုဗိုသည် ဆော့ဖ်ဝဲများကို ဈေးနှုန်း သက်သာစွာ ရနိုင်ပေလိမ့်မည်။ သို့ရာတွင် မိုက္ခရိုဆော့ဖ် လည်ပတ်မျုစနစ်နှင့် ဆော့ဖ်ဝဲများမှာမူ ကွာခြားသဖြင့် ဈေးပေါနေလောက်ပေသည်။

ကွန်ပျူတာ ထုတ်လုပ်သူများသည် ဖြစ်နိုင်ချေ(၂)ခုအား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ပထမအချက်မှာ လီနိုဗို၏ ကွန်ပျူတာ အစိတ်အပိုင်များသည် ဈေးနှုန်း သက်သာပေသည်။ ဒုတိယအနေဖြင့် ၎င်းတို့၏ ကွန်ပျူတာတွင် ထည့်သွင်းထားသည့် ဆော့ဖ်ဝဲများကိုလည်း သက်သာနေပေလိမ့်မည်။

ကွန်ပျူတာ ထုတ်လုပ်သူများသည် လီနိုဗို၏ နှုန်းထားများကို သိနိုင်ရန် စက်ပစ္စည်းအစိတ်အပိုင်း ရောင်းချသူများထံ ချက်ချင်း ဆက်သွယ်ကြတော့သည်။ ၎င်းတို့၏ ပမာဏသည် လီနိုဗိုနှင့် အချို့သောအနည်းငယ် ကွာခြားချက် ရှိသော်လည်း ဈေးနှုန်း သိသိသာသာ ကွာခြားချက် မရှိလောက်ပေ။

နောက်ဆုံးတွင် ကွန်ပျူတာ ထုတ်လုပ်သူများသည် ဆက်စပ်ပစ္စည်းများကြောင့် မဟုတ်ကြောင်း တွေ့ရှိခဲ့ကြသည်။ ဆက်စပ်ပစ္စည်း ရောင်းချသူများက ထိုကွန်ပျူတာ ထုတ်လုပ်သူများကို ၎င်းတို့၏ ကုန်ကျစရိတ်များ ပြင်ဆင်ကာ လီနိုဗိုသို့ ဈေးနှုန်းလျော့ချ၍ ရောင်းစရာ အကြောင်းမရှိချေ။

သို့အတွက် ကွန်ပျူတာ ထုတ်လုပ်သူများ အ‌ဖြေတစ်ခု ရခဲ့ကြသည်။ ပြဿနာမှာ ဆော့ဖ်ဝဲတွင်သာ ရှိနေပေသည်။

၎င်းတို့သည် ဈေးကွက်ရှိ လီနိုဗိုနှင့် ဆော့ဖ်ဝဲဘုရင်၏ ဆော့ဖ်ဝဲ ဈေးနှုန်းများကို စစ်ဆေးကာ ထည့်သွင်းထားသည့် ဆော့ဖ်ဝဲများသည် ယွမ် (၁၀၀၀)ခန့် ကုန်ကျကြောင်း တွေ့ရှိကြသည်။ ဤသည်က ခန့်မှန်းထားသည့် အတိုင်းသာပင်။

ထိုဆော့ဖ်ဝဲများ၏ ကုန်ကျစရိတ် မပါဝင်လျှင်ပင် လီနိုဗိုသည် ၎င်းတို့၏ လည်ပတ်မှုစနစ်နှင့် ဆော့ဖ်ဝဲအတွက် မိုက္ခရိုဆော့ဖ်အား ပေးဆောင်ရမည် ဖြစ်သည်။ မိုက္ခရိုဆော့ဖ်၏ လည်ပတ်မျုစနစ်နှင့် ဆော့ဖ်ဝဲများသည် အနည်းဆုံး ကန်ဒေါ်လာ (၂၀၀) ကုန်ကျပေသည်။

မိုက္ခရိုဆော့ဖ်မှ ၎င်းတို့၏ ထုတ်ကုန်များကို လီနိုဗိုအတွက် အလွန်သက်သာသည့် နှုန်းထားဖြင့် ရောင်းချမပေးပါက ဤသို့ ဖြစ်လာနိုင်မည်လော။

ကွန်ပျူတာ ထုတ်လုပ်သူများသည် မိုက္ခရိုဆော့ဖ် နှင့် ကာလအတော်ကြာ အလုပ်တွဲလုပ်ခဲ့သည်။ မိုက္ခရိုဆော့ဖ်သည် ကုမ္ပဏီငယ်လေး တစ်ခုအဖြစ် စတင်ခဲ့စဉ်ကတည်းက ပူးပေါင်းဆောင်ရွက်များ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို ထုတ်လုပ်သူများသည် လီနိုဗိုထက် အလွန်စော၍ ကွန်ပျူတာ ထုတ်လုပ်ခဲ့ပြီး စီးပွားရေးအင်အား မှာလည်း အတိုင်းအတ တစ်ခုအထိ ရှိပေသည်။ မိုက္ခရိုဆော့ဖ်၏ ထုတ်ကုန်များ ဈေးနှုန်း ကွာခြားမှု ရှိပါက ၎င်းတို့ သည်လည်း လျှော့ဈေးများ ရသင့်ပေသည်။

ကွန်ပျူတာ ထုတ်လုပ်သူအားလုံး ထပ်တူကျသည့် ကောက်ချက်တစ်ခု ချခဲ့ကြပြီး ထိုကိစ္စ စစ်ဆေးရန်အတွက် မိုက္ခရိုဆော့ဖ်သို့ အတူသွားခဲ့ကြသည်။ မိုက္ခရိုဆော့ဖ်မှ သူ့ထုတ်ကုန်များကို ၎င်းတို့နှင့်တူညီသော ဈေးနှုန်းဖြင့် ရောင်းချထားကြောင်း ကြားချင်နေကြပေသည်။

မိုက္ခရိုဆော့ဖ် ရုံးချုပ်သို့ ဆက်သွယ်ကာ ၎င်းတို့ရရှိထားသည့် အဖြေမှာ အာရှဈေးကွက် အကြီးအကဲ မစ္စတာ စတိဗ် ဘောလ်မာထံ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

ကွန်ပျူတာ ထုတ်လုပ်သူများသည် ဘောလ်မာ၏ အတွင်းရေးမှူးနှင့် ဆက်သွယ်ကာ တရုတ်ဈေးကွက်ကို မစ္စတာဖုန်း ကိုင်တွယ်နေကြောင်း မကြောင်းပြန်လာသည်။ မစ္စတာ ဘောလ်မာသည် မစ္စတာဖုန်းအား တရုတ်ဈေးကွက်အတွက် အခွင့်အာဏာ အပြည့်အဝ ပေးထားပေသည်။

ထိုသို့ဖြင့် ကွန်ပျူတာ ထုတ်လုပ်သူများသည် ဒါရိုက်တာ မစ္စတာဖုန်း ဆိုသူနှင့် ဆက်သွယ်ကြတော့သည်။

“မင်္ဂလာပါ.. မိုက္ခရိုဆော့ဖ် မစ္စတာဖုန်းရဲ့ ရုံးခန်းပါ.. ဘယ်သူနဲ့ စကားပြောချင်ပါသလဲ..”

ရီလ်ဖာ ဖုန်းပြန်ဖြေခဲ့သည်။

“ကျုပ်က တိုရှီဘာရဲ့ ဒု-ဥက္ကဋ္ဌ ဆာဘူရို ဟီရာတာနီပါ.. မစ္စတာဖုန်းနဲ့ စကားပြောချင်ပါတယ်..”

“စိတ်မကောင်းပါဘူးဗျာ.. မစ္စတာဖုန်း အားလပ်ရက်ယူထားပါတဘ်.. ကိစ္စ အရေးမကြီးဘူးဆိုရင် မစ္စတာဖုန်း အလုပ်ပြန်ဝင်လာရင် ပြန်ဆက်သွယ်ပေးပါ့မယ်..”

မစ္စတာဖုန်း အားလပ်ရက် ယူထားသည်လော။ ပြန်လာလျှင် ဆက်သွယ်မည်လော။ ဤသည်မှာ မိုက္ခရိုဆော့ဖ်၏ လုပ်နည်းလုပ်ဟန် ဖြစ်နိုင်မည်လော။

မစ္စတာဖုန်း အားလပ်ရက်တွင် သူ့အလုပ်များကို မည်သူ တာဝန်ယူထားသသည် သို့တည်းမဟုတ် မည်သည့်အချိန် ပြန်လာမည်ကိုသာ ပြောသင့်ပေသည်။

“ခနလေး.. ငါ မင်းကို ဘယ်လိုခေါ်ရမလဲ..”

“ကျုပ်က ရီလ်ဖာပါ.. မစ္စတာဖုန်းရဲ့ အတွင်းရေးမျူးပါ..”

“ကောင်းပြီလေ.. မစ္စတာရီလ်ဖာ.. မစ္စတာဖုန်း အားလပ်ရက် ဘယ်အချိန် ပြီးမလဲ.. ဒါမှမဟုတ် သူမရှိတဲ့အချိန် ဘယ်သူ တာဝန်ယူထားလဲ..”

ဆာဘူရို ဟီရာတာနီ ထပ်မေးလိုက်သည်။

“မစ္စတာဖုန်း ဘယ်အချိန်ပြန်လာမယ်ဆိုတာတော့ ကျုပ်မသိဘူး.. သူ့စိတ်အပေါ်မှာပဲ မူတည်ပါတယ်.. သူ့အလုပ်တွေ ဘယ်သူတာဝန်ယူထားလဲဆိုရင်တော့ စိတ်မကောင်းပါဘူးဗျာ.. ဘယ်သူမှ တာဝန်ယူမထားပါဘူး.. ခင်ဗျားက မစ္စတာ ဆာဘူရို ဟီရာတာနီ ဟုတ်ပါတယ်နော်.. ကျေးဇူးပြုပြီး ပြန်ဆက်သွယ်ရမယ့် ဖုန်းနံပတ်လေး ထားခဲ့ပေးပါလား.. မစ္စတာဖုန်း ခင်ဗျားကို ဆက်သွယ်ချင်ရင် ဆက်သွယ်လို့ရအောင်ပါ..”

ဆာဘူရို စီရာတာနီ စိတ်ရှုပ်သွားသည်။ မစ္စတာဖုန်း၏ အတွင်းရေးမှူးဖြစ်ပြီး သူ့အားလပ်ရက် မည့်သည့်အချိန် ပြီးမည်ကို မသိဘူးလော။ ထို့အပြင် ကိုယ်စား တာဝန်ယူထားသူလည်း မရှိဘူးလော။ မစ္စတာဖုန်းသည် အခြားသော ဒီပလော်မာများကဲ့သို့ မဟုတ်ချေ။ သူ့တာဝန်များကို မည်သည့်အတွက် တစ်ယောက်ယောက် ယူမထားရသနည်း။

မည်သို့ပင်ဆိုစေကာမူ ဆာဘူရို ဟီရာတာနီတွင် ရွေးချယ်စရာ မရှိချေ။ သူသည် ရီလ်ဖာထံ ဆက်သွယ်ရမည့် ဖုန်းနံပတ်တစ်ခုသာ ချန်ပေးနိုင်ပြီး အရေးကြီး ကိစ္စတစ်ခုရှိကြောင်း ပြောပေးရန်သာ မှာထားခဲ့ရတော့သည်။

ဆာဘူရို ဟီရာတာနီသည် ရီလ်ဖာအား မေးလျှင်လည်း အသုံးမဝင်ကြောင်း သိ၍ ထပ်မပြောတော့ချေ။ သို့ရာတွင် ရီလ်ဖာမှာမူ မည်သည့်ကိစ္စဖြစ်နေကြောင်း သိနေပေသည်။ ဆာဘူရို ဟီရာတာနီ၏ ဖုန်းခေါ်ဆိုမှုမှာ ဖုန်းယွီ၏ ရုံးခန်းသို့ (၆)ကြိမ်မြောက် ဖုန်းခေါ်ဆိုခြင်း ဖြစ်သည်။ ခေါ်ဆိုသူအားလုံးသည် ကွန်ပျူတာ ထုတ်လုပ်သူများဖြစ်ပြီး ရီလ်ဖာ၏ တုန့်ပြန်မှုမှာလည်း အားလုံး အတူတူသာ ဖြစ်သည်။

ဤသည်မှာ မိုက္ခရိုဆော့ဖ်တွင် ဖုန်းယွီတည်ရှိနေခြင်း၏ အကျိုးဆက်များထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

ထိုအချိန်တွင် ဖုန်းယွီသည် မည်သည့် အရေးအကြီးမှုမှ ရှိမနေချေ။ အိမ်မွေးတိရိစ္ဆာန် အရောင်းဆိုင်တွင် အိမ်မွေး တိရစ္ဆာန် တစ်ကောင် ရွေးနေပေသည်။

--------**$$^$$**--------

All Chapters