← Chapters

ရှုပ်ထွေးရစ်ပတ်ခြင်း

Vol. 135 Ch. 1882

ရှုပ်ထွေးရစ်ပတ်ခြင်း

Vol. 135 Ch. 1882

ဝူလင်းယူသည် သူမ ပခုံးကိုပုတ်လိုက်သည် “အရမ်းကြီး ပျာမသွားနဲ့ဦး အရင်ဆုံး အခြေအနေကို စုံစမ်းရအောင်”

“အင်း” ရှီမာယူယူသည် နီရဲပျားတချို့ကိုခေါ်ထုတ်ပြီး သူ့နောက်သို့ တိတ်တဆိတ်လိုက်သွားခိုင်းလိုက်သည်။

“ထျန်ရန် မင်း အဲလူကိုသိလို့လား” ယိုထျန်ရန်၏ သူငယ်ချင်းဖြစ်သူသည် စိတ်ပျက်သွားသော ယိုထျန်ရန်ကိုမြင်သည်နှင့် မေးလိုက်သည်။

“ငါ လူမှားသွားတာ.. ဒါပေမဲ့ သူတို့နှစ်ယောက် တကယ်တူတယ်.. သူတို့ ရဲ့ မတူတဲ့ရောင်ဝါကြောင့်သာမဟုတ်ရင် တစ်ယောက်တည်းလို့ ထင်သွားမိ တော့မှာ” ယိုထျန်ရန် သက်ပြင်းချလိုက်သည်။

“မင်း ပြောတာ ဘယ်သူလဲ”

“မင်းကို အရင်က ပြောဖူးတဲ့တစ်ယောက်လေ မုရုန်ရှီ” ယိုထျန်ရန် ပြော လိုက်သည် “သူမ ပြိုင်ပွဲက ရုတ်တရက်ထွက်သွားပြီးတော့ ဘယ်သူမှသူမကို မမြင်မိကြတော့ဘူး… ဘာတွေဖြစ်သွားလဲဆိုတာ လျောင်ပြည်နယ်ကလူတွေ လည်း မသိကြဘူး.. နောက်ပိုင်းကျ သူတို့ကို နောက်ကလိုက်တဲ့လူတွေပေါ်လာ တယ်.. အစကတော့ အဲလူကို မုရုန်ရှီလို့ထင်သွားလို့ သတိပေးချင်တာ ဒါပေမဲ့ ငါ ထင်တာမှားသွားတယ်”

“မင်းပြောမှပဲ အခုထူးဆန်းနေသလိုပဲ… နောက်ပိုင်း လျောင်ပြည်နယ်က အကျဉ်းအကျပ်ထဲရောက်နေတာမလား အထူးသဖြင့် နယ်စားအိမ်တော်လေ သူတို့တွေ အိမ်ကထွက်တာနဲ့ အသတ်ခံနေရသလိုပဲ… အကြောင်းအရင်းကို မင်းတို့သိကြလား” တစ်ယောက်သည် နားမလည်သလိုမေးသည်။

“အကြောင်းအရင်းကို ဘယ်သူသိမှာလဲ အဲလူတွေကို ငါဖြင့် တွေ့တောင် မတွေ့ဖူးဘူး”

“ငါ ကောလာဟလတချို့တော့ ကြားခဲ့တယ်” နှုတ်ခမ်းမွေးနှင့်လူ ပြော လေသည်။

“ဘာလဲ ဘာလို့ငါတို့ကိုမပြောတာလဲ”

“အခု မင်းတို့ပြောမှပဲ ခုနက မင်းတို့ပြောတဲ့လူကြောင့် ဖြစ်မယ်” ထိုလူ သည် ဇာတ်ရှိန်မြှင့်လိုက်သည်။ အားလုံး သူ့ကိုကြည့်နေကြသည်ကို မြင်သော အခါ နောက်ဆုံးတွင် ဆက်ပြောလေသည် “အမှောင်မင်းသမီး လူသားလောက ကို သွားတဲ့အချိန်ကို မင်းတို့သိကြလား”

“သိတာပေါ့ သူမက လူသားလောကကို သွားရင်းက အဲဒီမှာအဖမ်းခံရလို့ သတင်းအစအနပျောက်သွားတာလေ”

“ဒါပေမဲ့ အဲဒါက ဖြစ်တာနှစ်တွေကြာနေပြီပဲ.. လက်ရှိအခြေအနေနဲ့ ဘာဆိုင်လို့လဲ”

“လျောင်ပြည်နယ်က သခင်မလေးမုရုန်ရှီက အမှောင်မင်းသမီးနဲ့ အရမ်း တူတယ်လို့ ပြောကြတယ်.. ပြီးတော့ အမှောင်မင်းသမီးမှာ လူသားလောကက သမီးတစ်ယောက်ရှိတယ် သူမကလည်း မုရုန်ရှီနဲ့အရမ်းတူတယ်.. အဲဒါတင် မကဘူး.. သူမက တစ္ဆေလောကက လူတွေနဲ့ ရန်ငြိုးရှိတယ်” နှုတ်ခမ်းမွေးနှင့် လူ ပြောလေသည်။

“နှုတ်ခမ်းမွေး မင်းပြောတာ အမှန်ပဲလား” သူသည် လက်ရှိသတင်းများ ကို အချိန်နှင့်တပြေးညီ သိတတ်သည်ကို အားလုံးသိကြသည်။ သူတို့သည် သူ့ ကို ထိုအတိုင်းမေးလိုက်သော်လည်း ယုံကြည်ပြီးသားဖြစ်သည်။

“ခုနက မိန်းကလေးက လူသားလောကက အမှောင်မင်းသမီးရဲ့ သမီးများ ဖြစ်နေမလား” ယိုထျန်ရန်သည် အလွန်အံ့ဩသွားသည်။ သို့သော် ထိုသို့ဆိုလျှင် သူတို့သည် ရောင်ဝါမတူဟု သူ ပြောခဲ့ပြီးဖြစ်သည်။

သူ မသိလိုက်သည်မှာ.. သူတို့ လူမတူသလိုဖြစ်ရခြင်းမှာ ကစဥ့်ကလျား ကမ္ဘာတွင် ဖြစ်ခဲ့သည့်ကိစ္စများကြောင့် ရှီမာယူယူ၏ ရောင်ဝါကို ကစဥ့်ကလျား ချီမှ လွှမ်းမိုးလိုက်သဖြင့် ပြောင်းလဲသွားခြင်းဖြစ်သည်။

“အဲလူက အမှောင်မင်းသမီးရဲ့သမီးဆိုမှတော့ တစ္ဆေလောကကလူတွေနဲ့ ဘာလို့ ရန်ငြိုးရှိတာလဲ”

“မင်းတို့ ဒီအကြောင်းကို မသိဘူးပဲ.. အရှေ့မျှတမှုမြို့မှာဖြစ်ခဲ့တဲ့ ကိစ္စတွေ ကို မှတ်မိဘား”

“လူသားလောကကို သွားမယ့် ဝင်ပေါက် ပေါက်သွားတယ်လို့ သူတို့ ပြော တာကြားခဲ့တယ် ပြီးနောက် နောက်ဆုံးမှာ လူတစ်ယောက်က ဖျက်ဆီးလိုက် တယ်တဲ့… အဲဒီဘက်ကို သွားတဲ့လူတွေ အသတ်ခံလိုက်ရတာပဲ.. မင်းပြောတာ က အရှေ့မျှတမှုမြို့မှာ လုပ်ခဲ့တဲ့လူက အမှောင်မင်းသမီးရဲ့သမီးလား”

“ဟုတ်တယ် သူမပဲ.. အဲတုန်းက အဲဒီအခြေအနေရဲ့ သက်ရောက်မှုက ဘယ်လောက်ကြီးလဲဆိုတာ ငါတို့သိတာပဲ.. အခု သူမက တစ္ဆေလောကကို ရောက်နေပြီဆိုတော့ မင်းတို့ပြောဦး… တကယ့်ပွဲကြီးပွဲကောင်းပဲမလား.. ပြီးတော့ မုရုန်ရှီက အဲဒီမိန်းကလေးနဲ့တူနေတာ.. သူတို့က တူရုံတူတာလား မဟုတ်ရင် တစ်ယောက်တည်းဖြစ်နေလားဆိုတာကို ဘယ်သူသိမလဲ” နှုတ်ခမ်း မွေးသည် ပျော်ရွှင်စွာ ပြောလေသည်။ သူသည် ပြဇာတ်များကို ကြိုက်သည်။ ယခုကိစ္စမှာ သူ့အတွက် ပွဲကြီးပွဲကောင်းဖြစ်နေသည်။

“အဲတော့ အဲလူတွေက လျောင်ပြည်နယ်ကို သွားပြီးပြဿနာရှာတယ်လို့ ပြောတာလား” နောက်ဆုံးတွင် ယိုထျန်ရန် နားလည်သွားသည်။

“အရေးအကြီးဆုံးက မုရုန်ရှီပေါ်မလာတာ ကြာနေပြီမလား” နှုတ်ခမ်း မွေးက ဆက်ပြောလေသည် “သူမ ပေါ်မလာတော့ဘူးဆိုရင် သံသယက ပိုကြီး လာမှာပဲ.. မုရုန်ဟွေ့က သူ့လူတွေကိုခေါ်ပြီး အင်ပါယာမြို့ကိုသွားပြီမလား”

“သူ အင်ပါယာမြို့ကိုသွားတဲ့လမ်းမှာ အဲလူတွေ နောက်ကလိုက်တာပဲ အခု.. သူ အင်ပါယာမြို့ကိုမရောက်သေးမှာ စိုးတယ်” ယိုထျန်ရန် ပြောလိုက် သည် “ပြီးခဲ့တစ်ခေါက် ငါသတင်းကြားတုန်းကတော့ သူတို့က မြစ်မြို့ကို ရောက်နေပြီတဲ့”

မြစ်မြို့… သူတို့မှာ မြစ်မြို့အနီးတွင်ရှိသလား အဝေးသို့ရောက်နေပြီလား ဆိုသည်ကို ရှီမာယူယူသည် လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်သည်။ သူမ သွားလိုက် လျှင် သူ ထိုနေရာတွင်ရှိသေးလား မရှိသေးလားကို သိချင်မိသည်။

“မင်း စိတ်ပူရင်လည်း သွားကြည့်ကြမယ်လေ.. သူ မရှိတော့ဘူးဆိုရင် တောင် ခြေရာကိုရှာလို့ရတာပေါ့” ဝူလင်းယူ ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ အချိန်ဇယားမှာ မတင်းကြပ်ပေ။ သူတို့ အားလုံး အင်ပါယာမြို့ကိုသွားကြသည်မှာလည်း မုရုန်ဟွေ့နောက်လိုက်ခြင်း ဖြစ်သည်။

ဆုံးဖြတ်ပြီးနောက် သူတို့သည် အခန်းရှာမနေတော့ဘဲ လေဟာပြင် ဝင် ပေါက်သုံးကာ မြို့အပြင်သို့ တိုက်ရိုက်လာလိုက်ကြသည်။ နေရာလွတ်တစ်ခုကို ရှာပြီးနောက် မြေပုံမှ ကိုဩဒိနိတ်များကို တွက်ချက်ပြီးနောက် ဖြတ်လမ်းဝင်္က ပါကိုသုံးပြီး အမြန်သွားလိုက်ကြသည်။

သူတို့ထင်ထားသည့်အတိုင်းပင် သူတို့ရောက်သွားသည့်အချိန်တွင် မုရုန် ဟွေ့ရှိမနေပေ။ ထို့ကြောင့် သူတို့သည် ရထားသည့် သတင်းအတိုင်း သူ့နောက် ကိုလိုက်လေသည်။ ဖြတ်လမ်းဝင်္ကပါအနည်းငယ်သုံး တည်ဆောက်ပြီးနောက် တွင် သူမ၏ တည်ဆောက်မှုကျောက်တုံးများမှာ ကုန်လုနီးပါးဖြစ်နေပြီဖြစ် သည်။ သူ့နောက်လိုက်ရန် မတတ်သာတော့ဘဲ တည်ဆောက်မှုကျောက်တုံး ဝယ်ရန် နေရာရှာရတော့သည်။

မြစ်မြို့တွင် တည်ဆောက်မှုကျောက်တုံးဈေးနှုန်းများမှာ အလွန်ဈေးကြီး သည်။ ထို့ကြောင့်ပင် သူမ ကိုယ်တိုင်စီမံသည်ထက် ဖြတ်လမ်းဝင်္ကပါကိုသာ သုံးလိုက်ရသည်။ အခုချိန်တွင် မုရုန်ဟွေ့အားရှာရန် သူမ စုဆောင်းထားသည် များကို သုံးလိုက်ရတော့သည်။

သုံးလိုက်ရသည့်ငွေများ အလဟဿဖြစ်မသွား၍ တော်သေးသည်။ နောက်ဆုံး၌ သူ လှည့်စားခံရသည့် အခြေအနေတွင် သူမ မုရုန်ဟွေ့ကို မှီသွား သည်။

ထိုအခိုက်တွင် မုရုန်ဟွေ့သည် သူ့အဖွဲ့ကို ဦးဆောင်ပြီး ချန်းရှန်းတောင် အတွင်းတွင် ထွက်ပြေးနေရသည်။ ထိုလူများသည် တစ်စုပြီးတစ်စုလာကြ သဖြင့် သူတို့မှာ ရေစစ်ဖြင့် စစ်ထုတ်လိုက်သလိုဖြစ်နေသည်။

ထိုလူများသည် ရှီမာယူယူကြောင့် ရောက်လာခြင်းဖြစ်သည်ကို သူ သိ သည်။ ထို့ကြောင့်ပင် သူတို့ကို ဘာတစ်ခုမှပြောရန် အစီအစဉ်မရှိပေ။ သူတို့ သည် သူမကို လက်လွှဲပေးစေချင်သဖြင့် သူ့ကိုလာရှာခြင်းဖြစ်သည်။

ထို့အပြင် သူမရှိသည့်နေရာကို သူသိလျှင်တောင် သူပြောမည်မဟုတ်ပေ။ ထိုလူများသည် အားကောင်းလွန်းသည်။ သူတို့ကို သွားရှာခွင့်ပြုလိုက်ပါက သူတို့ မည်သို့လုပ်ထွက်မည်ကို မည်သူမှမသိနိုင်ပေ။

“မုရုန်ဟွေ့ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ် ရှီမာယူယူ ဘယ်မှာ လဲ” သူတို့နောက်ကို လိုက်ကြသူများသည် လိုဏ်ခေါင်းအတွင်းထိ ချောင်ပိတ် လိုက်သည်။ သူတို့သည် လေးဘက်လေးလံလုံးကို ဝိုင်းလိုက်ပြီး ထွက်ပေါက် များအားလုံးကို ပိတ်လိုက်သည်။

မုရုန်ဟွေ့သည် တိုက်ပွဲကို ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဤအခိုက်တွင် ပျာယာခတ်သွားခြင်းမရှိပေ။

“ရှီမာယူယူက ဘယ်သူလဲဆိုတာကို ငါ အစောကတည်းက ပြောပြီးသွား ပြီ မင်းတို့ငါ့ကို နောက်ထပ် ဆယ်ကြိမ်မကမေးလည်း သူမကို ထည့်ပေးစရာ နည်းလမ်းမရှိဘူး” မုရုန်ဟွေ့၏ မျက်နှာထားမှာ အလွန် တည်ငြိမ်နေပြီး ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးကို တိတ်တိတ်လေးတွက်နေ၏။

“မုရုန်ဟွေ့ သေချာပြောရအောင် မင်းရဲ့သမီးက အမှိုက်တစ်စသာသာပဲ ရှိတာ၊ နှစ်နည်းနည်းလောက် ကြာတာနဲ့ ဘယ်လိုလုပ်ပါရမီရှင်ဖြစ်တာလဲ.. ပြည်နယ်ပြိုင်ပွဲမှာ အဆင့် ၁၀ အတွင်းတောင် ဝင်လိုက်သေးတယ်.. မင်းရဲ့သမီး ကသူမနဲ့ အရမ်းတူတယ် အဲတော့ဘယ်လိုဖြစ်နိုင်လဲဆိုတာ ပြောပါဦး” ထိုလူ များသည် ထဲထဲဝင်ဝင် လေ့လာပြီးသားဖြစ်သည်။

“ငါ့သမီးက အကောင်းဆုံးပဲလေ… မင်းက သူမကို ရှီမာယူယူနဲ့ ပတ်သက် တယ်လို့ပြောနေမှတော့ ငါပြောစရာဘာရှိဦးမှာလဲ” မုရုန်ဟွေ့သည် အေးစက် စွာနှာမှုတ်လေသည် “မင်း တစ်ယောက်ယောက်ကို လိုချင်ရင်တော့ ဘယ်သူမှ မရှိဘူး.. အသက်လိုချင်ရင်တော့ တစ်ယောက်ရှိတယ်”

“ငါတို့က မင်းကို ရှာနိုင်မှတော့ ရှီမာယူယူလောက်တော့ မရှာနိုင်မှာကို မကြောက်ဘူး” ထိုလူများသည် နှာရှုတ်ရင်း လက်ကိုဝေ့ယမ်းလိုက်သည် “မုရုန်ဟွေ့ကို အရှင်ထား ကျန်တဲ့လူကို သတ်လိုက်”

“တောင်းပန်ပါတယ် ငါ မင်းတို့အားလုံးကိုပါ ဆွဲသွင်းမိပီဲ… ငါ သူတို့ကို တားနိုင်သလောက် တောင့်ခံထားမယ် မင်းတို့တွေ ထွက်ပြေးကြ”

“နယ်စား”

“သခင် ကျွန်တော်တို့ ကာကွယ်ပါ့မယ်”

“အပိုစကားတွေ မပြောနဲ့တော့ မင်းတို့တွေကြားတာပဲ သူတို့က ငါ့ကို မသတ်ချင်ဘူး မင်းတို့တွေ အသက်ရှင်ရမယ်” မုရုန်ဟွေ့ ပြန်ဖြေလေသည်။

“ဟင်း ဒီနေ့ တစ်ယောက်မှ မလွတ်စေရဘူး.. မင်းတို့ တိုက်ခိုက်ရင် တစ် ယောက်မှ အရှင်မထားနဲ့”

နှစ်ဖက်လုံးမှ တိုက်ခိုက်တော့မည့်အချိန်တွင် ကွဲအက်သောအသံတစ်သံ ကို ကြားလိုက်ရသည် “မင်းတို့က ငါ့ကိုသတ်ချင်ရင် ငါ့ကိုလာသတ်လေ ငါ့ နောက်ကွယ်မှာဘာလို့ အရှုပ်တွေလုပ်နေတာလဲ”

All Chapters