← Chapters

နောက်ဆုတ်ခြင်း

Vol. 135 Ch. 1883

နောက်ဆုတ်ခြင်း

Vol. 135 Ch. 1883

 မုရုန်ဟွေ့ အသံကြားလိုက်ချိန်တွင် မျက်လုံးများတောက်ပသွားသည်။ သို့သော် ချက်ချင်းပင် စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားကာ အမှန်ပါစေနှင့်ဟု ဆုတောင်းမိသည်။

ရှီမာယူယူ၊ ဝူလင်းယူနှင့် တခြားသူများသည် လေဟာပြင်ဝင်ပေါက်မှ ထွက်လာကြသည်။ သူတို့ကို အံ့ဩသွားစေသည်မှာ သူမနှင့်တူသော လူနှစ် ယောက်ရှိနေခြင်းဖြစ်သည်။

“အဖေ” မုရုန်ရှီနှင့်တူသော မီအာသည် မုရုန်ဟွေ့ကိုမြင်သည်နှင့် သူ့ဆီ သို့ ပျံလာပြီး သူ့ရင်ခွင်ထဲခုန်ဝင်လေသည်။

မုရုန်ဟွေ့သည် ချက်ချင်းဆိုသလိုပင် မှင်တက်သွားလေသည်။ သူသည် မီအာကိုကြည့်လိုက်ပြီးနောက် ရှီမာယူယူကို ကြည့်လေသည်။

“နယ်စားမုရုန် ဦးလေးရဲ့သမီးက ကျွန်မကိုလာရှာတာကြောင့်သာ မဟုတ်ရင် ကျွန်မက ဦးလေးကို ပြဿနာဖြစ်စေတယ်ဆိုတာကို သိမှာတောင် မဟုတ်ဘူး” ရှီမာယူယူသည် အားတုံ့အားနာပြောလေသည်။

“မင်း… မင်းက…” မုရုန်ဟွေ့သည် မှင်တက်နေသည်။ အမှန်တကယ်ပင် သူမ နှစ်ယောက်ဖြစ်နေသည်။ မုရုန်ရှီသည် သူမကိုလာရှာသည်ဟုပင် ပြောနေ သေးသည်။ သူ့ကို ဘယ်လောက်ထိ ပဟေဠိဝှက်နေဦးမှာလဲ။

ပြီးတော့ သူမ ရောင်ဝါက ဘာလို့ပြောင်းသွားတာလဲ။ သူမ ကိုယ်ခွဲက ဘယ်ကရောက်လာတာလဲ။

ရှီမာယူယူသည် ဝိုင်းထားသောလူများကို ကြည့်ပြီး ပါးစပ်ကိုတွန့်လိုက် ကာ ပြုံးသည်။ သူမသည် ယုံကြည်ချက်ရှိရှိ ပြောလေသည် “ကျွန်မက ရှင်တို့ ရှာနေတဲ့ ရှီမာယူယူပဲ”

“ကျွန်မက အမြဲတမ်းအပြင်မှာ လှည့်ပတ်သွားနေတာပဲ ရှင်တို့မှာ အစွမ်း အစမရှိလို့ မရှာနိုင်တာ.. ဒါပေမဲ့ ဒါအမှန်ပဲ.. အရည်အချင်းရှိတဲ့လူက အပြစ်မဲ့ တဲ့လူကို ဆွဲမသွင်းသလို ကျွန်မထွက်လာအောင်လည်း ညစ်ပတ်တဲ့နည်းလမ်း မသုံးဘူး” ရှီမာယူယူသည် သူတို့ကို ရွံရှာစွာပြောလေသည်။ “ဒီရက်ပိုင်းမှာ ကျွန်မလည်း လူအတော်အများသတ်ခဲ့သေးတယ်.. ထုံးစံအတိုင်း ရှင်တို့ နာမည် လေးပြောပါဦး”

“ကျောက်စိမ်းတိုင်းပြည်က ရင်မျိုးနွယ် ရင်ရှိယိပဲ” အရှေ့ညာဘက်အဆုံး မျလူသည် သူ့နာမည်ကို ပြောလေသည် “ရှီမာယူယူ အဲတုန်းက မင်းက ငါတို့ ညီအစ်ကိုတွေကိုသတ်ခဲ့တယ်.. ဒါနေ့ ငါ မင်းနာမည်နဲ့ သူတို့ကို ပူဇော်ပေးမယ်”

“ကျောက်စိမ်းတိုင်းပြည်က ရင်မျိုးနွယ်… တောင်းပန်ပါတယ် တစ်ခါမှ မကြားဖူးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဟူး… ကျွန်မကို လက်စားချေဖို့ လာမှတော့ စကားအပိုတွေ ပြောမနေပါနဲ့တော့.. ဒီဘဝမှာ အမုန်းဆုံးက အဲလို မျိုး အခြေခံနည်းလမ်းတွေသုံးတာပဲ.. ရှောင်ချီ ပန်းလေး မင်းတို့ သူတို့နဲ့ ကစား ပေးလိုက်ဦး”

ရှောင်ချီနှင့် ပန်းလေးတို့ ပေါ်လာသည်။ စကားတစ်ခွန်းမှမပြောဘဲ သူတို့ သည် ချက်ချင်းပင် လှုပ်ရှားတော့သည်။ အရိပ်မည်းကိုပါ ပေါင်းထည့်လိုက် သောအခါ သူတို့သည် အပြင်းအထန်တိုက်ခိုက်ကြရာ အကုန်ရှင်းအောင် ရှင်း မပစ်နိုင်လိုက်ပေ။ နောက်ဆုံးတွင် တစ်ဝက်နီးပါး လွတ်မြောက်သွားလေသည်။

“သူတို့နောက်လိုက်ဖို့မလိုဘူး” လျောင်ပြည်နယ်မှလူများ လိုက်တော့ မည်ကို မြင်သည်နှင့် ရှီမာယူယူ အော်လိုက်သည်။

ထိုညွှန်ကြားချက်ကိုကြားသည်နှင့် သူတို့သည် အလိုလိုပင် ရပ်တန့်လိုက် ကြသည်။ နောက်မှပင် သူတို့ တုံ့ပြန်ကြတော့သည်။ သူတို့က ဘာလို့ သူမ စကားကို နားထောင်နေတာလဲ။

“သူတို့နောက်လိုက်ဖို့မလိုဘူး” မုရုန်ဟွေ့ ပြောလိုက်သည်။ ထိုအခါမှပင် သူတို့ အမှန်တကယ် ရပ်လိုက်ကြသည်။

“နယ်စားမုရုန် ကျွန်မတို့ စကားပြောလို့ရမလား” ရှီမာယူယူသည် မုရုန် ဟွေ့ကို ပြောလိုက်သည်။

မုရုန်ဟွေ့သည် နားမလည်ပေ။ သူသည်လည်း သူမကို မေးလိုသည်များ ရှိသဖြင့် ကျန်လူများကို အလောင်းများရှင်းရန် ညွှန်ကြားလိုက်ပြီး သူနှင့် မုရုန် လင်းတို့သည် ရှီမာယူယူနောက် အဝေးတစ်နေရာသို့ လိုက်သွားလိုက်ကြသည်။

မီအာသည်လည်း သူ့လက်ကိုဆွဲကာ အတူလိုက်သွားလေသည်။ သူသည် အဝေးရောက်မှပင် လက်လွှတ်လိုက်လေသည်။

“ရှီအာ ဘာတွေဖြစ်နေတာလဲ” မုရုန်ဟွေ့သည် ဘေးတွင်ရှိသော မီအာကို မဟုတ်ဘဲ ရှီမာယူယူကို ကြည့်လေသည်။

သူမ၏ ရောင်ဝါသည် ပြောင်းသွားပြီး မီအာ သူ့ဘေးတွင်ရှိသည့်တိုင် အောင် သူ သူမကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိမ့်မည်ဟု ရှီမာယူယူ ထင် မထားပေ။

မုရုန်ဟွေ့သည် သူမ၏ အတွေးကိုသိသဖြင့် ပြောလိုက်သည် “သမီး ခုနက ကြည့်လိုက်တဲ့အကြည့်က ခါတိုင်းကြည့်တဲ့အကြည့်ပဲ.. ပြီးတော့ သူ့ရဲ့ ရောင်ဝါက သမီးနဲ့တူပေမဲ့ အဖေ့လက်ကိုကိုင်ပုံက ခါတိုင်းလိုမဟုတ်ဘူး”

“အဖေက သမီးကို ကောင်းကောင်းသိတာပဲ” ရှီမာယူယူသည် သူမ၏ သရုပ်မှန်ကို အကြွင်းမဲ့မှတ်မိသည့်အတွက် ပြုံးလိုက်သည်။

ဘေးတွင်ရပ်နေသော မုရုန်လင်းသည် ရှီမာယူယူအား တအံ့တဩကြည့် လေသည်။ ဒါက သခင်မလေးလား။ ဒါဆိုရင် သူမဘေးမှာ ရပ်နေတဲ့သူက ဘယ်သူလဲ။

“သခင်မလေး ပြီးခဲ့တဲ့နှစ်တွေက ဘယ်ရောက်နေခဲ့တာလဲ ဘယ်လိုလုပ် သခင်မလေး နှစ်ယောက်ဖြစ်နေတာလဲ” သူ့အသံသည် ပဟေဠိပေါင်းများစွာ ဖြစ်နေသည်။

“ဒါက ပုံစံပြောင်းနိုင်တဲ့ ကျွန်မရဲ့ စာချုပ်သားရဲပါ” ရှီမာယူယူသည် မေ့ပျောက်ခြင်းမြစ်တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို ပြောပြခဲ့သည်။ ထို့နောက် သူမ ဆက်ပြောလေသည် “အဖေ့နားမှာ မီအာကို ခဏတော့ထားဦး မယ်.. တစ်ခုက အဖေ့ကိုကာကွယ်ဖို့နဲ့ နောက်အကြောင်းအရင်းတစ်ခုက သမီး နဲ့အဖေတို့ ကြားက ဆက်နွယ်မှုကို ဖြတ်ပစ်ဖို့ပဲ.. မီအာနဲ့ သမီးတို့ တစ်ပြိုင်နက် ပေါ်လာရင် အဖေ့ကိုပြဿနာဖြစ်စေမှာမဟုတ်ဘူး… အဖေ သန်မာလာရင် တော့ သမီးတို့က တစ်ယောက်တည်းဆိုတာသိသွားရင်တောင် အဖေ့ကို ပြဿ နာရှာရဲမှာမဟုတ်ဘူး ”

“ဒါဆို အဲလူတွေကို ဘာလို့လွှတ်ပေးလိုက်တာလဲ”

“အင်း.. အခု သူတို့ လွတ်သွားတာက မီအာလည်း ပေါ်လာတယ်ဆိုတဲ့ သတင်းကို သေချာပေါက် ပြန်ဖြန့်လိမ့်မယ်.. အဲလိုဆိုရင် အဖေနဲ့ ပတ်သက်နေ တာကို ဖြတ်လို့ရမယ်” ရှီမာယူယူသည် သူမကိုသတ်မည့်လူများကို အညှာတာ မရှိပေ။ ဤအကြောင်းကြောင့်သာမဟုတ်လျှင် သူတို့ကို အသက်ရှင်လျက် ထွက်ပြေးခွင့်ပြုမည်မဟုတ်ပေ။ ပန်းလေးနှင့် ရှောင်ချီတို့သည် အစက သဘော မတူခဲ့ကြပေ။

“သမီးကရော” မုရုန်ဟွေ့ မျက်မှောင်ကြုတ်လိုက်သည် “အဲလူတွေက သမီးကို သတ်ချင်နေတာ.. သမီးက အခုပေါ်လာပြီဆိုတော့ သမီးကိုပိုပြီး လိုက် ကြတော့မှာပေါ့”

“ပြဿနာမရှိပါဘူး.. သတင်းထွက်လာတာနဲ့ သမီး အဖေနဲ့ လူလုံးထွက် ပြပြီးသွားရင် ထွက်သွားမှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါပြောတာမဟုတ်ဘူးလေ.. သမီးပေါ်လာလို့ အဲလူတွေလိုက်ရင် သမီး…”

“အဖေ စိတ်မပူပါနဲ့ သမီးမှာသူတို့ရှိပါတယ်” ရှီမာယူယူသည် သူမဘေးမှ လူများကို ကြည့်လိုက်သည် “ဟွမ်က အရင်က သမီးနဲ့အတူ ထွက်မပြဖူးဘူး.. သူနဲ့ သမီးကို ဘယ်သူမှ ဆက်စပ်ကြည့်မိမှာမဟုတ်ဘူး.. အရိပ်မည်းကိုတော့ ပြောဖို့မလိုတော့ပါဘူး ပြီးတော့ အဖေ သူကလင်းယူပါ”

“သူက တစ္ဆေလောကကို လာခဲ့တာလား” မုရုန်ဟွေ့သည် ရှီမာယူယူ ဝူလင်းယူအကြောင်း ပြောသည်ကို ကြားဖူးသည်။ သို့သော် သူသည် သူမ၏ စီနီယာအစ်ကိုဟုသာ ပြောခဲ့သည်။ သူ၏ နတ်ဆိုးလောကအတွင်း သရုပ်မှန်ကို မပြောခဲ့ပေ။ ဒါပေမဲ့ သူက လူသားလောကမှာရှိတာမဟုတ်ဘူးလား။ ဘာလို့ တစ္ဆေလောကကို ပြေးလာတာလဲ။

“သူက သမီးကိုရှာဖို့ တစ္ဆေလောကကို လာခဲ့တာပါ” မုရုန်ဟွေ့ကို အရိုအသေပြုနေသော ဝူလင်းယူကို ရှီမာယူယူသည် ချမ်းမြေ့စွာကြည့်လိုက် သည်။

မုရုန်ဟွေ့သည် အားကောင်းသော သရုပ်မှန်မရှိသလို မသန်မာသော်ငြား သူသည် သူမ အသိအမှတ်ပြုထားသည့်လူပင်ဖြစ်သည်။ ထို့ကြောင့် သူသည် လည်း အသိအမှတ်ပြုကာ တလေးတစား အရိုအသေပေးရမည်။

“ကောင်းတယ် ကောင်းတယ်” ဝူလင်းယူ မည်သို့ကျော်ဖြတ်ခဲ့သသည်ကို မုရုန်ဟွေ့ မသိသော်လည်း လွယ်မည်မဟုတ်ပေ။ သူမအတွက် သည်လောက် အထိလုပ်ခဲ့သည်ကို ကြည့်လျှင် သူမ ယုံကြည်ရသူဖြစ်သည်ကို ပြသနေသည်။

“အဖေ ရှင်းလင်းပြီးတာနဲ့ မြို့ကိုပြန်ကြတာပေါ့.. နောက်မှ စကားတွေ ဆက်ပြောကြမယ်” ရှီမာယူယူ အကြံပြုလိုက်သည်။

သူမ ထင်ထားသလိုပင် ရင်မျိုးနွယ်မှလူများ လွတ်သွားသည်နှင့် မြို့ဆီသို့ တိုက်ရိုက်သွားကာ ပုန်းအောင်းကြလေသည်။ သူတို့မျိုးနွယ်ကို တပ်ကူခေါ်ပြီး သည်နှင့် ရှီမာယူယူနှင့်တွေ့ခဲ့ပုံများကို ပြောပြလိုက်သည်။

ရှီမာယူယူနောက်လိုက်ပြီး သူမကိုရှာနေသူမှာ များပြားလှသည်။ အခု သူတို့သည် သူမရှိသည့်နေရာကို သိသွားသဖြင့် သေချာပေါက် ပြန်ပေးဆပ်ခိုင်း မည်ဖြစ်သည်။ သို့သော် ရှီမာယူယူနှင့် မုရုန်ရှီတို့ တစ်ချိန်တည်းပေါ်လာသည် မှာ အနည်းငယ် နားမလည်နိုင်စရာဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် မုရုန် ဟွေ့ကို တိုက်ခိုက်လိုသူများသည် စိတ်ပြောင်းသွားကြသည်။

ရှီမာယူယူနှင့် တခြားသူများ မြို့သို့ပြန်ရောက်သောအခါ ရှီမာယူယူသည် ဝူလင်းယူကို တွယ်ချိတ်ထားပြီး မီအာသည် မုရုန်ဟွေ့၏လက်ကောက်ဝတ်ကို ဆွဲကိုင်လာသည်။ ပုံစံတူသော လူနှစ်ယောက် အတူလျှောက်လာသဖြင့် မြို့ အဝင်ပေါက်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

အစက ရှီမာယူယူသည် ဤနေရာတွင် အချိန်တစ်ခဏဖြုန်းပြီးသည်နှင့် ထွက်သွားရန်စီစဉ်ထားသည်။ သို့သော် မြို့အဝင်ပေါက်တွင် လူများ ရုတ်ရုတ် သဲသဲဖြစ်နေသည်ကိုမြင်ပြီးနောက် လမ်းခွဲရန် မုရုန်ဟွေ့ကို ပြောလိုက်သည် “နယ်စားမုရုန် ကျွန်မတို့ မြို့အဝင်ကိုရောက်ပြီဆိုတော့ ဒီမှာပဲ နှုတ်ဆက်လိုက် ပါတယ်”

မုရုန်ဟွေ့သည် သူမကို နေရန် တိုက်တွန်းချင်သည်။ သို့သော် နေရာမှာ မသင့်တော်သည်ကို တွေ့လိုက်ရသည်။ သူတို့သည် တခြားသူများကို ရင်းနှီးလှ သည်မဟုတ်ပေ။ သူ ခေါင်းညိတ်ပြီး ဝူလင်းယူတို့နှင့်အတူ ထွက်သွားသည့် ရှီမာယူယူကို ကြည့်နေလိုက်သည်။

All Chapters