စိုးရိမ်ခြင်း
Vol. 135 Ch. 1884
“အဖေ နေဖို့တည်းခိုဆောင်ကို သွားကြမယ်လေ အဖေရော ဦးလေးလင်း ရော လျောင်ပြည်နယ်ကလူတွေရော ဒဏ်ရာတွေရထားကြတာ ၂ ရက်လောက် နားပြီးမှ အင်ပါယာမြို့တော်ကို သွားကြတာပေါ့” မီအာသည် သူ့လက်ကို ဆွဲလွှဲ ပြီး သတိပြန်ဝင်အောင်လုပ်လိုက်သည်။
“ရှီအာ သူမက အဖေတို့ကိုကယ်ခဲ့တာ… အခွင့်အရေးရရင် သူမကို သေချာလေး ပြန်အကြွေးဆပ်ရမယ် ဟုတ်ပြီလား” ထိုသို့ပြောရင်းနှင့် မုရုန် ဟွေ့သည် သူ၏ တည်ရှိမှုကို ဖော်ပြလိုက်သည်။ ရှီမာယူယူတွင် တစ်ခုခုဖြစ် လာပါက လျောင်ပြည်နယ်သည် ရှေ့ထွက်ကာ လက်ကမ်းပေးမည်ဖြစ်သည်။
“သိပါပြီ သိပါပြီ သမီးတို့ ပြန်ရောက်တာနဲ့ သူမကိုသွားပြီး ကျေးဇူးတင် ကြတာပေါ့.. အရင်ဆုံး အဖေတို့ဒဏ်ရာတွေကုရဦးမယ်” မီအာသည် ရှီမာယူယူ အရင်က ပြုမူသည့်အတိုင်း လိုက်လုပ်သည်။ သာမန်လူသာဆိုလျှင် သူတို့နှစ် ယောက်ကို ခွဲနိုင်မည်မဟုတ်ပေ။
တစ်ဖက်တွင်တော့ ရှီမာယူယူနှင့် တခြားသူများသည် ထိုနေရာရှိ အကြီး ဆုံး တည်းခိုဆောင်သို့သွားကာ အကောင်းဆုံးအခန်းကို ငှားလိုက်ကြသည်။ အရိပ်မည်းနှင့် ဟွမ်တို့သည် သူတို့အခန်းသူတို့ ပြန်သွားကြပြီး ဝူလင်းယူသည် သူမအခန်းကို လိုက်ပို့သည်။
“ဒီနေ့ညတော့ အေးချမ်းမှာမဟုတ်ဘူး” ဝူလင်းယူသည် တံခါးကိုမှီထား သည် “ဘာလို့ ကိုယ်တို့အတူမနေရမှာလဲ”
ရှီမာယူယူသည် သူ့ရင်ဘတ်ကိုတွန်းပြီး ပြောလေသည် “မရှုပ်နဲ့တော့ အစ်ကိုသာ ဒီမှာရှိရင် အဲလူတွေလာရဲပါ့မလား”
“အတူတူပဲလေ.. ကိုယ့်ရောင်ဝါကို ဖိနှိပ်ထားရင်ရတာပဲ.. မဟုတ်ရင် အဲလူတွေရောက်လာလို့ ကိုယ်မရောက်ရင် ဘယ်လိုလုပ်မလဲ” ဝူလင်းယူသည် သူမ၏ တံခါးကိုအားဖြင့်တွန်းလိုက်ပြီး သူမ၏ အိပ်ရာဆီသို့ ဟန်ပါပါလှဲလိုက် ပြီး သူမကို ကြည့်လိုက်သည်။
“ဆင်ခြေများပုံများတော့” ရှီမာယူယူသည် မျက်လုံးလှိမ့်လိုက်သည်။ သို့သော် သူမသည် တံခါးပိတ်လိုက်သည်မှာ ညနေခိုင်းရန် သဘောတူသည်ကို ဖော်ပြလိုက်ခြင်းဖြစ်သည်။ “အစ်ကို့အခန်းကငှားရတာ ပိုက်ဆံကုန်တာပဲ အဖတ်တင်တယ်”
“ကိုယ့်ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ရင်ရော.. အဲလိုဆို မင်းအတွက် အရှုံးမရှိ ဘူးလေ” ဝူလင်းယူသည် သူမကို ရယ်ပြလေသည်။
“ဒီမှာ အဖေ့ကိုခေါ်ထုတ်မလို့” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။
ဒီကောင်မလေးတော့နော်.. သူက အခွင့်အရေးစောင့်နေတာ သိရဲ့သားနဲ့ ဒီစကားပြောရဲသေးတယ်။ သူကတော့ တကယ်ပဲ ပြဿနာကို ဖိတ်လိုက်သလို ပဲ။
ထင်ထားသည့်အတိုင်းပင် သူမစကားများကို ကြားသောအခါ သူသည် ရှက်ရွံ့စွာ ရယ်မောလေသည်။ သို့သော် သူ့ရှေ့မှနေရာလွတ်ကို ပုတ်ပြပြီး သူမ ကို ခေါ်လေသည်။
ရှီမာယူယူ လျှောက်သွားလိုက်ရာ သူသည် လက်ဆန့်ပြီး သူမကို ပွေ့ကာ သူ့ရှေ့တွင် လှဲခိုင်းလေသည်။ သူသည် အခွင့်အရေးကို အမိအရယူကာ ရှေ့တိုး ပြီး သူမအနောက်မှ သိုင်းဖက်လေသည်။
“ယူယူ”
“ဟင်”
“ကိုယ် ဒီနေရာကိုရောက်နေတဲ့ နတ်ဆိုးလောကကလူတွေနဲ့ ဆက်သွယ် မလို့” ဝူလင်းယူ ပြောလိုက်သည်။
“ဘာလို့ ဆက်သွယ်ဖို့ စဉ်းစားတာလဲ” ရှီမာယူယူသည် သူ့လက်ချောင်း များနှင့် ဆော့ကစားနေရင်း မေးလိုက်သည်။
“အခုချိန်က သူတို့နဲ့ ဆက်သွယ်ဖို့အချိန်ကောင်းပဲ.. ကိုယ်တို့ မင်းအမေကို ကယ်ပြီးသွားရင် တစ်ခါတည်းလှုပ်ရှားလို့ရပြီ”
“အဲလိုည်းဖြစ်တာပဲ.. ဒါပေမဲ့ သူတို့က အစ်ကို့ကို သစ္စာရှိတယ်ဆိုတာ သေချာအောင်လုပ်ရမယ်… တစ္ဆေလောကမှာ အစ်ကိုရောက်နေပြီဆိုတာ သတင်းပျံ့သွားတာနဲ့ နတ်ဆိုးဘုရင်က နတ်ဆိုးလောကက အစ်ကို့ခန္ဓာကိုယ် ဒါမှမဟုတ် အစ်ကို့လူတွေကို တစ်ခုခုလုပ်လိုက်နိုင်တယ်..အဲဒါလည်း ပြဿနာ ပဲ”
“အင်း ဟုတ်တယ်”
သူတို့နှစ်ယောက်သည် တခြားအကြောင်းများကိုလည်း အလ္လာပသလ္လာပ ပြောကြရာ ညတစ်ဝက်ခန့်အရောက်တွင် လှုပ်ရှားမှုရှိလာသည်။
“သူမ ဒီမှာရှိတယ်ဆိုတာ သေချာလား”
“သေချာတယ်.. သူတို့က အကောင်းဆုံးအခန်းကိုငှားထားကြတာ အနောက်မှာရှိတဲ့ ခြံဝန်းနဲ့အခန်းပဲ တခြားနေရာတွေနဲ့ဝေးတယ်”
“အဲဒီခြံဝန်းထင်တယ် သူမကိုမလွတ်စေနဲ့”
အဖွဲ့တစ်ဖွဲ့သည် ပျံလာသည်။ သူတို့ ထိုနေရာကို မဝိုင်းခင်မှာပင် အရိပ် မည်းနှင့် ဟွမ်ပေါ်လာသည်။
“မင်းတို့ကို စောင့်နေတာကြာနေပြီ အခုမှပဲပေါ်လတော့တယ်” အရိပ် မည်းသည် ထိုလူများကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ပြောလေသည် “ရောက် လာတဲ့လူတွေကလည်း ဘာလို့ ဒီအဆင့်ပဲရှိတာလား.. အမြဲတမ်း အပျော်ပျက် တယ်”
သူတို့ ရောက်လာခြင်းမှာ ပေါ်ပေါက်သွားလိမ့်မည်ဟု ထိုလူများ ထင် မထားပေ။ သူတို့သည် အမြဲတစေ သူတို့၏ရောင်ဝါကို ဖိနှိပ်ထားခဲ့သည်။ သို့သော် ထိုနှစ်ယောက်သည် ချက်ချင်းပေါ်လာခဲ့သည်။ သူတို့ကို စောင့်နေ သည့်အတိုင်းပင်။
“စကြတာပေါ့” ဟွမ်သည် စကားနည်းကာ ချက်ချင်းပင်လှုပ်ရှားသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အခန်းထဲတွင်ရှိနေကြသည်။ အပြင် ဘက်မှ လှုပ်ရှားသံများကို ကြားသောအခါ သူမလှည့်ပြီး လက်ချောင်းနှင့် သူ့ ရင်ဘတ်ကိုတွန်းလိုက်သည် “အစ်ကိုရှိနေရင် အန္တရာယ်ကို စောစောသိမှာလို့ မပြောခဲ့ဘူးလား.. ဟွမ်တို့တောင်မှ သွားလိုက်ပြီ ဒီမှာပျင်းနေဦးမှာလား”
“ကိုယ်က မင်းကိုကာကွယ်ဖို့တာဝန်ရှိတာလေ.. ဒီမှာနေရင်တော်ပြီလေ” ဝူလင်းယူသည် သူမလက်ကို ဆွဲပြီး ပါးစပ်နှင့်အသာကိုက်လေသည်။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး ရေရွတ်လိုက်သည် “အမြဲတမ်း မစီလျော် ဘူး”
“ကိုယ်က မစီလျော်တာတော့ မှန်ပါတယ် ဒါပေမဲ့ အမြဲတမ်းမဟုတ်ပါဘူး ကိုယ်သိပါတယ် မင်းက ကိုယ်နဲ့အမြဲတမ်းရှိချင်တာ ကိုယ်တို့အိုသွားရင် အမြဲ တမ်းမစီလျော်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ သိလာလိမ့်မယ်”
ရှီမာယူယူ - …
သူမသည် သူ့ကို မေးချင်သည်။ သူ့ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားတာ လဲ။
ဝူလင်းယူသည် တည်ငြိမ်နေသော်လည်း အပြင်မှကိစ္စကို ဂရုမစိုက်ဘဲ မနေနိုင်ပေ။ သူမလှည့်ပြီး အိပ်ရာပေါ်မှဆင်းသွားရာ ဝူလင်းယူသည် သူမ အနောက်မှလိုက်ခဲ့လေသည်။ သူတို့သည် တံခါးဖွင့်လိုက်ပြီး တိုက်ပွဲနှင့် ကင်း စေရန် အတားအဆီးစီမံလိုက်သည်။ သူတို့သည် ကာကွယ်ရန်ပင်မလိုပေ။
“ရှီမာယူယူ” သူတို့သည် သူမကိုမြင်သောအခါ လေပေါ်မှလူများသည် အံကြိတ်ကြလေသည်။
ရှီမာယူယူသည် သူတို့ကို မည်သည့်အမူအရာမှ မပြဘဲစိုက်ကြည့်လိုက် သည်။ သူမသည် ထိုစဉ်ကအဖြစ်များကို အပြစ်မတင်နိုင်ပေ။ သူမ အမှားလုပ်မိ သည်ဟု မထင်ပေ။ သူမသည် တစ္ဆေလောကကို ဤအခြေအနေဖြစ်အောင် လုပ်ခဲ့သော်လည်း အခွင့်အရေးထပ်ရလာပါက တူညီသောရွေးချယ်မှုကိုသာ လုပ်မိမည်ဖြစ်သည်။
ထိုလူများသည် သူတို့၏ လောဘအတွက် အသက်စွန့်သွားကြခြင်းဖြစ် သည်။ သူတို့၏ မျိုးနွယ်ဝင်နှင့် မိတ်ဆွေများသည် သူတို့အတွက် လက်စားချေ ချင်ကြသည်။ ထိုအရာကို သူမ နားမလည်နိုင်ပေ။ ဤကဲ့သို့အခြေအနေမှာ မည်သူက ပိုသန်မာသည်ဆိုသည့်အပေါ်တွင် မူတည်သည်။
တစ်ချိန်တည်းမှာပင် ဤကဲ့သို့အခြေအနေကိုဖြစ်စေသည့် အကြောင်း အရင်းတစ်ခုမှာ တစ္ဆေဘုရင်၏ သဘောထားကြောင့် ဖြစ်ပေါ်လာသည်ကို သူမ သိခဲ့ရသည်။
ယွိခဲ့လော့ တစ္ဆေလောကသို့ ဖမ်းခေါ်ခံရလာပြီးနောက်တွင် သူမ၏ ခြေရာလက်ရာများအားလုံး ပျောက်သွားခဲ့သည်။ တစ္ဆေဘုရင်သည် သူမကို စိတ်ပျက်သွားခြင်းကြောင့် သတ်လိုက်သည်ဟု သတင်းများထွက်ခဲ့သည်။ သူသည် အချစ်ဆုံးသမီးဖြစ်သူကိုပင် ထိုသို့ပြုမူခဲ့ရာ လူသားမျိုးနွယ်သွေး စီးဆင်းနေသော မြေးမကို ပို၍ပင်လျစ်လျူရှုနိုင်သည်။ ထို့ကြောင့် သူမကို သတ် လိုက်လျှင်လည်း တစ္ဆေဘုရင်သည် သူတို့ကို အပြစ်မပေးနိုင်ပေ။ ထို့ကြောင့် ပင် သူတို့သည် ရဲတင်းစွာပြုမူကြခြင်းဖြစ်သည်။
အကယ်၍ တစ္ဆေဘုရင်သာ သူမကို အနည်းငယ်မျှသာ ဂရုစိုက်လျှင် ယခု လိုလူများ လိုက်ခြင်းကိုခံရမည်မဟုတ်ပေ။
အဲဒီတော့ သူမက သူ့ကိုသွားရှာဦးမှာလား။ သူကရော သူမရဲ့အမေ ဘယ်မှာလဲဆိုတာ ပြောပြပါ့မလား။
အဘိုးကို သူမ အရင်ကမတွေ့ဖူးသည့်အတွက် ဘာကိုမှအာမမခံနိုင်ပေ။
ဝူလင်းယူသည် သူမ၏လက်ကိုဆွဲကိုင်လိုက်သည် “စိတ်မပူနဲ့ အဆိုးဆုံး ကတော့ သူမကို ကိုယ်တို့ဘာသာရှာမယ်.. ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ ဝမ်းကွဲ အစ်ကိုကို ယုံရမယ်”
သူ တစ္ဆေလောကသို့ရောက်ပြီး မေ့ပျောက်ခြင်းမြစ်တွင်သာ အချိန် တော် တော်များများကုန်ဆုံးခဲ့သော်လည်း လူသတ်နတ်ဘုရား ဒိကျဲ့ဆိုသည့် နာမည် ကိုသိသည်။ သူနှင့် ယွိခဲ့လော့တို့၏ ဆက်နွယ်မှုကိုလည်း သူ သိထားသည်။ တစ္ဆေလောကသည် သူမကိုစွန့်ပစ်ခဲ့သော်လည်း ဒိကျဲ့သည် သူမကို လက် မလွတ်ခဲ့ပေ။
“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် ဝမ်းကွဲအစ်ကိုက အမေ့ အတွက် တစ္ဆေတစ်ရာအလံတော်ကိုရအောင်ယူပြီး ရှေးဟောင်းဝိညာဉ်တွေစုဖို့ မသေမျိုးနယ်မြေကိုသွားခဲ့တာ.. အဲဒါကြောင့် သူ့ကိုတော့ယုံလို့ရတယ်.. သူ အဲဒီ အင်အားစုတွေကို မတွန်းလှန်နိုင်မှာကိုပဲစိုးတာ”
ဒိကျဲ့သည် ရလာသောသတင်းများကြောင့် ဒေါသထွက်နေသည်။ ဒိလျူ နှင့်အောက်မှတခြားသူများသည် အသက်ပင်ကျယ်လောင်စွာ မရှူရဲကြပေ။
“ဒီယူယူကတော့ ဘာလို့များ ဒီလောက် သတိမမူရတာပဲ.. သူမရဲ နေရာ ကိုတောင် ကြေညာလိုက်ပြီ… ငါ မင်းတို့ကို စုံစမ်းခိုင်းထားတာကို စုံစမ်းပြီးကြ ပြီလား.. သူမ တစ္ဆေလောကကို ရောက်နေပါတယ်လို့ ဘယ်သူ သတင်းဖြန့်တာ လဲ”
“ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ တစ္ဆေကြင်ယာတော်ရှိပါတယ်” ဒိလျူ သည် လည်ပင်းပုသွားကာပြောလေသည် “ပြီးခဲ့တဲ့နှစ် တယွိပြည်နယ်ပြိုင်ပွဲ တုန်းက သခင်မလေးက အရမ်းထူးချွန်တော့ အဲဒီကိစ္စနဲ့ဆက်စပ်ကြည့်ပြီး ချိတ်ဆက်မိသွားတာပဲ… သူမက မုရုန်ရှီမဟုတ်ဘူးဆိုတာကို တစ္ဆေကြင်ယာ တော်က သံသယဝင်သွားတာပဲ.. ဒါပေမဲ့ ဘာသက်သေမှမရှိရင်တောင် သခင်မလေးကို သတ်ချင်နေတာ… ဒါပေမဲ့ မုရုန်ရှီရဲ့ ရာထူးကြောင့်ရော.. နယ်စားကလည်း အဆင့်မနိမ့်တဲ့အပြင် တယွိမင်းသားကလည်း သူမဘက်က လူမဟုတ်တော့ ဒီနည်းလမ်းကိုသုံးလိုက်တာပဲ”