အမျက်ထွက်ခြင်း
Vol. 135 Ch. 1885
“ဘုန်း”
ဒိကျဲ့သည် သူ့ဘေးမှ လက်ဖက်ရည်စားပွဲကို လက်ဖြင့်ရိုက်လိုက်ပြီး အံကြိတ်ထားလေသည် “အဲဒီတစ္ဆေကြင်ယာတော် တစ်နေ့တော့ ငါ သူမကို သတ်မယ်”
“သခင် တစ္ဆေကြင်ယာတော်အကြောင်းကို နောက်မှပြောမယ်.. အခုက သခင်မလေးရဲ့အခြေအနေသိပ်မကောင်းဘူး” ဒိလျူပြောလေသည် “အပေါ်က လာတဲ့ သတင်းတွေအရဆိုရင် သခင်မလေးနောက်ကို လိုက်သတ်နေတာ အကြိမ်ပေါင်းမနည်းတော့ဘူးတဲ့”
“အခုနောက်ပိုင်း တစ္ဆေကြင်ယာတော်လွန်လာပြီ သူမကို မျက်ခြေမပြတ် စောင့်ကြည့်ထား ဒိလျူ လူခေါ်ပြီးငါနဲ့လိုက်ခဲ့.. ငါ့ဝမ်းကွဲညီမကို လက်နဲ့ထိရဲတဲ့ လူတွေကို ငါ ကြည့်ချင်တယ်” ဒိကျဲ့သည် အင်္ကျီလက်ကို ခါလိုက်ပြီး ယပ်တောင်ကို ဝေ့ယမ်းလိုက်သည်။
“ဒါပေမဲ့ သခင် ဒီမှာဘာခံတပ်မှမရှိရင် တစ္ဆေကြင်ယာတော်ကို ခုခံလို့ရ မှာ မဟုတ်ဘူး” ဒိယိသည် ရှေ့တိုးပြီး ပြောလေသည်။
သူသည် ဤနေရာရှိ ဒိကျဲ့၏ ကိစ္စများကို တာဝန်ယူထားသူဖြစ်ရာ လက်ရှိအခြေအနေကို အရှင်းဆုံးဖြစ်သည်။ တစ္ဆေကြင်ယာတော်သည် နောက် ပိုင်းတွင် အလုပ်များနေကာ သူတို့၏ လျှို့ဝှက်ကိစ္စများကို တူးဖော်ခဲ့သည်။ သူမ ၏ လက်ရှိလှုပ်ရှားမှုများကြောင့် တချို့သော အခြေမမြဲသည့် ဂိုဏ်းများသည် ပြိုလဲကြသည်။
“ဟုတ်ပါတယ် သခင်.. သခင်မလေးဘက်မှာ အန္တရာယ်များနေပမဲ့ ဒီက အခြေအနေက ပိုအရေးကြီးပါတယ်” ဒိအာသည် ရှေ့တိုးပြီးပြောလေသည်။ သူတို့သည် အမှောင်မင်းသမီးကို အမှန်တကယ်ပင် နှစ်သက်ကြသည်။ သို့သော် ရှီမာယူယူနှင့် ပတ်သက်ဖူးခြင်းမရှိကာ သူမအပေါ်တွင်လည်း မည်သည့်ခံစား ချက်မှမရှိပေ။ သူမ၏ လုံခြုံရေးသည် အရေးကြီးသည်ဟု ခံစားရသော်လည်း လက်ရှိအခြေအနေနှင့် ယှဉ်လိုက်လျှင် ဒိကျဲ့ကို အင်ပါယာမြို့တွင် နေပြီး ကိစ္စ များကို စီမံစေချင်သည်။
“သခင် တိုင်းပြည်ပြိုင်ပွဲ စဖို့က ၁ နှစ်တောင်မလိုတော့ဘူး.. နယ်စား တော်တော်များများကလည်း သူတို့လူတွေကို ခေါ်လာနေကြပြီ တစ္ဆေကြင်ယာ တော်က အရင်အခွင့်အရေးယူပြီး သူတို့ကို သူမဘက်ဆွဲခေါ်လိုက်ရင် ကျွန်တော်တို့ စခန်းက အားနည်းသွားလိမ့်မယ်” ဒိဆန်းသည်လည်း ပြောလာ သည် “ပြီးတော့ တခြားမင်းသားတွေကလည်း အတည်တကျမဖြစ်သေးဘူး.. တစ္ဆေကြင်ယာတော်ကို ဖိနှိပ်ထားတယ်ဆိုပေမဲ့ သူမက လှုပ်ရှားလို့ရနေတုန်း ပဲ ဒီအချိန်မှာမှ အင်ပါယာမြို့ကနေထွက်သွားရင် တကယ်တွေးမရတဲ့ကိစ္စဖြစ် သွားလိမ့်မယ်”
“ယူယူတစ်ခုခုဖြစ်သွားရင် ငါ ဒီနှစ်တွေမှာ ကြိုးစားခဲ့သမျှအားလုံး ရေစုန် မျောသွားတော့မှာ” ဒိကျဲ့သည် သူ၏ သစ္စာတော်ခံများကို ဒေါသထွက်လျက်ရှိ သည်။ သူတို့သည် ချဉ်းကပ်ပုံမှာ ပြေပြစ်သော်လည်း သူတို့၏ မျက်နှာထားများ မှာတော့ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် တစ်ချိန်လုံး နှုတ်ဆိတ်နေသော တစ္ဆေသခင်ကိုကြည့်ပြီး ပြောလိုက်သည် “တစ္ဆေသခင် ဘာ ပြောချင်လဲ”
သူ့နာမည်ကို ခေါ်မှပင်တစ္ဆေသခင် ခေါင်းမော့လာသည်။ သို့သော် သူ့ မျက်နှာကို ခေါင်းဆောင်းအုပ်ထားသဖြင့် မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
“ရှီမာယူယူကို သခင်ဘယ်လောက် အလိုလိုက်လဲဆိုတာ ကျွန်တော် နားလည်ပါတယ် ပြီးတော့ သူမအခြေအနေကလည်း အခက်တွေ့နေတာ မှန်ပါ တယ်.. ဒါပေမဲ့ လက်ရှိအခြေအနေကို ကြည့်ရင်တော့ အဲဒီကိုသွားလိုက်တာက သိပ်အသုံးဝင်မယ်မထင်ဘူး” တစ္ဆေသခင်သည် တစ်လုံးချည်းစီ ပြောသည်။ ဒိကျဲ့ ပေါက်ကွဲတော့မည်ကို သူ မြင်သောအခါ စကားပြောရပ်ရန် လက်ကို မြှောက်လိုက်ပြီး သူ ဆက်ပြောသည် “ပြီးတော့ သူမဆီကိုသွားဖို့ အသင့်တော် ဆုံးက သခင်လည်းမဟုတ်ဘူး”
“ငါက မသင့်တော်ဘူးလား မင်းက မိုယွိကိုသွားခိုင်းနေတာလား” ဒိကျဲ့ မေးလိုက်သည်။
တစ္ဆေသခင်သည် ခေါင်းခါလိုက်သည် “သခင်မိုယွိက သူများတွေ အမြင် မှာ တစ္ဆေကြင်ယာတော်နဲ့ ထဲထဲဝင်ဝင်ပတ်သက်နေတယ်လို့ ထင်ကြတယ်.. ပြီးတော့ သူက အခုမြို့တော်မှာမရှိဘူး”
“ဒါဆိုရင် မင်းက ဘယ်သူ့ကိုပြောနေတာလဲ” ဤအချိန်တွင် ရှီမာယူယူ အား ကာကွယ်လိုရန် ဆန္ဒရှိသူမှာ မည်သူဖြစ်သည်ကို ဒိကျဲ့တွေးမရပေ။
“သခင် မေ့နေပြီပဲ.. သခင်မလေးမှာ တခြားရင်းနှီးတဲ့ဆွေမျိုးတွေရှိသေး တယ်.. သူမကို အရမ်းဂရုစိုက်တဲ့သူလေ” တစ္ဆေသခင်သည် သူ့ကို သတိပေး လိုက်သည်။
“မင်းပြောတာက.. အဘိုးလား” ရှီမာယူယူ အရင်က သဘောမတူခဲ့သဖြင့် သူ ပြန်လာကတည်းက သူမအကြောင်းကို တစ္ဆေဘုရင်ကို ဒိကျဲ့ မပြောခဲ့ပေ။ “ဒါပေမဲ့ အဘိုးက တံခါးပိတ်ကျင့်ကြံနေတာ ထွက်မလာတာ ဒီလောက်ကြာနေ ပြီ.. အဲဒါကြောင့်ပဲ တစ္ဆေကြင်ယာတော်က နောက်ပိုင်း စိတ်တိုင်းကျလုပ်နေ တာလေ”
“တစ္ဆေဘုရင်က တံခါးပိတ်ကျင့်ကြံတာကို စည်းကမ်းကျပ်တာမှမဟုတ် တာ.. သူ့ကို ရှီမာယူယူအကြောင်း ပြောလိုက်လို့ သူသာ အမှောင်မင်းသမီးကို ဂရုစိုက်ရင် သွားမှာပဲ” တစ္ဆေသခင် ပြောလေသည်။
“ဒါပေမဲ့… သူ မသွားရင်ရော” ဒိကျဲ့သည် တစ္ဆေဘုရင်ကို အကြွင်းမဲ့ မယုံ ပေ။
“ဒိလျူတို့ကို လူခေါ်ပြီး သူ့ကိုအရင်သွားခိုင်းလိုက်ပါ.. ဘုရင် မသွားရင် ကျွန်တော်တို့ သခင်မလေးကို ကာကွယ်လို့ရတာပဲ” တစ္ဆေသခင် ပြောလေ သည် “အဲနှစ်က ဖြစ်ခဲ့တာတွေကတော့ တစ္ဆေဘုရင်ရဲ့ သဘောထားကို အခုထိ မသေချာသေးဘူးလေ… ဒီအခွင့်အရေးမှာ သူ ဘယ်ဘက်မှာရပ်တည်မလဲဆို တာ ကြည့်လို့ရတာပေါ့”
“ဒါပေမဲ့…” ဒိကျဲ့သည် မယုံကြည်သေးပေ။
“သခင်.. အရှင့်ရဲ့ အကျင့်နဲ့ဆိုရင် သခင်မလေးကို သွားမရှာရင်တောင် သူမကို မသတ်လောက်ပါဘူး” တစ္ဆေသခင်သည် ထိုတစ်ခုကိုတော့ သေချာနေ သည် “ပြီးတော့ သခင်မလေးက အရှင့်ကို သီးသန့်ပြောချင်တာရှိတယ်လို့ သခင် ပြောခဲ့တယ်မလား.. ဒီအခွင့်အရေးမှာ အရှင်နဲ့သူမကို ပေးတွေ့ပေးလိုက်ရင် ရေခဲကို ခွဲဖို့ အခွင့်အရေးကောင်းတစ်ခုပဲ”
ဒိကျဲ့သည် အတန်ကြာ တွေဝေပြီးနောက် မတ်တတ်ထကာ ပြောလိုက် သည် “ဒိလျူ မင်းနဲ့လူနည်းနည်းခေါ်သွားပြီး ရှီမာယူယူကို ခြေရာခံလိုက်… အတတ်နိုင်ဆုံး သူမ ဘေးကင်းအောင်လုပ်ရမယ်.. ငါ နန်းတော်ကိုသွားပြီး အဘိုးကို သွားပြောလိုက်မယ်”
သို့သော် တော်ဝင်နန်းတော်ကို ဝင်ရန်မှာ မလွယ်ကူလှပေ။ အပြင်တွင် စောင့်ကြပ်နေသူများမှာ တစ္ဆေကြင်ယာတော်၏ လူများဖြစ်ကြသည်။ တစ္ဆေ ဘုရင်ကို မည်သည့်အကြောင်းအရင်းနှင့် လာရှာသည်ဖြစ်စေ တစ်ဖက်လူမှာ သူ့ကို အဝင်မခံပေ။ ဒိကျဲ့သည် သူ့လမ်းကို ပိတ်သူများကို အေးစက်စွာ နှာရှုတ် ပြီး ချက်ချင်းပင် နှစ်ယောက်ကို သတ်လိုက်သည်။
“ငါ အေးအေးဆေးဆေးနေလာတာ ကြာတော့ ငါ့နာမည်ကို မင်းတို့ မေ့ သွားပြီထင်တယ်”
ထိုစကားပြောပြီးသည်နှင့် တခြားအစောင့်များသည် သူ့လမ်းကို မပိတ် တော့ပေ။
“စစ်သူကြီး သူက လက်ရှိမှာ တံခါးပိတ်ကျင့်ကြံနေတာပါ.. ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးလို့ ပြောထားပါတယ်” သည်တစ်ကြိမ် ထွက်လာသူမှာ ဘုရင်၏ လက်အောက်ငယ်သားဖြစ်သည်။ မည်သို့ပင်ဒိကျဲ့ဖြစ်စေကာမူ သူ့ကိုတော့ လက်လွတ်စပယ်မသတ်ရဲပေ။
“ငါ ကိစ္စတချို့ရှိလို့ လာရှာတာပါလို့ အဘိုးကိုသတင်းပို့လိုက်” ဒိကျဲ့သည် သူ့ကို ယဉ်ကျေးစွာ အရိုအသေပြလိုက်သည်။
“စစ်သူကြီး အရှင်က ဘယ်သူ့ကိုမှမတွေ့ချင်ဘူးလို့ ပြောထားပါတယ်” အစောင့်သည် ထိုနေရာ၌ပင် ရပ်မြဲရပ်နေကာ သတင်းသွားပို့ရန် ရည်ရွယ်ချက် မရှိပေ။
“မင်း ဒီလောက် အတင်းအကြပ်လုပ်နေရင် မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့” ဒိကျဲ့သည် ရှီမာယူယူ၏ လုံခြုံရေးကို စိတ်ပူနေရာ သူ့လမ်းကို ပိတ်နေသူများကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် အစောက သူ့ရည်ရွယ်ချက် ကို ယဉ်ကျေးစွာ ပြောပြီးဖြစ်သည်။ သူတို့ ဆက်ပြီး ကန့်ကွက်နေလျှင် အားသုံး ရမည်ပင်။
“စစ်သူကြီး ကျွန်တော်တို့က အရှင့်လက်အောက်က တပ်သားတွေပါ” သူတို့သည် အပြင်ရှိအခြေအနေကို သတိထားမိသည်။ သို့သော် အပြင်မှလူများ နှင့်မတူပေ။
“သခင် မရဘူး” ဒိယိသည် ပေါက်ကွဲတော့မည့် ဒိကျဲ့ကို တားထားပြီး ခေါင်းခါပြလေသည်။
ဒိကျဲ့သည် ဒိယိကိုကြည့်ပြီး ထိုအစောင့်နှစ်ယောက်ကို လှည့်ကြည့်လိုက် သည်။ သူသည် နှုတ်ခမ်းတွန့်ပြီးနောက် အထဲသို့ အော်ပြောလိုက်သည် “အဘိုး ကျွန်တော် ယူယူ့အကြောင်း ပြောဖို့လာတာပါ.. အခု သူမကို လူတွေလိုက်နေ ကြတယ်…”
သူပြောပြီးနောက်တွင် တင်းကြပ်စွာ ပိတ်ထားသော တံခါးပွင့်လာပြီး အထဲမှ အသံတစ်သံထွက်လာသည် “ဝင်ခဲ့”
တစ္ဆေကြင်ယာတော် သတင်းရပြီး အမြန်ရောက်လာချိန်တွင် အခန်းထဲ သို့ ဝင်သွားသော ဒိကျဲ့၏ ကျောပြင်ကိုသာမြင်လိုက်ရပြီး တံခါးမှာပိတ်သွား လေပြီဖြစ်သည်။
ဒိကျဲ့ တစ္ဆေဘုရင်၏ ကျင့်ကြံသည့်နေရာကို ရောက်ဖူးသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ သူသည် ထိုနေရာကို လှည့်ပတ်ကြည့်လိုခြင်းမရှိဘဲ တစ္ဆေ ဘုရင် ကျင့်ကြံသည့်နေရာသို့ နောက်မှလိုက်သွားသည်။
တစ္ဆေဘုရင်သည် ဒိကျဲ့နှင့် ကိုယ်လုံးကိုယ်ပေါက် တူသည်။ သို့သော် သူ ပိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သောအခါ ရောင်ဝါဖိအားမှာ ထွက် လာသည်။
“ယူယူ့ကို အဲလူတွေလိုက်နေတယ်လို့ ပြောတာလား” တစ္ဆေဘုရင် မေး လိုက်သည်။
“ဟုတ်ပါတယ်”
“မင်းက လူသားလောကက ကိစ္စတွေကို လိုက်ကြည့်နေတုန်းလား”
“အဘိုး ယူယူက တစ္ဆေလောကကို ရောက်နေပါပြီ” တစ္ဆေဘုရင်သည် မျက်ခုံးတွန့်ပြီး နှုတ်ခမ်းကွေးတက်သွားသည်ကို ဒိကျဲ့မြင်လိုက်ရပြီး ဆက်ပြော လေသည် “ယူယူ တစ္ဆေလောကကို ရောက်နေတာ နှစ်နည်းနည်းရှိပါပြီ.. ပြီးတော့ အဆင်လည်းပြေပါတယ် လတ်တလောမှာ သူမရဲ့သရုပ်မှန်ပေါ်သွား ပြီး ဂိုဏ်းအတော်အများက သူမနောက်ကို လိုက်နေပါတယ်.. ကျွန်တော် သိ သလောက်ဆိုရင် သူမကို သတ်ဖို့ကြိုးစားတာ ဆယ်ခါထက်မနည်းပါဘူး”
“သူမ တစ္ဆေလောကကို ရောက်နေတာ ငါမသိလိုက်ပါလား” တစ္ဆေဘုရင် သည် သူ့ကို စိုက်ကြည့်ပြီး ဖြည်းညင်းစွာ ပြောလေသည်။ သူ့အသံမှာ သဘော ကျသည် မကျသည်ကို ဖော်ပြခြင်းမရှိပေ။