မြစ်ပြာ
Vol. 135 Ch. 1886
ထိုစကားမှာ တစ္ဆေဘုရင် အမျက်ရှသည့်အဓိပ္ပာယ် သက်ရောက်သည်ကို ဒိကျဲ့သိသည်။ သူသည် ခေါင်းငုံ့ကာ တိုးညင်းသောအသံဖြင့် ပြောလိုက်သည် “ယူယူက အဘိုးကိုမပြောခိုင်းလို့ပါ”
သူ ထိုသို့ပြောလိုက်သောအခါ တစ္ဆေဘုရင်၏ ဒေါသမှာ အနည်းငယ် ပြေ ပျောက်သွားသည်။ သူ၏ မျက်လုံးများသည် နာကျင်သည့်အရိပ်အယောင် သမ်း သွားသည် “သူမက ငါ့ကိုအပြစ်တင်နေတာမလား”
ဒိကျဲ့သည် ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် လေးနက်စွာ ပြောလိုက်သည် “သူမက… ဒီအတိုင်း မသေချာတာပါ”
“ဟုတ်လား မင်းကိုယ်တိုင်က ဖြူကောင်လိုဖြစ်ခဲ့တာမျိုးလား” တစ္ဆေ ဘုရင်သည် သူ့ကိုမကြည့်ပေ။ သူ့အကြည့်များမှာ လစ်ဟာနေသည်။ သို့သော် ဒိကျဲ့ပြန်ဖြေမည်ကို မမျှော်လင့်ထားဘဲ ဆက်ပြောလေသည် “မင်းပြောတဲ့ အခြေအနေက ဘယ်လိုဖြစ်တာလဲ”
“ယူယူ တစ္ဆေလောကကို ရောက်လာတဲ့အချိန်မှာ မုရုန်ရှီကအသတ်ခံ လိုက်ရတယ်… သူမက မုရုန်ရှီနဲ့ တူတော့ မုရုန်ရှီရဲ့နာမည်နဲ့ တစ္ဆေလောကမှာ နေလာခဲ့တာ…” ဒိကျဲ့သည် ရှီမာယူယူ ဖြစ်ခဲ့သည်များကို ပြောပြလိုက်သည်။
“သူမမှာ သုံးစရာနာမည်ရှိနေတာကို ဘယ်လိုလုပ်ပေါ်သွားတာလဲ”
“ရှီမာယူယူ မသေမျိုးနယ်မြေသွားတုန်းက ယွိဒူကိုသတ်ခဲ့တယ် ပြီးတော့ လူသားလောကကို လူလွှတ်ပြီး သူမကို သတ်ဖို့ ခိုင်းခဲ့ကြတယ်… ပြီးတော့ အရှေ့မျှတမှုမြို့တော်က ကိစ္စကိုလည်း အဘိုးသိပြီးသားပါ.. အဲဒါကိုဖျက်ဆီး လိုက်တာက သူမလေ.. အခု သူမ တစ္ဆေလောကကို ရောက်နေပြီဆိုတာကို တခြားလူတွေသိတာနဲ့ လက်စားချေချင်နေကြတာ” ဒိကျဲ့ ပြောလိုက်သည် “အစတုန်းကတော့ သူမရဲ့သရုပ်မှန်ကြောင့် အဲလူတွေက မထိရဲကြဘူး ဒါပေမဲ့”
သူသည် စကားဆုံးအောင် မပြောသော်လည်း တစ္ဆေဘုရင်သည် ဆိုလို ရင်းကို နားလည်သည်။
သို့သော် တစ္ဆေဘုရင်သည် သူ၏ရပ်တည်ချက်ကို ဖော်ပြခဲ့ခြင်းမရှိသလို တစ္ဆေကြင်ယာတော်သည် သတင်းထုတ်ဖော်ခဲ့ပြီး သဘောထားကို ဖော်ပြခဲ့ရာ ထိုလူများသည်ပို၍ပင် အတင့်ရဲလာကြသည်။
“ငါသိပြီ မင်းသွားတော့” တစ္ဆေဘုရင်သည် လက်ကိုဝေ့ယမ်းပြီး သူ့ကို ထွက်သွားခိုင်းလိုက်သည်။
ဒိကျဲ့သည် ခေတ္တမျှတုံ့ဆိုင်းသွားသည်။ သူသည် ရှီမာယူယူကို သွားကယ် မည် မကယ်မည်ကိစ္စကို မမေးတော့ပေ။ သူသည် အခြေအနေကို ဆက်စောင့် ကြည့်ရန် သူ့လူများကို ခိုင်းခဲ့ပြီး ထွက်လာခဲ့လိုက်သည်။
“သခင်.. သခင်ဝင်သွားတော့ တစ္ဆေကြင်ယာတော် ရောက်လာတယ်” ဒိယိသည် သူ့ကိုမြင်သည်နှင့် ရှေ့တိုးပြီးသတင်းပို့လေသည်။
“အဲဒီမိန်းမတော့” ဒိကျဲ့သည် သူမအကြောင်း ကြားသည်နှင့် ဒေါသထွက် သည်။ သူသည် သူမကို သတ်ရန် မစောင့်နိုင်တော့ပေ။
“သခင် အရှင်က သခင်မလေးယူယူကို သွားရှာမှာတဲ့လား”
“ငါလည်းမသိဘူး အဘိုး ဘယ်လိုတွေးလဲဆိုတာ ငါလည်းမမှန်းနိုင်ဘူး” ဒိကျဲ့ ပြောလိုက်သည် “ဒါပေမဲ့ တစ္ဆေသခင်ပြောသလိုသာဆိုရင် သူမကို သွား မရှာရင်တောင် သတ်တော့မသတ်ပါဘူး”
အနည်းဆုံးတော့ ဘုရင်တွင် လူသတ်မည့်အရိပ်အယောင် မတွေ့ခဲ့ပေ။
“ဒိလျူရဲ့ဘက်က အခြေအနေကို ဆက်စောင့်ကြည့်ထား အဲဒီမှာ သတင်း တစ်ခုခုရတာနဲ့ ငါ့ကိုအသိပေး” ဒိကျဲ့သည် ညွှန်ကြားခဲ့ပြီး အပြင်သို့ လျှောက် ထွက်လာလိုက်သည် “တစ္ဆေကြင်ယာတော်ကို တိုက်ရမှာက ကိစ္စတစ်ခုပဲ ဒါပေမဲ့ သူမ လုံခြုံရေးကို ပိုပြီးဂရုစိုက်ထားရမယ် သိပြီလား”
“ဟုတ်ကဲ့ပါ သခင်” ဤအခြေအနေကြောင့် ရှီမာယူယူကို လျစ်လျူမရှု ရန်နှင့် အထူးသဖြင့် သူ့ကို ဘာမှဖုံးကွယ်မထားရန် ပြောခြင်းဖြစ်ကြောင်း ညွှန် ကြားသည်ကို ဒိယိသိသည်။ သူသည် သခင်ဖြစ်သူမှ သူမကို အလွန်အကျွံ ဂရုစိုက်အောင် လုပ်လိုက်သည့် ရှီမာယူယူ၏ အရည်အချင်းကို အလွန်သိချင်မိ သည်။ ယွိခဲ့လော့၏ သမီးဖြစ်သည်ဆိုသည့် အကြောင်းအရင်းတစ်ခုတည်း မဖြစ်နိုင်သလို ခံဏားရသည်။
တော်ဝင်နန်းတော်တွင် တစ္ဆေကြင်ယာတော်သည် သတင်းလာပို့သော အစောင့်များကို ကြည့်ပြီး အေးစက်စွာ နှာရှုတ်လိုက်သည် “ဒီဒိကျဲ့တော့ သူက အမြဲတမ်း ငါနဲ့ဆန့်ကျင်နေတာ.. တစ္ဆေဘုရင်က သူ့ကို လုပ်ချင်တိုင်းလုပ်ခွင့် ပေးထားတာပဲ.. ဒီတစ်ခေါက်က ဘာလို့လာတာလဲ.. အသုံးမကျလိုက်တဲ့ဟာ တွေ.. သူဘာလို့လာလဲဆိုတဲ့ အကြောင်းအရင်းကိုတောင် သိအောင်မလုပ်နိုင် ကြဘူး”
“တစ္ဆေကြင်ယာတော် စိတ်လျော့ပါ.. သူ ဝင်လာပြီးတော့ အရှင်က ကိုယ်တိုင် အတားအဆီးစီမံလိုက်တာပါ.. အထဲကအသံကို လုံးဝမကြားရပါဘူး အပြင်မှာရပ်နေတဲ့ အစောင့်တွေကလည်း အရှင့်ရဲ့လူတွေပါ… သူတို့ဆီက ဘာ သတင်းမှ တူးလို့မရဘူး” ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အစောင့်များ သည် ကြောက်ရွံ့သဖြင့် တုန်ယင်နေကြသည်။ သူမ သူတို့ကို အပြစ်ပေးမလား ဆိုသည်ကို သူတို့မသိကြပေ။
ဘုရင်ကိုယ်တိုင် အတားအဆီးစီမံလိုက်သည်ကို တစ္ဆေကြင်ယာတော် သေချာပေါက်သိသည်။ သူမ ကိုယ်တိုင်မျက်လုံးနှင့ မြင်လိုက်ရသဖြင့် ပိုဒေါသ ထွက်ခြင်းဖြစ်သည်။ ဘာကိုမှမသိခဲ့သော အစောင့်များကို ဒေါသပုံချခြင်းသာ ဖြစ်သည်။
“အသုံးမကျတဲ့အမှိုက်တွေ” သူမ လက်ဝေ့လိုက်သည်နှင့် ထိုအစောင့် များသည် လွှင့်ပျံသွားလေသည်။ သူတို့သည် နံရံနှင့်ရိုက်မိပြီး သွေးအန်ထွက် ကာ သူတို့၏နောက်ဆုံးထွက်သက်မှာ ထွက်သွားတောလေသည်။
နန်းတော်မှ အစေခံမိန်းကလေးများသည် ရောက်လာပြီး အလောင်းများ ကို ရှင်းလင်းလေသည်။ သူတို့သည် ဤကဲ့သို့ကိစ္စများကို လုပ်ရသည်မှာ အသားကျနေပြီဖြစ်သည်။
ခေါင်းပိုင်းနေရာတွင် ထိုင်နေသည့် အမျိုးသားသည် သူတို့ အလောင်းများ ရှင်းသွားသည်အထိ စောင့်ပြီး ထပ်ပေါက်ကွဲတော့မည့် တစ္ဆေကြင်ယာတော်ကို ကြည့်ပြီးနောက် ပြောလိုက်သည် “မိဖုရား ဒေါသလျော့ပါ.. ဒိကျဲ့လည်း ကြာကြာတောင့်ခံနိုင်တော့မှာမဟုတ်ဘူး.. ဒီကိစ္စလေးအတွက်နဲ့ ဒေါသထွက်ဖို့ မလိုပါဘူး”
“ငါတို့လက်ဖဝါးထဲကို နယ်စားတွေ အကုန်ရောက်လာတာနဲ့ ဒိကျဲ့ လောက်ကတော့… ငါ လှုပ်ရှားဖို့တောင်မလိုဘူး.. ဒိမျိုးနွယ်က သူ့ကို အရင်ဆုံး ရှင်းလိမ့်မယ်” တစ္ဆေကြင်ယာတော် ပြောလေသည်။
“မိဖုရားစကားတွေက ထက်မြက်ပါတယ်” ထိုအမျိုးသား ပြောလေသည် “မိဖုရား အဲဒီရှီမာယူယူက သူမကိုယ်သူမ ဖော်လိုက်တာပဲ”
“မုရုန်ရှီမဟုတ်ဘဲ သူမဆိုတာသေချာလား” တစ္ဆေကြင်ယာတော် မေး လေသည်။
“သူမပါပဲ မုရုန်ရှီက သူမနဲ့အတူ ပေါ်လာတယ် အဲဒါကြောင့် သူမ သရုပ်မှန်ဆိုတာ သေချာတယ်” ထိုအမျိုးသား ပြောလေသည်။
“သူတို့က အတူပေါ်လာတယ်ဟုတ်လား ဟင်း.. မုရုန်ဟွေ့က သူတို့ ဖိအားအောက်မှာ မခံနိုင်တဲ့ပုံပေါက်နေပြီ.. အဲဒါကို သူတို့က အတူရှိနေတာ လား”
“မဟုတ်ဘူး သူတို့က တစ်ယောက်နဲ့တစ်ယောက် သိတဲ့ပုံမပေါ်ဘူး သူတို့ တွေ မြို့တော်ကိုရောက်ပြီးတာနဲ့ လမ်းခွဲလိုက်ကြတယ်.. ရှီမာယူယူဘေးမှာ ကျွမ်းကျင်သူတချို့ရှိတဲ့ပုံပဲ.. သူမကို သတ်ဖို့ကြိုးစားတဲ့လူတွေ ဘယ်သူမှ အသက်မရှင်ကြဘူး”
“သူမ တစ္ဆေလောကကို ရောက်တာ မကြာသေးဘူးမလား.. ကျွမ်းကျင်သူ တွေက သူမကို ဘယ်လိုလုပ်ကာကွယ်နေကြတာလဲ.. အဲလူတွေက ဘယ်က လာလဲဆိုတာ မင်းမြင်လိုက်လား” တစ္ဆေကြင်ယာတော်သည် သူမ သတင်းလွှင့် ပြီးသည့်တိုင်အောင် ရှီမာယူယူကို ကာကွယ်သည့်လူရှိနေလိမ့်မည်ဟု ထင် မထားပေ။ သူတို့သည် အသက်မရှင်ချင်တော့သည့်ပုံပင်။
သို့သော် ထိုလူသည် နှုတ်ဆိတ်သွားပြီး တစ္ဆေကြင်ယာတော်၏ မျက်နှာ မှာလည်း တင်းမာသွားသည် “မင်းမသိဘူးလား”
“မိဖုရားကို ပြန်ဖြေပါတယ်.. အောက်လူတွေက မညံ့ဖျင်းကြပါဘူး ဒါပေမဲ့ အဲလူတွေရဲ့လှုပ်ရှားမှုတွေက ကျွန်တော်တို့ သိတဲ့ဂိုဏ်းကမဟုတ်ကြ ဘူး”
“သူမဘေးကလူတွေက တစ္ဆေလောကက မဟုတ်ဘူးလို့ ပြောချင်တာ လား”
“အဲလိုလည်း မဟုတ်ဘူး.. အဲနှစ်ယောက်က တစ္ဆေချီကိုသုံးနိုင်ပြီးတော့ လူသားလောကတို့ နတ်ဆိုးလောကတို့ သုံးတဲ့ဟာမျိုးမဟုတ်ဘူး” ထိုလူသည် သူ့မျက်လုံးနှင့် အတပ်မြင်ရခြင်းမဟုတ်ပေ။ ထို့ကြောင့် ယုံကြည်ချက်ရှိရှိ မပြောနိုင်ပေ “မိဖုရား အဲနှစ်ယောက်က ဘယ်ကလာလဲဆိုတာကို ကျွန်တော် ကိုယ်တိုင်သွားပြီးတော့ ကြည့်ချင်ပါတယ်”
“မြစ်ပြာ မင်းသွားချင်ရင်သွားလို့ရတယ် ဒါပေမဲ့ သတိထားရမယ်.. မင်း တစ်ခုခုဖြစ်သွားရင် အသေခံတပ်သားတွေကို လေ့ကျင့်ပေးဖို့ ဘယ်သူမှမရှိ တော့ဘူး” တစ္ဆေကြင်ယာတော် ပြောလေသည်။
မြစ်ပြာတဖြစ်လဲ တစ္ဆေကြင်ယာတော်၏ အားကိုးရသော လက်ထောက် သည် မသေလူများကို လေ့ကျင့်ရန်နှင့် တခြားလျှို့ဝှက်ကိစ္စများကို တာဝန်ယူ ထားသည်။ အကယ်၍ သူတစ်ခုခုဖြစ်ပါက သူမအတွက် ကြီးမားသော ဆုံးရှုံးမှု ကြီးဖြစ်သည်။
“ကျွန်တော် နားလည်ပါတယ်” မြစ်ပြာသည်လည်း သူ့အသက်ကိုသူ ဂရုစိုက်သည် “ကျွန်တော် လူနည်းနည်းပိုခေါ်သွားမယ်”
“အဲလူတွေ အကုန်ခေါ်သွားလိုက်… သူမကို ကာကွယ်ပေးနေတဲ့သူတွေ က သာမန်လူတွေမဟုတ်ဘူးဆိုရင် သူတို့ကိုခေါ်သွားလိုက်တာက သူမကိုရှင်းဖို့ ပိုလွယ်သွားလိမ့်မယ်” တစ္ဆေကြင်ယာတော် ညွှန်ကြားလိုက်သည်။
သူမ မည်သူ့ကိုရည်ညွှန်းသည်ကို မြစ်ပြာသိသဖြင့် ခေါင်းညိတ်လိုက် သည် “ကျွန်တော် နားလည်ပါပြီ”
“ဒါဆို မင်းတို့သွားလိုက်တော့” တစ္ဆေကြင်ယာတော်သည် လက်ကို ဝေ့ လိုက်သည်နှင့် မြစ်ပြာသည် မတ်တတ်ထပြီး ထွက်သွားလေသည်။
တစ္ဆေကြင်ယာတော်သည် နန်းတော်ကြီးတွင် တစ်ယောက်တည်းထိုင်နေ ပြီး ခေါင်းလောင်းလေးတစ်ခုကို ထုတ်လိုက်သည်။ သူမသည် အသာလှုပ်ခါ လိုက်သည် “ဒူအာ.. အမေက မင်းကိုယ်စား သေချာပေါက် လက်စားချေပေး မယ်.. ငါ့ရဲ့သနားစရာကလေး ဒီလောက်ငယ်ငယ်လေးနဲ့ အသတ်ခံလိုက်ရ တယ်.. အဲဒီမိန်းမပျက် ယွိခဲ့လော့မှာ သမီးတစ်ယောက်တည်းရှိတာကိုပဲ အပြစ် တင်ရမှာပဲ.. ပြီးတော့ အဲဒီသောက်မိသားစုနောက်ခံ.. အဲဒါကြောင့် အမေက လက်စားချေဖို့ အခွင့်အရေးရှာမရနေတာ.. ကံကောင်းလို့ မင်းက အမေ့ကို အကြံကောင်းထားပေးသွားတယ်.. မင်းရဲ့ကလေးလည်း ကြီးလာနေပြီ မင်းနဲ့ အရမ်းတူတယ်.. သူက ဘာလို့အဖေမရှိတာလဲလို့ အမေ့ကိုအမြဲမေးတယ် ဒူအာ သူ့ကို အဲဒီကိစ္စအကြောင်း ပြောပြသင့်လား”
“မိဖုရား မကောင်းတော့ဘူး” နန်းတွင်းသူတစ်ယောက်သည် အပြင်မှ ပြေးလာသည် “မင်း.. မင်းသားလေး ပျောက်နေပါတယ်”