← Chapters

ယွိဟောက်

Vol. 135 Ch. 1887

ယွိဟောက်

Vol. 135 Ch. 1887

နန်းတော်တစ်ခုလုံးမှာ ပွက်လောရိုက်သွားသည်။ မင်းသားယွိဒူ ကွယ်လွန်ပြီးနောက်မှ မွေးဖွားခဲ့သော မင်းသား၏သားတော်သည် တစ္ဆေ ကြင်ယာတော်၏ အဖိုးတန်ရတနာတစ်ပါးဖြစ်ကာ တစ္ဆေမျိုးနွယ်၏ မင်းသား လေးဖြစ်သည်။ လက်ရှိတွင် သူပျောက်ဆုံးနေသည်။ မင်းသားလေးကို ခစားရန် တာဝန်ရှိသူများသည် ခေါင်းဖြတ်ခံရမည်ဖြစ်ကာ လူအများအပြားမှာ သူ့ကို လိုက်ရှာရန် ပြေးလွှားနေကြသည်။

သို့သော် အထက်ဖော်ပြပါ မင်းသားလေးယွိဟော်ကသည် အင်ပါယာ မြို့တော်နှင့် အဝေးတစ်နေရာသို့ ရောက်နေပြီဖြစ်သည်။

“မင်းသားလေး ကျွန်တော်တို့ ဘာလို့ဒီကိုထွက်လာတာလဲ အရမ်း အန္တရာယ်များလွန်းတယ်” ယွိဟောက်၏ ကိုယ်ရံတော်ဖေးနုန်သည် စိုးရိမ် တကြီး မျက်မှောင်ကြုတ်လေသည်။

“ဘာတွေစိတ်ပူနေတာလဲ ဘယ်သူမှ ငါ့သရုပ်မှန်ကိုမသိဘူး.. ငါတို့ အန္တရာယ်တွေ့ရင်တောင်မှ ငါ့အဘွားတော်နာမည်ထုတ်ပြောလိုက်ရင် ဘယ်သူ က မရိုမသေလုပ်ရဲမှာလဲ” ယွိဟောက်သည် ကိုယ်ရံတော်ပြောသည့်စကားကို ကြားလိုက်သည်နှင့် ခံစားချက်မဲ့စွာ ပြောလိုက်သည်။

တစ္ဆေကြင်ယာတော် ပြောခဲ့သလိုပင် ယွိဟောက်နှင့် သူ၏ဖခင်မှာ အလွန်တူသည်။ ပုံပန်းသဏ္ဍာန်မှာ လုံးလုံးဖိုင့်ဖိုင့်ဖြစ်သည်။ သူသည် မင်းသား လေးဟုဆိုသော်လည်း အနည်းဆုံးအသက်တစ်ရာရှိပြီဖြစ်သည်။

“ကျွန်မတို့ ဒီအတိုင်းထွက်လာလိုက်တာ နန်းတော်ကြီးအခြေအနေ  ဘယ်လိုတွေဖြစ်နေလဲမသိဘူး၊ ကျွန်မတို့ ဘာမှမပြောဘဲထွက်ခဲ့တာ သူတို့တွေ တစ္ဆေကြင်ယာတော်ရဲ့ ဒေါသကိုမခံနိုင်လောက်ဘူးထင်တယ်” ယွိဟောက်၏ အစေခံမို့လျိုပြောလေသည်။

“အဲလူတွေက အသုံးမကျပါဘူး… အဘွားတော် အပြစ်ပေးချင်သလို အပြစ်ပေးပလေ့စေ.. ဘယ်လိုပဲဖြစ်ဖြစ် ငါ ပြန်သွားရင် အဘွားတော်က အစေခံ အသစ်တွေ စီစဉ်ပေးမှာပဲ” ယွိဟောက်သည် သူ့ကိုအချိန်ကြာရှည်စွာ ခ,စားခဲ့ သည့် ထိုလူများအပေါ် မည်သည့်ခံစားချက်မှမရှိပေ။ သူ တစ်ယောကတည်း ထွက်လာလိုက်လျှင် ထိုလူများ သေမည်ကို သိသော်လည်း ထွက်လာခဲ့သည်။

“ဒါပေမဲ့ မင်းသားလေး ကျွန်မတို့ ဘယ်သွားကြမှာလဲ” မို့လျို မေးလေ သည်။

“ငါတို့ လူတစ်ယောက်ကို သွားရှာမလို့” ယွိဟော်က၏ မျက်လုံးများမှာ စူးရှသွားသည် “ခမည်းတော် ဘယ်လိုသေသွားလဲဆိုတာ မပြောရင် ငါ မသိ တော့ဘူးလို့ အဘွားတော်က ထင်နေတာ.. ရှီမာယူယူက တစ္ဆေလောကကိုလာ ပြီးတော့ ငါ့အဖေကိုသတ်ရဲသေးတယ်.. သူမကို ဘယ်သူမှမယှဉ်နိုင်တော့ဘူးလို့ သူမကိုယ်သူမ ထင်နေတာလား”

“ကျွန်မတို့က ရှီမာယူယူကို သတ်ဖို့သွားမှာလား” မို့လျိုသည် အလန့် တကြား ပါးစပ်ကိုအုပ်လိုက်သည်။ “ဒါပေမဲ့ အဲဒီရှီမာယူယူက အရမ်း အားကောင်းတယ်လို့ ကြားဖူးတယ်၊ သူမကိုသတ်ဖို့ကြိုးစားတဲ့လူတွေအကုန် သေကုန်တာပဲ”

“သူမက ငါ့ထက် ဆယ်စုနှစ်နည်းနည်းလောက်ပဲ ကြီးတာပါ ဘယ်လောက်အားကောင်းနိုင်မှာမို့လို့လဲ” ယွိဟောက်သည် ရှီမာယူယူကို ဂရု မစိုက်ပေ။ ထိုသတင်းများသည် ကောလာဟလဟု သူထင်သည်။

“ဒါပေမဲ့ သူမဘေးနားကလူတွေက တကယ်အားကောင်းတယ်” မို့လျို ဆက်ပြောသည် “သူတို့က မင်းသားလေးကို ထိခိုက်မိအောင် မတော်တဆ လုပ်မိင် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ”

“စိတ်မပူနဲ့ အခု ငါပျောက်နေပြီဆိုတာ အဘွားတော်သိလောက်ပဲ သူမက သေချာပေါက် လူလွှတ်ပြီး ငါ့ကိုကာကွယ်ပေးလိမ့်မယ်” ယွိဟောက်သည် တစ္ဆေကြင်ယာတော်ကို နားလည်သည်။ မဟုတ်လျှင် သူ ဤသို့လုပ်ရဲမည် မဟုတ်ပေ။

“မို့လျို စိတ်ပူမနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မင်းသားလေးသိတယ်. ငါတို့က မင်းသားလေးကို ကောင်းကောင်းစောင့်ရှောက်ရုံပဲ” ယွိဟော်၏ တခြား ကိုယ်ရံတော်ဖြစ်သော ဆန်းကျီသည် ပို၍စိတ်အေးလက်အေးဖြစ်နေသည်။ မင်းသားလေး၏ နာမည်ပြောင်ကို ပြောလိုက်သည်နှင့် သူသည် တစ္ဆေကြင်ယာ တော်၏ အချစ်တော်ဖြစ်ကြောင်းကို မသိသည့်သူမရှိပေ။ သူတို့၏ မျိုးနွယ် မပျောက်ချင်သရွေ့ သူ့ကို မည်သူမှလက်ချောင်းနှင့်ထိရဲမည်မဟုတ်ပေ။

မို့လျိုနှင့် ဖေးနုန်တို့သည် စိတ်မအေးနိုင်သော်လည်း မင်းသားလေးကို မဆန့်ကျင်နိုင်၍ ဘာမှမတတ်နိုင်ပေ။ နန်းတော်ထဲတွင်လည်း မနေနိုင်ပေ။ သူတို့ အပြင်ရောက်နေပြီဖြစ်ရာ ခြေတစ်လှမ်းရှေ့တိုးရုံသာရှိတော့သည်။

ထို့ကြောင့် အကြောက်အလန့်မရှိသော သူတို့လေးယောက်သည် အသူရဲ ငရဲသို့လာလိုက်ကြသည်။

တစ္ဆေကြင်ယာတော်သည် ယွိဟောက်ရှိသည့်နေရာကို လျင်မြန်စွာပင် ခြေရာခံနိုင်ခဲ့သည်။ ယွိဟောက်တွေးသလိုပင် သူမသည် သူ့ကို မဖမ်းခိုင်းပေ။ ထိုအစား သူ့ကိုကာကွယ်ရန် လူများကိုပို့လိုက်သည်။

ရှီမာယူယူသည် အင်ပါယာမြို့မှ အစုလိုက်အပြုံလိုက် လူသတ်ခံရသည့် အကြောင်းများကို မသိပေ။ သူမသည် လမ်းပေါ်တွင် လူတစ်စုနှင့် ထိပ်တိုက် တွေ့နေသည်။

သူမ လုပ်ကြံခံရသည့် အကြိမ်ရေကိုပင် မရေတွက်နိုင်တော့ပေ။ အဲလူ တွေက သင်ခန်းစာကို ဘယ်လိုယူရမလဲဆိုတာမသိဘူးပဲ။ အရင်လာလုပ်ကြံတဲ့ သူတွေလည်း အကုန်သေသွားတာကို မသိကြဘူးလား။ အချိန်တိုင်း ဒီလိုမျိုး အသုံးမကျတဲ့ လူအုပ်ပို့လိုက်တာက သူမ စွမ်းအားတောင် အလဟဿဖြစ်သေး တယ်။

“ဒီတစ်ခေါက်ကရော ဘယ်သူ့အလှည့်လဲ” ရှီမာယူယူ မေးလိုက်သည်။

ဟွမ်နှင့် အရိပ်မည်းတို့သည် ထပ်ပြီးမတိုက်ခိုက်ချင်တော့ပေ။ ထိုလူများ သည် အမြဲတ‌စေ အသုတ်လိုက်ရောက်လာရာ ငြီးငွေ့နေပြီဖြစ်သည်။

သူတို့နှစ်ယောက် တရှောင်ရှောင်လုပ်နေရာ ဝူလင်းယူသည် ရယ်မော လေသည် “ငါလုပ်မယ်”

သူတို့နှစ်ယောက်သာ ရှင်းခဲ့ရာ အခု သူ့လက်ရည်ကို ပြရမည့်အချိန်ဖြစ် သည်။

သူသည် ထိုလူများကို ကြည့်ရင်းနှင့် ပျံတက်သွားပြီး လက်နှစ်ဖက်ကို လှန်လိုက်ရာ ရေစီးကြောင်းနှစ်ကြောင်းသည် လက်ဖဝါးမှထွက်လာလေသည်။ ရေစီးကြောင်းသည် သန်လာပြီး ထိုလူများကို ရေလွှမ်းသွားကာ ဝဲယက်အထဲသို့ ဆွဲသွင်းသွားလေသည်။

ထိုလူများသည် အစက ဝူလင်းယူ၏ ရေကိုဂရုမစိုက်ပေ။ သူတို့သည် သာမန်ရေအရည်အချင်းဝိညာဉ်သိုင်း ဖြစ်လိမ့်မည်ဟု ထင်ထားကြသည်။ သူတို့ ဝဲဂယက်ထဲရောက်မှပင် သာမန်ရေမဟုတ်သည်ကို သိလိုက်ရတော့သည်။ သူတို့သည် ရေပေါ်မပေါ်နိုင်သည့်အပြင် ရေသည် သူတို့ကိုတိုက်ခိုက်ကြသဖြင့် ထိုတိုက်ခိုက်မှုကိုပင် မခုခံနိုင်ကြပေ။

“ဝါး.. သူက တကယ်ပဲ ဒီအထိ မေ့ပျောက်ခြင်းမြစ်ကိုယူလာတာလား ဒါကို ဘယ်လိုဖြစ်လို့ မသိခဲ့ရတာလဲ” အရိပ်မည်းသည် ဝူလင်းယူကို တအံ့တဩ ကြည့်လေသည်။ သူတို့သည် တစ်ချိန်လုံးအတူရှိခဲ့သည်။ သူနဲ့အတူ မေ့ပျောက် ခြင်းမြစ်တစ်ခုလုံး ယူလာတာကို သူ ဘယ်လိုလုပ်မသိနိုင်ရတာလဲ။

“ဒါက မေ့ပျောက်ခြင်းမြစ်က ရေမဟုတ်ဘူးလား.. အဲတော့ နဂါးမျက်လုံး ကထွက်တဲ့ရေပဲဖြစ်ရမယ်.. သူက နဂါးမျက်လုံးကို တစ်ပါတည်းယူလာမှတော့ အချိန်မရွေး ရေထုတ်လို့ရတာပေါ့” ဟွမ် ခန့်မှန်းလေသည်။

“ဟုတ်တယ်” ဟွမ် မှန်းမိလိမ့်မည်ဟု ရှီမာယူယူသိသည်။

“သခင်မလေး သခင်မလေးကရော တစ်ချိန်လုံးသိနေတာလား” အရိပ် မည်း မေးလေသည်။

“သိတာပေါ့ ဒါမြင်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ဘူးရယ်” ရှီမာယူယူ ဆက်ပြောလေသည် “နည်းနည်းလောက်ပဲ ဖြစ်မယ်လို့ထင်ထားတာ ဒီလောက် ရေများမယ်လို့ထင်မထားတာပဲရှိတယ်”

“သခင်မလေး သိရဲ့သားနဲ့ ဘာလို့စောစောမပြောတာလဲ” အရိပ်မည်း သည် သူမအား မကျေနပ်သလို ကြည့်လေသည်။

အခု သူမတွင် ဝူလင်းယူရှိနေသဖြင့် သူမ၏ စိတ်ထဲတွင် သူတို့အတွက် နေရာမရှိသဖြင့် သူမ ဘာမှမပြောခဲ့ခြင်းဖြစ်သည်။

ရှီမာယူယူသည် အရိပ်မည်းကို တစ်ချက်ကြည့်လိုက်ရာ သူသည် ချက်ချင်းပင် မျက်နှာတည်သွားလေသည်။

သခင်မလေးက အရမ်းကို စိတ်ကြီးတာပဲ။

ဟွမ်သည် တခြားတစ်ဖက်သို့ အကြည့်လွှဲလိုက်သည်။ ရှက်ဖို့ကောင်း လိုက်တာ။

ဝူလင်းယူသည် လျင်မြန်စွာပင် ထိုလူများကို သတ်နိုင်လိုက်သည်။ သူ ရေ များကို ပြန်သိမ်းချိန်တွင် ရှင်းလင်းသော ကွင်းပြင်၌ အလောင်းများသာ ကျန်ခဲ့ ပြီး ရေတစ်စက်မှမကျန်ခဲ့ပေ။

“ခမ်းနားလိုက်တဲ့ မြင်ကွင်းပါလား” အရိပ်မည်း သတ်မှတ်လေသည် “ပန်း တော့ရှိတယ် အသီးမရှိဘူး”

“သဘောတူတယ်” ဟွမ် ခေါင်းညိတ်လေသည်။

သူတို့နှစ်ယောက်သည် တည့်တိုးသာတိုက်ခိုက်သည်။ သို့သော် ဝူလင်းယူ သည် တစ်ခဏအတွင်းပင် အဆုံးသတ်ပေးလိုက်သည်။ သူတို့သာ တိုက်ခိုက် ပါက ဤကဲ့သို့လျှပ်တပြက်ပွဲကိုမြင်ရမည်မဟုတ်ပေ။

“ယူယူ သဘောကျတယ်လေ” ဝူလင်းယူသည် စကားတစ်ခွန်းတည်းနှင့် သူတို့ကို အနိုင်ပိုင်းလိုက်သည်။

ရှီမာယူယူ ပြုံးလိုက်သည် “ဒါက ဒီလောက် အားကောင်းလိမ့်မယ်လို့ ထင်မထားဘူး နဂါးမျက်လုံးက ကောင်းတာတော့ ကောင်းတဲ့ပုံပဲ”

“အသုံးတော့ဝင်တယ်” ဝူလင်းယူသည် ပြောပြီးသည်နှင့် မီးတောက် ထုတ်ကာ ထိုအလောင်းများကို ပြာချလိုက်သည်။

“ဒီလိုမျိုး ဆက်သွားလို့မရတော့ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “အဲလူတွေ ဆက်တိုက်ရောက်လာပြီး ညီမကိုလုပ်ကြံမှာပဲ အစီအစဉ် တစ်ခုခု တော့ဆွဲမှရမယ်”

“ကိုယ်တို့တွေ အင်ပါယာမြို့တော်ကို ရောက်တော့မှာလေ.. ကိုယ်တို့ ရောက်သွားရင်တော့ လူသိပ်မကျန်တော့လောက်ပါဘူး” ဝူလင်းယူ ပြောလိုက် သည်။

“အာ.. ညီမအခြေအနေက လူတွေ ဆက်တိုက်လိုက်နေတဲ့ အဆင့်ကို ရောက်နေပြီလားတောင် မသိတော့ဘူး” ရှီမာယူယူသည် သူမကိုယ်သူမ ရယ်မောလိုက်သည် “ဒီကိစ္စကို ဘာမှမဟုတ်ဘူးလို့ထင်ပေမဲ့ အမေ့ကို သွား ကယ်မယ့်လမ်းမှာ အနှောင့်အယှက်ဖြစ်နေတုန်းပဲ”

“တစ်ယောက်ယောက်လာနေပြီ” ဟွမ် သတိပေးလေသည်။

“လာပြန်ပြီလား ပြီးရောပြီးဦးမှာလား” အရိပ်မည်း သက်ပြင်းချလေ သည်။

လျင်မြန်စွာပင် သူတို့သည် ရှီမာယူယူကို သတ်မည့်လူများမဟုတ်သည် ကို သိလိုက်ရသည်။ ထိုလူတို့မှာ မမြင်ရသည်မှာ ကြာသည့် မုရုန်ဟွေ့တို့သာ ဖြစ်သည်။

မီအာသည် လမ်းခွဲပြီးမကြာမီတွင် ပြန်လာသည်။ သူတို့ သူမကို ဘာကြောင့် ရှာနေသည်ကို ရှီမာယူယူမသိပေ။‌

“ယူယူ တစ်ခုခုဖြစ်နေပြီ” မုရုန်ဟွေ့သည် ရောက်လာသည်နှင့် ပြောလေ သည်။

All Chapters