ကြောက်စရာကောင်းခြင်း
Vol. 135 Ch. 1890
ရှီမာယူယူသည် သူ့ကိုမှီပြီး ပြုံးကာပြောလေသည် “အစ်ကိုရှိနေရင် ဘာမှ ပြင်ဆင်စရာကိုမလိုတာ.. ဘယ်လိုပဲဖြစ်ဖြစ် ညီမတို့လည်း လူနည်းနည်းလေးပဲ လေ.. အများကြီးပြင်ဆင်စရာမှမလိုတာ”
သူတို့သည် လူများလွန်းကာ အားလုံးမှာ ကျွမ်းကျင်သူများဖြစ်ကြသည်။ ဖွဲ့စည်းရေးတည်ဆောက်မှုများမှာ သူတို့ကိုရှင်းနိုင်သဖြင့် သူမ တစ်ခုလုပ်ရမည် ကိုပင် ပျင်းရိနေသည်။
သူမ သူ့ကို အလုံးစုံမှီခိုသည်ကို ဝူလင်းယူ သဘောကျသည်။ ပြီးနောက် သူမ ဖြတ်သန်းလာခဲ့သမျှကို တွေးကြည့်ရာ ဤနေရာအထိ ရောက်အောင်လာ ခဲ့ရသည်မှာ မလွယ်ကူသည်မှာ အမှန်ဖြစ်သည်။
ထိုလူများသည် ရှီမာယူယူကို ကြာကြာမစောင့်ခိုင်းပေ။ နေ့တစ်ဝက်ကြာ ပြီးနောက် လူသောင်းချီသည် နတ်သမီးနက်တောင်တစ်ခုလုံးကို ဝိုင်းလိုက်၏။
သူတို့သည် ထူထဲလှသောလူအုပ်ကြီးကို မြင်လိုက်ရသော်လည်း အလယ် တွင် အဝိုင်းခံရသည့် သူတို့လေးယောက်မှာ စိုးရိမ်ခြင်းတစိုးတစိမှမရှိပေ။
“သူတို့က တကယ်ပဲ ငါ့ကို အလေးထားတာပဲ” ရှီမာယူယူသည် သဲ့သဲ့ပြုံး လိုက်သည် “မဟုတ်ဘူး သူတို့က မင်းတို့နှစ်ယောက်ကို ကြောက်တာပဲ”
ဟွမ်နှင့် အရိပ်မည်းတို့သည် စကားတစ်ခွန်းမှ မပြောပေ။ တစ္ဆေလောက မှ ထိုလူများသည် အလွန်ပင် ကြောက်တတ်ကြသည်။ ထိုလူများသည် သူတို့ကို ရှင်းရန်အတွက် လူအများအပြားခေါ်လာခဲ့သည်။
“ဒါပေမဲ့ ဒီနေ့တိုက်ပွဲရဲ့ အဓိကဇာတ်လိုက်က ကျွန်တော်တို့မဟုတ်ဘူး လေ” ဟွမ်သည် ရှီမာယူယူ၏ ဘေးတွင်ရပ်လိုက်ကာ ထိုလူများနှင့်ပတ်သက် ပြီး မည်သည့် အမူအရာမှမပြပေ။
ထိုလူများအဝိုင်းခံရသည်နှင့် သူတို့ကို ထိခိုက်လိမ့်မည်မဟုတ်ဟု ဟွမ်နှင့် အရိပ်မည်းတို့ အတပ်သိသည်။ သို့သော် သူတို့တိုက်ခိုက်နေစဉ်တွင် ရှီမာယူယူ ၏ လုံခြုံရေးကို ကာကွယ်နိုင်ဖို့ အတည်မပြုနိုင်ပေ။ ထို့ကြောင့်ပင် ယနေ့ သူမ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။
“ငါက တကယ်တော့ ငြိမ်းချမ်းရေးကို ချစ်တဲ့သူပဲ.. ငါ လှုပ်ရှားဖို့မလိုရင် မလှုပ်ရှားဘူး” ရှီမာယူယူသည် အလွန်လေးနက်စွာ ပြောလိုက်သည်။ သူမ၏ စိတ်ရင်းမှန်သော ပုံစံသည် သူတို့အတွက် ယုံလုနီးပါးပင်ဖြစ်သွားသည်။
“ကျွန်တော်မယုံဘူး” အရိပ်မည်းသည် သံသယကိုအရင်ထုတ်ဖော်ပြော သူဖြစ်သည်။
“ဘယ်လိုလုပ် ငါ့ကိုမယုံတာလဲ.. ဒီနေ့ ငါအရင်မလှုပ်ရှားဘူး.. ဒါပေမဲ့ သူတို့က ငါတို့ကိုမလွှတ်ဘူးဆိုရင်တော့ ငါတို့ငါကာကွယ်ဖို့ကိုပဲ ရွေးရမှာပဲ”
နောက်ဆုံးတော့ အတူတူပဲမဟုတ်ဘူးလား။ အဲလူတွေက ဒီလောက် အများကြီးစုလာတာ သူမကို လွှတ်ပေးစရာအကြောင်းမရှိဘူးလေ။ သေချာ ပေါက် သူမလှုပ်ရှားရမှာပဲလေ။ ဘာလို့ အလုပ်ရှုပ်ခံပြီး ပြောနေသေးတာလဲ။
ဤအခြေအနေတွင် ရယ်မောပြီး စကားပြောနေသေးသည့် ထိုလူများကို တစ္ဆေမျိုးနွယ်ဝင်များ မြင်သောအခါ သူတို့တစ်ယောက်ချင်းစီကို အထင်သေး နေသည်ဟု တွေးထင်ပြီး ဒေါသထွက်လာသည်။
“သူတို့ကို သတ်လိုက်”
အော်သံများကယ်လာရာ ရှီမာယူယူသည် ခုံပေါ်တွင် မတ်တတ်ရပ်ကာ ပြောလိုက်သည် “ပြောရေးဆိုခွင့်ရှိသူကို ခေါ်လိုက်”
သူတို့ကို ဝိုင်းထားသောလူများသည် ချက်ချင်းပင် နှုတ်ဆိတ်သွားကြ သည်။
ခေါင်းဆောင်ဖန်းသည် မတ်တတ်ရပ်ပြီး ရှီမာယူယူကို ကြည့်လေသည်။ သူ၏ အေးစက်သော မျက်အိမ်သည် နွေးထွေးမှုနည်းနည်းမျှရှိမနေပေ။ “ရှီမာယူယူ ငါတို့ ဘာမှထပ်မပြောစရာမရှိတော့ဘူးထင်တာပဲ.. အရင်ဆုံး အရှေ့မျှတမှုမြို့တော်မှာ ဖြစ်ခဲ့တဲ့ အဖြစ်မှာ မင်းကငါတို့ တစ္ဆေမျိုးနွယ်တွေကို သတ်ခဲ့တယ်.. ပြီးတော့ မင်း တစ္ဆေလောကကို ရောက်လာပြီးတော့လည်း အစု လိုက်အပြုံလိုက် အများကြီးသတ်ခဲ့တယ်.. ငါတို့ မင်းကိုအလွတ်မပေးဘူး”
ရှီမာယူယူသည် သူ့ကိုမျက်လုံးလှိမ့်ပြကာ ပြောလိုက်သည် “ရှင်က ဒီလောက်လူအများကြီးထဲမှာမှ ပထမဆုံးပြောလာတာဆိုတော့ ရှင်က အာဏာ နည်းနည်းတော့ ရှိမယ်ထင်တယ်.. ဒါပေမဲ့ ရှင့်လိုလူမျိုးက.. ဘယ်လိုလုပ် ဦးနှောက်ပါမလာရတာလဲ.. ရှင့်ခေါင်းထဲမှာ ရေတွေနဲ့ပဲပြည့်နေတာလား တို့ဟူး တွေနဲ့ပိတ်နေတာလား”
“ရှီမာယူယူ မင်းက ငါတို့ ခေါင်းဆောင်ဖန်းကို နာမည်ဖျက်ရဲတယ်” လူ တစ်ယောက်သည် အော်ပြောလေသည်။
“ငါပြောတာ မှားလို့လား” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက် သည် “အရှေ့မျှတမှုမြို့တော်မှာဖြစ်ခဲ့တဲ့ အခြေအနေကမတူဘူး.. မင်းတို့သာ လူသားလောကကို မလာရင် ဘယ်လိုလုပ် အသတ်ခံရမလဲ.. ပြီးခဲ့တဲ့ ကိစ္စတွေ ကို ပြန်ပြောရရင်လည်း တစ္ဆေလောကကို ရောက်လာပြီးတော့ ငါက ဘယ်သူ့ ကိုမှ အရင်ရန်မစခဲ့ဘူး… မင်းတို့ပဲ လာသတ်ကြတာလေ ငါက ဒီမှာနေပြီး မင်း တို့ လာသတ်တာကို စောင့်နေရမှာလား.. မင်းတို့ဘာသာလာကြလို့ ဒီလောက် လူအများကြီးသေတာလေ.. အခုကျတော့ လူသတ်လို့ဆိုပြီး ငါ့ကိုအပြစ်တင်နေ ကြသေးတယ်.. ဒီစကားတွေပြောတုန်းက ဦးနှောက်မသုံးကြဘူးလား အိုး.. မင်း တို့လည်း အဲလိုတွေးလို့ ဒေါသထွက်နေလား.. အဲဒါဆိုရင် မင်းတို့အကုန်လုံးက ဦးနှောက်မပါတဲ့လူတွေပဲ”
“ရှီမာယူယူ ဒီနေ့က မင်းရဲ့နောက်ဆုံးနေ့ပဲ အဲဒါကို စကားကြီးစကား ကျယ် ပြောနေသေးတယ်” လူတစ်ယောက် အော်လေသည်။
“ငါက မင်းတို့နဲ့ သေချာလေးစကားပြောချင်လို့ပါ ပြီးတော့ အစကတော့ ငါက တကယ်စိတ်ရင်းနဲ့ပါ ဒါပေမဲ့ မင်းတို့က စိတ်မဝင်စားတဲ့ပုံပဲ… မင်းတို့ လာ တာနဲ့ ငါ့ကိုဒီလိုမျိုး စွပ်စွဲကြတာ.. ဘယ်သူက ခံနိုင်မှာလဲ” ရှီမာယူယူသည် ပြောပြီးနောက် သက်ပြင်းချလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ဒီလို ခံစားနေရမှတော့ ငါဘာပဲပြောပြော အရေးမကြီးတော့ပါဘူး.. မင်းတို့ စိတ်တွေ လည်းပြောင်းမှာမဟုတ်ဘူး အဲလိုဆိုရင် နောက်တစ်ဆင့်တက်ကြတာပေါ့”
“ဘာနောက်တစ်ဆင့်လဲ”
“ပြဿနာကဖြစ်နေပြီ အဲတော့ ဘယ်လိုရှင်းမလဲဆိုတာ ပြောကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ငါ့ကိုလာလာသတ်နေတဲ့ လူတွေကို ရှင်းရတာ လည်း ပျင်းလှပြီ အဲတော့ ဒီကိစ္စကို ဖြေရှင်းကြတာပေါ့”
“မင်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ စီစဉ်ထားတာလား” လူတစ် ယောက် မေးလိုက်သည်။
“သေချာပေါက် မဟုတ်ဘူးပေါ့” ရှီမာယူယူသည် ထိုလူကို ကြည့်လိုက် သည်။ သူမ၏ မျက်နှာမှာ သူသည် တုံးလွန်းလှသည်ဟု ပြောသည်မှာ အရှင်း သားဖြစ်သည်။ “မင်းကို အဆုံးစီရင်ခိုင်းရင် မင်းကရောလုပ်မှာလား”
“ဟင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“အဲလိုမဟုတ်ရင် ငါက ဘာလို့လုပ်ရမှာလဲ” ရှီမာယူယူ သရော်လိုက် သည် “အဲတတော့ ငါပြောတာက မင်းတို့တွေက အရမ်းတုံးပြီးရိုးစင်းလွန်း တယ်.. မင်းတို့အကုန်လုံးပဲ”
“ဒါဆိုရင် မင်းက တိုက်ခိုက်ဖို့ကိုရွေးလိုက်ပြီပေါ့” ခေါင်းဆောင်ဖန်းသည် အစောက သူမ ပြောလိုက်သည့်စကားများကြောင့် ဒေါသထွက်နေရာ သူမကို ပို ခက်ထန်စွာကြည့်လိုက်သည်။
“တိုက်ခိုက်ချင်ရင်လည်း တိုက်တာပေါ့” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “မင်းတို့က ငါ့ကိုဖိအားပေးတာပဲ”
“ဟင်း ရှီမာယူယူ မင်းက အဲလူနှစ်ယောက်နောက်မှာ ပုန်းလိုက်တာနဲ့ ငါတို့ ဝိုင်းထားတာကနေ လွတ်မယ်လို့ထင်နေလား.. ကိုယ့်ကိုယ်ကိုယ် အရူး မလုပ်စမ်းပါနဲ့ ငါတို့က ဒီနေရာကို ချိပ်စည်းပိတ်လိုက်ပြီ.. မင်းက ကရားထဲက လိပ်လိုပဲ ပိတ်မိနေပြီ.. မင်း စောစော အညံ့ခံလိုက်တာကောင်းမယ် ပြီးတာနဲ့ မင်းက အမှောင်မင်းသမီး ယွိခဲ့လော့ရဲ့ သမီးဆိုတာကို ထောက်ထားပြီးတော့ ခြေရာလက်ရာမပျက်ဘဲ သေခွင့်ပေးမယ်..”
ယွိခဲ့လော့ဟု ကြားလိုက်သည်နှင့် ရှီမာယူယူသည် ချက်ချင်းပင် ဒေါသ ထွက်သွားသည်။ သို့သော် သူတို့သည် မကောင်းသည့်စကားပြောခြင်းမဟုတ် သည့်အတွက် သူမ ဘာမှမလုပ်ပေ။
“မင်းက လေဟာပြင်ဧရိယာကိုချိပ်ပိတ်လိုက်တယ်ဟုတ်လား.. ကြည့်ရ တာ သူတို့က မင်းကိုကူညီပြီးပြင်ဆင်ပေးတယ်ထင်တယ်” ဝူလင်းယူလည်း မတ်တတ်ထပြီး သူမလေးတွင်ရပ်ကာ သူမ၏ ပခုံးကိုဖက်ထားလေသည်။
အရိပ်မည်းနှင့် ဟွမ်တို့သည် သူ့ကို ကြည့်ကြလေသည်။ သူတို့က အစ တုန်းက ထိုင်နေကြတာလေ။ အခု သူတို့ရပ်လိုက်ကြတော့ သူတို့နှစ်ယောက်က ပဲ သူတို့ရဲ့ ကိုယ်ရံတော်တွေလိုလိုပဲ။ ဒီလူကတော့ သူတို့ကို ဘယ်လိုအမြတ် ထုတ်ရမလဲဆိုတာ သိတာပဲ။
ရှီမာယူယူသည် သူ့ကို ပြုံးပြလိုက်ပြီးနောက် အောက်မှလူများကို ပြော လိုက်သည် “တကယ်တော့ မင်းတို့နဲ့ ခင်ခင်မင်မင်လေး စကားပြောပြီး မင်းတို့ ကို ပျော်ပျော်ကြီးပြန်လွှတ်ချင်တာ ဒီမှာ အချိန်နဲ့အသက်တွေ ဖြုန်းဖို့မလိုဘူး လေ”
“ဟင်း မင်းက အသနားခံဖို့ ဒါတွေပြောနေတာလား ဟားဟား အသုံးမဝင် တာတော့ နှမြောစရာပဲ”
“မှားတယ် မင်းတို့ ဒီမှာသေသွားရင်တောင် မင်းတို့ရဲ့ ထောင်လွှားမှုနဲ့ ဖိအားပေးမှုတွေကြောင့် မင်းတို့အသက်ကို မကယ်နိုင်လိုက်တဲ့အကြောင်းကို သိစေချင်တဲ့ ငါ့ရဲ့မူလရည်ရွယ်ချက်ကို ပြောချင်တာ.. ပြီးတော့ ငါက အကျိုး အကြောင်းသင့်တဲ့လူဆိုတာကို အပြင်လူတွေကို သိစေချင်တာ” ရှီမာယူယူ ပြုံး လိုက်သည်။
“မျက်နှာပြောင်တိုက်တဲ့ စကားတွေပါလား” ခေါင်းဆောင်ဖန်း လက်ဝေ့ ယမ်းလိုက်သည်နှင့် လူတချို့သည် သူမကို တိုက်ခိုက်ကြလေသည်။
ရှီမာယူယူဘေးတွင်ရှိနေကြသော အရိပ်မည်းနှင့် ဟွမ်တို့သည် အငွေ့ အဖြစ် လျှပ်တပြက်သွားလိုက်ကြပြီး ထိုနေရာကို ဝိုင်းပြီးပျံလိုက်ကြသည်။ သူမကို သတ်ရန်လာသူများသည် ချက်ချင်းပင် သေကုန်ကြတော့သည်။ သူတို့ ၏ အရိုးပင် မကျန်ခဲ့ပေ။
“ထင်ထားတဲ့အတိုင်းပဲ အဲနှစ်ယောက်က ထူးဆန်းလွန်းတယ်” ဆယ် ဂဏန်းမျှရှိသော လူများ ချက်ချင်းသေသွားသည်ကို ကြည့်ပြီး သူတို့ သုံးသော နည်းလမ်းကို အနက်ဖော်၍ပင်မရဖြစ်နေသည်။
“ဒါက.. သူတို့က ဝိညာဉ်နယ်မြေကလာကြတာလား”
သူတို့သည် ခန္ဓာကိုယ်ကို အငွေ့အဖြစ် ပြောင်းနိုင်ကြသည်။ ဒါက တစ္ဆေ လောကကလူတွေ လုပ်နိုင်တဲ့အရာမဟုတ်ဘူး။
“ဝိညာဉ်နယ်မေလား.. သူမက တကယ်ပဲ ဝိညာဉ်နယ်မြေကလူတွေနဲ့ ဒုစရိုက်တွေလုပ်ရဲတာပဲ”
တစ္ဆေလောကနှင့် ဝိညာဉ်နယ်မြေတို့သည် မီးနှင့်ရေလိုပင်။ သူမက သူတို့ နဲ့ပတ်သက်ရဲတာလား။
ကြည့်ရတာတော့ သူမကို သတ်ဖို့နောက်ထပ် အကြောင်းအရင်းတစ်ခု ထပ်တိုးသွားပြီပဲ။