စာပေသိုင်းကွက် - လက်မဖြူ
Vol. 4 Ch. 51
မျှော်လင့်ထားသည့်အတိုင်းပင် ချီပင်လယ်ထဲတွင် အဖြူရောင်အရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ သူ၏ညာဘက်လက်ကို ယမ်းလိုက်သည်နှင့် ပလ္လင်ပေါ်မှ စာပေချီများသည် ထိုအရိပ်၏ကိုယ်ထဲသို့ စီးဝင်သွားပြီး လည်ပတ်စပြုလာသည်။
ချင်ဖုန်းသည် စိတ်ကိုစုစည်း၍ စူးစိုက်ကြည့်ရှုနေလိုက်သည်။ ဤအရိပ်သည် စာပေချီကို မည်သို့ညွှန်ကြားရမည်ကို သရုပ်ပြနေမှန်း သူသိသည်။
သန့်စင်မြင့်မြတ်သော စာပေချီသည် ထိုအရိပ်ထဲတွင် ငါးပတ်တိတိလည်ပတ်ပြီးနောက် ညာဘက်လက်၏ လက်ညှိုးနှင့် လက်ခလယ်တို့တွင် စုစည်းသွားကာ အဖြူရောင်အပ်တစ်ချောင်းအဖြစ် ဖြစ်ပေါ်လာသည်။ ၎င်းသည် သမားတော်များ အသုံးများသည့် ငွေအပ်များနှင့် ဆင်တူနေသည်။
ဒါကလည်း သဘာဝကျပါသည်။ ဆေးကျမ်းစာတစ်အုပ်ထဲတွင် သင်ကြားပေးသည့် စာပေသိုင်းကွက်သည် ဆေးပညာနှင့် သက်ဆိုင်နေသင့်သည်မှာ မှန်ပေသည်။
ထိုအချိန်မှာပင် နားမလည်နိုင်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်၊ "လက်မဖြူ၊ နဝမအဆင့်ကို ရောက်တာနဲ့ မင်းသုံးနိုင်ပြီ။ စာပေချီကို အရေပြားနဲ့ အရိုးတွေကို ထိုးဖောက်နိုင်တဲ့ ချွန်ထက်တဲ့အပ်တွေအဖြစ် ပြောင်းလဲပြီး မမြင်ရအောင် သတ်ဖြတ်နိုင်တယ်။ စာပေချီက ပိုအားကောင်းလေ၊ သိုင်းကွက်က ပိုစွမ်းအားကြီးလေပဲ။"
ချင်ဖုန်းသည် မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဆေးကျမ်းစာတစ်အုပ်ထဲက စာပေသိုင်းကွက်က တကယ်တမ်းတော့ လူသတ်တဲ့သိုင်းကွက်တဲ့လား။ ဆေးကုသခြင်းဆိုင်ရာ ကျင့်ဝတ်တွေများ မရှိတော့ဘူးလား။
ဟုတ်ပါတယ်၊ သူက ရိုးရိုးလေးညည်းညူလိုက်တာပါ။ သူ့စိတ်ထဲမှာတော့ သူတော်တော်လေး ကျေနပ်နေသည်။ အချိန်အကြာကြီး ခုခံကာကွယ်နေခဲ့ရပြီးနောက်မှာတော့ သူတကယ်တိုက်ခိုက်နိုင်မယ့် နည်းလမ်းတစ်ခု ရရှိခဲ့ပြီလေ။
ထို့အပြင် လက်မဖြူသိုင်းကွက်၏ မိတ်ဆက်စကားတွင် ၎င်းကို ငွေအပ်အဖြစ် အသုံးမပြုနိုင်ဟု မဆိုထားပေ။
အဖြူရောင်အရိပ် ပျောက်ကွယ်သွားပြီး ချင်ဖုန်းလည်း လက်တွေ့လောကသို့ ပြန်ရောက်လာသည်။ သူသည် မိမိကိုယ်ထဲရှိ စာပေချီကို လည်ပတ်စေလိုက်ရာ မကြာမီပင် သူ၏တင်းတင်းဆုပ်ထားသော လက်ညှိုးနှင့် လက်ခလယ်ထိပ်များတွင် အဖြူရောင်အပ်တစ်ချောင်း ပေါ်လာသည်။ ၎င်းသည် အမှန်ပင် လက်မဖြူသိုင်းကွက် ဖြစ်သည်။
သို့သော် ဘယ်လိုပဲကြည့်ကြည့် ဤအပ်သည် အနည်းငယ်တိုပြီး သေးနေပုံရသည်။ သူ၏ခန့်ညားထည်ဝါသော ပုံစံနှင့် မလိုက်ဖက်ပေ။ ချင်ဖုန်း နှုတ်ခမ်းတွန့်လိုက်သည်။ သူက တိုနေသည်ဟု ဝန်မခံနိုင်ပေ။ သူက ၎င်းကို သူ၏စာပေချီ စုဆောင်းမှု မလုံလောက်ခြင်းကြောင့်ဟုသာ မှတ်ယူလိုက်သည်။
ရုတ်တရက် မွှေးပျံ့သောရနံ့တစ်ခု လွင့်လာသည်။ ကန်းဖေးလန်၏ ကျော့ရှင်းသောကိုယ်ဟန်သည် သူ့ရှေ့တွင် ပေါ်လာသည်။ သူမသည် စိမ်းပြာရောင်မျက်လုံးများကို ပုတ်ခတ်လိုက်ပြီး သူ့အား ပေါက်စီတစ်လုံး ကမ်းပေးလိုက်သည်။
မိုးသံနားဆင်ပြာသာဒ်တွင် သုံးရက်လုံးလုံးမထွက်ဘဲနေခဲ့ပြီး ကန်းဖေးလန်က သူ့ကို အဆက်မပြတ် လာကျွေးမွေးနေသောကြောင့် ချမ်းသာသောမိန်းမတစ်ယောက်၏ ဂရုစိုက်မှုကို ခံနေရသည့် ဤခံစားချက်သည် အမှန်ပင် ကောင်းလှသည်။
ချင်ဖုန်းသည် ပေါက်စီကိုယူ၍ အားရပါးရ တစ်ကိုက်ကိုက်လိုက်ပြီး အလွန်ကျေနပ်နေပုံရသည်။ "ဒီရက်ပိုင်းအတွင်း ကျေးဇူးတင်ပါတယ် အစ်မကန်း။"
"ဟုတ်ကဲ့၊ ရှင့်ရဲ့အပြာရောင်ဝတ်ကိုယ်ရံတော်က မိုးသံနားဆင်ပြာသာဒ်ရှေ့မှာ စောင့်နေပါတယ်။ သူစောင့်နေတာ တော်တော်ကြာပြီထင်တယ်၊" ကန်းဖေးလန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဤသည်ကိုကြားသောအခါ ချင်ဖုန်းသည် ပေါက်စီကို နောက်ထပ်အနည်းငယ် ကိုက်လိုက်သော်လည်း မြန်မြန်စားလွန်းသောကြောင့် နင်သွားပြီး သူ့မျက်နှာ နီရဲသွားသည်။
ဤသည်ကိုမြင်သောအခါ ကန်းဖေးလန်သည် ဖြူဖွေးနူးညံ့သောလက်ကို ဆန့်တန်းကာ ချင်ဖုန်း၏ကျောကို ပုတ်ပေးချင်ပုံရသည်။ သို့သော် လှုပ်ရှားမှုတစ်ဝက်တွင် သူမရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ရပ်တန့်လိုက်သည်။ သူမ၏သိုးဆီကဲ့သို့ နားရွက်ဖျားလေးတွင် ပန်းနုရောင်သန်းသွားသည်။
ချင်ဖုန်းသည် ရုတ်တရက် သူ၏ရင်ဘတ်ကို အကြိမ်အနည်းငယ်ပုတ်လိုက်ပြီး နောက်ဆုံးတွင် အသက်ရှူချောင်သွားသည်။ "အစ်မကန်း၊ ကျွန်တော့်မှာ ကိစ္စတစ်ခုရှိလို့ နှုတ်ဆက်လိုက်ပါဦးမယ်။"
"ကောင်းပါပြီ၊ ကျွန်မ လိုက်မပို့တော့ပါဘူး၊" ကန်းဖေးလန်က တိုးညှင်းစွာ ပြန်ဖြေသည်။ သူ၏အလျင်စလိုခြေလှမ်းများ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူမသည် မိမိ၏ညာဘက်လက်ကို စိုက်ကြည့်ကာ အတွေးနယ်ချဲ့နေမိသည်။
သူမသည် မကြာသေးမီက ထူးဆန်းစွာ ပြုမူနေမိသည်။ သူ့မှာ ဘာတွေဖြစ်နေပါလိမ့်။ ကန်းဖေးလန် တွေးမိသည်။
"သခင်လေး။" မိုးသံနားဆင်ပြာသာဒ်၏ အဝင်ဝတွင် လန်နင်ရွှမ်က ချင်ဖုန်းကို နှုတ်ဆက်လိုက်သည်။
ချင်ဖုန်း ခေါင်းညိတ်ပြလိုက်သည်။ သူထွက်သွားမည်ပြုစဉ် တစ်စုံတစ်ခုကို သတိပြုမိလိုက်ဟန်တူသည်။ လန်နင်ရွှမ်၏ အရောင်အဝါသည် အရင်ကနှင့် အဘယ်ကြောင့် ကွာခြားနေသနည်း။ သူမသည် ယုံကြည်မှုအနည်းငယ် ပိုရလာသလိုပင်။
ဖြစ်နိုင်သည်မှာ သူမသည် အချိန်အကြာကြီး စိုက်ကြည့်ခံနေရသောကြောင့် အစ်မလန်သည် အလိုအလျောက် ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူမ၏မျက်လုံးများသည် အနည်းငယ်ရှောင်လွှဲနေကာ ယုံကြည်မှုလည်း ပျောက်ဆုံးသွားသည်။
ငါမှားတာနေမှာပါ။ ချင်ဖုန်း မေးစေ့ကိုပွတ်လိုက်သည်။ "သုံးရက်ကြာသွားပြီ၊ အစ်မလန်၊ ရှင်းချွမ်လမ်းကို ဝိုင်သွားဝယ်ဖို့ ကျွန်တော့်ကို အဖော်လိုက်ခဲ့ပါ။"
"ဟုတ်ကဲ့ သခင်လေး။"
နံ့သာတိုင်တစ်တိုင်လောင်ကျွမ်းစာ အချိန်အတွင်း သူတို့နှစ်ဦး ရှင်းချွမ်လမ်းသို့ ရောက်ရှိသွားသည်။ အဘိုးလီ၏ အိမ်တံခါးမကြီး ပွင့်နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်ခြံလုံး သပ်ရပ်စွာစီထားသော ဝိုင်စည်များဖြင့် ပြည့်နှက်နေသည်။ အနီးကပ်ကြည့်ရှုသောအခါ အနည်းဆုံး စည်သုံးရာခန့် ရှိနေသည်။
ထိုအချိန်တွင် အဘိုးလီသည် ကျောက်ခုံတစ်ခုပေါ်တွင် ထိုင်နေသည်။ ချင်ဖုန်းနှင့် လန်နင်ရွှမ်ကို မြင်သောအခါ သူက ခြံဝင်းကို လက်ညှိုးထိုးပြလိုက်သည်။ "မင်းလိုချင်တဲ့ဝိုင်တွေ အားလုံးဒီမှာပဲ၊ မင်းရဲ့တောင်းဆိုချက်အတိုင်း အထပ်ထပ်ပေါင်းခံထားတယ်။"
ချင်ဖုန်း၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်လာသည်။ သူအလျင်အမြန် ဝိုင်စည်တစ်ခုကို ဖွင့်လိုက်ရာ ဝိုင်ရနံ့များ လေထဲတွင် ပြည့်နှက်သွားသည်။ တစ်ချက်ရှူလိုက်ရုံဖြင့် လူကိုမူးစေနိုင်လောက်သည်။
ဝိုင်လုံးဝမသောက်တတ်သော လန်နင်ရွှမ်ပင်လျှင် ထိုရနံ့ကြောင့် ဆွဲဆောင်ခြင်းခံလိုက်ရပြီး မူးယစ်နေသော အမူအရာပြလာသည်။
ချင်ဖုန်း၏ အသိစိတ်သည် သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်သွားပြီး နောက်တစ်ခဏတွင် ခြံထဲမှ ဝိုင်စည်သုံးရာသည် ချက်ချင်းပျောက်ကွယ်သွားသည်။ (အစက နေရာလပ် လက်စွပ်ဆိုပြီးရေးထားတာ သိုလှောင်လက်စွပ်က ပိုအဆင်ပြေမယ်ထင်လို့ ပြောင်းလိုက်ပါတယ်)
"ဝိုး၊ မင်းကောင်လေးက တော်တော်ချမ်းသာတာပဲ ဟမ်။ ဒီလောက်ဝိုင်စည်တွေအများကြီး ထည့်နိုင်တဲ့ သိုလှောင်ရတနာက ဈေးမပေါဘူးကွ။" အဘိုးလီ မျက်ခုံးပင့်လိုက်သည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဒါက ပစ္စည်းသေးသေးလေးပါပဲ။" ချင်ဖုန်းက ဟန်ဆောင်နှိမ့်ချလိုက်သော်လည်း စိတ်ထဲတွင်တော့ အလွန်ဝမ်းသာနေသည်။ သူ့နောက်ကွယ်မှာ ချမ်းသာတဲ့မိန်းမတစ်ယောက်ရှိနေတာက တကယ်ကို အံ့ဩဖို့ကောင်းတယ်။ သူနည်းနည်းကြွားလိုက်တဲ့အခါ သူ့မှာ မျက်နှာပွင့်လန်းလိုက်တာ။
ခဏတာကြွားဝါပြီးနောက် ချင်ဖုန်းသည် သိုလှောင်လက်စွပ်ထဲမှ ငွေအိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။ "အဘိုးလီ၊ ဒါက သဘောတူထားတဲ့ ငွေငါးရာကျပ်ပါ။ ဝိုင်ရောင်းပြီးတဲ့အခါ ကတိအတိုင်း အမြတ်ငွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို အဘိုးကို သေချာပေါက်ပေးပါ့မယ်။"
အဘိုးလီ ငွေအိတ်ကိုယူပြီး လက်ထဲတွင် ပစ်ပေါက်ကစားလိုက်သော်လည်း သူ၏မျက်နှာတွင် ချမ်းသာမှုကြောင့် ပျော်ရွှင်နေသည့် အရိပ်အယောင်မပြပေ။ ငွေသည် သူ့အတွက် နံပါတ်တစ်ခုမျှသာ ဖြစ်နေပုံရသည်။
"နောက်ဘာလုပ်ရမလဲ။ မင်းအတွက် ဒီလိုဝိုင်မျိုး ဆက်ချက်ပေးရမလား။"
"ချက်တာကတော့ သေချာပေါက်ချက်ပေးပါ။ ဒါပေမဲ့ အဘိုးက ကောင်းကောင်းချက်ထားတဲ့ဝိုင်တွေကို မြေအောက်ခန်းထဲမှာ သိမ်းထားပြီး အလွယ်တကူ မထုတ်စေချင်ဘူး။"
"ဘာဖြစ်လို့လဲ။ ဒီလိုကောင်းမွန်တဲ့ဝိုင် ပေါ်လာတာနဲ့ ငွေတွေ တလိမ့်လိမ့်ဝင်လာမှာပဲ။ မင်းက ငွေကြိုက်တဲ့လူမှန်း ငါသိတယ်၊ ဒီဝိုင်နဲ့ ဘာလို့ ချမ်းသာအောင်မလုပ်တာလဲ။" အဘိုးလီ နားမလည်သလို ကြည့်လိုက်သည်။
ချင်ဖုန်းက ရှင်းပြသည်၊ "ရှားပါးတဲ့အရာတွေက တန်ဖိုးရှိတယ်။ ဒီဝိုင်က လူတွေရှေ့မှာ အများကြီးပေါ်လာရင် သူ့တန်ဖိုးကျသွားလိမ့်မယ်။ ဒီလိုစီးပွားရေးက တည်တည်ငြိမ်ငြိမ်နဲ့ ဆက်တိုက်လုပ်ဆောင်ဖို့ လိုတယ်။"
"သဘောပေါက်ပြီ။" အဘိုးလီ မျက်ခုံးပင့်လိုက်ပြီး ချင်ဖုန်းကို မထီမဲ့မြင်ပြုသလို ကြည့်လိုက်သည်၊ "မင်းက ကောက်ကျစ်တဲ့ကုန်သည်ပဲ" ဟု ဆိုလိုသည့်အလား။
"ငါနားလည်ပါတယ်။ ကောင်းကောင်းချက်ထားတဲ့ဝိုင်တွေကို မြေအောက်ခန်းထဲမှာ သိမ်းထားလိုက်မယ်။ မင်းလိုတဲ့အခါ လာယူလို့ရတယ်။"
"ကျေးဇူးတင်ပါတယ် အဘိုးလီ။ ကျွန်တော့်မှာ တခြားကိစ္စတွေ ဆောင်ရွက်စရာရှိသေးလို့ နှုတ်ဆက်လိုက်ပါတယ်" ချင်ဖုန်း ဦးညွှတ်နှုတ်ဆက်ပြီး လန်နင်ရွှမ်နှင့်အတူ လရောင်ပြာသာဒ်သို့ ထွက်ခွာသွားသည်။
သုံးရက်ကြာသွားပြီဖြစ်ပြီး စားသောက်ဆိုင်မှ ဝိုင်များ ကုန်လောက်ပြီဖြစ်သည်။ အကယ်၍ သူတို့ပြန်မဖြည့်တင်းပါက လရောင်ပြာသာဒ်၏ လုပ်ငန်းကို ထိခိုက်မည်မှာ သေချာသည်။
သူတို့နှစ်ဦးထွက်ခွာသွားပြီးနောက် အဘိုးလီသည် မိမိအတွက် ဝိုင်တစ်ခွက်ငှဲ့လိုက်ပြီး ယခင်အတိုင်းပင် တစ်ဝက်ကိုသောက်ကာ ကျန်တစ်ဝက်ကို မြေပေါ်သို့ လောင်းချလိုက်သည်။
ဝိုင်သည် ပြင်းပြီး ရနံ့လည်း ကြွယ်ဝသည်။ အဘိုးလီ၏မျက်နှာ အနည်းငယ်နီမြန်းလာပြီး သူရင်းနှီးခဲ့သော ညီအစ်ကိုများနှင့်အတူ သောက်ခဲ့သည့် နေ့ရက်များကို ပြန်အမှတ်ရကာ မရင်းနှီးသော သီချင်းတစ်ပုဒ်ကို ညည်းလိုက်သည်။
ညည်းရင်းညည်းရင်း သူ့ပါးပြင်ပေါ်မှ မျက်ရည်များ ကျဆင်းလာသည်။
သူ့တုတ်ဖြင့် မြေကြီးကို ပုတ်လိုက်ရာ ငွေငါးရာကျပ်ပါသော ငွေအိတ်သည် ချက်ချင်းပြားချပ်သွားသည်။
ရှင်းချွမ်လမ်းမှ သာမန်လူများအတွက်မူ ယနေ့သည် နေ့ကောင်းတစ်နေ့ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူတို့၏စားပွဲများပေါ်တွင် ငွေအကြွေစေ့အချို့ အကြောင်းရင်းမရှိဘဲ ပေါ်လာသောကြောင့်ဖြစ်သည်။ ၎င်းသည် သူတို့၏အသက်ဆက်ရန် ငွေဖြစ်လေသည်။
သူတို့ လရောင်ပြာသာဒ်သို့ ရောက်သောအခါ အဝေးမှပင် ကျယ်လောင်သောအသံများကို ကြားနေရသည်။
"ဒါဘာသဘောလဲ။ အရင်က ဝိုင်မရှိဘူးလို့ ပြောပြီးတော့ အခု တတိယထပ်က VIP တွေက အားလုံးသောက်သုံးနေကြတယ် ဟုတ်လား။"
"ဒါဆို ချမ်းသာတဲ့လူတွေက လူသားတွေလား။ ငါတို့လို သာမန်လူတွေက လူသားတွေမဟုတ်ဘူးလား။"
"လူရဲ့အဆင့်အတန်းအလိုက် အဖျော်ယမကာရောင်းတယ်။ မင်းတို့ လရောင်ပြခန်းကလူတွေက တကယ်ကို အံ့ဩဖို့ကောင်းတယ်..."
"အားလုံးပဲ ကျွန်တော့်ကို နားထောင်ပါ။ ဒီလိုစားသောက်ဆိုင်က ဘာများကောင်းလို့လဲ။ သူတို့က ငါတို့လို ဆင်းရဲသားတွေကို အထင်သေးတယ်။ ငါတို့ တခြားနေရာမှာ သွားစားသင့်တယ်။"
မန်နေဂျာဖုန်သည် တံခါးဝတွင် ချွေးများရွှဲနစ်နေပြီး လူအုပ်ကို အဆက်မပြတ် တောင်းပန်နေသော်လည်း အရာမထင်ပေ။ သူဆက်တိုက်တွေးနေသည်မှာ "သခင်လေး ဘာလို့မရောက်သေးတာလဲ။ ငါဒီထက်ပိုပြီး ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။"
ထိုအချိန်တွင် ဓားသွားတစ်ခုမှ ဓားငွေ့သည် လေကိုခွင်းထွက်လာပြီး အကျဆုံးရန်လိုနေသော လူ၏ရှေ့တွင် ဖြတ်ပိုင်းချလိုက်ရာ ထိုသူ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
အခြားသူများလည်း ဤရုတ်တရက်အလှည့်အပြောင်းကြောင့် ရှုပ်ထွေးသွားကြသည်။
"စားသောက်ဆိုင်ဆိုတာ စားသောက်ဖို့နေရာပဲ။ ဆူညံချင်ရင် တခြားနေရာသွား။"
လူအုပ်သည် အသံကိုကြားသောအခါ အသံလာရာဘက်သို့ ကြည့်လိုက်ရာ အဖြူရောင်ဝတ်ဆင်ပြီး အနက်ရောင်ဝတ်ရုံလွှမ်းခြုံထားသော ကြည့်ကောင်းသောလူတစ်ဦးကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် အေးစက်သောမျက်နှာထားနှင့် အပြာရောင်ဝတ်စုံဝတ်ထားသော အလှလေးတစ်ဦး ရပ်နေသည်။
ရောက်လာသူကိုမြင်သောအခါ ဖုန်ချင်းသည် အလွန်စိတ်လှုပ်ရှားသွားသည်။ "သခင်လေး၊ နောက်ဆုံးတော့ ရောက်လာပြီပဲ။"