နတ်ဘုရား မူးရစ်ရီဝေ
Vol. 4 Ch. 53
စီကျန့်သည် ဒီနေရာကို အမှတ်မထင်ရောက်လာခြင်းမဟုတ်ပေ။ သူသည် လွန်ခဲ့သောနှစ်ရက်က မိုးသံနားဆင်ပြာသာဒ်တွင် ချင်ဖုန်းနှင့် ကန်းဖေးလန်တို့၏ စကားပြောဆိုမှုကို မတော်တဆကြားခဲ့ခြင်းဖြစ်သည်။ ချင်ဖုန်းက "နောက်နှစ်ရက်နေရင် လရောင်ပြခန်းကို အရက်ကောင်းတစ်သုတ် ရောက်လာလိမ့်မယ်။ အစ်မကန်း၊ စီကျန့်နဲ့ စကားပြောဖို့ အချိန်နည်းနည်းရှာပြီး အရက်ကိုစောစောလာမြည်းဖို့ သူ့ကိုပြောပေးပါ" ဟု ဆိုခဲ့သည်။
စီကျန့်ကိုသိသောသူများက သူသည် အရက်ကို အလွန်အမင်းသောက်သုံးတတ်ကြောင်း သိကြသည်။ ထို့ကြောင့် ချင်ဖုန်းသည် ဤသတင်းကိုကြားလျှင် စီကျန့် လာလိမ့်မည်ဟု သေချာနေခဲ့သည်။
သူဘာကြောင့် ဒီလိုလုပ်ရသလဲဆိုလျှင် ပထမအချက်မှာ သူတို့နှစ်ဦးကြားမှ မိတ်ဆွေရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်ဖြစ်သည်။ နောက်ဆုံးတွင် ယောက်ျားနှစ်ဦးကြားမှ ခင်မင်ရင်းနှီးမှုကို ခိုင်မာစေရန် အကောင်းဆုံးနည်းလမ်းမှာ အတူတူအရက်သောက်ခြင်း သို့မဟုတ် ပင်လယ်စာအတူစားခြင်းမျှသာ မဟုတ်ပေ။
ဒုတိယအချက်မှာ မမျှော်လင့်ထားသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ အချိန်ကိုထိန်းချုပ်ခြင်းဖြင့် မြို့တော်ဝန်အိမ်တော်သည် လရောင်ပြခန်း၏ အရက်ကုန်ကြမ်းရရှိမှုကို ဖြတ်တောက်နိုင်ခဲ့ပြီး ထိုဆိုင်တွင် အရက်မည်မျှကျန်ရှိသည်ကို ခန့်မှန်းနိုင်ခဲ့သည်။ ဤမျှဒုက္ခခံပြီးနောက် နောက်ဆုံးအချိန်တွင် မီးလောင်ရာလေပင့်လုပ်လိုလျှင် သူတို့လုပ်နိုင်သည်သာ။
ပြီးတော့ လက်တွေ့အခြေအနေကလည်း ချင်ဖုန်းမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
"အမတ်ကြီးစီကျန့်၊ ဘာလို့ ဒီကို ရောက်လာတာလဲ။" ရယ်လော့ထင် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့မြို့တော်ဝန်အိမ်တော်နှင့် တစ္ဆေနှိမ်နင်းရေးဌာနတို့၏ ဆက်ဆံရေးမှာ သိပ်ပြီးအဆင်ပြေလှသည်မဟုတ်ပေ။
စီကျန့်က အေးအေးဆေးဆေးပင် သူ၏နားကို ပွတ်သပ်လိုက်သည်။ "လရောင်ပြခန်းက စားသောက်ဆိုင်လေ။ စားဖို့သောက်ဖို့ကလွဲလို့ ငါဒီမှာ ဘာလုပ်စရာရှိဦးမှာလဲ။ မြို့တော်ဝန်အိမ်တော်ရဲ့ သခင်လေးကတော့ စားသောက်ဆိုင်အပေါက်ဝမှာ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုမှုတွေ လုပ်ပြနေတာကတော့ နည်းနည်းရယ်စရာကောင်းမနေဘူးလား။"
"ငါတို့မြို့တော်ဝန်အိမ်တော်ရဲ့ကိစ္စတွေကို တစ္ဆေနှိမ်နင်းရေးဌာနက ဝင်စွက်ဖက်စရာမလိုဘူး။ ငါ့လူတွေကို အခုချက်ချင်းလွှတ်ပေး၊ မဟုတ်ရင်..." ရယ်လော့ထင် ခြိမ်းခြောက်လိုသော်လည်း သူ၏အကြည့်များ စီကျန့်၏အကြည့်များနှင့် ဆုံမိသောအခါ စကားလုံးများ လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။
စီကျန့်သည် ကျင့်ယန်မြို့၏ တိုက်ခိုက်ရေးအင်အားစုတွင် အထွတ်အထိပ်ဖြစ်ပြီး ရယ်လော့ထင်မှာမူ အားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကိုကြောက်ရွံ့သူအဖြစ် နာမည်ဆိုးထွက်နေသူဖြစ်သည်။
"မဟုတ်ရင် ဘာဖြစ်လဲ။ ငါလည်း စိတ်ဝင်စားလို့ပါ၊" စီကျန့်သည် သူ၏လက်မနှင့်လက်ညှိုးကြားမှ ဖုန်မှုန့်ကိုကြည့်ကာ ရယ်လော့ထင်၏ကိုယ်ပေါ်တွင် သုတ်လိုက်ပြီး အမှတ်မထင် ပုတ်ခတ်လိုက်သည်။
ဤသို့အရှက်ခွဲခံရသော်လည်း ရယ်လော့ထင် စကားတစ်ခွန်းမျှ မပြောရဲပေ။ သူ၏မျက်နှာ နီရဲလာပြီး နောက်ဆုံးတွင် "ငါ အဖေ့ကို သွားရှာမယ်" ဟုပြောကာ ဒေါသဖြင့် ထွက်ခွာသွားသည်။
ပြဿနာရှာသူထွက်သွားသည်နှင့် စီကျန့်သည်လည်း သက်တော်စောင့်နှစ်ယောက်ကို ဆက်လက်ဒုက္ခမပေးတော့ပေ။ သူသည် အရိပ်ရုပ်သေးသိုင်းကွက်ကို ချက်ချင်းရုပ်သိမ်းပြီး ထိုလူနှစ်ယောက်ကို သူတို့၏ချည်နှောင်မှုမှ လွှတ်ပေးလိုက်သည်။
ဤဖြစ်စဉ်တစ်လျှောက်လုံးတွင် ထိုသိုင်းသမားနှစ်ယောက်သည် မျက်နှာထားတင်းမာနေပြီး အမူအရာတစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိပေ။
ဤထူးဆန်းသောမြင်ကွင်းကြောင့် စီကျန့်သည် အနီးကပ်ကြည့်ရှုလိုက်ပြီး သူ၏မျက်လုံးများကိုဖွင့်ကာ တစ္ဆေနှင့်ဝိညာဉ်များကို ခွဲခြားကြည့်ရှုလိုက်သည်။ ထို့နောက် သူမျက်မှောင်ကြုတ်လိုက်သည်။
ဤလူနှစ်ယောက်တွင် သုံးလိပ်ပြာ ခုနစ်ဝိညာဉ် မရှိကြပေ။
စီကျန့် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ လူအများအပြားရှိနေသောကြောင့် သေးငယ်လှသော ကျင့်ယန်မြို့လေးတွင် မည်သည့် မတော်တဆမှု့မှ ဖြစ်ပွားခွင့်မပြုနိုင်ပေ။ သူဤနေရာတွင် အရေးယူဆောင်ရွက်၍မဖြစ်သော်လည်း ဤကိစ္စ၏အရင်းမြစ်ကိုမူ သူစုံစမ်းရမည်ဖြစ်သည်။
သူသည် သူ၏ညာဘက်ခြေကို မြေပေါ်သို့ ခပ်ဖွဖွပုတ်လိုက်ရာ အရိပ်များသည် သူ၏ခြေထောက်အောက်တွင် အနက်ရောင်ရုပ်ငယ်နှစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။ တိတ်ဆိတ်စွာပင် ၎င်းတို့သည် ထွက်ခွာသွားသော သိုင်းသမားနှစ်ယောက်၏ ပုံရိပ်များထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
"ကျွန်တော်က အကြီးအကဲစီကျန့်ကို ဒီကို အရက်လာသောက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ တစ်ယောက်ယောက်က ဒီလောက်မျက်စိမရှိဘဲ အကြီးအကဲရဲ့ ပျော်ရွှင်မှုကို လာနှောင့်ယှက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊" ချင်ဖုန်းက နောင်တရသောမျက်နှာဖြင့် ပြောလိုက်သည်။
"ကောင်လေး၊ မင်းငါ့ကို ဒီကို အရက်လာသောက်ဖို့ခေါ်ကတည်းက ပြဿနာတစ်ခုခုရှိနိုင်မယ်လို့ ငါမျှော်လင့်ထားပြီးသား။ ဒီမှာ ငါ့ကို သနားကြင်နာချင်ယောင်ဆောင်မနေနဲ့။ အရက်က အရသာမရှိရင် မင်းအကျိုးဆက်ကို ခံရလိမ့်မယ်၊" စီကျန့်က သတိပေးလိုက်သည်။
အစီအစဉ်မှာ ပေါ်သွားသော်လည်း ချင်ဖုန်း ရှက်ရွံ့ခြင်းမရှိပေ။ ထိုအစား သူပြုံးလိုက်ပြီး၊ " အကြီးအကဲစီကျန့် စိတ်ချပါ၊ အရက်က အကြီးအကဲကို ကျိန်းသေကျေနပ်စေမှာပါ" ဟု ပြောသည်။
စီကျန့် ခေါင်းညိတ်လိုက်သည်၊ "ပြဿနာကို မြန်မြန်ရှင်းလိုက်။ ဒီဆိုင်ကရတဲ့အမြတ်နဲ့ ငါ့ရဲ့တစ္ဆေနှိမ်နင်းရေးဌာနက ခွဲဝေယူထားတာ။"
"လွယ်ပါတယ်ခင်ဗျာ။"
စီကျန့် စားသောက်ဆိုင်ထဲသို့ ဝင်သွားပြီး ချင်ဖုန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူလူအုပ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်၊
"မကြာသေးခင်က အရက်ရှားပါးမှုကြောင့် ကျွန်တော်တို့ ရောင်းချမှုကို ကန့်သတ်ခဲ့ရပါတယ်။ ဈေးနှုန်းမြင့်မားမှုကြောင့် ပထမထပ်နဲ့ ဒုတိယထပ်တွေမှာ မဖွင့်လှစ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ခင်ဗျားတို့အားလုံးကို လျစ်လျူရှုမိခဲ့ပါတယ်။ ဒါ ကျွန်တော်တို့ရဲ့အမှားပါ၊ ဒါကြောင့် ဒီနေရာမှာ ကျွန်တော်ကြေညာပါတယ် -- နောက်သုံးရက်အတွင်း၊ နေ့လည်စာစားချိန်မှာ လရောင်ပြခန်းမှာ ထမင်းစားတဲ့ဘယ်သူမဆို စားပွဲတိုင်းကို အရက်ကောင်းတစ်အိုး လက်ဆောင်ပေးပါ့မယ်၊ ချက်ချင်စတင်ပါပီ"
ဤစကားများထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
သို့သော် အချို့လူများကမူ "ပြောတာတော့ကောင်းပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ပို့ပေးတဲ့အရက်က ရေထက် နည်းနည်းပဲသာတဲ့အရသာဆိုရင် ဘယ်လိုလုပ်မလဲ" ဟု မေးခွန်းထုတ်နေကြဆဲဖြစ်သည်။
လူအများအပြားက ထိုသဘောထားကို ထောက်ခံကြသည်။
ချင်ဖုန်း ဖြည်းညှင်းစွာပြုံးလိုက်ပြီး ရှင်းပြခြင်းမပြုပေ။ ထိုအစား သူသည် သူ၏သိုလှောင်လက်စွပ်ထဲမှ ရေရောထားသော ပေါင်းခံအရက်တစ်ခွက်ကို ထုတ်ယူလိုက်သည်။
အရက်ကို ရေဖြင့်ရောထားသော်လည်း ၎င်း၏ရနံ့မှာ လူကိုမူးယစ်စေနိုင်ဆဲဖြစ်သည်။
အချို့အရက်ကြိုက်သူများသည် ထိုရနံ့ကြောင့် မူးယစ်နေစဉ် တုန်လှုပ်စွာဖြင့် မေးကြသည်၊ "ဒါက ခင်ဗျားတို့ ကျွန်တော်တို့ကို ပေးမယ့်အရက်လား။"
"ဟုတ်ပါတယ်၊ ဒါက အဲ့ဒီအရက်ပါပဲ။"
"ခင်ဗျား ကျွန်တော်တို့ကို လှည့်စားနေတာ မဟုတ်ဘူးလား။"
"ကျွန်တော် ချင်ဖုန်းက ပြောပြီးသားစကားကို အမြဲတည်ပါတယ်ခင်ဗျာ။"
စစ်မှန်ကြောင်း အတည်ပြုပြီးနောက် လူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ချက်ချင်းပင် တိုးဝှေ့တန်းစီလာကြသည်။ ဤအလွန်ကောင်းမွန်သောအရက်ကို ဝယ်မည်ဆိုလျှင် ငွေအမြောက်အမြားကုန်ကျပေလိမ့်မည်။
မမျှော်လင့်ထားသော ကံကောင်းမှုရရှိခြင်းဆိုသည့် အတွေးမှာ လူကိုရူးသွပ်သွားစေနိုင်ပုံရသည်။ လရောင်ပြခန်း၏ အကျပ်အတည်းမှာလည်း ဤနေရာတွင် ဖြေရှင်းပြီးသွားပုံရသည်။
ချင်ဖုန်းသည် လန်နင်ရွှမ်နှင့် မန်နေဂျာဖုန်တို့နှင့်အတူ မီးဖိုချောင်သို့ သွားခဲ့ပြီး မန်နေဂျာဖုန်မှာ လမ်းတစ်လျှောက်လုံး လေးစားအထင်ကြီးကြောင်း ရိုးသားစွာ ထုတ်ဖော်ပြောကြားနေခဲ့သည်။
"ဒါပေမဲ့ သခင်လေး၊ ရက်သုံးဆယ်အတွင်း ဒီလောက်ကောင်းတဲ့အရက်ကို ပို့ပေးရတာ အရမ်းအကုန်အကျများလွန်းနေမှာ မဟုတ်ဘူးလား" ဖုန်ချင်းက သူ၏စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားသည်။
ချင်ဖုန်း များများစားစားမပြောပေ။ ထိုအစား သူသည် သူ၏သိုလှောင်လက်စွပ်ထဲမှ အရက်စည်တစ်ရာကို ထုတ်ယူပြီး ညွှန်ကြားချက်များ ပေးလိုက်သည်။
မူလအရက်စစ်စစ်ကို တိုက်ရိုက်ရောင်းချ၍မဖြစ်သည်မှာ သေချာသည်။ ကောက်ကျစ်သော စီးပွားရေးသမားတစ်ယောက်အနေဖြင့် ရောစပ်ခြင်းမှာ လိုအပ်သော်လည်း မည်သို့ရောစပ်ရမည်ဆိုသည်မှာ လက်ရှိဖောက်သည်အပေါ် မူတည်သည်။
ချင်ဖုန်း ကြိုတင်အစီအစဉ်ချထားပြီးဖြစ်သည်။ စစ်မှန်သောပေါင်းခံအရက်ကို တစ်လလျှင် တစ်စည်သာရောင်းချမည်ဖြစ်ပြီး ၎င်းကို လေလံတင်ရောင်းချမည်ဖြစ်သည်။ ဤနည်းဖြင့် သူသည် ချမ်းသာသူများကို ကောင်းကောင်းနှပ်နိုင်ပေလိမ့်မည်။
ဤသည်ကို ကျင့်ယန်မြို့ရှိ ချမ်းသာသူနှင့်ဆင်းရဲသူကြားမှ ကွာဟချက်ကို ကျဉ်းမြောင်းစေရန် သူ၏ကူညီထောက်ပံ့မှုဟုလည်း ယူဆနိုင်ပေသည်။ ချင်ဖုန်းသည် သူလုပ်နေသောအရာအတွက် မိမိကိုယ်ကို မှန်ကန်သည်ဟု ခံစားနေမိသည်။
အရာအားလုံး စီစဉ်ပြီးနောက် ချင်ဖုန်း မီးဖိုချောင်မှ ထွက်ခွာသွားသည်။ ကျန်ရှိသောကိစ္စများကို မန်နေဂျာဖုန်က ကောင်းစွာကိုင်တွယ်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။
လရောင်ပြခန်း၏ ဒုတိယထပ်တွင် စီကျန့်သည် ဟင်းပွဲများမှာကြားပြီး ပြတင်းပေါက်နားတွင် ထိုင်နေနှင့်ပြီဖြစ်သည်။
သူမ၏သခင်လေး ချင်ဖုန်းက အကြီးအကဲစီနှင့် ဆွေးနွေးစရာရှိသည်ကို သိသောကြောင့် လန်နင်ရွှမ်သည် အခြားထိုင်ခုံတစ်ခုရှာ၍ ထိုင်လိုက်သည်။
ချင်ဖုန်း စီကျန့်ထံသို့ စကားတစ်ခွန်းမျှမပြောဘဲ လျှောက်သွားပြီး သူ၏သိုလှောင်လက်စွပ်ထဲမှ မူလပေါင်းခံအရက်တစ်စည်ကို ထုတ်ယူကာ အဖုံးကိုဖွင့်လိုက်သည်။ ဒုတိယထပ်တစ်ခုလုံးမှ လူများ စားသောက်နေခြင်းကိုရပ်တန့်ပြီး လှမ်းကြည့်ကြသည်။ ထိုရနံ့မှာ အလွန်ဆွဲဆောင်မှုရှိပြီး ခုခံနိုင်စွမ်းမရှိလောက်အောင်ပင် ဖြစ်သည်။
စီကျန့်၏မျက်လုံးများ ကျယ်ပြန့်သွားပြီး သူစောင့်မနေနိုင်တော့ဘဲ ပန်းကန်လုံးတစ်လုံးထဲသို့ငှဲ့ကာ တစ်ကျိုက်တည်းမော့ချလိုက်ရာ အနည်းငယ်မူးဝေသွားသလို ခံစားလိုက်ရသည်။
သူသည် ကောင်းကင်မြို့တော်သို့ ရောက်ဖူးပြီး အကောင်းဆုံးစားသောက်ဆိုင်တွင် အပြင်းဆုံးအရက်ကို မြည်းစမ်းဖူးသော်လည်း ထိုအရက်များပင်လျှင် သူ့ရှေ့မှအရက်နှင့် မယှဉ်နိုင်ပေ။
"ဒီအရက်နာမည်က ဘာလဲ" စီကျန့်က အံ့ဩစွာမေးလိုက်သည်။
"ကျွန်တော်က 'နတ်ဘုရား မူးရစ်ရီဝေ' လို့ နာမည်ပေးထားပါတယ်။"
"အရက်ကတော့ အကောင်းဆုံးပဲ၊ နာမည်ကလည်း မဆိုးပါဘူး။ ဒီလောက်ကောင်းတဲ့အရက်က ဈေးကြီးမှာပဲ။"
"တန်ဖိုးရှိသော်လည်း ဈေးနှုန်းသတ်မှတ်မထားပါဘူးခင်ဗျာ။"
နှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး နှစ်ယောက်စလုံး လျှို့ဝှက်သောအပြုံးများ ပေါ်လာကြသည်။
"သူဌေး၊ ခင်ဗျားသောက်နေတဲ့အရက်က ဘာအမျိုးအစားလဲ။ ကျွန်တော်တို့ကိုလည်း နည်းနည်းလောက်မြည်းစမ်းခွင့်ပေးပါဦး။" ကျင့်ယန်မြို့တွင် အလုပ်မရှိအကိုင်မရှိ လျှောက်သွားနေသော သိုင်းသမားများနှင့် တာအိုရသေ့များ များများစားစားမရှိသောကြောင့် ဒုတိယထပ်မှ ဖောက်သည်အများစုမှာ တစ္ဆေနှိမ်နင်းရေးဌာနမှ ဖြစ်ကြသည်။ သူတို့ထဲတွင် အရက်ကောင်းကို တန်ဖိုးထားတတ်သူအချို့ ပါဝင်သည်။ ထိုရနံ့ကိုရသောအခါ သူတို့သည် မျက်နှာပြောင်တိုက်ကာ မြည်းစမ်းခွင့်တောင်းရန် ရောက်လာကြသည်။
သို့သော် ခြွင်းချက်မရှိဘဲ သူတို့အားလုံးကို စီကျန့်က မောင်းထုတ်လိုက်သည်။ သူကိုယ်တိုင်ပင် အရေအတွက် မလုံလောက်ဟု ထင်မြင်နေသည်၊ သူတစ်ပါးကို မည်သို့မျှဝေနိုင်မည်နည်း။
အရက်သောက်ပြီးနောက် စကားစမြည်ပြောဆိုမှုများမှာ သဘာဝအတိုင်း စီးဆင်းလာသည်။ စကားပြောရင်းပြောရင်း သူတို့သည် စားသောက်ဆိုင်များ ဝယ်ယူခြင်းကိစ္စကို ဆွေးနွေးဖြစ်ကြလေတော့သည်။