← Chapters

မူလကမ္ဘာသို့ ပြန်ခြင်း....

Vol. 21 Ch. 330

မူလကမ္ဘာသို့ ပြန်ခြင်း....

Vol. 21 Ch. 330

" မဖြစ်မနေ.... စစ်မှုထမ်းရမှာလား..." လင်းယွမ်က အနည်းငယ် အံ့ဩသွားပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

ဘယ်သူက သူ့ကို အတင်းအကျပ် စစ်မှုထမ်းခိုင်းရဲမှာလဲ။

" ဟုတ်တယ်။ သားဦးလေးက သားကို အစိုးရအလုပ်တစ်ခု ရှာပေးထားတယ်လို့ ပြောတယ်။ မနက်ဖြန် သားဦးလေးဆီ သွားတွေ့လိုက် သူအကုန်စီစဉ်ပေးလိမ့်မယ်။ "

" ရှောင်ယွမ် သားဦးလေးက အမေတို့ရဲ့ ကျေးဇူးရှင်ပဲ။ အချိန်တန်ရင် သားကျေးဇူးဆပ်ရမယ်နော်။ " လုချုံးက သတိပေးလိုက်သည်။

" ရှောင်ယွမ် အလုပ်ရရင် မိန်းကလေးတစ်ယောက်ရှာတော့။ သားတို့ လက်ထပ်ပြီးရင် ကလေးမြန်မြန်ယူ။ သားအဖေနဲ့ အမေက စောင့်ရှောက်ပေးနိုင်တယ်။ အဲ့ဒီစက်ရုပ်တွေက ကလေးတွေကို ဘယ်လိုဂရုစိုက်ရမှန်းမသိဘူး။ အမေတို့ကိုယ်တိုင်လုပ်တာက ပိုကောင်းတယ်။ " လုချုံးက အနာဂတ်အကြောင်း ပြောလိုက်သည်။

" လက်ထပ်ရမှာလား။ "

" ကလေးယူရမှာလား။ "

လင်းယွမ်၏ မျက်လုံးများထဲတွင် ကြယ်ပင်လယ်ဝဲဂယက်တစ်ခု ပေါ်လာသည်။

" ငါ့ရဲ့ ခရီးက ကျယ်ပြောလှတဲ့ ကြယ်စကြာဝဠာပဲ။ သာမန်ဂြိုလ်တစ်ခုမှာ ဘယ်လိုလုပ်ပိတ်မိနေနိုင်မှာလဲ။ " လင်းယွမ်က မတ်တပ်ရပ်၍ အညောင်းဆန့်လိုက်ပြီး ရယ်မောလိုက်သည်။

ထိုအချိန်တွင် သန်မာသော စိတ်စွမ်းအားတစ်ခုက စုစဘ်းလာပြီး သူမြင်သမျှအရာအားလုံးက စိတ်ကူးယဉ်ပုံရိပ်များကဲ့သို့ ဖြစ်သွားသည်။

လင်းယွမ်က သတိပြန်ဝင်လာသည့်အချိန်တွင် သူ၏ စိတ်အသိက တစ်ဖန် ပြန်လည်နစ်မြုပ်သွားခဲ့သည်။

သူက မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ ကြယ်စကြာဝဠာထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

မျိုးနွယ်ခြားများ၏ သန်မာသော အော်ရာများက နောက်ကလိုက်နေကြပြီး သူက အမဲလိုက်ခံနေရသည်မှာ ရှင်းလေသည်။

" ဟားဟား မင်းက လူသားမျိုးနွယ်ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်နေရင်တောင် ဒီနေ့ မင်းသေရလိမ့်မယ်။ " သူ၏ နောက်မှ လိုက်လာသော မျိုးနွယ်ခြားများက ရူးသွပ်စွာ ရယ်မောလိုက်ကြသည်။

" ငါ လိုက်ဖမ်းခံနေရတာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး ဆက်လက်ထွက်ပြေးရန် မသိစိတ်က လှုံ့ဆော်နေသည်။

ထိုအချိန်တွင် သန်မာသော စိတ်စွမ်းအားက တစ်ဖန် ပြန်လည်စုစည်းလာပြန်သည်။ ၎င်းက လင်းယွမ်အား သူ၏ အခြေအနေကို နားလည်သွားစေသည်။

" စိတ်နှလုံးနတ်ဆိုးပဲ..." လင်းယွမ်က ထွက်ပြေးခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်က ပုံရိပ်ယောင်အဖြစ် ပြန်လည်ပြိုကွဲသွားသည်။

စိတ်နှလုံးနတ်ဆိုးကပ်ဘေး၏ အနှစ်သာရမှာ စိတ်နှလုံးနတ်ဆိုးပင် ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူများက စိတ်နှလုံးနတ်ဆိုး ယကပ်ဘေးကို ရင်ဆိုင်ရာတွင် သူတို့ စိုးရိမ်သော အရာများ သို့မဟုတ် သူတို့လိုချင်တောင့်တသော အရာများ ကြုံတွေ့ရသည်။

ဥပမာ လင်းယွမ်က သူမသန်မာလာမီ မျိုးနွယ်ခြားများ၏ သတ်ဖြတ်ခြင်းအား ခံရမည်ကို အလွန်စိုးရိမ်ခဲ့သေည်။

ပုံမှန်အားဖြင့် လူတစ်ယောက်၏ စိတ်စွမ်းအားညွှန်းကိန်းက မလုံလောက်လျှင် အလွှာပေါင်းများစွာသော ပုံရိပ်ယောင်များထဲတွင် နစ်မြုပ်သွားပြီး စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ကျော်လွှားရာတွင် ကျရှုံးပေလိမ့်မည်။

သို့သော် ခိုင်မာသော စိတ်စွမ်းအားက ဆင့်ကဲပြောင်းလဲသူကို လျင်မြန်စွာ နိုးထလာစေသည်။ သို့မဟုတ် ဆင့်အားပြောင်းလဲသူအား သူ၏ ပတ်ဝန်းကျင်မှ အရာအားလုံးက ပုံရိပ်ယောင်ဖြစ်သည်ကို နားလည်စေပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ချေ ပိုများလေသည်။

မျက်စိတစ်မှိတ်အတွင်း စိတ်နှလုံးနတ်ဆိုး၏ ပုံရိပ်ယောင်များစွာကို ချေမှုန်းပစ်ခဲ့သည်။

မြင်ကွင်းများပြောင်းလဲသွားပြီး အဝေးတွင် ဂလက်စီတစ်ခုနှင့် အရွယ်အစားတူသော အင်ဆက်မျိုးနွယ်၏ အသိုက်တစ်ခု ပေါ်လာသည်။ သတ္တမအလွှာ၊ အဋ္ဌမအလွှာနှင့် နဝမအလွှာများပင် အသိုက်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

" အဲ့ဒါ အင်းဆက်ဘုရင်မလား။ " လင်းယွမ်၏ စိတ်ထဲတွင် တုန်လှုပ်သွား၏။

အင်းဆက်ဘုရင်မက လူသားမျိုးနွယ်၏ ကြီးမြတ်သူတစ်ယောက်နှင့် အဆင့်တူလေသည်။ အင်းဆက်ဘုရင်မတစ်ပါးက သတ္တမအလွှာ၊ အဋ္ဌမအလွှာနှင့် နဝမအလွှာ အင်းဆက်စစ်သည်များကို အဆုံးမရှိ ထုတ်လုပ်နိုင်လေသည်။

ထိုအင်းဆက်စစ်သည်များက တစ်ယောက်ချင်း တိုက်ခိုက်ရာတွင် အဆင့်တူ ဆင့်ကဲပြောင်းလဲသူများကို လုံးဝ ယှဉ်နိုင်စွမ်းမရှိပေ။

သို့သော် သူတို့၏ အရေအတွက်က အလွန်များပြားလှပြီး သာမန်အဋ္ဌမအလွှာ အင်းဆက်စစ်သည် သန်းပေါင်းများစွာကို မြင်ရလျှင် ချီခွန်ကြယ်သခင်ပင် ဦးရေပြားများ ယားယံလာပေလိမ့်မည်။

ထို့ကြောင့် လူသားမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်ကြား စစ်ပွဲတွင် စစ်မြေပြင်လတ်နှင့် စစ်မြေပြင်ငယ်များတွင် အားသာချက်မရှိဘဲ အားနည်းချက်သာ ရှိလေသည်။

ကြီးမြတ်သူများကြား တိုက်ပွဲတွင်သာ လူသားမျိုးနွယ်ဘက်က လွှမ်းမိုးထားသည်။ အကြောင်းမှာ အင်းဆက်ဘုရင်မများကို ကြီးမြတ်သူများက ဖိနှိပ်ထားသောကြောင့် ဖြစ်၏။

" အင်းဆက်ဘုရင်မက ငါ့ကို ကိုယ်တိုင် တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

အစွမ်းထက်သော စိတ်စွမ်းအားမရှိလျှင်တောင် သူ၏ ရှေ့မှ မြင်ကွင်းက အဓိပ္ပါယ်မရှိပေ။ အင်းဆက်ဘုရင်မများက ​ကြီးမြတ်သူများနှင့် တိုက်ခိုက်နိုင်သော တည်ရှိမှုများဖြစ်ကြသည်။

လူသားမျိုးနွယ်တွင် ခေတ်တစ်ခေတ်၏ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်လျှင်တောင် အင်ဆက်ဘုရင်မှတစ်ပါးက လှုပ်ရှားရန် မဖြစ်နိုင်သေးပေ။

ဝုန်း....

သန်မာသော စိတ်စွမ်းအားများ စုစည်းလာပြီး စိတ်နှလုံးနတ်ဆိုး၏ ပုံရိပ်ယောင်အလွှာကို ဖျက်ဆီးပစ်လိုက်သည်။

ခမ်းနားသော ဆင့်ကဲပြောင်းလဲခြင်းမျှော်စင်ထက်တွင် လင်းယွမ်က ထိုင်နေပြီး သူ၏ အော်ရာက ကြယ်စကြာဝဠာကဲ့သို့ နက်ရှိုင်းနေကာ သူ၏ အကြည့်ကျရောက်ရာ နေရာတိုင်းက သူ၏ ကိုယ်ပိုင်နယ်ပယ်အတွင်း ရှိနေသည်။

" မဟာကြီးမြတ်သူရဲ့ ဦးဆောင်မှုကြောင့် လူသားမျိုးနွယ်က ကြယ်စကြာဝဠာထဲမှာ အင်အားအကြီးဆုံး မျိုးနွယ်တစ်ခု ဖြစ်လာပါပြီ။ အခုဆိုရင် အင်းဆက်မျိုးနွယ်လို မျိုးနွယ်တွေက တစ်ခုပြီးတစ်ခု လက်နက်ချခဲ့ပါတယ်။ " အောက်မှ အကြီးအကဲတစ်ယောက်က လေးစားစွာ ပြောလိုက်သည်။

" ကြီး​မြတ်သူတစ်ယောက်ဖြစ်လာခြင်း။ လူသားမျိုးနွယ်ကို အထွတ်အထိပ်ရောက်အောင် ဦးဆောင်ချင်တာက ဆင့်ကဲပြောင်းလဲသူတိုင်းရဲ့ ဆန္ဒပဲ။ "

ဤအချိန်တွင် လင်းယွမ်က မရေတွက်နိုင်သော လူသားမျိုးနွယ်များ၏ ဦးညွှတ်မှုကို ခံယူပြီး နတ်ဘုရားတစ်ပါးကဲ့သို့ အမြင့်မှ ကြည့်နေသည်။

" နှမြောစရာပဲ အားလုံးက အတုတွေ..." လင်းယွမ်က သက်ပြင်းချလိုက်သည်။

ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက ပြိုကွဲသွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ ပြိုင်ဘက်ကင်းစွမ်းအားများကလည်း ပျောက်ကွယ်သွားသည်။

တောင်ထိပ်တစ်ခုပေါ်တွင် လင်းယွမ်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

" စိတ်နှလုံးနတ်ဆိုးကပ်ဘေး.... အဆုံးသတ်သွားပြီ..."

လင်းယွမ်၏ အကြည့်များက နက်ရှိုင်းနေပြီး အချုပ်အနှောင်များမှ လွတ်မြောက်သွားသကဲ့သို့ သူ၏ စွမ်းအားများက ရုတ်တရက် မြင့်တက်လာသည်။

" ငါ့ရဲ့ လက်ရှိအဆင့်က.... အဋ္ဌမအလွှာကို ရောက်သွားပြီ..."

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာရန် လိုအပ်ချက် သုံးခုရှိလေသည်။

တစ်ခုမှာ စိတ်နှလုံးနတ်ဆိုးကပ်ဘေး၊ ဒုတိယမှာ အတွင်းကမ္ဘာနှင့် တတိယမှာ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က သတ္တမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိခြင်းတို့ ဖြစ်သည်။

စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို မကျော်လွှားနိုင်လျှင် လူတစ်ယောက်က သတ္တမအလွှာ အထွတ်အထိပ်သာ ဖြစ်နေပေလိမ့်မည်။ အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က လိုအပ်ချက်များနှင့် ပြည့်စုံနေလျှင်တောင် အသုံးမဝင်ပေ။ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို ဖြတ်ကျော်ပြီးမှသာ နယ်ပယ်အရ အဋ္ဌမအလွှာသို့ ချောမွေ့စွာ တက်လှမ်းနိုင်မည်ဖြစ်သည်။

ထို့နောက် အတွင်းကမ္ဘာကို ဖွင့်လှစ်ပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ပြည့်စုံခြင်းသို့ ရောက်ရှိလျှင် အဋ္ဌမအလွှာသို့ တရားဝင် တက်လှမ်းနိုင်မည်ဖြစ်သည်။

" ဆင်းသက်ခြင်းကို အဆုံးသတ်မယ်။ " လင်းယွမ်က လက်ကျန် နေထိုင်ချိန်ကို ကြည့်လိုက်ပြီး ငါးနှစ်ကျန်နေသေးသည်။

လင်းယွမ်ကြုံတွေ့ခဲ့ရသော စိတ်နှလုံးနတ်ဆိုး၏ ပုံရိပ်ယောင်များစွာက လက်တွေ့တွင် ခနသာဖြစ်၏။ ကျန်ရှိနေသော ငါးနှစ်ကို ဤကမ္ဘာတွင် အချိန်ဖြုန်းရန် မလိုအပ်တော့ပေ။ သူ့အတွက် ယခု အရေးကြီးဆုံးအရာမှာ အဋ္ဌမအလွှာသို့ အပြည့်အဝ တက်လှမ်းရန် ဖြစ်သည်။

ချီခွန်ပင်မကြယ်တွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ ရှေ့တွင် အနီရောင်စိတ်ဝိညာဉ်အရည် ပုလင်းများစွာ ပေါ်လာသည်။

လွန်ခဲ့သော နှစ်များက လင်းယွမ်မှာ အဋ္ဌမအလွှာသို့ တက်လှမ်းရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အနီရောင်စိတ်ဝိညာဉ်အရည်များကိုလည်း မမေ့ခဲ့ပေ။

" အဆင့်တက်မယ်။ "

ဝုန်း.....

ပထမဆုံးအနေဖြင့် အတွင်းကမ္ဘာက တစ်ဖန် ရူးသွပ်စွာ ကျယ်ပြန့်လာသည်။ မူလတွင် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင် ၁၂၀၀၀၀ ကျော်ရှိပြီး ယခုအခါ မိုင် ၂၅၀၀၀၀ထိ ကျယ်ပြန့်လာခဲ့သည်။

အတွင်းကမ္ဘာ၏ ကျယ်ပြန့်မှုက လှုပ်ရှားမှုသိပ်မဖြစ်ခဲ့ပေ။ ယခင် လင်းယွမ်၏ အတွင်းကမ္ဘာက ဆယ်မိုင်ကျော်မှ မိုင်တစ်သိန်းကျော်ထိ ကျယ်ပြန့်လာသောကြောင့် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ချီခွန်ကြယ်သခင်ကို အကူအညီ​တောင်းခဲ့ရသည်။

သို့သော် ယခုအခါ မိုင်တစ်သိန်းကျော်မှ နှစ်သိန်းကျော်ထိ တိုးလာသော်လည်း အခြေခံက ခိုင်မာသွားခြင်းကြောင့် လင်းယွမ်က ထိန်းချုပ်နိုင်စွမ်းရှိခဲ့လေသည်။

All Chapters