← Chapters

အကိုကြီး အဋ္ဌမအလွှာသို့ တက်လှမ်းခြင်း....

Vol. 21 Ch. 317

အကိုကြီး အဋ္ဌမအလွှာသို့ တက်လှမ်းခြင်း....

Vol. 21 Ch. 317

လင်းယွမ်က ခန်းမထဲမှ ထွက်လာပြီး စဉ်းစားနေသည်။

လွန်ခဲ့သော နှစ်နှစ်ကျော်က စစ်မြေပြင်မှ ပြန်လာချိန်တွင် အဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်၏ သတ်ဖြတ်လိုစိတ်နှင့် ရင်ဆိုင်ခဲ့ရပြီး သေခြင်းရှင်ခြင်းအခိုက်အတန့်ကို ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်တွင် စီနီယာ အကိုကြီးက နက်ရှိုင်းသော အသိအမြင်များရရှိခဲ့ပြီး တံခါးပိတ်ကျင့်ကြံခဲ့သည်။

လင်းယွမ်က ပထမတောင်ထိပ်သို့ ပျံသန်းသွားပြီး အခြား တပည့် ၁၁ ယောက်လည်း ရောက်လာကြသည်။ စီနီယာအကိုကြီး အဆင့်တက်ပြီးချိန်ထိ သူတို့က အပြင်တွင် စောင့်နေကြသည်။

လေဟာနယ်အတက်အကျများက အစမှအဆုံး အလွန်တည်ငြိမ်လေသည်။

" ဘာပြဿနာမှ မရှိလောက်ဘူး။ " အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က အဋ္ဌမအလွှာသို့ မဝင်ရောက်သေးသော်လည်း အတွင်းကမ္ဘာကို ဖွင့်လှစ်ခြင်းတွင် အတွေ့အကြုံရှိခဲ့ပြီး စီနီယာအကိုကြီး၏ အတွင်းကမ္ဘာဖွင့်လှစ်ခြင်းက အလွန်ချောမွေ့နေသည်ကို သိလိုက်ရသည်။

သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အဋ္ဌမအလွှာသို့ တက်လှမ်းရာတွင် အခက်ခဲဆုံးမှာ အတွင်းကမ္ဘာကို ဖွင့်လှစ်ခြင်းဖြစ်သည်။

လင်းယွမ်ကဲ့သို့ အတွင်းကမ္ဘာက မိုင်တစ်သိန်းကျော်သို့ ရောက်နေပြီး စိတ်စွမ်းအားအတားအဆီးတွင် ရပ်တန့်နေသည်မှာ အလွန်ရှားလေသည်။ အကြောင်းမှာ လင်းယွမ်က အလွန်ငယ်ရွယ်ပြီး သူ၏ ကျင့်ကြံခြင်းက အလွန်လျင်မြန်သောကြောင့် ဖြစ်သည်။

ခနကြာသောအခါ လေဟာနယ်အတက်အကျများ တည်ငြိမ်သွားပြီး စီနီယာအကိုကြီးက ပျံသန်းလာသည်။

" ဂုဏ်ပြုပါတယ် အကိုကြီး။ "

" အဋ္ဌမအလွှာကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် အကိုကြီး။ "

တပည့်အားလုံးက စီနီယာအကိုကြီးကို ပြုံး၍ ဂုဏ်ပြုစကားပြောလိုက်ကြသည်။

" မင်းတို့အားလုံး လာခဲ့ကြဦး။ " ရုတ်တရက် ချီခွန်ကြယ်သခင်၏ အသံက လင်းယွမ်နှင့် အခြားသူများ၏ နားထဲသို့ ဝင်ရောက်လာသည်။

" ဆရာက ငါတို့ကို ခေါ်နေပြီ။ "

" အကိုကြီးအဆင့်တက်တာကို ချီးကျူးမလို့ထင်တယ်။ "

" ငါတကယ်မနာလိုဘူး။ ငါလည်း ဘယ်အချိန်မှ အဋ္ဌမအလွှာကို ရောက်မှာလဲမသိဘူး။ "

လင်းယွမ်နှင့် အခြားတပည့်များက အလယ်မှတောင်ထိပ်ဆီသို့ ပျံသန်းသွားကြသည်။

အနီရောင်ခန်းမထဲတွင် ချီခွန်ကြယ်သခင်က ထိုင်နေပြီး လင်းယွမ်နှင့် အခြားတပည့်များက အောက်တွင် ရပ်နေကြသည်။

" တော်တယ်။ " ချီခွန်ကြယ်သခင်က အကိုကြီးကို ကြည့်ပြီး ခေါင်းညိမ့်လိုက်သည်။

" ကျေးဇူးတင်ပါတယ် ဆရာ..." အကိုကြီးက ဝမ်းသာသွားသည်။

အဋ္ဌမအလွှာက လူသားမျိုးနွယ်၏ အရေးပါသော အဆင့်ဖြစ်လေသည်။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေဖြင့် ကြယ်နယ်မြေတစ်ခုကို စိုးမိုးပြီး ကြယ်သခင်တစ်ယောက် ဖြစ်လာနိုင်လေသည်။

" မင်းရဲ့ အတွင်းကမ္ဘာက ဘယ်လောက်ကျယ်လဲ။ " ချီခွန်ကြယ်သခင်က ခနစဉ်းစားပြီး မေးလိုက်သည်။

ဆင့်ကဲပြောင်းလဲသူများက သူတို့၏ အတွင်းကမ္ဘာကို ဖွင့်လှစ်ချိန်တွင် မိုင်တစ်ထောင်အောက်သာ ရှိပါက ကမ္ဘာပုံရိပ်ထွက်ပေါ်ခြင်းမရှိပေ။

" ဆရာ ကျွန်တော် အတွင်းကမ္ဘာက မိုင် ၂၃၀ ရှိပါတယ်။ " အကိုကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ယေဘုယျအားဖြင့် အဋ္ဌမအလွှာသို့ တက်လှမ်းခါစ ဆင့်ကဲပြောင်းလဲသူများ၏ အတွင်းကမ္ဘာမှာ မိုင်တစ်ရာသာ ရှိလေသည်။ အကိုကြီး၏ အတွင်းကမ္ဘာက မိုင်နှစ်ရာကျော်သောကြောင့် သာမန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများထက် များစွာ ပို၍ အားကောင်းလေသည်။

" အဋ္ဌမအလွှာကို ရောက်ခါစမှာ အကိုကြီးက မိုင် ၂၃၀ ကျယ်တဲ့ အတွင်းကမ္ဘာရှိနေပြီ။ သူ့ရဲ့ အလားအလာက အကန့်အသတ်မရှိတော့ဘူး။ "

" အကိုကြီး အနာဂတ်မှာ မင်းငါ့ကို လမ်းညွှန်ပေးရမယ်။ "

" ဒီလိုကြီးမားတဲ့ အတွင်းကမ္ဘာနဲ့ဆို ကမ္ဘာစွမ်းအားက ဘယ်လောက်တောင် ပြင်းထန်လိုက်မလဲ။ "

တပည့်များက မနာလိုမှုများနှင့် ချီးကျူးလိုက်ကြသည်။ အထူးသဖြင့် သတ္တမအလွှာတွင် ရှိနေသော ဒုတိယနှင့် တတိယတပည့်တို့ဖြစ်သည်။ သူတို့က ဘုရင်အဆင့်အထွတ်အထိပ်သို့ မရောက်သေးသော်လည်း အဋ္ဌမအလွှာကို မျှော်လင့်နိုင်လေသည်။

" မိုင် ၂၃၀ ရှိတဲ့ အတွင်းကမ္ဘာလား။ " ချီခွန်ကြယ်သခင်က စိတ်အားထက်သန်နေကြသော တပည့်များကို ကြည့်လိုက်သည်။

ထို့နောက် သူက လင်းယွမ်ကို တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ ပြုံးလိုက်သည်။

ချီခွန်ကြယ်သခင်၏ အတွေးများက ရှုပ်ထွေးသွား၏။ သူ၏ တပည့်အကြီးဆုံးက အဋ္ဌမအလွှာသို့ ရောက်သွားသောကြောင့် သူက ဝမ်းသာသင့်လေသည်။ သူ၏ တပည့်ကြီးက အဋ္ဌမအလွှာသို့ ဝင်ရောက်ပြီး သူ၏ အတွင်းကမ္ဘာက မိုင် ၂၃၀ ရှိလေသည်။

လင်းယွမ်၏ မိုင်တစ်သိန်းကျော်ကျယ်သော အတွင်းကမ္ဘာနှင့်ယှဉ်လျှင်.... လင်းယွမ်က သတ္တမအလွှာတွင်သာ ရှိနေပြီး သူက အဋ္ဌမအလွှာသို့ တက်လှမ်းချိန်တွင် သူ၏ အတွင်းကမ္ဘာက ကြီးထွားလာဦးမည်ဖြစ်သည်။ သူတို့ကြားမှ ကွာဟမှုက ကြီးမားလှသည်။

သူ၏ တပည့်ကြီး၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ပြီး ချီခွန်ကြယ်သခင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

" ကောင်းပြီ။ အဋ္ဌမအလွှာရဲ့ လမ်းကြောင်းက မလွယ်ဘူး။ မင်းက စကြာဝဠာရတနာတွေကို စုဆောင်းရမယ် နိယာမတွေကို နားလည်ပြီး အတွင်းကမ္ဘာကို ပြည့်စုံအောင် လုပ်ရမယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။

ထိုအရာအားလုံးကို ဖြတ်သန်းဖူးသူ အဋ္ဌမအလွှာတွင် မယုံကြည်နိုင်စရာ တည်ရှိမှုတစ်ခုဖြစ်သော ချီခွန်ကြယ်သခင်က ၎င်းကို ပြောရန် အရည်အချင်းပြည့်မီလေသည်။

အဋ္ဌမအလွှာတွင် ကွာဟချက်များ ကြီးမားလေသည်။ ဥပမာ ချီခွန်ကြယ်သခင်အတွက် သာမန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို သတ်ခြင်းက ဟီးသီးဟင်းရွက်လှီးဖြတ်သကဲ့သို့ လွယ်ကူလွန်းလှသည်။

မျိုးနွယ်ခြားများ၏ အလယ်စစ်မြေပြင်များတွင် ချီခွန်ကြယ်သခင်က သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်ပြီး ကောင်းကင်ကို ဖြိုခွင်းကာ ပါးစပ်ဖွင့်၍ ရှုသွင်းလိုက်ရုံနှင့် မျိုးနွယ်ခြားသန်မာသူများစွာကို ဝါးမြိုပစ်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းကျော်တွင် ဟေးယ့်မ်မျိုးနွယ်၏ ချင်းယုက စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သူက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်၏ ခုခံမှုအားလုံးကို ထိုးဖောက်ပြီး အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကိုပင် ပျက်ဆီးလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် အိုရင်က ​သေခြင်းမှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။

" နားလည်ပါပြီ။ " စီနီယာအကိုကြီးက သတိဝင်သွားပြီး ချက်ချင်း အာရုံစိုက်လိုက်သည်။

အမှန်တွင် လူသားမျိုးနွယ်နှင့် အခြားမျိုးနွယ်တစ်သောင်းတို့အတွက် အဋ္ဌမအလွှာက စင်မြင့်ပေါ်တွင် ရပ်တည်နိုင်ရုံမျှသာ ဖြစ်သည်။

" ကောင်းတယ်..." ချီခွန်ကြယ်သခင်က ခေါင်းငြိမ့်လိုက်သည်။

သူ၏ တပည့်ကြီးက လင်းယွမ်နှင့် မယှဉ်နိုင်သော်လည်း ရှေ့ဆက်လျှောက်လှမ်းနိုင်မည်ကို သူယုံကြည်လေသည်။

" ဘယ်ကြယ်နယ်မြေကို ဦးစီးဖို့ စီစဉ်ထားလဲ။ "

" ကြယ်နယ်မြေကို ဦးစီးတယ်...."

အောက်မှ လင်းယွမ်နှင့်အခြားတပည့်များက သူတို့အကိုကြီးကို ကြည့်လိုက်ကြသည်။

လူသားမျိုးနွယ်မဟာမိတ်က အဋ္ဌမအလွှာအောက် ဆင့်ကဲပြောင်းလဲသူများက အကာအကွယ်ပေးပြီး ခိုလှုံခွင့်ပေးထားသည်။ မလုပ်မနေရ တာဝန်ဆိုသည်မှာ မရှိသလောက်ပင်ဖြစ်၏။ မျိုးနွယ်ခြားများ၏ စစ်မြေပြင်သို့ သွားလျှင်တောင် ဆင့်ကဲပြောင်းလဲသူများက မိမိတို့ဆန္ဒအလျောက် တောင်းဆိုနိုင်လေသည်။

အဋ္ဌမအလွှာအောက် ဆင့်ကဲပြောင်းလဲသူများက ပြဿနာများမရှာဘဲ သို့မဟုတ် လူသားမျိုးနွယ်၏ ဥပဒေများကို မချိုးဖောက်လျှင် သက်သောင့်သက်သာ နေထိုင်နိုင်လေသည်။

၎င်းက သာမန်ဟုထင်ရသော်လည်း ကြယ်စကြာဝဠာအတွင်းမှ အခြားမျိုးနွယ်များက အားနည်းသူများကို ကျွန်ပြုနေသည်နှင့်ယှဉ်လျှင် များစွာ ကောင်းမွန်လေသည်။ သို့သော် ထိုအရာအားလုံးက အဋ္ဌမအလွှာအောက်နှင့်သာ သက်ဆိုင်လေသည်။

ဆင့်ကဲပြောင်းလဲသူများက အဋ္ဌမအလွှာသို့ ရောက်သည်နှင့် လူသားမျိုးနွယ်၏ တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်၏။ သူတို့က ကြယ်နယ်မြေတစ်ခုကို ရွေးချယ်ပြီး ကြယ်သခင်အဖြစ် နှစ်ငါးရာတိုင်တိုင် အုပ်ချုပ်ရလေသည်။ နှစ်ငါးရာကြာပြီးလျှင် သူတို့က နှုတ်ထွက်ပိုင်ခွင့်ရှိလေသည်။

" ဆရာ ကျွန်တော် အဲ့အကြောင်းမတွေးရသေးဘူး။ " ပထမတပည့်က ပြောလိုက်သည်။

သူက အဋ္ဌမအလွှာကို မချိုးဖျက်မီ အောင်မြင်မလား ကျရှုံးမလား သေချာမသိပေ။ အကယ်၍ သူက စိတ်နှလုံးနတ်ဆိုးကပ်ဘေးအောက်တွင် သေဆုံးခဲ့လျှင် များစွာတွေးထားခြင်းက အဓိပ္ပါယ်မရှိပေ။

" ကိစ္စမရှိဘူး။ အချိန်ယူပြီး စဉ်းစားပါ။ " ချီခွန်ကြယ်သခင်က သာမန်အတိုင်း ပြောလိုက်သည်။

အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ကြယ်နယ်မြေတစ်ခုကို ရွေးချယ်ပြီး ကြယ်သခင်အဖြစ် အုပ်ချုပ်ကမည်ဆိုသော်လည်း ချက်ချင်းလုပ်ရန် မလိုအပ်ပေ။

အကြံဉာဏ်အချို့ပေးပြီးနောက် လင်းယွမ်နှင့် အခြားသူများက ထွက်ခွာသွားကြသည်။

ပထမတောင်ထိပ်ပေါ်တွင် ချီခွန်မျိုးနွယ်၏ တောင်ထိပ်သခင် ၁၃ယောက်တို့ စုစည်းနေကြသည်။

" ဒါနဲ့ အကိုကြီး မင်း အဋ္ဌမအလွှာကို ချိုးဖျက်နေချိန်မှာ လူသားမျိုးနွယ်ရဲ့ ကြီးမြတ်သူတွေက စစ်မြေပြင်ကြီးက ဆန်းကြယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ယူလာခဲ့ကြတယ်။ " တတိယတပည့်က မကြာသေးမီက အဖြစ်အပျက်များကို ပြောပြလိုက်သည်။

" အဲ့ဒါကို ငါသိပါတယ်။ " ပထမတပည့်က ခေါင်းညိမ့်လိုက်သည်။ သူ၏ စိတ်အသိက VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်နှင့် အများစုကို သိနိုင်လေသည်။

ကြီးမြတ်သူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာခြင်းက လူသားမျိုးနွယ်တွင် လျို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူအားလုံးနီးပါးက ၎င်းကို သိကြလေသည်။

ကြီးမြတ်သူများက ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို လူသား ဆင့်ကဲပြောင်းလဲသူများ လေ့လာရန် ခွင့်ပြုမည်ဖြစ်သောကြောင့် ထိုကိစ္စကို လျို့ဝှက်ထားခြင်းမရှိပေ။

ခန္ဓာကိုယ်အစိတ်အပိုင်းကို ရရှိသော အခြားအထွတ်အထိပ်မျိုးနွယ်များကလည်း ထိုသို့ ပြုလုပ်ကြမည်ဖြစ်သည်။ အထွတ်အထိပ်မျိုးနွယ်စုအနည်းငယ်က တစ်ခုတည်းသော ကြီးမြတ်သူလမ်းကြောင်းအတွက် ပြိုင်ဆိုင်နေကြ၏။

" ခန္ဓာကိုယ်အစိတ်အပိုင်းမှာပါတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေက အရမ်းထူးဆန်းတယ်လို့ ဆရာကပြောခဲ့တယ်။ အဲ့ဒီ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ကျင့်ကြံတဲ့သူတွေက နောက်ပိုင်းမှာ ကောင်းကောင်းမကျင့်ကြံနိုင်ကြတော့ဘူး။ "

" ဒါဆို ငါ အဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းကို မလေ့လာတော့ဘူး။ " ပထမတပည့်က ခေါင်းခါလိုက်သည်။

All Chapters