ကောင်းဝူဖုန်း၏ ကျင့်ကြံမှု ကျရှုံးခြင်း....
Vol. 21 Ch. 318
ကြီးမြတ်သူဖြစ်လာရမည့်အခွင့်အရေးက သူတို့၏ ရှေ့တွင် ရှိသောကြောင့် ငြင်းဆိုရန် ခက်ခဲလှသည်။ စီနီယာအကိုကြီးက သူ့ကိုသူ သိလေသည်။ သူက အဋ္ဌမအလွှာကို တက်လှမ်းခါစဖြစ်ပြီး သူ၏ အဆင့်ကို တည်ငြိမ်စေရန် လိုအပ်သောကြောင့် ဘာမှန်းမသိသော ခန္ဓာကိုယ်ကို လေ့လာဆင်ခြင်ရန် မလိုအပ်ပေ။
သူ့အတွက် အရေးကြီးဆုံးမှာ သူ၏ အဆင့်ကို တည်ငြိမ်စေရန်ဖြစ်သည်။ သူလေ့လာဆင်ခြင်ချိန်တွင် အခြားဆင့်ကဲပြောင်းလဲသူများက စတင်ကျင့်ကြံနေကြပြီဖြစ်ပြီး သူ့အတွက် ယှဉ်ပြိုင်ရန် ခက်ခဲလေသည်။ ထို့ကြောင့် သူက လက်လျှော့ရန်သာ ရွေးချယ်လေသည်။
" အဲ့ဒါ ပါးနပ်တာပဲ။ " လင်းယွမ်က စဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။
သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာကို နားလည်ခဲ့ပြီး လမ်းစဉ်အားလုံးနီးပါးတွင် ပြဿနာအချို့ ရှိနေသည်ကို ပိုသိလာခဲ့သည်။
VR ကမ္ဘာ။
လင်းယွမ်က တောင်ထိပ်ပေါ်တွင် ထိုင်နေသည်။
ယခုအချိန်တွင် တောင်ထိပ်တိုင်းက ဆင့်ကဲပြောင်းလဲသူများနှင့် ပြည့်နှက်နေသည်။ သို့သော် လက်တွေ့တွင် ဆင့်ကဲပြောင်းလဲသူ ၉၉ ရာခိုင်နှုန်းလောက်က အသစ်ရောက်လာသူများ ဖြစ်သည်။
လင်းယွမ်က ခန္ဓာကိုယ်အစိတ်အပိုင်းမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာနေပြီး စိတ်ဝိညာဉ်ဖိအားကို ခုခံနေသည်။
" ငါ အခု ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၂၈၃၇ခုကို နားလည်ပြီး အားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးသွားပြီ။ ဒါပေမယ့် ဒီခန္ဓာကိုယ်ထဲက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေနဲ့ ယှဉ်ရင်တော့ သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိသေးတယ်။ "
လင်းယွမ်က အံ့ဩသော အမူအရာနှင့် ရှိနေ၏။ အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများက ဆင့်ကဲပြောင်းလဲခြင်းများစွာကို ကျင့်သုံးခဲ့ကြသော်လည်း ထိုခန္ဓာကိုယ်ပိုင်ရှင်က အလွန်ပင် များပြားလွန်းလှသည်။
" ပြီးတော့ ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေက တော်တော်ဆိုးလွန်းတယ်။ " လင်းယွမ်က တွေးလိုက်သည်။
အထူးသဖြင့် စိတ်ဝိညာဉ်ဖိအားက ဆင့်ကဲပြောင်းလဲသူများကို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ကျင့်ကြံရန် အတင့်အကြပ် တွန်းအားပေးလေသည်။
" ဒါပေမယ့် ငါက ကျင့်ကြံတာမဟုတ်ဘူး။ လေ့လာတာဆိုတော့ ငါ့အတွက် ထိခိုက်မှုမရှိဘူး။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။
၎င်းက ဆေးညွှန်းတစ်ခုလိုပင်ဖြစ်၏။ ဖော်စပ်ထားသော ဆေးက မည်ကဲ့သို့ ဆိုးကျိုးများရှိသည်ကို မသိနိုင်ပေ။ ၎င်းတို့ကို သိရန် ဆေးကို သောက်ရမည်ဖြစ်သည်။ သို့သော် လင်းယွမ်က ထိုသို့လုပ်ရန် ရည်ရွယ်ချက်မရှိပေ။ သူက ဆေးညွှန်းကိုသာ လေ့လာခြင်းဖြစ်ပြီး သဘာဝအားဖြင့် ပြဿနာမရှိပေ။
" ၂၈၃၇မြောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်..."
ခန္ဓာကိုယ်အစိတ်အပိုင်းမှ နောက်ထပ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖမ်းဆုပ်မိလိုက်ချိန်တွင် သူ၏ အမူအရာက ပြောင်းလဲသွားသည်။
" သတ် သတ် သတ် မွေးဖွာလာသမျှက သတ်ဖြတ်ဖို့ပဲ...."
ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်လိုက်ချိန်တွင် လင်းယွမ်က ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် သူက ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ််ကို ချက်ချင်း ကျင့်ကြံလိုသော ဆန္ဒက ထွက်ပေါ်လာသည်။
" ဟမ် " လင်းယွမ်က ဆင်ခြင်မှုကို ရပ်တန့်လိုက်သကဲ့သို့ စိတ်ဝိညာဉ်ဖိအားကလည်း ပျောက်ကွယ်သွားပြီး သူ၏ ပတ်ဝန်းကျင်မှ သတ်ဖြတ်သံများကလည်း တဖြည်းဖြည်း မှိန်ဖျော့သွား၏။
" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်တဲ့သူက ချက်ချင်း ကျင့်ကြံလောက်တယ်။ အဲ့ဒါဆိုရင် သူတို့ရဲ့ စိတ်ကို သတ်ဖြတ်လိုစိတ်က လွှမ်းမိုးသွားပြီး အပြင်ကမ္ဘာက အစစ်အမှန်ခန္ဓာကိုယ်ကလည်း သတ်ဖြတ်ခြင်းသာ သိတဲ့ အရူးတစ်ယောက်အဖြစ် ပြောင်းလဲသွားလောက်တယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ရုံမျှဖြင့် ကျင့်ကြံခြင်းမပြုဘဲ သူ့အပေါ်သို့ လွှမ်းမိုးနိုင်သည့် ဖြစ်ရပ်မျိုးကို ပထမဆုံး ကြုံတွေ့ဖူးခြင်းဖြစ်သည်။
ထို့ကြောင့် လင်းယွမ်က သူ့ကိုသူ ကန့်သတ်ချက်တစ်ခု ထားလိုက်၏။ အကယ်၍ သူက ကျင့်ကြံမိခဲ့လျှင် VR ကမ္ဘာနှင့် ချိတ်ဆက်မှုကို ဖြတ်တောက်ပြီး လက်တွေ့ကမ္ဘာသို့ ချက်ချင်းပြန်သွားမည်ဖြစ်သည်။ ထိုနည်းလမ်းက အနည်းဆုံး လွှမ်းမိုးမှုကို ဖြတ်တောက်နိုင်လေသည်။
" ဆက်လုပ်ရမယ်။ " လင်းယွမ်က ခနအနားယူပြီး သတ်ဖြတ်ခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
လင်းယွမ်နှင့် မနီးမဝေးတွင် ကောင်းဝူဖုန်းကလည်း ကျင့်ကြံနေသည်။
ခန္ဓာကိုယ်အစိတ်အပိုင်းမှ နားလည်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခြင်းက သူ၏ ကျင့်ကြံခြင်းအရှိန်ကို အလွန်လျင်မြန်စေလေသည်။
" ဟမ်..." ကောင်းဝူဖုန်း၏ စိတ်အသိက တစ်နေရာသို့ ရောက်ရှိသွားသည်။
" ဒါဘယ်နေရာလဲ။ " ကောင်းဝူဖုန်းက မျက်လုံးများဖွင့်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
သို့သော် သူက တုန့်ပြန်မှုမရဘဲ အရပ်မျက်နှာအားလုံးက အဖြူရောင်မှလွဲ၍ဘာမှမရှိပေ။ အစပိုင်းတွင် ကောင်းဝူဖုန်းက သတိထားပြီး ရူးသွပ်စွာ လှုပ်ရှားခြင်းမရှိပေ။
သို့သော် အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွား၏။ နှစ်တစ်ရာ၊ နှစ်နှစ်ရာ၊ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း။
ကောင်းဝူဖုန်၏ အမူအရာက ထတ်လန့်နေသည်။ အဆုံးမရှိသော အဖြူရောင် အာကာသထဲတွင် မည်သည့်နိယာမမှ မရှိဘဲ သူက ကျင့်ကြံနိုင်ခြင်းမရှိပေ။ သူက အချိန်များကို ဖြည်းညင်းစွာ ဖြတ်သန်းသွားရုံသာ တတ်နိုင်ခဲ့သည်။
နှစ်နှစ်သောင်းကြာသွားသည်။ ကောင်းဝူဖုန်းက ထိန်းချုပ်မှုကင်းလွတ်သွားပြီး ပတ်ဝန်းကျင်ကို ရူးသွပ်စွာ တိုက်ခိုက်နေသည်။
ဆင့်ကဲပြောင်းလဲသူများစွာက ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်များပင် နေနိုင်ကြသော်လည်း ၎င်းက ကျင့်ကြံခြင်းတွင် နစ်မြုပ်နေခြင်းဖြစ်သည်။ နိယာမအတက်အကျများကို သိမြင်ခြင်း၊ လောက၏ မဟာတာကို တွေ့ကြုံခံစားပြီး အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပေလိမ့်မည်။
သို့သော် ကောင်းဝူဖုန်း ရောက်နေသော အဖြူရောင်နေရာက နိယာမများမရှိ အိပ်စက်နိုင်ခြင်းမရှိဘဲ အချိန်များ ကုန်ဆုံးနေသည်ကိုသာ ထိုင်ကြည့်နေရသည်။ နှစ်နှစ်သောင်း ခံနိုင်ရည်ရှိခြင်းမှာ ကောင်းဝူဖုန်းက အလွန်ပြင်းပြသော စိတ်ဆန္ဒရှိခြင်းကြောင့် ဖြစ်သည်။ အခြားဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လျှင် နှစ်တစ်သောင်းမပြည့်မီ ရူးသွပ်သွားပေလိမ့်မည်။
နောက်ထပ် နှစ်ငါးသောင်းကြာသွားခဲ့သည်။
" ဒါက တကယ် ဘယ်နေရာလဲ။ "
" ငါက ဘယ်သူလဲ။ ငါ့နာမည် ကောင်းဝူဖုန်းလား။ ငါက လူသားမျိုးနွယ်က လာပေမယ့် အခြားသူတွေက ဘယ်မှာလဲ။ ငါ့မှာ ဆရာတစ်ယောက်ရှိတာ ငါမှတ်မိတယ်...."
" ဟုတ်တယ် ငါမှတ်မိပြီ ငါက ခန္ဓာကိုယ်အစိတ်အပိုင်းကို လေ့လာနေတာပဲ....ဒါပေမယ့် ငါက ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ..." ကောင်းဝူဖုန်း၏ စိတ်ဓာတ်က ကျဆင်းလာသည်။
နှစ်ပေါင်းတစ်သိန်းကြာသွားခဲ့သည်။ ကောင်းဝူဖုန်းက ကျယ်ပြန့်သော အဖြူရောင်ကောင်းကင်ကြီးကို ငေးကြည့်နေသည်။
သူ၏ မျက်လုံးများတွင် အမှောင်ထုက လွှမ်းမိုးလာသည်။ စိတ်စွမ်းအားက မှေးမှိန်စပြုလာသည်။ ထိုမှေးမှိန်မှုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ပြီး အတိအကျပြောရလျှင် ကောင်းဝူဖုန်းက သူကိုယ်တိုင် အသက်ရှင်သန်ရန် ဆန္ဒမရှိလိုသောကြောင့် ဖြစ်သည်။
ကောင်းဝူဖုန်းက အဖြူရောင်နေရာတွင် နှစ်တစ်သိန်းဖြတ်သန်းခဲ့သော်လည်း ပြင်ပတွင် အသက်ရှူချိန်အနည်းငယ်သာ ကြာမြင့်လေသည်။
ကောင်းဝူဖုန်း၏ ခန္ဓာကိုယ်က စတင်ပြိုကွဲလာပြီး သူ၏ စိတ်စွမ်းအားကလည်း မှေးမှိန်လာသည်။
" ကောင်းဝူဖုန်း..." လင်းယွမ်က ချက်ချင်း ပြောင်းလဲမှုကို သတိထားမိသွားပြီး လေ့လာခြင်းကို ရပ်တန့်၍ ကောင်းဝူဖုန်းကို လှမ်းကြည့်လိုက်သည်။
သူက ကောင်းဝူဖုန်းနှင့် မနီးမဝေးတွင် ရှိသောကြောင့် မူမမှန်မှုကို ချက်ချင်း သတိပြုမိခဲ့ခြင်း ဖြစ်သည်။
" ကျင့်ကြံခြင်းကျရှုံးတာလား။ ဒီအချိန်မှာတောင် မကျော်ဖြတ်နိုင်ဘူးလား။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
ယခင် ကောင်းဝူဖုန်းက စိတ်နှလုံးနတ်ဆိုးကို ရင်ဆိုင်ခဲ့ပြီး အောင်မြင်ကာ နောက်ပိုင်းတွင် သူ၏ ကျင့်ကြံခြင်းက တိုးတက်မှုများ ရှိလာခဲ့သည်။ ယခုမူ သူက စိတ်နှလုံးနတ်ဆိုးနှင့် အလားတူ အကြပ်အတည်းကို ရင်ဆိုင်ခဲ့ပုံရပြီး ကံမကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင် မကျော်ဖြတ်နိုင်ခဲ့ပေ။
နှစ်များတစ်လျှောက်တွင် လင်းယွမ်က ထိုကဲ့သို့ ဖြစ်ရပ်များစွာကို မြင်တွေ့ခဲ့ရသည်။ အချို့ဆင့်ကဲပြောင်းလဲသူများက သူတို့၏ ရုပ်ခန္ဓာများ ပြိုကွဲပြီး သူတို့၏ စိတ်အသိများ ပျောက်ကွယ်သွားကြသည်။
" လက်တွေ့ကမ္ဘာက ခန္ဓာကိုယ်အစစ်ကို ထိခိုက်နိုင်လောက်လား။ " လင်းယွမ်က တွေးလိုက်၏။
VR ကမ္ဘာမှ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ပြိုကွဲသွားလျှင်တောင် လက်တွေကမ္ဘာတွင် ဘာမှမဖြစ်လျှင် ပြဿနာမရှိပေ။
တစ်နာရီကြာပြီးသောအခါ ဇောင်ချိုးကွမ်းက လျှောက်လာသည်။
" အကိုကောင်းက ဓားကိုးလက်ကြယ်နယ်မြေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့တယ်။ ဓားကိုးလက်ကြယ်သခင်သာ ဝင်မတားခဲ့ရင် ဘယ်သူသိနိုင်မှာလဲ...." ဇောင်ချိုးကွမ်းက တိုက်ရိုက်ပြောလိုက်သည်။
သူမက ကောင်းဝူဖုန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသကဲ့သို့ မတော်တဆဖြစ်ပြီးသောအခါ သူမက ဓားကိုးလက်ကြယ်နယ်မြေမှ အဖြစ်အပျက်များကို စစ်ဆေးကြည့်ခဲ့သည်။
" အကိုကောင်းရဲ့ စိတ်စွမ်းအားက ပြဿနာအချို့ ကြုံတွေ့ခဲ့တာဖြစ်မယ်။ ကံကောင်းတာက ဓားကိုးလက်ကြယ်သခင်ရဲ့ ဖိနှိပ်မှုနဲ့ စကြာဝဠာရတနာတွေရဲ့ အကူအညီကြောင့် သူ့ရဲ့ စိတ်ကို ပြန်လည်ကုသနိုင်ခဲ့တယ်။ " ဇောင်ချိုးကွမ်းက ထိတ်လန့်သော အမူအရာနှင့် ပြောလိုက်သည်။
ယမန်နေ့က သူမနှင့် ကောင်းဝူဖုန်းတို့က အသိအမြင်များမျှဝေခဲ့ကြပြီး သာမန်သာဖြစ်၏။ ယနေ့တွင် သူက လုံးဝ ရူးသွပ်သွားခဲ့သည်။ ဓားကိုးလက်ကြယ်သခင်သာ ဝင်မစွက်ဖက်ခဲ့လျှင် အကျိုးဆက်က မတွေးရဲစရာပင် ဖြစ်သည်။
" အဲ့ဒီခန္ဓာကိုယ်...." ဇောင်ချိုးကွမ်းက ကောင်းကင်မှ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကြည့်လိုက်သည်။
အစတွင် သူမက ၎င်းကို ကြီးမြတ်သူတစ်ယောက်ဖြစ်လာနိုင်မည့် မဟာအခွင့်အလမ်းဟု ထင်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဇောင်ချိုးကွမ်းက ဆင့်ကဲပြောင်းလဲသူများက သေခြင်းနှင့် အဆုံးသတ်သွားကြသည်ကိုသာ မြင်တွေ့ခဲ့ရသည်။ ထိုဆင့်ကဲပြောင်းလဲခြင်း ပါရမီရှင်များက သူမထက် များစွာ မနိမ့်ကျသော်လည်း မကျော်ဖြတ်နိုင်ကြသေးပေ။
" အဲ့ဒီခန္ဓာကိုယ်က ပြဿနာကြီးတစ်ခု ရှိရမယ်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ရုံပဲမဟုတ်ဘူး။ "
ဇောင်ချိုးကွမ်းက ရေရွတ်လိုက်သည်။ " ရှစ်စန်းတောင်ထိပ်သခင် ငါဆက်မလျှောက်နိုင်တော့ဘူး။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကိုမှ မရွေးချယ်ခဲ့တဲ့ နင့်ကို မနာလိုဖြစ်မိတယ်။ အခုအချိန်မှာ မကျင့်ကြံဖို့ တွေးတာက အတော်ခက်ခဲတဲ့ပုံပဲ..."